ဖိလစ်ပိုင်ဒုတိယသမ္မတကို နိုင်ငံအမျိုးသားလုံခြုံရေးကောင်စီမှ ဖယ်ရှား
266
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃
ဖိလစ်ပိုင် ဒုတိယသမ္မတဖြစ်သော ဆာရာဒူတာတေးသည် ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီတွင်ပါဝင်တော့မည်မဟုတ်ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာသည် ဆာရာဒူတာတေးကို ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီနေရာမှဖယ်ရှားရန် အမိန့်ပေးခဲ့ကြောင်းသိရသည်။ ဆာရာဒူတာတေး နှင့် ဖာဒီနန်မာကိုစ့်ဂျူနီယာတို့သည် ယခင်မဟာမိတ်များဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင်အငြင်းပွားမှုများဖြစ်ပွားနေပြီး သမ္မတဖြစ်သူ ဖာဒီနန်မာကိုစ့်က ဒုတိယသမ္မတဖြစ်သော ဆာရာဒူတာတေးကို နိုင်ငံလုံခြုံရေးကောင်စီမှထုတ်ပယ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်သမ္မတက နိုင်ငံအချုပ်အခြာအာဏာနှင့်လုံခြုံရေးကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားသောနိုင်ငံလုံခြုံရေးကောင်စီအဖွဲ့စည်းကို ပြန်လည်ဖွဲ့စည်းရန် လိုအပ်ကြောင်း ပြောသည်။ ဖိလစ်ပိုင်ဒုတိယသမ္မတဖြစ်သူ ဆာရာဒူတာတေးသည် နိုင်ငံလုံခြုံရေးကောင်စီမှဖယ်ရှားခံရမည့်အရေးကိစ္စနှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်းသိရသည်။
ဆာရာဒူတာတေးသည် ဖိလစ်ပိုင်သမ္မတကို လုပ်ကြံရန် အစီအစဉ်များရှိနေသည်ဟု မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့သော်လည်း ငြင်းဆန်ခဲ့ကြောင်း သိရသည်။ ဆာရာဒူတာတေးသည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာအပြင် လွှတ်တော်ဥက္ကဋ္ဌဖြစ်သူကိုလည်း ဝေဖန်ပြစ်တင်ခဲ့ဖူးကြောင်းသိရသည်။ ဆာရာဒူတာတေးသည် လက်ရှိအချိန်တွင်အကျင့်ပျက်လာဘ်စားမှု စွပ်စွဲချက်များကိုရင်ဆိုင်နေရပြီး လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ရန် တောင်းဆိုခံနေရသူဖြစ်သည်။ ကောင်စီကို ပြန်လည်ဖွဲ့စည်းခြင်းသည် နိုင်ငံလုံခြုံရေးအင်စတီကျူးရှင်းများပိုမိုကောင်းမွန်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံလုံခြုံရေးအင်စတီကျူးရှင်များသည် လက်ရှိအချိန်တွင် စိန်ခေါ်မှုအသစ်များဖြင့် အသားကျရန်လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ပြောသည်။
zawgyi version
ဖိလစ္ပိုင္ဒုတိယသမၼတကို ႏိုင္ငံအမ်ိဳးသားလုံၿခဳံေရးေကာင္စီမွ ဖယ္ရွား
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃
ဖိလစ္ပိုင္ ဒုတိယသမၼတျဖစ္ေသာ ဆာရာဒူတာေတးသည္ ဖိလစ္ပိုင္အမ်ိဳးသားလုံၿခဳံေရးေကာင္စီတြင္ပါဝင္ေတာ့မည္မဟုတ္ေၾကာင္း သိရသည္။
ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ ဂ်ဴနီယာသည္ ဆာရာဒူတာေတးကို ဖိလစ္ပိုင္အမ်ိဳးသားလုံၿခဳံေရးေကာင္စီေနရာမွဖယ္ရွားရန္ အမိန႔္ေပးခဲ့ေၾကာင္းသိရသည္။ ဆာရာဒူတာေတး ႏွင့္ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာတို႔သည္ ယခင္မဟာမိတ္မ်ားျဖစ္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္အျငင္းပြားမႈမ်ားျဖစ္ပြားေနၿပီး သမၼတျဖစ္သူ ဖာဒီနန္မာကိုစ့္က ဒုတိယသမၼတျဖစ္ေသာ ဆာရာဒူတာေတးကို ႏိုင္ငံလုံၿခဳံေရးေကာင္စီမွထုတ္ပယ္ရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။ ဖိလစ္ပိုင္သမၼတက ႏိုင္ငံအခ်ဳပ္အျခာအာဏာႏွင့္လုံၿခဳံေရးကို ကာကြယ္ရန္အတြက္ ဖြဲ႕စည္းထားေသာႏိုင္ငံလုံၿခဳံေရးေကာင္စီအဖြဲ႕စည္းကို ျပန္လည္ဖြဲ႕စည္းရန္ လိုအပ္ေၾကာင္း ေျပာသည္။ ဖိလစ္ပိုင္ဒုတိယသမၼတျဖစ္သူ ဆာရာဒူတာေတးသည္ ႏိုင္ငံလုံၿခဳံေရးေကာင္စီမွဖယ္ရွားခံရမည့္အေရးကိစၥႏွင့္ပတ္သက္ၿပီး တစ္စုံတရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမရွိေသးေၾကာင္းသိရသည္။
ဆာရာဒူတာေတးသည္ ဖိလစ္ပိုင္သမၼတကို လုပ္ႀကံရန္ အစီအစဥ္မ်ားရွိေနသည္ဟု မၾကာေသးမီက သတင္းမ်ားထြက္ေပၚခဲ့ေသာ္လည္း ျငင္းဆန္ခဲ့ေၾကာင္း သိရသည္။ ဆာရာဒူတာေတးသည္ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာအျပင္ လႊတ္ေတာ္ဥကၠ႒ျဖစ္သူကိုလည္း ေဝဖန္ျပစ္တင္ခဲ့ဖူးေၾကာင္းသိရသည္။ ဆာရာဒူတာေတးသည္ လက္ရွိအခ်ိန္တြင္အက်င့္ပ်က္လာဘ္စားမႈ စြပ္စြဲခ်က္မ်ားကိုရင္ဆိုင္ေနရၿပီး လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ရန္ ေတာင္းဆိုခံေနရသူျဖစ္သည္။ ေကာင္စီကို ျပန္လည္ဖြဲ႕စည္းျခင္းသည္ ႏိုင္ငံလုံၿခဳံေရးအင္စတီက်ဴးရွင္းမ်ားပိုမိုေကာင္းမြန္ရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း၊ ႏိုင္ငံလုံၿခဳံေရးအင္စတီက်ဴးရွင္မ်ားသည္ လက္ရွိအခ်ိန္တြင္ စိန္ေခၚမႈအသစ္မ်ားျဖင့္ အသားက်ရန္လိုအပ္ေၾကာင္း ဖိလစ္ပိုင္သမၼတ႐ုံးက ေျပာသည္။