တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုလ်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆို

 623

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃ဝ

တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

တောင်ကိုရီးယားသမ္မတဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ရက်က စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် အတိုက်ခံပါတီလွှတ်တော်ကိုယ်စားလှယ်များရဲ့လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခံရကာ ဒီဇင်ဘာ ၁၄ ရက်မှာရာထူးကနေဆိုင်းငံ့ခံရပြီး လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးခံနေရသူဖြစ်ပါတယ်။ တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ သမ္မတ ယွန်ဆက်ယိုလ်ကို စုံစမ်းစစ်ဆေးမှုအစိတ်အပိုင်းအဖြစ် ၎င်းရဲ့ရုံးကို စီးနင်းရှာဖွေမှုတွေလည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။

တောင်ကိုရီးယားတရားရုံးဟာ သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဝရမ်းထုတ်ဖို့ သင့်မသင့်ဆိုတာကို ဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။ တောင်ကိုရီးယားသမ္မတရဲ့ ရှေ့နေဖြစ်သူကတော့ သမ္မတကို ဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုခြင်းဟာ မျှတခြင်းမရှိဘူးလို့ ပြောပါတယ်။ ယွန်ဆက်ယိုလ်ရဲ့စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်မှုဟာ တောင်ကိုရီးယားနိုင်ငံရေးလောကကို အလှုပ်ခပ်များစွာဖြစ်လာခဲ့ပြီး ပြည်သူများနဲ့အတိုက်ခံပါတီတွေက ဝေဖန်ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားအတိုက်ခံပါတီဟာ သမ္မတယွန်ဆက်ယိုလ်အပြင် ယာယီသမ္မတအဖြစ်တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ်ဟန်ဒက်ဆိုကိုလည်း ဒီဇင်ဘာ ၂၈ ရက်မှာ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခဲ့ပြီး ရာထူးကဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခံရတဲ့ ယွန်ဆက်ယိုလ်နဲ့ ဟန်ဒက်ဆိုတို့အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်ဆုံးဖြတ်ရမှာဖြစ်ပြီး ဆုံးဖြတ်ချက်ထွက်ပေါ်လာချိန်မှသာ အရင်တိုင်းရာထူးမှာ ဆက်ရှိမရှိဆိုတာကို သိမှာလည်းဖြစ်ပါတယ်။

zawgyi version
ေတာင္ကိုရီးယား သမၼတ ယြန္ဆက္ယိုလ္ကို ဖမ္းဝရမ္းထုတ္ဖို႔ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃ဝ

ေတာင္ကိုရီးယား စုံစမ္းစစ္ေဆးေရးအရာရွိေတြဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္မႈနဲ႔ပတ္သက္ၿပီး သမၼတယြန္ဆက္ယိုလ္ကို ဖမ္းဝရမ္းထုတ္ဖို႔ ေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။

ေတာင္ကိုရီးယားသမၼတဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၃ရက္က စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္ခဲ့ၿပီးေနာက္ အတိုက္ခံပါတီလႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခံရကာ ဒီဇင္ဘာ ၁၄ ရက္မွာရာထူးကေနဆိုင္းငံ့ခံရၿပီး လက္ရွိအခ်ိန္မွာ စုံစမ္းစစ္ေဆးခံေနရသူျဖစ္ပါတယ္။ ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ဟာ သမၼတ ယြန္ဆက္ယိုလ္ကို စုံစမ္းစစ္ေဆးမႈအစိတ္အပိုင္းအျဖစ္ ၎ရဲ႕႐ုံးကို စီးနင္းရွာေဖြမႈေတြလည္း လုပ္ေဆာင္ခဲ့ဖူးပါတယ္။

ေတာင္ကိုရီးယားတရား႐ုံးဟာ သမၼတယြန္ဆက္ယိုလ္ကို ဖမ္းဝရမ္းထုတ္ဖို႔ သင့္မသင့္ဆိုတာကို ဆုံးျဖတ္ရဖြယ္ရွိေနပါတယ္။ ေတာင္ကိုရီးယားသမၼတရဲ႕ ေရွ႕ေနျဖစ္သူကေတာ့ သမၼတကို ဖမ္းဝရမ္းထုတ္ဖို႔ေတာင္းဆိုျခင္းဟာ မွ်တျခင္းမရွိဘူးလို႔ ေျပာပါတယ္။ ယြန္ဆက္ယိုလ္ရဲ႕စစ္အုပ္ခ်ဳပ္ေရးဥပေဒ ထုတ္ျပန္မႈဟာ ေတာင္ကိုရီးယားႏိုင္ငံေရးေလာကကို အလႈပ္ခပ္မ်ားစြာျဖစ္လာခဲ့ၿပီး ျပည္သူမ်ားနဲ႔အတိုက္ခံပါတီေတြက ေဝဖန္ကန႔္ကြက္ခဲ့ေၾကာင္း သိရပါတယ္။ ေတာင္ကိုရီးယားအတိုက္ခံပါတီဟာ သမၼတယြန္ဆက္ယိုလ္အျပင္ ယာယီသမၼတအျဖစ္တာဝန္ယူခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ဟန္ဒက္ဆိုကိုလည္း ဒီဇင္ဘာ ၂၈ ရက္မွာ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခဲ့ၿပီး ရာထူးကဆိုင္းငံ့ခဲ့တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခံရတဲ့ ယြန္ဆက္ယိုလ္နဲ႔ ဟန္ဒက္ဆိုတို႔အမႈကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီးသတ္ဆုံးျဖတ္ရမွာျဖစ္ၿပီး ဆုံးျဖတ္ခ်က္ထြက္ေပၚလာခ်ိန္မွသာ အရင္တိုင္းရာထူးမွာ ဆက္ရွိမရွိဆိုတာကို သိမွာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.