မလေးရှားမှာ နယူးကာဆယ်ဗိုင်းရပ်စ်ကြောင့် ငှက်သိုက်ထုတ်လုပ်သူများ ဒေါ်လာ ၁၅ သန်း ဆုံးရှုံးနိုင်ခြေရှိ

 403

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၈

မလေးရှားနိုင်ငံမှာ နယူးကာဆယ်ရောဂါဗိုင်းရပ်စ်တွေ့ရှိခဲ့ခြင်းကြောင့် တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံကို ရင်းဂစ်သန်း ၅၀ (ဒေါ်လာ ၁၅ သန်း) တန်ဖိုးရှိတဲ့ ငှက်သိုက်တွေ တင်ပို့ဖို့ အခွင့်အရေး လက်လွှတ်ရမှာကို ငှက်သိုက်ထုပ်လုပ်သူတွေ စိုးရိမ်နေကြပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်၊ တရုတ်နှစ်ကူးပွဲတော်အတွက် ငှက်သိုက်တင်ပို့ဖို့ ပြင်ဆင်နေချိန်မှာ ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက်တဲ့ကြေညာချက်ထွက်ပေါ်လာတာဟာ ငှက်သိုက်စီးပွားရေးသမားတွေအတွက် ခေါင်းခဲစရာ ဖြစ်စေခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့နယူးကာဆယ်ရောဂါဖြစ်ပွားမှုကြောင့် ဒီဇင်ဘာ ၂၅ ရက်ကစတင်ကာ တရုတ်နိုင်ငံကို တင်ပို့မယ့် သန့်စင်ပြီး အစိမ်းစားသုံးနိုင်တဲ့ ငှက်သိုက် အပါအဝင် ငှက်သိုက်ထွက်ကုန်တင်ပို့မှုတွေ ယာယီရပ်ဆိုင်းကြောင်း တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။
လက်ရှိတရုတ်နိုင်ငံကို ငှက်သိုက်တင်ပို့မယ့် တရားဝင်ကုမ္ပဏီ ၅၈ ခုရှိပြီး တင်ပို့မှု ခေတ္တရပ်ဆိုင်းလိုက်ခြင်းကြောင့် မလေးရှားရင်းဂစ် ၅၀ သန်းတန်ဖိုးရှိ ငှက်သိုက်ထွက်ကုန် ၁၅ တန် ရောင်းချလို့ မရတော့ဘူးလို့ သက်ဆိုင်သူတွေက ပြောပါတယ်။
နယူးကာဆယ်ဗိုင်းရပ်စ်ဟာ အိမ်မွေးငှက်တွေနဲ့တောရိုင်းငှက်တွေကို ထိခိုက်စေတဲ့ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ် ရောဂါဖြစ်ပါတယ်။

Zawgyi Version;
မေလးရွားမွာ နယူးကာဆယ္ဗိုင္းရပ္စ္ေၾကာင့္ ငွက္သိုက္ထုတ္လုပ္သူမ်ား ေဒၚလာ ၁၅ သန္း ဆုံးရႈံးႏိုင္ေျခရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၈

မေလးရွားႏိုင္ငံမွာ နယူးကာဆယ္ေရာဂါဗိုင္းရပ္စ္ေတြ႕ရွိခဲ့ျခင္းေၾကာင့္ တ႐ုတ္ႏွစ္သစ္ကူးကာလမွာ တ႐ုတ္ႏိုင္ငံကို ရင္းဂစ္သန္း ၅၀ (ေဒၚလာ ၁၅ သန္း) တန္ဖိုးရွိတဲ့ ငွက္သိုက္ေတြ တင္ပို႔ဖို႔ အခြင့္အေရး လက္လႊတ္ရမွာကို ငွက္သိုက္ထုပ္လုပ္သူေတြ စိုးရိမ္ေနၾကပါတယ္။

၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္၊ တ႐ုတ္ႏွစ္ကူးပြဲေတာ္အတြက္ ငွက္သိုက္တင္ပို႔ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ေရာဂါ ျဖစ္ပြားမႈနဲ႔ပတ္သက္တဲ့ေၾကညာခ်က္ထြက္ေပၚလာတာဟာ ငွက္သိုက္စီးပြားေရးသမားေတြအတြက္ ေခါင္းခဲစရာ ျဖစ္ေစခဲ့ပါတယ္။ မေလးရွားႏိုင္ငံရဲ႕နယူးကာဆယ္ေရာဂါျဖစ္ပြားမႈေၾကာင့္ ဒီဇင္ဘာ ၂၅ ရက္ကစတင္ကာ တ႐ုတ္ႏိုင္ငံကို တင္ပို႔မယ့္ သန႔္စင္ၿပီး အစိမ္းစားသုံးႏိုင္တဲ့ ငွက္သိုက္ အပါအဝင္ ငွက္သိုက္ထြက္ကုန္တင္ပို႔မႈေတြ ယာယီရပ္ဆိုင္းေၾကာင္း တိရစာၦန္က်န္းမာေရးအဖြဲ႕က ေၾကညာခဲ့ပါတယ္။
လက္ရွိတ႐ုတ္ႏိုင္ငံကို ငွက္သိုက္တင္ပို႔မယ့္ တရားဝင္ကုမၸဏီ ၅၈ ခုရွိၿပီး တင္ပို႔မႈ ေခတၱရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ မေလးရွားရင္းဂစ္ ၅၀ သန္းတန္ဖိုးရွိ ငွက္သိုက္ထြက္ကုန္ ၁၅ တန္ ေရာင္းခ်လို႔ မရေတာ့ဘူးလို႔ သက္ဆိုင္သူေတြက ေျပာပါတယ္။
နယူးကာဆယ္ဗိုင္းရပ္စ္ဟာ အိမ္ေမြးငွက္ေတြနဲ႔ေတာ႐ိုင္းငွက္ေတြကို ထိခိုက္ေစတဲ့ ကူးစက္တတ္တဲ့ ဗိုင္းရပ္စ္ ေရာဂါျဖစ္ပါတယ္။

Related news

© 2021. All rights reserved.