လက်နက်ကိုင်ကြသော ပုဂ္ဂိုလ်များအနေဖြင့် လူငယ်များ၏အနာဂတ် ပျက်သုဉ်းနေခြင်းကို ပြန်လည် စဉ်းစားကြ ရန် IBEC ဆရာတော် မေတ္တာရပ်ခံ

 2454

သုတကျော် (NP News) - ဒီဇင်ဘာ ၂၈

လက်နက်ကိုင်ကြသော ပုဂ္ဂိုလ်များအနေဖြင့် လူငယ်များ၏ အနာဂတ်ပျက်သုဉ်းနေခြင်းကို ပြန်လည် စဉ်းစားကြရန် ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် ဖြစ်သော IBEC ဆရာတော်ဦးသောဘိတ က NP News မှတဆင့် မေတ္တာရပ်ခံ မိန့်ကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်က ကမ္ဘာ့ဘာသာရေး ခေါင်းဆောင်များနှင့်အတူ IBEC ဆရာတော်က ပုပ်ရဟန်း မင်းကြီးနှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များနှင့်အတူ ကမ္ဘာ့ငြိမ်းချမ်းရေး အပါအဝင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်လည်း တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကိုယ်ကြိုးစီးပွားအတွက် တိုက်ကြတဲ့အခါမှာ ပြည်သူပြည်သားတွေ၊ ကလေးသူငယ်တွေရဲ့ဘဝက အနာဂတ် မဲ့လာတာပေါ့။ အနာဂတ် မဲ့လာတာကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ မစဉ်းစားကြတာကို ပြန်စဉ်းစားကြဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။
စစ်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကလေးသူငယ်များ ၏ ဘဝရှင်သန်ရေး၊ အနာဂတ်များ ပျက်သုဉ်းသကဲ့သို့ ဖြစ်သွားသည့်အတွက် ဖြစ်ပေါ်လာသော လူထု၏ ကျေမွမှုများကို ပြန်လည်စဉ်းစားကြရန်လည်း ဆရာတော်က မိန့်ကြားသည်။
“ပြည်သူထဲမှာ အနာဂတ်အတွက် ရှင်သန်ကြမယ့် ရင်သွေးငယ်တွေရဲ့ဘဝတွေဟာ အနာဂတ်မဲ့ပြီးတော့ အသက်တွေပျောက်၊ ဘဝတွေ ပျက်စီး၊ ပညာတွေ ပျက်စီး၊ စည်းစိမ်တွေ ပျက်စီးပြီးတော့ ဒီကလေးငယ်တွေရဲ့ အနာဂတ်ရှင်သန်ဖို့အတွက် ခက်ခဲလာတယ်။ ဒါကို လက်နက်ကိုင်ကြတဲ့ပုဂ္ဂိုလ်တွေ အားလုံးက ဒီစစ်ပွဲတွေ ကြောင့် လူငယ်တွေရဲ့အနာဂတ် ပျက်သုဉ်းနေတာကို စဉ်းစားကြဖို့အတွက် အထူး မေတ္တာရပ်ခံချင်တယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ပြည်သူများအနေဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုနေကြပြီဖြစ်ကာ လေးနှစ်တာ ကာလအတွင်း ဖြစ်ပွားသော ပဋိပက္ခများကြောင့် ပြည်သူဘဝ အသက်အိုးအိမ်၊ စည်းစိမ်များလည်း ပျက်စီးခဲ့ကြကြောင်း၊ ပြည်သူများ အနေဖြင့် လက်နက်ကိုင် သူများကို ကြောက်သည့် အတွက် ငြိမ်းချမ်းလိုသောလည်း ငြိမ်းချမ်းရေး စကားကို မပြောရဲကြ ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။
“လက်နက်ကိုင်တွေက ကြောက်လို့ နှုတ်ဆိတ်နေကြတဲ့ ပြည်သူတွေရဲ့ဘဝတွေကို ပျက်စီးအောင် လုပ်နေကြမယ့် အစား ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပြည်သူတွေရဲ့ဘဝကို ငဲ့ညှာသောအားဖြင့် စစ်ပွဲတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးကို သွားဖို့ သူတို့ရဲ့ဦးနှောက်ထဲမှာ အတ္တတွေကို လျော့သင့်ပြီလို့ ဒါအကြံပြု ချင်ပါတယ်” ဟု ဆရာတော်က မိန့်သည်။

Zawgyi Version;
လက္နက္ကိုင္ၾကေသာ ပုဂၢိဳလ္မ်ားအေနျဖင့္ လူငယ္မ်ား၏အနာဂတ္ ပ်က္သုဥ္းေနျခင္းကို ျပန္လည္ စဥ္းစားၾက ရန္ IBEC ဆရာေတာ္ ေမတၱာရပ္ခံ
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၈

လက္နက္ကိုင္ၾကေသာ ပုဂၢိဳလ္မ်ားအေနျဖင့္ လူငယ္မ်ား၏ အနာဂတ္ပ်က္သုဥ္းေနျခင္းကို ျပန္လည္ စဥ္းစားၾကရန္ ကမာၻ႔ၿငိမ္းခ်မ္းေရးသံတမန္ ျဖစ္ေသာ IBEC ဆရာေတာ္ဦးေသာဘိတ က NP News မွတဆင့္ ေမတၱာရပ္ခံ မိန႔္ၾကားသည္။
ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၅ ရက္က ကမာၻ႔ဘာသာေရး ေခါင္းေဆာင္မ်ားႏွင့္အတူ IBEC ဆရာေတာ္က ပုပ္ရဟန္း မင္းႀကီးႏွင့္ေတြ႕ဆုံခဲ့ၿပီး ကမာၻ႔ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္အတူ ကမာၻ႔ၿငိမ္းခ်မ္းေရး အပါအဝင္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးအတြက္လည္း တက္ေရာက္ ပါဝင္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
“ကိုယ္ႀကိဳးစီးပြားအတြက္ တိုက္ၾကတဲ့အခါမွာ ျပည္သူျပည္သားေတြ၊ ကေလးသူငယ္ေတြရဲ႕ဘဝက အနာဂတ္ မဲ့လာတာေပါ့။ အနာဂတ္ မဲ့လာတာကို ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းကမွ မစဥ္းစားၾကတာကို ျပန္စဥ္းစားၾကဖို႔ ေမတၱာရပ္ခံခ်င္တယ္” ဟု ဆရာေတာ္က မိန႔္ၾကားသည္။
စစ္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ ကေလးသူငယ္မ်ား ၏ ဘဝရွင္သန္ေရး၊ အနာဂတ္မ်ား ပ်က္သုဥ္းသကဲ့သို႔ ျဖစ္သြားသည့္အတြက္ ျဖစ္ေပၚလာေသာ လူထု၏ ေက်မြမႈမ်ားကို ျပန္လည္စဥ္းစားၾကရန္လည္း ဆရာေတာ္က မိန႔္ၾကားသည္။
“ျပည္သူထဲမွာ အနာဂတ္အတြက္ ရွင္သန္ၾကမယ့္ ရင္ေသြးငယ္ေတြရဲ႕ဘဝေတြဟာ အနာဂတ္မဲ့ၿပီးေတာ့ အသက္ေတြေပ်ာက္၊ ဘဝေတြ ပ်က္စီး၊ ပညာေတြ ပ်က္စီး၊ စည္းစိမ္ေတြ ပ်က္စီးၿပီးေတာ့ ဒီကေလးငယ္ေတြရဲ႕ အနာဂတ္ရွင္သန္ဖို႔အတြက္ ခက္ခဲလာတယ္။ ဒါကို လက္နက္ကိုင္ၾကတဲ့ပုဂၢိဳလ္ေတြ အားလုံးက ဒီစစ္ပြဲေတြ ေၾကာင့္ လူငယ္ေတြရဲ႕အနာဂတ္ ပ်က္သုဥ္းေနတာကို စဥ္းစားၾကဖို႔အတြက္ အထူး ေမတၱာရပ္ခံခ်င္တယ္” ဟု ဆရာေတာ္က မိန႔္ၾကားသည္။
ျပည္သူမ်ားအေနျဖင့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနထိုင္လိုေနၾကၿပီျဖစ္ကာ ေလးႏွစ္တာ ကာလအတြင္း ျဖစ္ပြားေသာ ပဋိပကၡမ်ားေၾကာင့္ ျပည္သူဘဝ အသက္အိုးအိမ္၊ စည္းစိမ္မ်ားလည္း ပ်က္စီးခဲ့ၾကေၾကာင္း၊ ျပည္သူမ်ား အေနျဖင့္ လက္နက္ကိုင္ သူမ်ားကို ေၾကာက္သည့္ အတြက္ ၿငိမ္းခ်မ္းလိုေသာလည္း ၿငိမ္းခ်မ္းေရး စကားကို မေျပာရဲၾက ေၾကာင္းလည္း ဆရာေတာ္က မိန႔္ၾကားသည္။
“လက္နက္ကိုင္ေတြက ေၾကာက္လို႔ ႏႈတ္ဆိတ္ေနၾကတဲ့ ျပည္သူေတြရဲ႕ဘဝေတြကို ပ်က္စီးေအာင္ လုပ္ေနၾကမယ့္ အစား ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ႀကီးမွာ ျပည္သူေတြရဲ႕ဘဝကို ငဲ့ညႇာေသာအားျဖင့္ စစ္ပြဲေတြ ရပ္ဆိုင္းၿပီး ၿငိမ္းခ်မ္းတဲ့ ႏိုင္ငံေတာ္ႀကီးကို သြားဖို႔ သူတို႔ရဲ႕ဦးေႏွာက္ထဲမွာ အတၱေတြကို ေလ်ာ့သင့္ၿပီလို႔ ဒါအႀကံျပဳ ခ်င္ပါတယ္” ဟု ဆရာေတာ္က မိန႔္သည္။

Related news

© 2021. All rights reserved.