တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားအားလုံး ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ ပြော
2466
နာမူ (NP News) - ဒီဇင်ဘာ ၃၀
တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်း သားအားလုံး ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌက ယနေ့ (ဒီဇင်ဘာလ ၃၀ ရက်) တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာအတွင်း အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားညီနောင်များအချင်းချင်း အထင်အမြင်လွဲမှားကာ ယနေ့အချိန်အထိ လက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်မငြိမ်၊ မအေးမချမ်းဖြစ်နေခြင်းများကို သတိထားသင့်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
လက်ရှိ နိုင်ငံတော်တွင် လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ထည့်သွင်းတိုက်တွန်းပြောကြားထားသည်။ ထို့ပြင် ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်း ချင်းဝိုင်းဝန်းဆောင်ရွက်ရန် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
နစကအနေဖြင့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ သဘောထားမှတ်ချက်များကို နောင်လာမည့် လွှတ်တော်အစည်း အဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲ ဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားကြောင်းနှင့် ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
zawgyi version
တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တိုင္းရင္းသားအားလုံး ဝိုင္းဝန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ၾကရန္ နစကဥကၠ႒ ေျပာ
နာမူ (NP News) - ဒီဇင္ဘာ ၃၀
တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး ႏွင့္ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တိုင္းရင္း သားအားလုံး ဝိုင္းဝန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း နစက ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
နစကဥကၠ႒က ယေန႔ (ဒီဇင္ဘာလ ၃၀ ရက္) တြင္ က်ေရာက္ေသာ ကရင္ႏွစ္သစ္ကူးေန႔သို႔ ေပးပို႔သည့္ သဝဏ္လႊာအတြင္း အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရး၊ လူမႈဘဝျမင့္မားေရး၊ ေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔အတြက္ ၿငိမ္းခ်မ္းေရးသည္ အေျခခံအုတ္ျမစ္ျဖစ္ၿပီး ႏိုင္ငံသည္ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း နယ္ခ်ဲ႕တို႔၏ ေသြးခြဲအုပ္ခ်ဳပ္မႈေၾကာင့္ တိုင္းရင္းသားညီေနာင္မ်ားအခ်င္းခ်င္း အထင္အျမင္လြဲမွားကာ ယေန႔အခ်ိန္အထိ လက္နက္ကိုင္ပဋိပကၡမ်ားျဖင့္ မတည္မၿငိမ္၊ မေအးမခ်မ္းျဖစ္ေနျခင္းမ်ားကို သတိထားသင့္ေၾကာင္း နစကဥကၠ႒က ေျပာသည္။
လက္ရွိ ႏိုင္ငံေတာ္တြင္ လိုအပ္ေနသည့္ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ကရင္ျပည္နယ္မွ ကရင္တိုင္းရင္းသားမ်ားအပါအဝင္ တိုင္းရင္းသားျပည္သူအားလုံးက ဝိုင္းဝန္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္းလည္း နစက ဥကၠ႒က ထည့္သြင္းတိုက္တြန္းေျပာၾကားထားသည္။ ထို႔ျပင္ ကရင္ျပည္နယ္အပါအဝင္ မိမိတို႔ေနထိုင္ရာ ေနရာေဒသမ်ားအတြင္း တိုက္ပြဲမ်ားႏွင့္ ဆူပူအၾကမ္းဖက္မႈမ်ား ေလ်ာ့နည္းပေပ်ာက္လာေစရန္ အခ်င္း ခ်င္းဝိုင္းဝန္းေဆာင္႐ြက္ရန္ သဝဏ္လႊာတြင္ ထည့္သြင္းေျပာၾကားထားသည္။
နစကအေနျဖင့္ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးလ်က္ရွိၿပီး ႏွစ္ဖက္ေဆြးေႏြးခ်က္မ်ားမွ သေဘာထားမွတ္ခ်က္မ်ားကို ေနာင္လာမည့္ လႊတ္ေတာ္အစည္း အေဝးမ်ားတြင္ ေဆြးေႏြးအတည္ျပဳႏိုင္ရန္ မွတ္တမ္းေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့သည္။ ဆက္လက္၍ ေတြ႕ဆုံေဆြးေႏြးမႈမ်ားအတြက္ အစဥ္အၿမဲ ဖိတ္ေခၚႀကိဳဆိုၿပီး တံခါးဖြင့္ထားေၾကာင္းႏွင့္ ေရွ႕ဆက္၍လည္း ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးစားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။