အမေရိကန်၊ ဂျပန်နိုင်ငံတို့နှင့် မဟာမိတ်ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ဆက်လုပ်မည်ဟု တောင်ကိုရီးယား ယာယီသမ္မတ ပြော

 241

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃

တောင်ကိုရီးယား ယာယီသမ္မတအသစ် ချိုဆန်မိုက အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

တောင်ကိုရီးယား ယာယီသမ္မတအဖြစ် တာဝန်ယူသော ဝန်ကြီးချုပ်ဟန်ဒက်ဆိုသည် ဒီဇင်ဘာ ၂၇ ရက်တွင် အတိုက်ခံပါတီအမတ်များ၏လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှဆိုင်းငံ့ခံရပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူက ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင်ဒီဇင်ဘာ ၃ ရက်က သမ္မတယွန်ဆက်ယိုလ်သည် စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ရာ နိုင်ငံရေးအငြင်းပွားမှုအရှိန်မြင့်တက်ခဲ့ပြီး သမ္မတများ လွှတ် တော်အတွင်း စွပ်စွဲပြစ်တင်ခံရကြောင်းသိရသည်။ တောင်ကိုရီးယား အတိုက်ခံပါတီမှအမတ်များသည် ဒီဇင်ဘာ ၁၄ ရက်တွင် သမ္မတယွန်ဆက်ယိုလ်ကို လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခဲ့သလို ဒီဇင်ဘာ ၂၇ ရက်တွင် ယာယီသမ္မတဖြစ်သူ ဟန်ဒက်ဆိုကိုလည်း လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခဲ့ကြောင်းသိရသည်။

တောင်ကိုရီးယားအတိုက်ခံပါတီအမတ်များသည် သမ္မတယွန်ဆက်ယိုလ်ကို စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်မှုအတွက်လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သလို ယာယီသမ္မတဟန်ဒက်ဆိုကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတရားသူကြီးများထပ်မံခန့်အပ်ရန် ငြင်းဆန်ခြင်းကြောင့် လွှတ်တော်အတွင်းထပ်မံစွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်ယာယီသမ္မတအဖြစ် တာဝန်ယူနေသူသည်။ အတိုက်ခံပါတီများ၏တောင်းဆိုခြင်းကို လက်ခံလိုက်လျောခြင်းမရှိပါက လွှတ်တော်အတွင်း ထပ်မံစွပ်စွဲပြစ်တင်ခံရဖွယ်ရှိနေသည်။ ယာယီသမ္မတက "အခြေနေတွေခက်ခဲရှုပ်ထွေးနေပေမယ့် မဟာမိတ်တွေကြား အပြန်အလှန်ဆက်ဆံရေးအတွက် နိုင်ငံခြားရေးမူဝါဒတွေကို ဆက်လက်လုပ်ဆောင်မယ်"ဟု ပြောသည်။

zawgyi version
အေမရိကန္၊ ဂ်ပန္ႏိုင္ငံတို႔ႏွင့္ မဟာမိတ္ဆက္ဆံေရးပိုမိုေကာင္းမြန္ေစရန္ ဆက္လုပ္မည္ဟု ေတာင္ကိုရီးယား ယာယီသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃

ေတာင္ကိုရီးယား ယာယီသမၼတအသစ္ ခ်ိဳဆန္မိုက အေမရိကန္ႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံတို႔ႏွင့္ သုံးႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ေတာင္ကိုရီးယား ယာယီသမၼတအျဖစ္ တာဝန္ယူေသာ ဝန္ႀကီးခ်ဳပ္ဟန္ဒက္ဆိုသည္ ဒီဇင္ဘာ ၂၇ ရက္တြင္ အတိုက္ခံပါတီအမတ္မ်ား၏လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံရကာ ရာထူးမွဆိုင္းငံ့ခံရၿပီးေနာက္ ဘ႑ာေရးဝန္ႀကီးျဖစ္သူက ယာယီသမၼတအျဖစ္ တာဝန္ယူခဲ့ျခင္းျဖစ္သည္။ ေတာင္ကိုရီးယားႏိုင္ငံတြင္ဒီဇင္ဘာ ၃ ရက္က သမၼတယြန္ဆက္ယိုလ္သည္ စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္ခဲ့ရာ ႏိုင္ငံေရးအျငင္းပြားမႈအရွိန္ျမင့္တက္ခဲ့ၿပီး သမၼတမ်ား လႊတ္ ေတာ္အတြင္း စြပ္စြဲျပစ္တင္ခံရေၾကာင္းသိရသည္။ ေတာင္ကိုရီးယား အတိုက္ခံပါတီမွအမတ္မ်ားသည္ ဒီဇင္ဘာ ၁၄ ရက္တြင္ သမၼတယြန္ဆက္ယိုလ္ကို လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခဲ့သလို ဒီဇင္ဘာ ၂၇ ရက္တြင္ ယာယီသမၼတျဖစ္သူ ဟန္ဒက္ဆိုကိုလည္း လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခဲ့ေၾကာင္းသိရသည္။

ေတာင္ကိုရီးယားအတိုက္ခံပါတီအမတ္မ်ားသည္ သမၼတယြန္ဆက္ယိုလ္ကို စစ္အုပ္ခ်ဳပ္ေရးဥပေဒထုတ္ျပန္မႈအတြက္လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္ခဲ့ျခင္းျဖစ္သလို ယာယီသမၼတဟန္ဒက္ဆိုကို ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးတရားသူႀကီးမ်ားထပ္မံခန႔္အပ္ရန္ ျငင္းဆန္ျခင္းေၾကာင့္ လႊတ္ေတာ္အတြင္းထပ္မံစြပ္စြဲျပစ္တင္ခဲ့ျခင္းျဖစ္သည္။ လက္ရွိအခ်ိန္တြင္ယာယီသမၼတအျဖစ္ တာဝန္ယူေနသူသည္။ အတိုက္ခံပါတီမ်ား၏ေတာင္းဆိုျခင္းကို လက္ခံလိုက္ေလ်ာျခင္းမရွိပါက လႊတ္ေတာ္အတြင္း ထပ္မံစြပ္စြဲျပစ္တင္ခံရဖြယ္ရွိေနသည္။ ယာယီသမၼတက "အေျခေနေတြခက္ခဲရႈပ္ေထြးေနေပမယ့္ မဟာမိတ္ေတြၾကား အျပန္အလွန္ဆက္ဆံေရးအတြက္ ႏိုင္ငံျခားေရးမူဝါဒေတြကို ဆက္လက္လုပ္ေဆာင္မယ္"ဟု ေျပာသည္။

Related news

© 2021. All rights reserved.