တောင်ကိုရီးယားအတိုက်ခံပါတီက ယာယီသမ္မတကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုအောင်မြင်

1410

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၈
တောင်ကိုရီးယားအတိုက်ခံပါတီဟာ ယာယီသမ္မတဟန်ဒက်ဆိုကို ဒီဇင်ဘာ ၂၇ ရက်က လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး ယာယီသမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့စုံစမ်းစစ်ဆေးခြင်းခံရဖွယ်ရှိနေကြောင်း သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး အတိုက်ခံပါတီဟာ သမ္မတယွန်ဆက်ယိုလ်ကို ဒီဇင်ဘာ ၁၄ ရက်မှာ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်ရာထူးက ဆိုင်းငံ့ခံရချိန်မှာ ဝန်ကြီးချုပ်ဟန်ဒက်ဆိုက ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး အတိုက်ခံပါတီနဲ့ ယာယီသမ္မတကြားအငြင်းပွားမှုတွေဖြစ်လာခဲ့ပြီးနောက်အတိုက်ခံပါတီက ယာယီသမ္မတကို ဒီဇင်ဘာ ၂၇ ရက်မှာ လွှတ်တော်အတွင်း ထပ်မံစွပ်စွဲပြစ်တင်ခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားယာယီသမ္မတဟာ သမ္မတယွန်ဆက်ယိုလ်ကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး တရားသူကြီးတွေ ထပ်မံခန့်ထားဖို့ အမိန့်ထုတ်ပြန်ပေးရေး ငြင်းဆန်ခဲ့တာကြောင့် အတိုက်ခံပါတီဝင်တွေနဲ့ အငြင်းပွားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီးက ယာယီသမ္မတအဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားယာယီသမ္မတအဖြစ် ထပ်မံတာဝန်ယူမယ့် ချိုဆန်မိုဟာလည်း တောင်ကိုရီးယားအတိုက်ခံပါတီရဲ့ဆန္ဒအတိုင်း လိုက်လျောမှုမရှိဘူးဆိုရင် လွှတ်တော်အတွင်း ထပ်မံစွပ်စွဲပြစ်တင်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဟန်ဒက်ဆိုကို လွှတ်တော်အတွင်း စွပ်စွဲပြင်တင်ဖို့ ကြိုးပမ်းချိန်မှာ အာဏာရပါတီဖြစ်တဲ့ ပြည်သူအင်အားပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးကို ဆန့်ကျင်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားယာယီသမ္မတအဖြစ်တာဝန်ယူမယ့် ချိုဆန်မိုကတော့ တောင်ကိုရီးယားနိုင်ငံအစိုးရဟာ နိုင်ငံလုံခြုံရေး၊ ပြည်သူတွေရဲ့နေ့စဉ်ရှင်သန်နေထိုင်မှုတွေအတွက် အခက်အခဲမရှိအောင် အကောင်းဆုံးလုပ်ဆောင်မယ်လို့ ကတိပေးခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားအတိုက္ခံပါတီက ယာယီသမၼတကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈေအာင္ျမင္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၈
ေတာင္ကိုရီးယားအတိုက္ခံပါတီဟာ ယာယီသမၼတဟန္ဒက္ဆိုကို ဒီဇင္ဘာ ၂၇ ရက္က လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခဲ့ရာ ေအာင္ျမင္မႈရရွိခဲ့ၿပီး ယာယီသမၼတဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးရဲ႕စုံစမ္းစစ္ေဆးျခင္းခံရဖြယ္ရွိေနေၾကာင္း သိရပါတယ္။ေတာင္ကိုရီးယားႏိုင္ငံမွာ ဒီဇင္ဘာ ၃ ရက္က စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္ခဲ့တာနဲ႔ပတ္သက္ၿပီး အတိုက္ခံပါတီဟာ သမၼတယြန္ဆက္ယိုလ္ကို ဒီဇင္ဘာ ၁၄ ရက္မွာ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခဲ့ပါတယ္။
ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ရာထူးက ဆိုင္းငံ့ခံရခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ဟန္ဒက္ဆိုက ယာယီသမၼတအျဖစ္ တာဝန္ယူခဲ့ၿပီး အတိုက္ခံပါတီနဲ႔ ယာယီသမၼတၾကားအျငင္းပြားမႈေတြျဖစ္လာခဲ့ၿပီးေနာက္အတိုက္ခံပါတီက ယာယီသမၼတကို ဒီဇင္ဘာ ၂၇ ရက္မွာ လႊတ္ေတာ္အတြင္း ထပ္မံစြပ္စြဲျပစ္တင္ခဲ့တာျဖစ္ပါတယ္။ ေတာင္ကိုရီးယားယာယီသမၼတဟာ သမၼတယြန္ဆက္ယိုလ္ကို စုံစမ္းစစ္ေဆးဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံး တရားသူႀကီးေတြ ထပ္မံခန႔္ထားဖို႔ အမိန႔္ထုတ္ျပန္ေပးေရး ျငင္းဆန္ခဲ့တာေၾကာင့္ အတိုက္ခံပါတီဝင္ေတြနဲ႔ အျငင္းပြားခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ေတာင္ကိုရီးယားဘ႑ာေရးဝန္ႀကီးက ယာယီသမၼတအျဖစ္ တာဝန္ယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားယာယီသမၼတအျဖစ္ ထပ္မံတာဝန္ယူမယ့္ ခ်ိဳဆန္မိုဟာလည္း ေတာင္ကိုရီးယားအတိုက္ခံပါတီရဲ႕ဆႏၵအတိုင္း လိုက္ေလ်ာမႈမရွိဘူးဆိုရင္ လႊတ္ေတာ္အတြင္း ထပ္မံစြပ္စြဲျပစ္တင္ခံရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
ဟန္ဒက္ဆိုကို လႊတ္ေတာ္အတြင္း စြပ္စြဲျပင္တင္ဖို႔ ႀကိဳးပမ္းခ်ိန္မွာ အာဏာရပါတီျဖစ္တဲ့ ျပည္သူအင္အားပါတီရဲ႕လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ လႊတ္ေတာ္အစည္းအေဝးကို ဆန္႔က်င္ဆႏၵျပခဲ့တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားယာယီသမၼတအျဖစ္တာဝန္ယူမယ့္ ခ်ိဳဆန္မိုကေတာ့ ေတာင္ကိုရီးယားႏိုင္ငံအစိုးရဟာ ႏိုင္ငံလုံၿခဳံေရး၊ ျပည္သူေတြရဲ႕ေန႔စဥ္ရွင္သန္ေနထိုင္မႈေတြအတြက္ အခက္အခဲမရွိေအာင္ အေကာင္းဆုံးလုပ္ေဆာင္မယ္လို႔ ကတိေပးခဲ့ပါတယ္။