အမေရိကန်ထုတ် ဒုံးကျည်ဖြန့်ကြက်ချထားမှုအတွက် ဖိလစ်ပိုင်ကို တရုတ်အစိုးရ သတိပေး
603
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၈
အမေရိကန်နိုင်ငံထုတ် US Typhon အမျိုးအစား ဒုံးကျည်များဖြန့်ကြက်ချထားမှုနှင့်ပတ်သက်၍ တရုတ်အစိုးရက ဖိလစ်ပိုင်နိုင်ငံကို သတိပေးပြောဆိုလိုက်ပြီး အဆိုပါဒုံးကျည်များကို ပြန်လည်ရုပ်သိမ်းရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံ၏ လုပ်ရပ်သည် ဒေသအတွင်း လက်နက်ပြိုင်ဆိုင်မှုအန္တရာယ်ပိုမိုဖြစ် လာဖွယ်ရှိနေကြောင်း တရုတ်အစိုးရက ထပ်မံ သတိပေးထားသည်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ဖိလစ်ပိုင်နိုင်ငံအနေဖြင့် နိုင်ငံလုံခြုံရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်အစိုးရက သတိပေးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နိုင်ငံထုတ်ဒုံးကျည်များ ရယူရန် ကြိုးပမ်းနေ ခြင်းအတွက် ပြစ်တင်ပြောဆိုထားကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “အမေရိကန်နိုင်ငံနဲ့ပူးပေါင်းပြီး ဖိလစ်ပိုင်အစိုးရဟာ ပထဝီနိုင်ငံရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေ၊ လက်နက်ပြိုင်ဆိုင်မှုတွေဖြစ်လာအောင် ဖန်တီးနေတယ်” ဟု ပြောသည်။ တရုတ်အစိုးရ က ကန့်ကွက်မှုများရှိနေသော်လည်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီဘာတို သီယိုဒိုရို ဂျူနီယာက အမေရိကန် နိုင်ငံထုတ် ဒုံးကျည်များကို ဖြန့်ကြက်ချထားမည်ဖြစ်သလို အမေရိကန်နိုင်ငံထုတ် US Typhon ဒုံးကျည်များကို ထပ်မံရယူနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် အတည်ပြုခဲ့သည်။ ဖိလစ်ပိုင်နှင့်တရုတ် နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ဖိလစ်ပိုင်က ကာကွယ်ရေးပိုင်းပိုမို ကောင်းမွန်စေရန် လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် ပြီးခဲ့သော ဧပြီလက ဖိလစ်ပိုင် နှင့် ပြုလုပ်ခဲ့သော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း US Typhon အမျိုးအစား ဒုံးကျည်များကို ဖြန့်ကျက်ချထားခဲ့ကြောင်း သိရသည်။
အဆိုပါဒုံးကျည်သည် အမေရိကန်နိုင်ငံအခြေစိုက်လောဟီမာတင်ကုမ္ပဏီမှ ထုတ်လုပ်သောဒုံးကျည်ဖြစ်ပြီး အကွာအဝေး မိုင်ပေါင်း (၃၀ဝ) ကို ရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိကြောင်းသိရသည်။
Zawgyi Version;
အေမရိကန္ထုတ္ ဒုံးက်ည္ျဖန႔္ၾကက္ခ်ထားမႈအတြက္ ဖိလစ္ပိုင္ကို တ႐ုတ္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၈
အေမရိကန္ႏိုင္ငံထုတ္ US Typhon အမ်ိဳးအစား ဒုံးက်ည္မ်ားျဖန႔္ၾကက္ခ်ထားမႈႏွင့္ပတ္သက္၍ တ႐ုတ္အစိုးရက ဖိလစ္ပိုင္ႏိုင္ငံကို သတိေပးေျပာဆိုလိုက္ၿပီး အဆိုပါဒုံးက်ည္မ်ားကို ျပန္လည္႐ုပ္သိမ္းရန္ တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရသည္။ ဖိလစ္ပိုင္ႏိုင္ငံ၏ လုပ္ရပ္သည္ ေဒသအတြင္း လက္နက္ၿပိဳင္ဆိုင္မႈအႏၲရာယ္ပိုမိုျဖစ္ လာဖြယ္ရွိေနေၾကာင္း တ႐ုတ္အစိုးရက ထပ္မံ သတိေပးထားသည္။
ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးဌာနက ဖိလစ္ပိုင္ႏိုင္ငံအေနျဖင့္ ႏိုင္ငံလုံၿခဳံေရးစြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ေစရန္ လုပ္ေဆာင္သြားမည္ဟု ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ တ႐ုတ္အစိုးရက သတိေပးခဲ့ျခင္းျဖစ္သည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ဖိလစ္ပိုင္ႏိုင္ငံက အေမရိကန္ႏိုင္ငံထုတ္ဒုံးက်ည္မ်ား ရယူရန္ ႀကိဳးပမ္းေန ျခင္းအတြက္ ျပစ္တင္ေျပာဆိုထားေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အေမရိကန္ႏိုင္ငံနဲ႔ပူးေပါင္းၿပီး ဖိလစ္ပိုင္အစိုးရဟာ ပထဝီႏိုင္ငံေရးအရ ထိပ္တိုက္ေတြ႕ဆုံမႈေတြ၊ လက္နက္ၿပိဳင္ဆိုင္မႈေတြျဖစ္လာေအာင္ ဖန္တီးေနတယ္” ဟု ေျပာသည္။ တ႐ုတ္အစိုးရ က ကန႔္ကြက္မႈမ်ားရွိေနေသာ္လည္း ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီး ဂီဘာတို သီယိုဒို႐ို ဂ်ဴနီယာက အေမရိကန္ ႏိုင္ငံထုတ္ ဒုံးက်ည္မ်ားကို ျဖန႔္ၾကက္ခ်ထားမည္ျဖစ္သလို အေမရိကန္ႏိုင္ငံထုတ္ US Typhon ဒုံးက်ည္မ်ားကို ထပ္မံရယူႏိုင္ရန္ ႀကိဳးပမ္းမည္ျဖစ္ေၾကာင္း ၿပီးခဲ့ေသာရက္ပိုင္းတြင္ အတည္ျပဳခဲ့သည္။ ဖိလစ္ပိုင္ႏွင့္တ႐ုတ္ ႏိုင္ငံတို႔သည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဖိလစ္ပိုင္က ကာကြယ္ေရးပိုင္းပိုမို ေကာင္းမြန္ေစရန္ လုပ္ေဆာင္လာခဲ့ေၾကာင္း သိရသည္။
အေမရိကန္အစိုးရသည္ ၿပီးခဲ့ေသာ ဧၿပီလက ဖိလစ္ပိုင္ ႏွင့္ ျပဳလုပ္ခဲ့ေသာ ပူးတြဲစစ္ေရးေလ့က်င့္ခန္းအစီအစဥ္အတြင္း US Typhon အမ်ိဳးအစား ဒုံးက်ည္မ်ားကို ျဖန႔္က်က္ခ်ထားခဲ့ေၾကာင္း သိရသည္။
အဆိုပါဒုံးက်ည္သည္ အေမရိကန္ႏိုင္ငံအေျခစိုက္ေလာဟီမာတင္ကုမၸဏီမွ ထုတ္လုပ္ေသာဒုံးက်ည္ျဖစ္ၿပီး အကြာအေဝး မိုင္ေပါင္း (၃၀ဝ) ကို ေရာက္ရွိ ပစ္ခတ္ႏိုင္စြမ္းရွိေၾကာင္းသိရသည္။