ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ(၅၅)ဘီလျံအထိ ဂျပန်တို့ စံချိန်တင်သုံးစွဲမည်

 445

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၉

ဂျပန်နိုင်ငံသည် ဒေသအတွင်း ခြိမ်းခြောက်မှုများကိုတုံ့ပြန်တားဆီးရန်အတွက် (၂၀၂၅)ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို စံချိန်တင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ဂျပန်အစိုးရ အဖွဲ့သည် ဒီဇင်ဘာလ (၂၇)ရက် တွင် (၂၀၂၅)ခုနှစ် အတွက် အသုံးစရိတ်ဘတ်ဂျက်များကို ခွင့်ပြုခဲ့ရာ ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန် ဒေါ်လာ (၅၅)ဘီလျံ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် လက်ရှိအချိန်တွင် ရုရှား၊ တရုတ် နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ခြိမ်းခြောက်မှုများကို တိုးမြှင့် ရင်ဆိုင်နေရသည့်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင်အသုံးပြုရန်စီစဉ်လာခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ သည် (၂၀၂၅)ခုနှစ်အတွင်း တာဝေးပစ် ခရုဇ်ဒုံးကျည်များ ပိုမိုကောင်းမွန်အောင် ဖန်တီးလုပ်ဆောင်မည်ဖြစ်သလို တိုမာဟော့ဒုံးကျည်များကို ဖြန့်ကြက်ချထားခြင်းများလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ (၅)နှစ်အတွင်း စစ်ရေးတည်ဆောက်မှုအစီအစဉ်အစိတ်အပိုင်းအရ ကာကွယ်ရေး အသုံးစရိတ်များကို တိုးမြှင့်သုံးစွာလာနေခြင်းဖြစ်ပြီး လာမည့်မတ်လတွင် ဂျပန်အစိုးရကခွင့်ပြုထားသော ကာကွယ်ရေးအသုံးစရိတ်မူကြမ်းကို လွှတ်တော်ထံ တင်ပြမည်ဖြစ်သည်။ ဂျပန်အစိုးရသည် (၂၀၂၅) ခုနှစ်တွင် အမေရိကန်နိုင်ငံထုတ် တိုမာဟော့ ဒုံးကျည်ကို စတင်ဖြန့်ကြက်ချထားမည်ဖြစ်ပြီး တိုက်ခိုက်ခံရမည်ဆိုပါက အဆိုပါဒုံး ကျည်များဖြင့်ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန်စီစဉ်ထား ကြောင်းသိရသည်။

ထို့ပြင် ဂျပန်အစိုးရသည် ဂြိုဟ်တုစနစ်များ၊ တာဝေးပစ်ဒုံးကျည်များအပြင် အခြားလိုအပ်သော စစ်လက်နက် ပစ္စည်းများကိုလည်း ထပ်မံဝယ်ယူ ဖြည့်တင်းထားရန် စီစဉ်နေကြောင်းသိရသည်။ ဂျပန်အစိုးရ၏ ကာကွယ်ရေး မဟာဗျူဟာအစီအစဉ်အရ နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ (၆၃)ဘီလျံအထိ တိုးမြှင့်နိုင် ရန် ရည်ရွယ်ထားပြီး ကမ္ဘာတင်္ဏဝန်းရှိနိုင်ငံများအနက် ကာကွယ်ရေး အသုံးစရိတ်အများဆုံး သုံးစွဲသောနိုင်ငံများ စာရင်းတွင် ကမ္ဘာ့ထိပ်သီး (၅)နိုင်ငံအတွင်း ပါဝင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

Zawgyi Version;
ကာကြယ္ေရးအသုံးစရိတ္ကို အေမရိကန္ေဒၚလာ(၅၅)ဘီလ်ံအထိ ဂ်ပန္တို႔ စံခ်ိန္တင္သုံးစြဲမည္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၉

ဂ်ပန္ႏိုင္ငံသည္ ေဒသအတြင္း ၿခိမ္းေျခာက္မႈမ်ားကိုတုံ႔ျပန္တားဆီးရန္အတြက္ (၂၀၂၅)ခုႏွစ္တြင္ ကာကြယ္ေရး အသုံးစရိတ္ကို စံခ်ိန္တင္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္းသိရသည္။ ဂ်ပန္အစိုးရ အဖြဲ႕သည္ ဒီဇင္ဘာလ (၂၇)ရက္ တြင္ (၂၀၂၅)ခုႏွစ္ အတြက္ အသုံးစရိတ္ဘတ္ဂ်က္မ်ားကို ခြင့္ျပဳခဲ့ရာ ကာကြယ္ေရးအသုံးစရိတ္အျဖစ္ အေမရိကန္ ေဒၚလာ (၅၅)ဘီလ်ံ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံသည္ လက္ရွိအခ်ိန္တြင္ ႐ုရွား၊ တ႐ုတ္ ႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံတို႔၏ ၿခိမ္းေျခာက္မႈမ်ားကို တိုးျမႇင့္ ရင္ဆိုင္ေနရသည့္အတြက္ ကာကြယ္ေရးအသုံးစရိတ္ကို စံခ်ိန္တင္အသုံးျပဳရန္စီစဥ္လာျခင္းျဖစ္သည္။ ဂ်ပန္ႏိုင္ငံ သည္ (၂၀၂၅)ခုႏွစ္အတြင္း တာေဝးပစ္ ခ႐ုဇ္ဒုံးက်ည္မ်ား ပိုမိုေကာင္းမြန္ေအာင္ ဖန္တီးလုပ္ေဆာင္မည္ျဖစ္သလို တိုမာေဟာ့ဒုံးက်ည္မ်ားကို ျဖန႔္ၾကက္ခ်ထားျခင္းမ်ားလုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာန၏ (၅)ႏွစ္အတြင္း စစ္ေရးတည္ေဆာက္မႈအစီအစဥ္အစိတ္အပိုင္းအရ ကာကြယ္ေရး အသုံးစရိတ္မ်ားကို တိုးျမႇင့္သုံးစြာလာေနျခင္းျဖစ္ၿပီး လာမည့္မတ္လတြင္ ဂ်ပန္အစိုးရကခြင့္ျပဳထားေသာ ကာကြယ္ေရးအသုံးစရိတ္မူၾကမ္းကို လႊတ္ေတာ္ထံ တင္ျပမည္ျဖစ္သည္။ ဂ်ပန္အစိုးရသည္ (၂၀၂၅) ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံထုတ္ တိုမာေဟာ့ ဒုံးက်ည္ကို စတင္ျဖန႔္ၾကက္ခ်ထားမည္ျဖစ္ၿပီး တိုက္ခိုက္ခံရမည္ဆိုပါက အဆိုပါဒုံး က်ည္မ်ားျဖင့္ျပန္လည္တုံ႔ျပန္တိုက္ခိုက္ရန္စီစဥ္ထား ေၾကာင္းသိရသည္။

ထို႔ျပင္ ဂ်ပန္အစိုးရသည္ ၿဂိဳဟ္တုစနစ္မ်ား၊ တာေဝးပစ္ဒုံးက်ည္မ်ားအျပင္ အျခားလိုအပ္ေသာ စစ္လက္နက္ ပစၥည္းမ်ားကိုလည္း ထပ္မံဝယ္ယူ ျဖည့္တင္းထားရန္ စီစဥ္ေနေၾကာင္းသိရသည္။ ဂ်ပန္အစိုးရ၏ ကာကြယ္ေရး မဟာဗ်ဴဟာအစီအစဥ္အရ ႏွစ္စဥ္ကာကြယ္ေရးအသုံးစရိတ္ကို အေမရိကန္ေဒၚလာ (၆၃)ဘီလ်ံအထိ တိုးျမႇင့္ႏိုင္ ရန္ ရည္႐ြယ္ထားၿပီး ကမာၻတဏၤဝန္းရွိႏိုင္ငံမ်ားအနက္ ကာကြယ္ေရး အသုံးစရိတ္အမ်ားဆုံး သုံးစြဲေသာႏိုင္ငံမ်ား စာရင္းတြင္ ကမာၻ႔ထိပ္သီး (၅)ႏိုင္ငံအတြင္း ပါဝင္ရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.