တောင်ခမ်းစစ်မျက်နှာဘက်တွင် တပ်မတော် ၏ တန်ပြန်တိုက်စစ် အားကောင်းနေ
4574
သုတကျော် (NP News) - ဒီဇင်ဘာ ၂၈
တောင်ခမ်းစစ်မျက်နှာဘက်တွင် တပ်မတော် ၏ တန်ပြန်တိုက်စစ် အားကောင်းနေပြီး TNLA ဘက်ကလည်း အင်အားဖြည့်တင်းမှုအချို့ ပြုလုပ်လာကြောင်း အဆိုပါစစ်ရေးအခြေအနေအကြောင်း သိရှိသူ သတင်းရင်းမြစ် တစ်ဦးက NP News သို့ပြောသည်။
တောင်ခမ်းတွင် တပ်မတော် ၏ တန်ပြန်ထိုးစစ်သည် ချိန်သားကိုက် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်ပြီး တစ်လကျော် ကြာခဲ့သည်အထိ နှစ်ဘက်ချိန်ခွင်လျှာ မပြောင်းလဲခဲ့သော်လည်း တပ်မတော် ၏ ဟန်ချက်ညီ တိုက်ခိုက်မှုနှင့်အတူ စစ်ကူများပါ ထည့်သွင်းကာ တန်ပြန် တိုက်စစ်ဆင်ခဲ့ခြင်းဖြစ်သည်။
TNLA ပူးပေါင်း အဖွဲ့အများသည် နှစ်ဖက်ညှပ်လာသော တပ်မတော် ၏ ချိန်သားကိုက် တန်ပြန် ထိုးစစ်ကို ကြုံခဲ့ရပြီး TNLA မှ အလံဖြူထောင်သူများပင် ရှိခဲ့ကြောင်း သိရသည်။
“တပ်မတော်က တန်ပြန်တိုက်စစ်ကို ထဲထဲဝင်ဝင် ထိုးနေတယ်။ စစ်ဦးက ဟိုဘက် ဒီဘက် ချိတ်ဆက်လု နီးပါးပါ။ ရန်သူကလည်း အင်အားဖြည့်တာ တချို့ လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။
တောင်ခမ်းကို တိုက်ခိုက်လာသော TNLA အဖွဲ့များ အတွင်း ဓနု PDF များ နှင့် ဗမာ PDF များကို အသုံးချနေကြောင်းလည်း သိရသည်။
“ရွာသားတွေကို (၂)ပတ်သင်တန်းပေးပြီးတော့ ထည့်ရင်လည်း ထည့်မှာပေါ့။ တွေ့တဲ့ရွာသားက သူတိုရွာသားပေါ့။ တွေ့တဲ့ရွာသားက သူတို့လူ ဆိုပြီး ထည့်ချင်ထည့်မှာ” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
Zawgyi Version;
ေတာင္ခမ္းစစ္မ်က္ႏွာဘက္တြင္ တပ္မေတာ္ ၏ တန္ျပန္တိုက္စစ္ အားေကာင္းေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၈
ေတာင္ခမ္းစစ္မ်က္ႏွာဘက္တြင္ တပ္မေတာ္ ၏ တန္ျပန္တိုက္စစ္ အားေကာင္းေနၿပီး TNLA ဘက္ကလည္း အင္အားျဖည့္တင္းမႈအခ်ိဳ႕ ျပဳလုပ္လာေၾကာင္း အဆိုပါစစ္ေရးအေျခအေနအေၾကာင္း သိရွိသူ သတင္းရင္းျမစ္ တစ္ဦးက NP News သို႔ေျပာသည္။
ေတာင္ခမ္းတြင္ တပ္မေတာ္ ၏ တန္ျပန္ထိုးစစ္သည္ ခ်ိန္သားကိုက္ လုပ္ေဆာင္ႏိုင္ခဲ့ၾကျခင္းျဖစ္ၿပီး တစ္လေက်ာ္ ၾကာခဲ့သည္အထိ ႏွစ္ဘက္ခ်ိန္ခြင္လွ်ာ မေျပာင္းလဲခဲ့ေသာ္လည္း တပ္မေတာ္ ၏ ဟန္ခ်က္ညီ တိုက္ခိုက္မႈႏွင့္အတူ စစ္ကူမ်ားပါ ထည့္သြင္းကာ တန္ျပန္ တိုက္စစ္ဆင္ခဲ့ျခင္းျဖစ္သည္။
TNLA ပူးေပါင္း အဖြဲ႕အမ်ားသည္ ႏွစ္ဖက္ညႇပ္လာေသာ တပ္မေတာ္ ၏ ခ်ိန္သားကိုက္ တန္ျပန္ ထိုးစစ္ကို ႀကဳံခဲ့ရၿပီး TNLA မွ အလံျဖဴေထာင္သူမ်ားပင္ ရွိခဲ့ေၾကာင္း သိရသည္။
“တပ္မေတာ္က တန္ျပန္တိုက္စစ္ကို ထဲထဲဝင္ဝင္ ထိုးေနတယ္။ စစ္ဦးက ဟိုဘက္ ဒီဘက္ ခ်ိတ္ဆက္လု နီးပါးပါ။ ရန္သူကလည္း အင္အားျဖည့္တာ တခ်ိဳ႕ လုပ္လာတယ္” ဟု ၎က ဆိုသည္။
ေတာင္ခမ္းကို တိုက္ခိုက္လာေသာ TNLA အဖြဲ႕မ်ား အတြင္း ဓႏု PDF မ်ား ႏွင့္ ဗမာ PDF မ်ားကို အသုံးခ်ေနေၾကာင္းလည္း သိရသည္။
“႐ြာသားေတြကို (၂)ပတ္သင္တန္းေပးၿပီးေတာ့ ထည့္ရင္လည္း ထည့္မွာေပါ့။ ေတြ႕တဲ့႐ြာသားက သူတို႐ြာသားေပါ့။ ေတြ႕တဲ့႐ြာသားက သူတို႔လူ ဆိုၿပီး ထည့္ခ်င္ထည့္မွာ” ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။