ရုရှားဘဏ်ထံမှသိမ်းယူထားတဲ့ အမေရိကန်ဒေါ်လာ (၁၅)ဘီလျံအား ယူကရိန်းကို ကူညီပေးမယ်လို့ အမေရိကန်အစိုးရပြော

 2576

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၃၁

အမေရိကန်အစိုးရက ယူကရိန်းစစ်ပွဲနဲ့ ဆက်နွှယ်ပြီး ရုရှားဗဟိုဘဏ်ကနေ သိမ်းယူထားတဲ့ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကို ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ်လို့ ပြောဆိုထားကြောင်း ယူကရိန်းဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်း နဲ့ ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့စီစဉ်ခဲ့ရာ အမေရိကန်ဒေါ်လာ (၃၀၀)ဘီလျံနီးပါးတန်ဖိုးရှိ ရုရှားပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရဖွယ်ရှိနေကြောင်း သိရပါတယ်။ ဂျီ ၇ အဖွဲ့ဝင်နိုင်ငံတွေကလည်း အမေရိကန်ဒေါ်လာ(၅၀)ဘီလျံခန့်တန်ဖိုးရှိ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူသွားမှာဖြစ်ပြီး အဲဒီသိမ်းယူထားတဲ့ငွေကြေးတွေကိုယူကရိန်းအတွက် အတိုးနဲ့ပြန်ချေးပေးဖွယ်ရှိနေကြောင်း သိရပါတယ်။

ရုရှားကတော့ ၎င်းတို့နိုင်ငံပိုင်ဆိုင်မှုတွေကိုသိမ်းယူခြင်းနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ထားကာ သိမ်းယူတာမဟုတ်ဘဲ ခိုးယူတာဖြစ်ပြီး တရားဥပဒေကြောင်းအရလက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။ လက်ရှိအချိန်မှာ ရုရှားအစိုးရကလည်း ၎င်းတို့နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားတဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ငွေကြေးတွေကို ပြန်လည်သိမ်းဆည်းပြီး ရုရှားနိုင်ငံအတွက် ပြန်လည်အသုံးချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို ကူညီ ထောက်ပံ့ပေးခဲ့ပေမယ့် အခြားတစ်ဖက်မှာတော့ ရုရှားနိုင်ငံကိုပစ်မှတ်ထားပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ (၃)နှစ်နီးပါးရှိနေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကတော့ သမ္မတအဖြစ်တာဝန်ယူချိန်မှာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့ ကြိုးပမ်းမယ်လို့ ကတိပြုထားပါတယ်။

zawgyi version
႐ုရွားဘဏ္ထံမွသိမ္းယူထားတဲ့ အေမရိကန္ေဒၚလာ (၁၅)ဘီလ်ံအား ယူကရိန္းကို ကူညီေပးမယ္လို႔ အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၃၁

အေမရိကန္အစိုးရက ယူကရိန္းစစ္ပြဲနဲ႔ ဆက္ႏႊယ္ၿပီး ႐ုရွားဗဟိုဘဏ္ကေန သိမ္းယူထားတဲ့ အေမရိကန္ေဒၚလာ ၁၅ ဘီလ်ံကို ယူကရိန္းကို ကူညီေထာက္ပံ့ေပးမယ္လို႔ ေျပာဆိုထားေၾကာင္း ယူကရိန္းဝန္ႀကီးခ်ဳပ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္း နဲ႔ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားပိုင္ဆိုင္မႈေတြကို သိမ္းယူဖို႔စီစဥ္ခဲ့ရာ အေမရိကန္ေဒၚလာ (၃၀၀)ဘီလ်ံနီးပါးတန္ဖိုးရွိ ႐ုရွားပိုင္ဆိုင္မႈေတြ သိမ္းဆည္းခံရဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ဂ်ီ ၇ အဖြဲ႕ဝင္ႏိုင္ငံေတြကလည္း အေမရိကန္ေဒၚလာ(၅၀)ဘီလ်ံခန႔္တန္ဖိုးရွိ ႐ုရွားပိုင္ဆိုင္မႈေတြကို သိမ္းယူသြားမွာျဖစ္ၿပီး အဲဒီသိမ္းယူထားတဲ့ေငြေၾကးေတြကိုယူကရိန္းအတြက္ အတိုးနဲ႔ျပန္ေခ်းေပးဖြယ္ရွိေနေၾကာင္း သိရပါတယ္။

႐ုရွားကေတာ့ ၎တို႔ႏိုင္ငံပိုင္ဆိုင္မႈေတြကိုသိမ္းယူျခင္းနဲ႔ပတ္သက္ၿပီး ေဝဖန္ျပစ္တင္ထားကာ သိမ္းယူတာမဟုတ္ဘဲ ခိုးယူတာျဖစ္ၿပီး တရားဥပေဒေၾကာင္းအရလက္တုံ႔ျပန္မယ္လို႔ သတိေပးထားပါတယ္။ လက္ရွိအခ်ိန္မွာ ႐ုရွားအစိုးရကလည္း ၎တို႔ႏိုင္ငံအတြင္း ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ေငြေၾကးေတြကို ျပန္လည္သိမ္းဆည္းၿပီး ႐ုရွားႏိုင္ငံအတြက္ ျပန္လည္အသုံးခ်ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို ကူညီ ေထာက္ပံ့ေပးခဲ့ေပမယ့္ အျခားတစ္ဖက္မွာေတာ့ ႐ုရွားႏိုင္ငံကိုပစ္မွတ္ထားပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခဲ့ပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ (၃)ႏွစ္နီးပါးရွိေနေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္းမရွိဘဲ တိုက္ပြဲေတြျဖစ္ပြားေနဆဲျဖစ္ပါတယ္။အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္ကေတာ့ သမၼတအျဖစ္တာဝန္ယူခ်ိန္မွာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲကိုအျမန္ဆုံးအဆုံးသတ္ဖို႔ ႀကိဳးပမ္းမယ္လို႔ ကတိျပဳထားပါတယ္။

Related news

© 2021. All rights reserved.