လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းကာ တည်ငြိမ်သည့် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုသော ရည်ရွယ်ချက်သာရှိကြောင်း နစကဥက္ကဋ္ဌက ပြော
762
သန့်ဇင် (NP News) - ဇန်နဝါရီ ၁
နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းကာ တည်ငြိမ်သည့် ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုသော ရည်ရွယ်ချက်သာရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌက ယနေ့(ဇန်နဝါရီလ ၁ရက်)တွင် ကျရောက်သော နိုင်ငံတကာနှစ်သစ်ကူးနေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရည်ရွယ်ချက်အား ပြည်သူအားလုံးလိုလားသည့် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်းနည်းများဖြင့်သာ ဖြေရှင်းကြရမည်ဖြစ်ပြီး ၎င်းနည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ကာ စီးပွားရေးနှင့်လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်ကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။
သို့သော် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေဖြင့် ခေါင်းစဉ်အမျိုးမျိုးပြကာ ဒီမိုကရေစီစနစ်အား လိုလားကြောင်း ပြောဆိုနေကြသော်လည်း လက်တွေ့တွင် ကိုယ်ကျိုးအတ္တကို အခြေ ခံသည့် လိုအင်ဆန္ဒသက်သက်ဖြင့်သာ လက်နက်ကိုင်ပဋိပက္ခကို ဖန်တီး နေကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။ ထို့ပြင် အချို့သော တိုင်းရင်းသားခေါင်းဆောင်များသည် ဖက်ဒရယ်အခွင့် အရေး၊ တိုင်းရင်းသားအခွင့်အရေးဟု ပြောနေသော်လည်း ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုကာ ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြကြောင်း နစကဥက္ကဋ္ဌ ကထည့်သွင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ဖြစ်လိုသည်နှင့် ဖြစ်သင့်သည်များကို ချင့်ချိန်စဉ်းစားကာ ဖြစ်နိုင်သည်ကို ပြည်ထောင်စုအကျိုးမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
zawgyi version
လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းကာ တည္ၿငိမ္သည့္ ပတ္ဝန္းက်င္ေကာင္းကို ေဖာ္ေဆာင္လိုေသာ ရည္႐ြယ္ခ်က္သာရွိေၾကာင္း နစကဥကၠ႒က ေျပာ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁
ႏိုင္ငံေတာ္ႏွင့္ ျပည္သူအက်ိဳးအတြက္ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းကာ တည္ၿငိမ္သည့္ ပတ္ဝန္းက်င္ေကာင္းကို ေဖာ္ေဆာင္လိုေသာ ရည္႐ြယ္ခ်က္သာရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
နစကဥကၠ႒က ယေန႔(ဇန္နဝါရီလ ၁ရက္)တြင္ က်ေရာက္ေသာ ႏိုင္ငံတကာႏွစ္သစ္ကူးေန႔ ႏွစ္သစ္ကူးႏႈတ္ခြန္းဆက္စကားတြင္ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ အဆိုပါ ရည္႐ြယ္ခ်က္အား ျပည္သူအားလုံးလိုလားသည့္ ႏိုင္ငံေရးနည္း၊ ေတြ႕ဆုံေဆြးေႏြးျခင္းနည္းမ်ားျဖင့္သာ ေျဖရွင္းၾကရမည္ျဖစ္ၿပီး ၎နည္းလမ္းမ်ားကသာ တည္ၿငိမ္ေအးခ်မ္းမႈကို ေဖာ္ေဆာင္ႏိုင္ကာ စီးပြားေရးႏွင့္လူမႈေရးအေျခအေနမ်ား တိုးတက္ေကာင္းမြန္လာႏိုင္ေၾကာင္း နစက ဥကၠ႒က ဆိုသည္။
သို႔ေသာ္ လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္မ်ားအေနျဖင့္ ေခါင္းစဥ္အမ်ိဳးမ်ိဳးျပကာ ဒီမိုကေရစီစနစ္အား လိုလားေၾကာင္း ေျပာဆိုေနၾကေသာ္လည္း လက္ေတြ႕တြင္ ကိုယ္က်ိဳးအတၱကို အေျခ ခံသည့္ လိုအင္ဆႏၵသက္သက္ျဖင့္သာ လက္နက္ကိုင္ပဋိပကၡကို ဖန္တီး ေနေၾကာင္း နစက ဥကၠ႒က ေျပာသည္။ ထို႔ျပင္ အခ်ိဳ႕ေသာ တိုင္းရင္းသားေခါင္းေဆာင္မ်ားသည္ ဖက္ဒရယ္အခြင့္ အေရး၊ တိုင္းရင္းသားအခြင့္အေရးဟု ေျပာေနေသာ္လည္း ဒီမိုကေရစီ၏ သေဘာသဘာဝကို မ်က္ကြယ္ျပဳကာ ျပည္ေထာင္စုၿပိဳကြဲေအာင္ ဦးတည္ေဆာင္႐ြက္ေနၾကေၾကာင္း နစကဥကၠ႒ ကထည့္သြင္း ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ျဖစ္လိုသည္ႏွင့္ ျဖစ္သင့္သည္မ်ားကို ခ်င့္ခ်ိန္စဥ္းစားကာ ျဖစ္ႏိုင္သည္ကို ျပည္ေထာင္စုအက်ိဳးေမွ်ာ္ကိုးၿပီး ဒီမိုကေရစီနည္းလမ္းတက် ေဆာင္႐ြက္သင့္ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။