ဒေသတွင်းအခင်းအကျင်းသစ်တစ်ရပ်ကို ဖော်ဆောင်နေသည့် အစ္စရေး

 604

တင်ဇာ (NP News) - ဇန်နဝါရီ ၁

ယနေ့ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပျက်ပြောင်းလဲနေခြင်းများသည် ဒေသဆိုင်ရာအခင်းအကျင်းတစ်ခုဆီသို့ ဦးတည်နေသည့် ရုန်းကန်မှုတစ်ခုအဖြစ်ရှုမြင်နိုင်သည်။ (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၇)ရက်တွင် ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခိုက်ပြီးနောက် အမြင်(၃)ခု ထွက်ပေါ်လာခဲ့သည်။

ယင်းတို့မှာ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ၊ အီရန်နှင့် အမေရိကန်၏ သဘောထားအမြင်တို့ဖြစ်သည်။ ဟားမတ်စ်တို့က အစ္စရေးကိုဖျက်ဆီးရန်ရည်ရွယ်သည့် ဘက်စုံစစ်ပွဲကို အရှိန်မြှင့်ရန်ဟန်ပြင်ခဲ့သည်။ အီရန်က ၎င်း၏ကြားခံ ဟစ်ဇ်ဘိုလာနှင့်အတူ အစ္စရေးကို ပြိုကွဲစေရန်နှင့် အမေရိကန်ကို ဒေသတွင်းမဖယ်ရှား ရန်ရည်ရွယ်သည့်စစ်ပွဲများကိုဆင်နွှဲရန် တာစူခဲ့သည်။ အစ္စရေးနောက်တွင် အခိုင်အမာရပ်တည်နေ သည့်အမေရိကန်က အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် နိုင်ငံရေးအလားအလာအသစ်များ၊ အစ္စရေး နှင့်ဆော်ဒီ အာရေးဗျတို့ကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရေး၊ ဝါရှင်တန်နှင့်ရီယာ့ဒ်တို့ကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ရယူခြင်းတို့ ဖြင့် ဒေသတွင်းတည်ငြိမ်ရေးကိုရယူနိုင်ရန် မျှော်လင့်ခဲ့သည်။

သို့သော် ယင်းသဘောအမြင်များမှာ တစ်ခုမျှဖြစ်မလာခဲ့ပါ။ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာနှင့် အီရန်တို့က အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့(IDF)၊ အစ္စရေးလူ့အဖွဲ့အစည်းနှင့် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့တို့၏ အင်အားအပေါ် လျှော့တွက်ခဲ့ကြသည်။ ထို့အတူ ဂါဇာတွင် အစ္စရေး၏လုပ်ရပ်များ အပေါ်ထိန်းကျောင်းနိုင်မည်ဟု အမေရိကန်က လွန်ကဲ စွာယုံကြည်ထားသော်လည်း ၎င်းအနေဖြင့် အီရန်၏ ဒေသတွင်းခြိမ်းခြောက်မှုများကိုပါ လုံလောက်အောင် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

ဖော်ပြပါ အမြင်(၃)ခု ဖြစ်မလာခြင်းက ပိုမိုလက်တွေ့ကျသည့် စတုတ္ထအလားအလာတစ်ခုကို ဖန်တီးပေးသည်။ ယင်းမှာ အစ္စရေးအတွက် အလားအလာပင်ဖြစ်သည်။ ပြီးခဲ့သည့်သုံးလအတွင်း အစ္စရေးသည် အရှေ့အလယ်ပိုင်း ဒေသကို ပြန်လည်ပုံ ဖော်ရန် ၎င်း၏အင်အားကို စတင်အသုံးပြုလာခဲ့သည်။ အစ္စရေးသည် ဟားမတ်စ်၏ စစ်ရေးစွမ်းရည် များကိုချေမှုန်းပစ်ကာ ဟစ်ဇ်ဘိုလာ၏ ခေါင်းဆောင်မှုကိုဖြိုဖျက်ပြီး လက်ဘနွန်အခြေစိုက်အဖွဲ့က ကာလ ကြာရှည် တင်းခံခဲ့သည့် အပစ်အခတ်ရပ်စဲရေးစည်း မျဉ်းများကိုလက်ခံရန် တွန်းအားပေးခဲ့သည်။ အစ္စရေးသည် အီရန်နိုင်ငံအတွင်း ဆန်းပြားသော တိုက်ခိုက်မှုများကိုလည်း ကြိုကြားကြိုကြားပြုလုပ်ခဲ့သည်။ ထို့ပြင် ဆီးရီးယားတွင် အာဆတ်အစိုးရ ပြုတ်ကျသွားသည်ကို အခွင့်ကောင်းယူကာ အီရန်၏ ဒေသတွင်း လွှမ်းမိုးဖြန့်ကြက်နိုင်မှုကိုဖယ်ရှားရန်လည်း အစ္စရေး ကကြိုးပမ်းနေသည်။ ရလဒ်အနေဖြင့် အီရန်သည် ၎င်း၏နယ်နိမိတ်မှ အစ္စရေးအထိ ရှည်လျားသော နယ်နိမိတ်အတွင်း ၎င်း၏ဩဇာ ဖြန့်ကြက်ထူထောင်ရန်အတွက် မြှုပ်နှံထားသည့် အရေးပါသောအရင်း အမြစ်များဆုံးရှုံးခဲ့ရသည်။

အောက်တိုဘာ(၇)ရက် တိုက်ခိုက်မှုအပြီး တစ်နှစ်နီးပါးအကြာတွင် ဒေသတွင်း အနာဂတ်အ တွက် အစ္စရေး၏ မျှော်မှန်းချက်မှာ မရှင်းလင်းပေ။ ၎င်းသည် မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းဟူသော ခေါင်းစဉ်ကို သက်တမ်းတိုးခြင်းဖြင့် လုံးဝပြန်လည်ထူထောင်၍မရနိုင်အောင် ဆိုးရွားသွားသော အရှေ့အလယ်ပိုင်း၏ လက်ရှိအနေအထားကို ထိန်းသိမ်းရန် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ ၎င်း၏စစ်ဆင်ရေးများသည် ပြင်းထန်သော်လည်း အစ္စရေးသည် ဟစ်ဇ်ဘို လာ၊ အီရန်တို့နှင့် ထိပ်တိုက်တွေ့မည့်အရေးမှ ရှောင်ရှားနိုင်ခဲ့သည်။ ထို့ပြင် ၎င်းကို နိုင်ငံတကာမှ သွေးထိုး လှုံ့ဆော်သူအဖြစ်ရှုမြင် နေကြပြီး ပြည်တွင်းရှိ အစ္စရေးလူ့အဖွဲ့အစည်းအတွင်း၌လည်း သဘောထားကွဲ လွဲမှုများရှိနေခြင်းကြောင့် အခင်းအကျင်း အသစ်တစ်ခုဆီဦးတည်သွားရန် တွန့်ဆုတ်နေပုံရသည်။ ကွယ်လွန်သူ ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar က (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၇) ရက်တွင် အစ္စရေးကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခံရချိန်တွင် ချက်ချင်းဆိုသလိုပင် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွ အုပ်စုအားလုံးက အစ္စရေးကို ပူးပေါင်းတိုက်ခိုက်လိမ့်မည်ဟု မျှော်မှန်းခဲ့သည်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲသည် အာရပ်ဆူပူအုံကြွမှုကို လှုံ့ဆော် ပေးနိုင်မည်ဟု ယုံကြည်နေသည်။ Sinwar ၏အစီအစဉ်သည် အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ဟစ်ဇ်ဘိုလာအပါ အဝင် အီရန်ကျောထောက်နောက်ခံပြု အခြားအဖွဲ့ဝင် များနှင့် အီရန်ကိုယ်တိုင် တိုက်ရိုက် ပါဝင်ပတ်သက် လာမည်ဟု မျှော်လင့်နေခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးတွင် အစ္စရေးကသာ စစ်ရေးအရ အသာစီး ရသွားခဲ့သည်။

အောက်တိုဘာလ (၇)ရက် တိုက်ခိုက်မှု ပထမနှစ်ပတ်လည်နေ့မတိုင်မီ ရက်အနည်းငယ် အလိုတွင်လည်း ဟစ်ဇ်ဘိုလာ နိုင်ငံရေးခေါင်းဆောင် Hassan Nasrallah သုတ်သင်ခြင်းခံခဲ့ရသည်။ လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ကို ချေမှုန်းလိုက် ခြင်းဖြင့် အစ္စရေးအစိုးရသည် ၎င်း၏ဒေသတွင်း ရန်သူများကို အသာစီးအနိုင်ရယူလိမ့်မည်ဟု ယုံ ကြည်နေသည်။ ထိုအချိန်တွင် အမေရိကန်က အစ္စရေးကို ပဋိပက္ခများ ထပ်မံမတိုးပွားစေရန် တိုက်တွန်းနေသည်။ သို့သော် အစ္စရေးသည် လက်ရှိအခိုက် အတန့်ကို အခွင့်ကောင်းအဖြစ်ရှုမြင်နေသည်။ ယခု အခါ အစ္စရေးသည် ဟစ်ဇ်ဘို လာသာမက အီရန်ကို ပြတ်ပြတ်သားသား ထိုးနှက်တိုက်ခိုက်ရန် မျှော်လင့် ချက်ဖြင့် ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ၊ အီရတ်နှင့် ဆီးရီး ယားရှိ ပြည်သူ့စစ်များအပါအဝင် ယီမင်ရှိ ဟူသီတို့ပါ ဝင်သော axis of resistance (အီရန် ဦးဆောင် သော အလွတ်တမ်းမိတ်ဖက်အဖွဲ့အစည်း)ကို ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးပမ်းနေသည်။
Nasrallah သတ်ဖြတ်မှုအပြီးတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ယခုအချိန်သည် ‘‘နှစ်ပေါင်းများစွာ ကြာတည်ရှိနေသော ဒေသတွင်း အာဏာချိန်ခွင်လျှာကို ပြောင်းလဲဖို့”အတွက် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ပြောဆို ခဲ့သည်။ အကယ်၍ အစ္စရေးသည် ထေငျ သ် မနျငျအညေခန တပ်ပေါင်းစုကို ယိုင်နဲ့သွားအောင် စွမ်းဆောင်နိုင်ပါက ၎င်း ၏အောင် မြင်မှုကို ဆော်ဒီအာရေးဗျနှင့် ယူအေအီးတို့က တိတ်တဆိတ် ကြိုဆိုလာလိမ့်မည်ဖြစ်သည်။ ဆော်ဒီသည် ပါလက်စတိုင်းနိုင်ငံထူထောင်ရန်ထောက်ခံပြီး အရှေ့ အလယ်ပိုင်းတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် အရေး ကြီးကြောင်း အခိုင်အမာဆိုသည်။ ဆော်ဒီအစိုးရက ၎င်းတို့၏ ရည်မှန်းချက်ကြီးသော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ခြိမ်းခြောက်နိုင်သည့် ဒေသတွင်း ရန်လိုမှုများတိုးလာမည်ကို စိုးရိမ်နေသည်။

အစ္စရေးအတွက် ပါဝါချိန်ခွင်လျှာကို ပြောင်းလဲခြင်းတွင် အောက်တိုဘာ (၇) ရက်နောက် ပိုင်းဖြစ်ပွားခဲ့သော ရှုံးနိမ့်မှုနှင့် ရှုပ်ထွေးမှုများ၏ဇာတ်ကြောင်းကို ပြောင်းပြန်လှန်ခြင်းလည်းပါဝင်သည်။ ဟားမတ်စ်တို့ထံမှ တိုက်ခိုက်ခံရမှုသည် အစ္စရေးထောက်လှမ်းရေးအတွက် အရှက်ရစရာကိစ္စရပ်ဖြစ်သည်။ ရန်သူများထက် ခြေတစ်လှမ်းသာလေ့ရှိတတ်သောဂုဏ်သတင်းသည် အစ္စရေးကာကွယ်ရေးဗျူဟာ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့သော် ဟားမတ်စ်တို့၏ တိုက်ခိုက်ခံရခြင်းအပြီးတွင် ထိုဂုဏ်သိက္ခာ ပျောက်ဆုံးသွားခဲ့ရသည်။ ထို့နောက် ဂါဇာ ကမ်းမြောင် ဒေသတွင် နောက်ဆက်တွဲဖြစ်ပွားလာ သောစစ်ပွဲအတွင်း၌လည်း အစ္စရေး၏ဂုဏ် သို့မဟုတ် ၎င်း၏လုံခြုံရေးကို ပြန်လည်ထိန်းသိမ်းရန် မစွမ်းနိုင်ခဲ့ပါ။ အရပ်သားအများအပြားသေဆုံးစေခဲ့သည့် စစ် ဆင်ရေးတစ်ခုဆင်နွှဲခဲ့သော်လည်း အစ္စရေးသည် ၎င်း၏ ဓားစာခံအားလုံး လွတ်မြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ပြင် နိုင်ငံတကာလူထု၏အမြင် တွင် ဂုဏ်သိက္ခာများကျဆင်းနေပြီး ICJ တွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲခံထားရသည်။

သို့သော် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို တိုက်ခိုက်နိုင်ခြင်းကြောင့် အစ္စရေးလူထု၏ယုံကြည်မှုကို ပြန်လည်ရရှိ စေခဲ့သည်။ ဟစ်ဇ်ဘိုလာကို ဖျက်ဆီးလိုက်ခြင်းကြောင့် အီရန်အစိုးရအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ် လာခဲ့သည်။ နိုင်ငံ၏ မြောက်ပိုင်းနယ်စပ်တွင် ကြီးမားသော ဒုံးကျည်လက်နက်များနှင့်အတူ အင်အားကြီးမားသော အီရန်ကျော ထောက်နောက်ခံပြု စစ်သွေးကြွတပ်ဖွဲ့ ဟစ်ဇ်ဘိုလာ တည်ရှိနေခြင်းက အဟန့်အတားတစ်ခုအဖြစ် အစ္စရေးက အစဉ်အမြဲမှတ်ယူထားသည်။

ယခုအခါ ၎င်း၏ proxy အုပ်စုများနှင့် မဟာမိတ်များအကြား ချာချာလည်နေသည့် အီရန်မှာ အကြပ်ရိုက် နေရရှာသည်။ ဟားမတ်စ်များထံသို့လည်း တိုက်ရိုက်အကူအညီ မပေးနိုင်သေးပါ။ ဟစ်ဇ်ဘိုလာ နှိမ်နင်းခံရခြင်းကြောင့် တစ်ဖက်တွင် ထဲထဲဝင်ဝင် ရပ်တည်ပါက ၎င်း၏ မဟာမိတ်များက သစ္စာဖောက်ခံ ရသလိုခံစားရနိုင်ပြီး ဆယ်စုနှစ်များစွာ ကြာ ခြိမ်းခြောက်နေသည့် အီရန်နျူကလီးယားစက်ရုံများကို တိုက်ရိုက်တိုက်ခိုက်ခြင်းအပါအဝင် ပိုမိုအစွန်းရောက် သည့်လုပ်ရပ်များကို အစ္စရေးက ရဲရဲတင်းတင်းလုပ် ဆောင်လာနိုင်သည်။ တစ်ဖက်တွင် အီရန်သည် အစ္စရေးနှင့်စစ်ပွဲတွင် တိုက်ရိုက်ပါဝင်ခဲ့မည်ဆိုလျှင် အမေရိကန်လည်းပါဝင်လာ နိုင်သောကြောင့်ဒေသတွင်း အန္တရာယ်များ မြင့်တက်လာမည်ဖြစ်သည်။ အမေရိကန်သည် စကားအရ အရှေ့အလယ် ပိုင်းတွင် နောက်ထပ် စစ်ပွဲများဖြစ်ပွားခြင်းကိုရပ်တန့်လိုကြောင်း ဖော်ပြနေသည်။ သို့သော် ၎င်းသည် အစ္စရေး၏ လုံခြုံ ရေးအတွက် အခိုင်အမာကတိပြုထားပြီး အရှေ့အလယ်ပိုင်းတွင် အစိုးရအပြောင်းအလဲကို ဖော်ဆောင်နိုင်စွမ်း ရှိကြောင်း လည်း ယခင်က သက်သေများရှိခဲ့ဖူးသည်။ အမေရိကန်တိုက်ရိုက်ပါဝင်နေသော အီရတ်စစ်ပွဲအတွင်း သွေးထွက် သံယိုမှုများ၊ အချည်းနှီးဖြစ်မှုများက အမေရိကန်ကို အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ပွဲတွင် နောက်ထပ် တိုက်ရိုက်ပါဝင် ပတ်သက်လာရန် တွန့်ဆုတ်စေမည်ဖြစ်သည်။ သို့သော် အီရန်သည် နျူကလီးယားလက်နက်တည်ဆောက်နိုင်ရန် အလွန်နီး စပ်နေပြီဟူသောအချက်က အစ္စရေးဘက်က စတင်တိုက်ခိုက်လာရေးအတွက် လှုံ့ဆော်မှုများဖြစ်လာနိုင်သည်။

အစ္စရေးထောက်ခံသူအချို့က လက်ရှိအခိုက်အတန့်ကို အရှေ့အလယ်ပိုင်းတွင် ပါဝါချိန်ခွင် လျှာကို ပြောင်းလဲ သွားစေသည့် (၁၉၆၇)ခုနှစ် ခြောက်ရက်စစ်ပွဲနှင့်နှိုင်းယှဉ်ထားပြီး အစ္စရေးကို အောင်ပွဲနှင့်နီးစပ်နေပြီဟု မျှော်မှန်း နေကြသည်။ လက်ရှိအခြေအနေတွင် အစ္စရေးအတွက် သိသိ သာသာအခွင့်အလမ်းများရှိနေသော်လည်း ကြီးမားသော အန္တရာယ်များလည်း ရှိနေသည်။ ဟစ်ဇ်ဘိုလာသည် အင်အားချည့်နဲ့သွားသော်လည်း ၎င်း၏ ဒုံးကျည် လက်နက်များ ဖြန့်ကြက်ပြီး အစ္စရေး၏ အဓိကမြို့ကြီး များကို ထပ်ခါတလဲလဲ တိုက်ခိုက်နိုင်သေးသည်။ အကယ်၍ အစ္စရေးသည် လက်ဘနွန်၏ မြေပြင်သို့ ကျူးကျော်စစ်ပွဲများဆင်နွှဲမည်ဆိုပါက ၎င်း၏တပ်ဖွဲ့ များသည် ဂါဇာတွင် နှစ်အတော်ကြာ စစ်ပွဲဆင်နွှဲနေ သည့်အတွက် ပဋိပက္ခအတွင်း လှုပ်လေမြုပ်လေ အခြေအနေဖြစ်သွားမည်ဖြစ်သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် လက်ဘနွန်တွင် သေဆုံးမှုနှင့် ပျက်စီးမှုများ ရှိခဲ့ပြီး ရေရှည်တွင် ဟစ်ဇ်ဘိုလာတို့၏မျိုးဆက်နှင့် ပတ်သက်၍ စိုးရိမ်စရာအခြေအနေဖြစ်လာနိုင်သည်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ဟားမတ်စ် (၆၀) ရာခိုင်နှုန်း ခန့်က မိဘမဲ့များဖြစ်သွားကြသည်ဟု ယူဆကြသည်။ ဟစ်ဇ်ဘိုလာနှင့် ဟားမတ်စ်တို့ နှစ်ဖွဲ့လုံး ဆိုးရွားစွာပျက်စီးသွားခဲ့သည်။ သို့သော် အစ္စရေးက စစ်ပွဲပြီးလျှင် ဂါဇာကို မည်သည့်ပုံစံဖြင့် အုပ်ချုပ်မည်ဆို သည်ကို အဖြေမပေးနိုင်သေးပေ။ လက်ဘနွန်၏ အားနည်းသော အိမ်စောင့်အစိုးရသည် ဟစ်ဇ်ဘိုလာ၏ လစ် ဟာသွားသည့်အခြေအနေနှင့်ပတ်သက်၍ ဖြည့်ဆည်းနိုင်စွမ်းမရှိဘဲ Failed state ဖြစ်လာနိုင်သည်။

နေတန်ရာဟုသည် အရှေ့အလယ်ပိုင်းတွင် ဒေသဆိုင်ရာအခင်းအကျင်းသစ်တစ်ရပ်ကို ဖော်ဆောင်ရန် စိတ်ကူးရှိနေသည်။ သို့သော် ၎င်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များက ဒေသဆိုင်ရာမငြိမ်မသက်မှုများကို ပိုမိုသက်ရောက်စေနိုင်ကြောင်းတွက်ဆထားရန်လည်း လိုအပ်မည်ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပါသည်။

zawgyi version
ေဒသတြင္းအခင္းအက်င္းသစ္တစ္ရပ္ကို ေဖာ္ေဆာင္ေနသည့္ အစၥေရး
တင္ဇာ (NP News) - ဇန္နဝါရီ ၁

ယေန႔ အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ပ်က္ေျပာင္းလဲေနျခင္းမ်ားသည္ ေဒသဆိုင္ရာအခင္းအက်င္းတစ္ခုဆီသို႔ ဦးတည္ေနသည့္ ႐ုန္းကန္မႈတစ္ခုအျဖစ္ရႈျမင္ႏိုင္သည္။ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၇)ရက္တြင္ ဟားမတ္စ္တို႔က အစၥေရးကို တိုက္ခိုက္ၿပီးေနာက္ အျမင္(၃)ခု ထြက္ေပၚလာခဲ့သည္။

ယင္းတို႔မွာ ဟားမတ္စ္၊ ဟစ္ဇ္ဘိုလာ၊ အီရန္ႏွင့္ အေမရိကန္၏ သေဘာထားအျမင္တို႔ျဖစ္သည္။ ဟားမတ္စ္တို႔က အစၥေရးကိုဖ်က္ဆီးရန္ရည္႐ြယ္သည့္ ဘက္စုံစစ္ပြဲကို အရွိန္ျမႇင့္ရန္ဟန္ျပင္ခဲ့သည္။ အီရန္က ၎၏ၾကားခံ ဟစ္ဇ္ဘိုလာႏွင့္အတူ အစၥေရးကို ၿပိဳကြဲေစရန္ႏွင့္ အေမရိကန္ကို ေဒသတြင္းမဖယ္ရွား ရန္ရည္႐ြယ္သည့္စစ္ပြဲမ်ားကိုဆင္ႏႊဲရန္ တာစူခဲ့သည္။ အစၥေရးေနာက္တြင္ အခိုင္အမာရပ္တည္ေန သည့္အေမရိကန္က အစၥေရးႏွင့္ ပါလက္စတိုင္းတို႔အတြက္ ႏိုင္ငံေရးအလားအလာအသစ္မ်ား၊ အစၥေရး ႏွင့္ေဆာ္ဒီ အာေရးဗ်တို႔ၾကား ပုံမွန္ဆက္ဆံေရး ျပန္လည္ထူေထာင္ေရး၊ ဝါရွင္တန္ႏွင့္ရီယာ့ဒ္တို႔ၾကား ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ရယူျခင္းတို႔ ျဖင့္ ေဒသတြင္းတည္ၿငိမ္ေရးကိုရယူႏိုင္ရန္ ေမွ်ာ္လင့္ခဲ့သည္။

သို႔ေသာ္ ယင္းသေဘာအျမင္မ်ားမွာ တစ္ခုမွ်ျဖစ္မလာခဲ့ပါ။ ဟားမတ္စ္၊ ဟစ္ဇ္ဘိုလာႏွင့္ အီရန္တို႔က အစၥေရး ကာကြယ္ေရးတပ္ဖြဲ႕(IDF)၊ အစၥေရးလူ႔အဖြဲ႕အစည္းႏွင့္ အေမရိကန္-အစၥေရး မဟာမိတ္အဖြဲ႕တို႔၏ အင္အားအေပၚ ေလွ်ာ့တြက္ခဲ့ၾကသည္။ ထို႔အတူ ဂါဇာတြင္ အစၥေရး၏လုပ္ရပ္မ်ား အေပၚထိန္းေက်ာင္းႏိုင္မည္ဟု အေမရိကန္က လြန္ကဲ စြာယုံၾကည္ထားေသာ္လည္း ၎အေနျဖင့္ အီရန္၏ ေဒသတြင္းၿခိမ္းေျခာက္မႈမ်ားကိုပါ လုံေလာက္ေအာင္ တုံ႔ျပန္ႏိုင္ျခင္း မရွိခဲ့ေပ။

ေဖာ္ျပပါ အျမင္(၃)ခု ျဖစ္မလာျခင္းက ပိုမိုလက္ေတြ႕က်သည့္ စတုတၳအလားအလာတစ္ခုကို ဖန္တီးေပးသည္။ ယင္းမွာ အစၥေရးအတြက္ အလားအလာပင္ျဖစ္သည္။ ၿပီးခဲ့သည့္သုံးလအတြင္း အစၥေရးသည္ အေရွ႕အလယ္ပိုင္း ေဒသကို ျပန္လည္ပုံ ေဖာ္ရန္ ၎၏အင္အားကို စတင္အသုံးျပဳလာခဲ့သည္။ အစၥေရးသည္ ဟားမတ္စ္၏ စစ္ေရးစြမ္းရည္ မ်ားကိုေခ်မႈန္းပစ္ကာ ဟစ္ဇ္ဘိုလာ၏ ေခါင္းေဆာင္မႈကိုၿဖိဳဖ်က္ၿပီး လက္ဘႏြန္အေျခစိုက္အဖြဲ႕က ကာလ ၾကာရွည္ တင္းခံခဲ့သည့္ အပစ္အခတ္ရပ္စဲေရးစည္း မ်ဥ္းမ်ားကိုလက္ခံရန္ တြန္းအားေပးခဲ့သည္။ အစၥေရးသည္ အီရန္ႏိုင္ငံအတြင္း ဆန္းျပားေသာ တိုက္ခိုက္မႈမ်ားကိုလည္း ႀကိဳၾကားႀကိဳၾကားျပဳလုပ္ခဲ့သည္။ ထို႔ျပင္ ဆီးရီးယားတြင္ အာဆတ္အစိုးရ ျပဳတ္က်သြားသည္ကို အခြင့္ေကာင္းယူကာ အီရန္၏ ေဒသတြင္း လႊမ္းမိုးျဖန႔္ၾကက္ႏိုင္မႈကိုဖယ္ရွားရန္လည္း အစၥေရး ကႀကိဳးပမ္းေနသည္။ ရလဒ္အေနျဖင့္ အီရန္သည္ ၎၏နယ္နိမိတ္မွ အစၥေရးအထိ ရွည္လ်ားေသာ နယ္နိမိတ္အတြင္း ၎၏ဩဇာ ျဖန႔္ၾကက္ထူေထာင္ရန္အတြက္ ျမႇဳပ္ႏွံထားသည့္ အေရးပါေသာအရင္း အျမစ္မ်ားဆုံးရႈံးခဲ့ရသည္။

ေအာက္တိုဘာ(၇)ရက္ တိုက္ခိုက္မႈအၿပီး တစ္ႏွစ္နီးပါးအၾကာတြင္ ေဒသတြင္း အနာဂတ္အ တြက္ အစၥေရး၏ ေမွ်ာ္မွန္းခ်က္မွာ မရွင္းလင္းေပ။ ၎သည္ မိမိကိုယ္မိမိ ခုခံကာကြယ္ျခင္းဟူေသာ ေခါင္းစဥ္ကို သက္တမ္းတိုးျခင္းျဖင့္ လုံးဝျပန္လည္ထူေထာင္၍မရႏိုင္ေအာင္ ဆိုး႐ြားသြားေသာ အေရွ႕အလယ္ပိုင္း၏ လက္ရွိအေနအထားကို ထိန္းသိမ္းရန္ တိုက္ပြဲဝင္ေနျခင္းျဖစ္သည္။ ၎၏စစ္ဆင္ေရးမ်ားသည္ ျပင္းထန္ေသာ္လည္း အစၥေရးသည္ ဟစ္ဇ္ဘို လာ၊ အီရန္တို႔ႏွင့္ ထိပ္တိုက္ေတြ႕မည့္အေရးမွ ေရွာင္ရွားႏိုင္ခဲ့သည္။ ထို႔ျပင္ ၎ကို ႏိုင္ငံတကာမွ ေသြးထိုး လႈံ႕ေဆာ္သူအျဖစ္ရႈျမင္ ေနၾကၿပီး ျပည္တြင္းရွိ အစၥေရးလူ႔အဖြဲ႕အစည္းအတြင္း၌လည္း သေဘာထားကြဲ လြဲမႈမ်ားရွိေနျခင္းေၾကာင့္ အခင္းအက်င္း အသစ္တစ္ခုဆီဦးတည္သြားရန္ တြန႔္ဆုတ္ေနပုံရသည္။ ကြယ္လြန္သူ ဟားမတ္စ္ေခါင္းေဆာင္ Yahya Sinwar က (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၇) ရက္တြင္ အစၥေရးကိုစတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ၎တို႔ ျပန္လည္တုံ႔ျပန္ တိုက္ခိုက္ခံရခ်ိန္တြင္ ခ်က္ခ်င္းဆိုသလိုပင္ အီရန္ေက်ာေထာက္ေနာက္ခံျပဳ စစ္ေသြးႂကြ အုပ္စုအားလုံးက အစၥေရးကို ပူးေပါင္းတိုက္ခိုက္လိမ့္မည္ဟု ေမွ်ာ္မွန္းခဲ့သည္။ အစၥေရး-ဟားမတ္စ္ စစ္ပြဲသည္ အာရပ္ဆူပူအုံႂကြမႈကို လႈံ႕ေဆာ္ ေပးႏိုင္မည္ဟု ယုံၾကည္ေနသည္။ Sinwar ၏အစီအစဥ္သည္ အစၥေရး-ဟားမတ္စ္စစ္ပြဲအတြင္း ဟစ္ဇ္ဘိုလာအပါ အဝင္ အီရန္ေက်ာေထာက္ေနာက္ခံျပဳ အျခားအဖြဲ႕ဝင္ မ်ားႏွင့္ အီရန္ကိုယ္တိုင္ တိုက္႐ိုက္ ပါဝင္ပတ္သက္ လာမည္ဟု ေမွ်ာ္လင့္ေနျခင္းျဖစ္သည္။ သို႔ေသာ္ ေနာက္ဆုံးတြင္ အစၥေရးကသာ စစ္ေရးအရ အသာစီး ရသြားခဲ့သည္။

ေအာက္တိုဘာလ (၇)ရက္ တိုက္ခိုက္မႈ ပထမႏွစ္ပတ္လည္ေန႔မတိုင္မီ ရက္အနည္းငယ္ အလိုတြင္လည္း ဟစ္ဇ္ဘိုလာ ႏိုင္ငံေရးေခါင္းေဆာင္ Hassan Nasrallah သုတ္သင္ျခင္းခံခဲ့ရသည္။ လက္ဘႏြန္တြင္ ဟစ္ဇ္ဘိုလာအဖြဲ႕ကို ေခ်မႈန္းလိုက္ ျခင္းျဖင့္ အစၥေရးအစိုးရသည္ ၎၏ေဒသတြင္း ရန္သူမ်ားကို အသာစီးအႏိုင္ရယူလိမ့္မည္ဟု ယုံ ၾကည္ေနသည္။ ထိုအခ်ိန္တြင္ အေမရိကန္က အစၥေရးကို ပဋိပကၡမ်ား ထပ္မံမတိုးပြားေစရန္ တိုက္တြန္းေနသည္။ သို႔ေသာ္ အစၥေရးသည္ လက္ရွိအခိုက္ အတန႔္ကို အခြင့္ေကာင္းအျဖစ္ရႈျမင္ေနသည္။ ယခု အခါ အစၥေရးသည္ ဟစ္ဇ္ဘို လာသာမက အီရန္ကို ျပတ္ျပတ္သားသား ထိုးႏွက္တိုက္ခိုက္ရန္ ေမွ်ာ္လင့္ ခ်က္ျဖင့္ ဟားမတ္စ္၊ ဟစ္ဇ္ဘိုလာ၊ အီရတ္ႏွင့္ ဆီးရီး ယားရွိ ျပည္သူ႔စစ္မ်ားအပါအဝင္ ယီမင္ရွိ ဟူသီတို႔ပါ ဝင္ေသာ axis of resistance (အီရန္ ဦးေဆာင္ ေသာ အလြတ္တမ္းမိတ္ဖက္အဖြဲ႕အစည္း)ကို ဆန႔္က်င္တိုက္ခိုက္ရန္ ႀကိဳးပမ္းေနသည္။
Nasrallah သတ္ျဖတ္မႈအၿပီးတြင္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက ယခုအခ်ိန္သည္ ‘‘ႏွစ္ေပါင္းမ်ားစြာ ၾကာတည္ရွိေနေသာ ေဒသတြင္း အာဏာခ်ိန္ခြင္လွ်ာကို ေျပာင္းလဲဖို႔”အတြက္ အခြင့္အေရးတစ္ခုျဖစ္ေၾကာင္း ေျပာဆို ခဲ့သည္။ အကယ္၍ အစၥေရးသည္ ေထင် သ္ မန်င်အေညခန တပ္ေပါင္းစုကို ယိုင္နဲ႔သြားေအာင္ စြမ္းေဆာင္ႏိုင္ပါက ၎ ၏ေအာင္ ျမင္မႈကို ေဆာ္ဒီအာေရးဗ်ႏွင့္ ယူေအအီးတို႔က တိတ္တဆိတ္ ႀကိဳဆိုလာလိမ့္မည္ျဖစ္သည္။ ေဆာ္ဒီသည္ ပါလက္စတိုင္းႏိုင္ငံထူေထာင္ရန္ေထာက္ခံၿပီး အေရွ႕ အလယ္ပိုင္းတြင္ ထာဝရၿငိမ္းခ်မ္းေရးရရွိရန္ အေရး ႀကီးေၾကာင္း အခိုင္အမာဆိုသည္။ ေဆာ္ဒီအစိုးရက ၎တို႔၏ ရည္မွန္းခ်က္ႀကီးေသာ ဖြံ႕ၿဖိဳးတိုးတက္ေရး အစီအစဥ္မ်ားကို ၿခိမ္းေျခာက္ႏိုင္သည့္ ေဒသတြင္း ရန္လိုမႈမ်ားတိုးလာမည္ကို စိုးရိမ္ေနသည္။

အစၥေရးအတြက္ ပါဝါခ်ိန္ခြင္လွ်ာကို ေျပာင္းလဲျခင္းတြင္ ေအာက္တိုဘာ (၇) ရက္ေနာက္ ပိုင္းျဖစ္ပြားခဲ့ေသာ ရႈံးနိမ့္မႈႏွင့္ ရႈပ္ေထြးမႈမ်ား၏ဇာတ္ေၾကာင္းကို ေျပာင္းျပန္လွန္ျခင္းလည္းပါဝင္သည္။ ဟားမတ္စ္တို႔ထံမွ တိုက္ခိုက္ခံရမႈသည္ အစၥေရးေထာက္လွမ္းေရးအတြက္ အရွက္ရစရာကိစၥရပ္ျဖစ္သည္။ ရန္သူမ်ားထက္ ေျခတစ္လွမ္းသာေလ့ရွိတတ္ေသာဂုဏ္သတင္းသည္ အစၥေရးကာကြယ္ေရးဗ်ဴဟာ၏ အဓိကအစိတ္အပိုင္းတစ္ခုျဖစ္သည္။ သို႔ေသာ္ ဟားမတ္စ္တို႔၏ တိုက္ခိုက္ခံရျခင္းအၿပီးတြင္ ထိုဂုဏ္သိကၡာ ေပ်ာက္ဆုံးသြားခဲ့ရသည္။ ထို႔ေနာက္ ဂါဇာ ကမ္းေျမာင္ ေဒသတြင္ ေနာက္ဆက္တြဲျဖစ္ပြားလာ ေသာစစ္ပြဲအတြင္း၌လည္း အစၥေရး၏ဂုဏ္ သို႔မဟုတ္ ၎၏လုံၿခဳံေရးကို ျပန္လည္ထိန္းသိမ္းရန္ မစြမ္းႏိုင္ခဲ့ပါ။ အရပ္သားအမ်ားအျပားေသဆုံးေစခဲ့သည့္ စစ္ ဆင္ေရးတစ္ခုဆင္ႏႊဲခဲ့ေသာ္လည္း အစၥေရးသည္ ၎၏ ဓားစာခံအားလုံး လြတ္ေျမာက္ေအာင္ မလုပ္ေဆာင္ႏိုင္ခဲ့ေပ။ ထို႔ျပင္ ႏိုင္ငံတကာလူထု၏အျမင္ တြင္ ဂုဏ္သိကၡာမ်ားက်ဆင္းေနၿပီး ICJ တြင္ လူမ်ိဳးတုံးသတ္ျဖတ္မႈျဖင့္ စြပ္စြဲခံထားရသည္။

သို႔ေသာ္ ဟစ္ဇ္ဘိုလာတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ႏိုင္ျခင္းေၾကာင့္ အစၥေရးလူထု၏ယုံၾကည္မႈကို ျပန္လည္ရရွိ ေစခဲ့သည္။ ဟစ္ဇ္ဘိုလာကို ဖ်က္ဆီးလိုက္ျခင္းေၾကာင့္ အီရန္အစိုးရအတြက္ ႀကီးမားေသာ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ လာခဲ့သည္။ ႏိုင္ငံ၏ ေျမာက္ပိုင္းနယ္စပ္တြင္ ႀကီးမားေသာ ဒုံးက်ည္လက္နက္မ်ားႏွင့္အတူ အင္အားႀကီးမားေသာ အီရန္ေက်ာ ေထာက္ေနာက္ခံျပဳ စစ္ေသြးႂကြတပ္ဖြဲ႕ ဟစ္ဇ္ဘိုလာ တည္ရွိေနျခင္းက အဟန႔္အတားတစ္ခုအျဖစ္ အစၥေရးက အစဥ္အၿမဲမွတ္ယူထားသည္။

ယခုအခါ ၎၏ proxy အုပ္စုမ်ားႏွင့္ မဟာမိတ္မ်ားအၾကား ခ်ာခ်ာလည္ေနသည့္ အီရန္မွာ အၾကပ္႐ိုက္ ေနရရွာသည္။ ဟားမတ္စ္မ်ားထံသို႔လည္း တိုက္႐ိုက္အကူအညီ မေပးႏိုင္ေသးပါ။ ဟစ္ဇ္ဘိုလာ ႏွိမ္နင္းခံရျခင္းေၾကာင့္ တစ္ဖက္တြင္ ထဲထဲဝင္ဝင္ ရပ္တည္ပါက ၎၏ မဟာမိတ္မ်ားက သစၥာေဖာက္ခံ ရသလိုခံစားရႏိုင္ၿပီး ဆယ္စုႏွစ္မ်ားစြာ ၾကာ ၿခိမ္းေျခာက္ေနသည့္ အီရန္န်ဴကလီးယားစက္႐ုံမ်ားကို တိုက္႐ိုက္တိုက္ခိုက္ျခင္းအပါအဝင္ ပိုမိုအစြန္းေရာက္ သည့္လုပ္ရပ္မ်ားကို အစၥေရးက ရဲရဲတင္းတင္းလုပ္ ေဆာင္လာႏိုင္သည္။ တစ္ဖက္တြင္ အီရန္သည္ အစၥေရးႏွင့္စစ္ပြဲတြင္ တိုက္႐ိုက္ပါဝင္ခဲ့မည္ဆိုလွ်င္ အေမရိကန္လည္းပါဝင္လာ ႏိုင္ေသာေၾကာင့္ေဒသတြင္း အႏၲရာယ္မ်ား ျမင့္တက္လာမည္ျဖစ္သည္။ အေမရိကန္သည္ စကားအရ အေရွ႕အလယ္ ပိုင္းတြင္ ေနာက္ထပ္ စစ္ပြဲမ်ားျဖစ္ပြားျခင္းကိုရပ္တန႔္လိုေၾကာင္း ေဖာ္ျပေနသည္။ သို႔ေသာ္ ၎သည္ အစၥေရး၏ လုံၿခဳံ ေရးအတြက္ အခိုင္အမာကတိျပဳထားၿပီး အေရွ႕အလယ္ပိုင္းတြင္ အစိုးရအေျပာင္းအလဲကို ေဖာ္ေဆာင္ႏိုင္စြမ္း ရွိေၾကာင္း လည္း ယခင္က သက္ေသမ်ားရွိခဲ့ဖူးသည္။ အေမရိကန္တိုက္႐ိုက္ပါဝင္ေနေသာ အီရတ္စစ္ပြဲအတြင္း ေသြးထြက္ သံယိုမႈမ်ား၊ အခ်ည္းႏွီးျဖစ္မႈမ်ားက အေမရိကန္ကို အေရွ႕အလယ္ပိုင္းေဒသတြင္း စစ္ပြဲတြင္ ေနာက္ထပ္ တိုက္႐ိုက္ပါဝင္ ပတ္သက္လာရန္ တြန႔္ဆုတ္ေစမည္ျဖစ္သည္။ သို႔ေသာ္ အီရန္သည္ န်ဴကလီးယားလက္နက္တည္ေဆာက္ႏိုင္ရန္ အလြန္နီး စပ္ေနၿပီဟူေသာအခ်က္က အစၥေရးဘက္က စတင္တိုက္ခိုက္လာေရးအတြက္ လႈံ႕ေဆာ္မႈမ်ားျဖစ္လာႏိုင္သည္။

အစၥေရးေထာက္ခံသူအခ်ိဳ႕က လက္ရွိအခိုက္အတန႔္ကို အေရွ႕အလယ္ပိုင္းတြင္ ပါဝါခ်ိန္ခြင္ လွ်ာကို ေျပာင္းလဲ သြားေစသည့္ (၁၉၆၇)ခုႏွစ္ ေျခာက္ရက္စစ္ပြဲႏွင့္ႏႈိင္းယွဥ္ထားၿပီး အစၥေရးကို ေအာင္ပြဲႏွင့္နီးစပ္ေနၿပီဟု ေမွ်ာ္မွန္း ေနၾကသည္။ လက္ရွိအေျခအေနတြင္ အစၥေရးအတြက္ သိသိ သာသာအခြင့္အလမ္းမ်ားရွိေနေသာ္လည္း ႀကီးမားေသာ အႏၲရာယ္မ်ားလည္း ရွိေနသည္။ ဟစ္ဇ္ဘိုလာသည္ အင္အားခ်ည့္နဲ႔သြားေသာ္လည္း ၎၏ ဒုံးက်ည္ လက္နက္မ်ား ျဖန႔္ၾကက္ၿပီး အစၥေရး၏ အဓိကၿမိဳ႕ႀကီး မ်ားကို ထပ္ခါတလဲလဲ တိုက္ခိုက္ႏိုင္ေသးသည္။ အကယ္၍ အစၥေရးသည္ လက္ဘႏြန္၏ ေျမျပင္သို႔ က်ဴးေက်ာ္စစ္ပြဲမ်ားဆင္ႏႊဲမည္ဆိုပါက ၎၏တပ္ဖြဲ႕ မ်ားသည္ ဂါဇာတြင္ ႏွစ္အေတာ္ၾကာ စစ္ပြဲဆင္ႏႊဲေန သည့္အတြက္ ပဋိပကၡအတြင္း လႈပ္ေလျမဳပ္ေလ အေျခအေနျဖစ္သြားမည္ျဖစ္သည္။

အစၥေရး၏ ေလေၾကာင္းတိုက္ခိုက္မႈ ေၾကာင့္ လက္ဘႏြန္တြင္ ေသဆုံးမႈႏွင့္ ပ်က္စီးမႈမ်ား ရွိခဲ့ၿပီး ေရရွည္တြင္ ဟစ္ဇ္ဘိုလာတို႔၏မ်ိဳးဆက္ႏွင့္ ပတ္သက္၍ စိုးရိမ္စရာအေျခအေနျဖစ္လာႏိုင္သည္။ အစၥေရး-ဟားမတ္စ္ စစ္ပြဲေၾကာင့္ ဟားမတ္စ္ (၆၀) ရာခိုင္ႏႈန္း ခန႔္က မိဘမဲ့မ်ားျဖစ္သြားၾကသည္ဟု ယူဆၾကသည္။ ဟစ္ဇ္ဘိုလာႏွင့္ ဟားမတ္စ္တို႔ ႏွစ္ဖြဲ႕လုံး ဆိုး႐ြားစြာပ်က္စီးသြားခဲ့သည္။ သို႔ေသာ္ အစၥေရးက စစ္ပြဲၿပီးလွ်င္ ဂါဇာကို မည္သည့္ပုံစံျဖင့္ အုပ္ခ်ဳပ္မည္ဆို သည္ကို အေျဖမေပးႏိုင္ေသးေပ။ လက္ဘႏြန္၏ အားနည္းေသာ အိမ္ေစာင့္အစိုးရသည္ ဟစ္ဇ္ဘိုလာ၏ လစ္ ဟာသြားသည့္အေျခအေနႏွင့္ပတ္သက္၍ ျဖည့္ဆည္းႏိုင္စြမ္းမရွိဘဲ Failed state ျဖစ္လာႏိုင္သည္။

ေနတန္ရာဟုသည္ အေရွ႕အလယ္ပိုင္းတြင္ ေဒသဆိုင္ရာအခင္းအက်င္းသစ္တစ္ရပ္ကို ေဖာ္ေဆာင္ရန္ စိတ္ကူးရွိေနသည္။ သို႔ေသာ္ ၎ႏွင့္အတူ ျဖစ္ေပၚလာႏိုင္ေသာအႏၲရာယ္မ်ားက ေဒသဆိုင္ရာမၿငိမ္မသက္မႈမ်ားကို ပိုမိုသက္ေရာက္ေစႏိုင္ေၾကာင္းတြက္ဆထားရန္လည္း လိုအပ္မည္ျဖစ္ပါ ေၾကာင္း ေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.