မြန်မာ နှင့် နိုင်ငံတိုင်း နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ပါသလား . . .

 1473

Htay Oung (NP News) - ဇန်နဝါရီ ၉

ကျွန်တော်တို့ဆီမှာ တစ်ပြည်လုံးလိုလို မကြာခဏ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။ ဓာတ်အား အသုံးပြုနိုင်ချိန် ခွဲတမ်းနဲ့ဖြစ်လာပြီး ဓာတ်အားပြတ် တောက်ချိန်ကလည်း ပိုကြာပိုများလာပါတယ်။ ဆည်ရေတောင် ကောင်းကောင်း မခန်းခြောက်သေးတဲ့ ဆောင်းရာသီသာရှိသေးချိန် ခုလိုလျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဟာ လာမယ့်နွေရာသီဆို ဒီထက်ပိုဆိုး လိမ့်မယ်လို့ နိမိတ်ဖတ်နေသလိုပါပဲ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနဲ့ ရုရှား နိုင်ငံတို့အကြား နျူကလီးယားနည်းပညာနဲ့ စွမ်းအင် ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သတင်း တွေထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် နျူစွမ်းအင်သုံး အသေးစား ဓာတ်အားပေးစက်ရုံတည် ဆောက်ရေးသဘောတူညီချက် အခြေခံမူကြမ်းကို ရုရှားနိုင်ငံကအတည်ပြုလိုက်ကြောင်း သတင်းထွက်ခဲ့တာ လွန်ခဲ့တဲ့(၇)လခန့်ကဖြစ်ပါတယ်။ နေပြည်တော် ပေါင်းလောင်းရေလှောင်တမံအနီး ရုရှားနိုင်ငံ ချေးငွေနဲ့တည်ဆောက်မယ့် အသေးစားနျူကလီး ယားဓာတ်အားပေးစက်ရုံဟာ အနည်းဆုံး လျှပ်စစ်ဓာတ်အား (၁၁၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း၊ ဒီအတွက် ဖြစ်နိုင်ခြေအားလုံးကို ဆောင်ရွက်ပြီးစီးပြီဖြစ် ကြောင်း BBC (31 May 2024) က ဖော်ပြပါတယ်။
ကျွန်တော့်တို့ဆီက ခေတ်နောက်ကျပညာရေး စနစ်အကျိုးဆက်အရ သတင်းတစ်ပုဒ်နဲ့ဖြစ်စဉ်အပေါ် စနစ် တကျအသေးစိတ် ထပ်မံလေ့လာသူ အလွန် နည်းပါးပြီး ‘‘လေသံဖမ်းတရားနာသူ”တွေ အလွန်များတတ်ပါတယ်။ နျူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ ခြေလှမ်းပြင်ရုံရှိသေး နစက အစိုးရက နျူကလီးယားလက်နက် ထုတ်လုပ်တော့ မယ်လို့ ကန့်ကွက်သံကလည်း တစ်ပြိုင်တည်းဖြစ်လာ ပါတယ်။
မြန်မာနိုင်ငံမှာ သစ်တောတွေပြုန်းတီးတာဟာ ရာသီဥတုပြောင်းလဲစေရာမှာ အရေးပါတဲ့အချက် တစ်ခုဖြစ်တာ မှန်ကန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကိုပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးထုတ်လွှတ်တဲ့ တရုတ်နိုင်ငံနဲ့ တတိယအများဆုံးထုတ်လွှတ်တဲ့ အိန္ဒိယနိုင်ငံတို့အကြား ရောက်ရှိနေတဲ့တိုင်းပြည်ဖြစ်ပါတယ်။ ဒီအတွက် မုတ်သုံလေ ဝင်ထွက် မမှန်၊ အပူလှိုင်း-အအေးလှိုင်းဖြတ်၊ ပုံမှန် မဟုတ်တဲ့ မုန်တိုင်းတွေနဲ့ အခါမဲ့မိုးရွာသွန်းတာတွေ ဟာ ကျွန်တော်တို့တိုင်းပြည်မှာဖြစ်သလို အဲဒီတိုင်း ပြည်တွေမှာလည်းဖြစ်ပေါ်နေကြောင်း လူတိုင်းသိရှိ ကြပြီးဖြစ်ပါ လိမ့်မယ်။
တရုတ်-အိန္ဒိယနဲ့ အိမ်နီးချင်း လာအို-ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က လျှပ်စစ်ဓာတ်အား အလျှံ ပယ်ထုတ်ယူ နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေကြချိန် ကျွန်တော်တို့တိုင်းပြည်ကွက်ကွက်လေးမှာ ‘ဆည်ဆောက် သဘောမတူ- ကျောက်မီးသွေး ကန့်ကွက်}နေကြတာဟာ နားလည်ဖို့ အလွန်ခက်ပါ တယ်၊ လျှပ်စစ်ဓာတ်အားအသုံးပြု နိုင်တာနဲ့ လူမှုအဆင့်အတန်းဟာ တိုက်ရိုက်အချိုးကျပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ဒီနေ့ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းကြီးမှာ လျှပ်စစ်ဓာတ်အား မဖူမလုံဖြစ် စက်ရုံ-အလုပ်ရုံတွေ လည်ပတ်ချိန်လျှော့ချရလို့ လုပ်ရှင်အလုပ်သမားဝင် ငွေထိခိုက်ပြီး ကျွန်တော်တို့လည်း အမှောင်ထဲမှာ ငုတ်တုတ်မေ့နေရတယ်လို့ စွပ်စွဲချင်ပါတယ်။ ဆိုတော့ကား အဲဒီကန့်ကွက်မှုတွေဟာ “ကမ္ဘာ မီးလောင်နေချိန် ဆီမီးခွက်ကထတောက်သလို” ဖြစ် နေပါတယ်။
အခုလည်း အသေးစား နျူးကလီယားစွမ်းအင် သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ခြင်းကြောင့် နစကအနေနဲ့ နျူးကလီယားလက်နက်ပိုင်ဆိုင်ဖို့ဆို တာ အတော်ဝေးသေးကြောင်း၊ မဖြစ်နိုင်လောက်အောင် ရှိကြောင်း နားလည်သူ အလွန်နည်းပါလိမ့်မယ်။
အများသိပြီးဖြစ်တဲ့အတိုင်း အမေရိကန်-ရု ရှား-ယူကေ-တရုတ်-ပြင်သစ်လို့ဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် (၅)နိုင်ငံနဲ့ အိန္ဒိယ-ပါကစ္စတန်-အစ္စရေး-မြောက်ကိုရီးယား (၄)နိုင်ငံတို့သာလျှင် နျူးကလီးယား လက်နက်ပိုင် ဆိုင်ပါသေးတယ်။ ကုလသမဂ္ဂအသတ်အမှတ်ပြု နိုင် ငံပေါင်း (၁၉၃)နိုင်ငံရှိတဲ့အနက် ကျန် (၁၈၄) နိုင်ငံ တို့မှာ နျူးကလီးယားလက်နက်မရှိပါဘူး။ ပိုက်ဆံ ချမ်းသာပြီး နျူးကလီးယားနည်းပညာကို လက်လှမ်း မီတဲ့ ဂျာမနီ-အီတလီ-ဂျပန်-တောင်ကိုရီးယားတို့မှာ နျူးကလီးယားလက်နက်မရှိပါဘူး။ အဲဒီအချက်ဟာ အလွန်ထူးဆန်းသလိုရှိနေ တယ်လို့ နယူးဒေလီအခြေ စိုက် “အင်ဒီးယားဒေါ့ကွန်း” (30:December 2024) ကရေးပါတယ်။
(၁) Nuclear Fission နျူးကလီးယားပြိုကွဲမှုဖြစ် စဉ်ဟာ ထိန်းချုပ်ရန်အလွန်ခက်ခဲခြင်း
(၂) ဖြစ်ပေါ်လာတဲ့ ရေဒီယိုသတ္တိကြွအမှုန်တွေဟာ အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေခြင်း (၃) နည်းပညာလွဲမှားမှုနဲ့ နိုင်ငံအစိုးရတို့ရဲ့ ချိန်ဆမှု လွဲချော်ပြီး အကြွင်းမဲ့စစ်ပွဲအထိ ဦးတည်သွားနိုင်ခြင်း
(၄) သာမန်လက်နက်တွေထက် အဆပေါင်းများစွာ ပြင်းထန်ပြီး ဆယ်စုနှစ်ပေါင်းအတော်ကြာတဲ့အထိ ရေထုအပါအဝင် ကမ္ဘာမြေပေါ်မြေအောက်သက်ရှိ သက်မဲ့တို့အပေါ် သက်ရောက်မှုနယ်ပယ် ကျယ်ဝန်း လွန်းတာတို့ကို နျူးကလီးယား လက်နက်ကို မလိုလား အပ်တဲ့ အန္တရာယ်ပစ္စည်းတစ်ခုအဖြစ် လူသားတိုင်းက ကြောက်ရွံ့ကြပါတယ်။
ဒီအတွက် ကုလသမဂ္ဂနိုင်ငံတကာ ညီလာခံက “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာသ ဘောတူ စာချုပ်” Non-Proliferation Treaty နဲ့ ထိန်းချုပ်ထားပါတယ်။ နျူကလီးယားစွမ်းအင် ငြိမ်း ချမ်းစွာအသုံးပြုရေး၊ လက်နက်အဖြစ် အသုံးမပြုရေး၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိုရည်ရွယ်တဲ့ အဲဒီစာချုပ်ကို (၁၉၆၈)ခုနှစ်မှာ ချုပ်ဆိုခဲ့ကြပြီး (၁၉၇၀)ပြည့်နှစ်မှာ စတင် အကောင်အထည် ဖော်ခဲ့ကြပါတယ်။ နိုင်ငံနဲ့ လေ့လာသူအဖွဲ့ပေါင်း (၁၉၀)တို့က လိုက်နာမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။
လက်ရှိ့ United Nations ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၅)ခုနှစ်မှာ စတင်ဖွဲ့စည်း စဉ် “အနာဂတ် နျူကလီးယားစစ်ပွဲ မဖြစ်ပွားရေး” လည်း ရည်မှန်းချက်တစ်ခုအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အမြင့်ဆုံး အလုပ် အမှုဆောင်အဖွဲ့ဖြစ် တဲ့ UNSC ကုလလုံခြုံ ရေးကောင်စီမှာ အဖွဲ့ဝင်(၁၅) နိုင်ငံအနက် အလှည့်ကျ (၁၀) နိုင်ငံနဲ့ ဒုတိယ ကမ္ဘာစစ် အောင်နိုင်သူများဖြစ်ကြတဲ့ အမေရိကန်-ဗြိတိန်-ပြင် သစ်-ဆိုဗီယက်တို့က ဗီတိုအာဏာသုံးစွဲခွင့်ရှိကြတဲ့ အမြဲ တမ်းအဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ (၁၉၇၁)ခုနှစ် မှာ တရုတ်သမ္မတနိုင်ငံ (လက်ရှိထိုင်ဝမ်)ကို ကုလသ မဂ္ဂမှထုတ်ပယ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ (လက်ရှိပြည်မကြီးတရုတ်)ကို အဖွဲ့ဝင်အဖြစ်ရော လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ ဝင်အဖြစ်ပါ ထည့်သွင်းခဲ့တာ အထက်ပါ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။
ဒီနေရာမှာ သတိပြုရမှာက ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီး စတင်ပေါ်ပေါက်ပြီး များမကြာမီ အမေရိကန် အုပ်စုနဲ့ ဆိုဗီယက်အုပ်စုအကြား နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာလွှမ်းမိုးရေး ပထဝီနိုင်ငံရေး တင်းမာမှု Cold War ‘စစ်အေးတိုက်ပွဲ’ ဖြစ်ပွားခဲ့ တယ်ဆိုတာပါပဲ။
နျူကလီးယားလက်နက်ပိုင် နိုင်ငံကြီးက နျူ ကလီးယားလက်နက်မဲ့နိုင်ငံငယ်အပေါ် သေမင်းတမံ လက်နက်နဲ့ ခြိမ်းခြောက်မှုရှိမရှိနဲ့၊ NPT ဟာ ပကတိ တရားမျှတပါသလားလို့ မေးခွန်းထုတ်ရပါလိမ့်မယ်။ ဒီနေရာမှာ နျူလက် နက်ပိုင်နိုင်ငံကြီးရဲ့ ခြိမ်းခြောက်မှုကို နိုင်ငံတကာအသိုင်းအဝန်းက ဘယ်လို လက်ခံတုံ့ပြန်သလဲဆိုတာသာ စီရင်ချက် တစ်ခုလိုဖြစ်နေ တယ်လို့မြင်ရပါတယ်။ ဥပမာ အမေရိကန်- မြောက်ကိုရီးယား (၂၀၁၇-၂၀၂၀)၊ ရုရှား-ယူကရိန်း (၂၀၂၂ ခုနှစ်မှ ယနေ့ထိ)၊ အမေရိကန်-အီရန် (၂၀ဝ၀ ပြည့်နှစ်မှ ယနေ့ထိ) တို့ဖြစ်ပါတယ်။ အဲဒါကြောင့်ထင်ပါရဲ့။ နျူကလီးယား လက်နက် မပြန့်ပွားရေးဆိုင်ရာသဘောတူ စာချုပ်ချုပ်ဆိုစဉ် အစ္စရေး-အိန္ဒိယ-ပါကစ္စတန်-မြောက်ကိုရီးယား-တောင်ဆူ ဒန် စသဖြင့် (၅)နိုင်ငံတို့က လက်မှတ်ရေး ထိုးခြင်းမပြုခဲ့ပါဘူး။ မြောက်ကိုရီးယားဆိုလျှင် (၁၉၈၅)ခုနှစ်မှာ NPT အဖွဲ့ဝင်ဖြစ်လာခဲ့ပေမယ့် နျူကလီးယားစမ်းသပ်ခြင်း၊ လက်နက်ထုတ်လုပ်ခြင်း ဖြင့် စာချုပ်ပါသဘောတူညီချက်တွေကို ဆက်တိုက် ချိုးဖောက်ပြီး (၂၀ဝ၃)ခုနှစ်မှာ အပြီးတိုင်နုတ်ထွက် ကြောင်း ကြေညာခဲ့ပါတယ်။
(၁၉၇၀)ပြည့်နှစ်မှာအသက်ဝင်တဲ့ NPT သဘောတူညီချက်အရ တိုင်းပြည်တစ်ပြည်က နျူလက်နက်မထုတ် လုပ်နိုင်ဖို့ နိုင်ငံတကာက ဝိုင်းဝန်း တားဆီးပိတ်ဆို့နေသည့်တိုင် လက်မှတ်မထိုးတဲ့ အဲဒီ နိုင်ငံတွေဟာ ဘယ်လိုနည်းနဲ့ နျူလက်နက်ရရှိသွား သလဲဆိုတာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။
အဲဒီနိုင်ငံတွေဟာ နျူကလီးယားနည်းပညာ တချို့ကို ပြည်ပကရရှိခဲ့ပြီး တချို့ကိုတော့ ပြည်တွင်းမှာပဲ စိတ်ရှည် ရှည်နဲ့ ငွေကြေးပုံအောအသုံးပြုခဲ့ကြ ပါတယ်။ အိန္ဒိယက NPT စာချုပ်ပါ လစ်ကွက်ဟာ ကွက်များမှတစ်ဆင့် နည်းပညာရ ယူခဲ့ပြီး ပါကစ္စတန်ကတော့ နျူကလီးယားဖခင်ကြီး အဗ္ဗဒူကွာဒါခန်းက ဥရောပနိုင်ငံတွေမှာ နျူကလီးယားရူပဗေဒနဲ့ သတ္တု နည်းပညာတွေကို နှစ်ပေါင်းများစွာ ဦးဆောင်စမ်းသပ် ခဲ့သူဖြစ်နေပါတယ်။ မြောက်ကိုရီးယားကတော့ တရုတ်နဲ့ ရုရှားထံမှ နျူကလီးယားနည်းပညာတွေကို တ ရားမဝင်ရယူခဲ့တယ်လို့ ယုံကြည်ရပါတယ်။
(၂၀၂၄)ခုနှစ် ဇန်နဝါရီလအထိ တစ်ကမ္ဘာလုံး နျူကလီးယားလက်နက်ထိပ်ဖူးပေါင်း (၁၂၁၂၁)ခုခန့် ရှိပြီး ရုရှား (၅၅၈၀)၊ အမေရိကန် (၅၀၄၄)၊ တရုတ် (၅၀ဝ)၊ အိန္ဒိယ (၁၇၂)၊ ပါကစ္စတန် (၁၇၀)၊ အစ္စရေး (၉၀)၊ မြောက်ကိုရီးယား (၅၀)ခန့်ကို ပိုင်ဆိုင်ကြပါတယ်။ (၁၉၈၅)ခုနှစ်တွင် (၆၃၇၀ဝ)ခန့်ရှိရာမှ နျူလက်နက်ဖျက်သိမ်းရေးကြောင့် ဒီလောက်လျော့ကျ သွားတာကိုပဲ ဝမ်းသာရမလိုဖြစ်နေပါတယ်။
အဲဒီလက်နက်တွေကို (၁)လေယာဉ်မှကြဲချ ခြင်း (၂) တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်လွှတ်ခြင်း (၃) ခရုစ်ဇ်မစ်ဆိုင်းလို မြေပြင်အနိမ့်ပျံဒုံး ကျည်ဖြင့်ပစ်လွှတ်ခြင်း (၄) အမေရိကန် M65 Ato­mic Cannon လို လက်နက် ကြီးစနစ်/ပစ်စင်တွေမှာ အမြောက်ကျည်ထိပ်ဖူးသဖွယ်အသုံးပြုခြင်းအပြင် (၅) ရေငုပ်သင်္ဘောမှလည်း ပစ်လွှတ်နိုင်ပါ တယ်။ ဒီနေ့ နောက်ဆုံးပေါ်ဟိုက်ပါဆောနစ်ဒုံးကျည်တွေဟာ ထောက်လှမ်းသိဖို့၊ တားဆီးဖို့ အလွန်ခဲယဉ်းပါတယ်။ သမားရိုးကျစစ်တိုက်တာအပြင် အမျိုးမတူတဲ့ နည်းလမ်းတွေကိုထည့်သွင်းတဲ့ Hybrid Warfare “မျိုးပေါင်းစပ် စစ်”အဖြစ် အသေးစားနျူထိပ်ဖူးတွေနဲ့ တိုက်ရိုက်ဖျက်ဆီးဖို့လည်း အားထုတ်နေကြပါတယ်။ တစ်ဖက်ရန်သူကို ခြောက်လှန်ဖို့ နည်းဗျူဟာမြောက် အသုံးချပြီးကန့်သတ်စစ် ဆင်နွှဲနိုင်မယ်လို့ မျှော်လင့် ထားကြပါတယ်။ ဒါပေမဲ့ တစ်ဖက်ရန်သူ သို့မဟုတ် မဟာမိတ်တိုင်းပြည်က နျူလက်နက်ပိုင်ရှင်ဖြစ်နေခဲ့ရင် အဲဒီရည်မှန်းချက်ဟာ အကြွင်းမဲ့နျူ စစ်ပွဲရဲ့ နိဒါန်းလည်းဖြစ်သွားနိုင်ပါတယ်။
ဆိုဗီယက်ထောက်လှမ်းရေး KGB တို့ဟာ (၃၀-၄၀) ကီလိုဂရမ်သယ်ဆောင်နိုင်တဲ့ ခရီးဆောင် အိတ်အရွယ် နျူလက်နက်ကို တီထွင်လျက်ရှိကြောင်း (၁၉၉၁)ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲမှုမှ သိရှိကြရ ပါတယ်။ ပြင်းအား TNT 0.1 ဝ.၁ ကီလိုတန်မှ ၁၀ ကီလို တန်အထိရရှိနိုင်ပေမယ့် နည်းပညာအတားအဆီး တွေရှိနေပါတယ်။
အဲဒီလို ခရီးဆောင် နျူလက်နက်သာ အောင်မြင်ခဲ့ရင် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ မျက်မှောက် ခေတ်စစ်ပွဲ များမှာ တွင်ကျယ်လာတဲ့ဒရုန်းတွေဟာ သေမင်းတမန်တွေဖြစ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ စစ်သုံးမောင်းသူမဲ့လေယာဉ် တွေကလွဲရင် အရေအတွက် အမြောက်အမြားအုပ်ဖွဲ့ပျံသန်းတဲ့ Swam Drone တွေမှာသယ်ဆောင်နိုင်တဲ့ အလေးချိန်ဟာ အကန့်အ သတ်ရှိနေပြီး တခြားရေဒီယိုသတ္တိကြွပစ္စည်းပါ Dirty Bome လောက်တော့ ဖြစ်နိုင်ပါတယ်။
အတိုချုပ်ပြောရရင် နျူကလီးယားလက်နက် ပြုလုပ်နိုင်တဲ့ ယူရေနီယံ(၂၃၅)နဲ့ ပလူတိုနီယမ်(၂၃၉) တို့ကို ထုတ်လုပ်ပိုင်ဆိုင်ခွင့်ရရှိဖို့ အလွန်ခဲယဉ်းပါတယ်။ ငွေကြေးအကုန်အကျအလွန်များပြီး အဆင့် မြင့်နည်းပညာနဲ့ ကျွမ်းကျင်မှုလိုအပ်ပါတယ်။
ဂျပန်နိုင်ငံဟာ နျူကလီးယားလက်နက်မရှိပေမယ့် ကမ္ဘာ့အကြီးဆုံး နျူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကိုပိုင် ဆိုင်ထားတဲ့အတွက် နှစ်စဉ် အသားတင် လျှပ်စစ်ဓာတ်အား (၇၉၆၅) မဂ္ဂါဝပ်ကို ထုတ်ယူသုံးစွဲ နေတယ်ဆိုတာကိုတော့ သိရှိကြမယ်ထင်ပါတယ်။

Zawgyi Version;
ျမန္မာ ႏွင့္ ႏိုင္ငံတိုင္း န်ဴကလီးယားလက္နက္ ထုတ္လုပ္ႏိုင္ပါသလား . . .
Htay Oung (NP News) - ဇန္နဝါရီ ၉

ကြၽန္ေတာ္တို႔ဆီမွာ တစ္ျပည္လုံးလိုလို မၾကာခဏ လွ်ပ္စစ္မီးျပတ္ေတာက္ေနပါတယ္။ ဓာတ္အား အသုံးျပဳႏိုင္ခ်ိန္ ခြဲတမ္းနဲ႔ျဖစ္လာၿပီး ဓာတ္အားျပတ္ ေတာက္ခ်ိန္ကလည္း ပိုၾကာပိုမ်ားလာပါတယ္။ ဆည္ေရေတာင္ ေကာင္းေကာင္း မခန္းေျခာက္ေသးတဲ့ ေဆာင္းရာသီသာရွိေသးခ်ိန္ ခုလိုလွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈဟာ လာမယ့္ေႏြရာသီဆို ဒီထက္ပိုဆိုး လိမ့္မယ္လို႔ နိမိတ္ဖတ္ေနသလိုပါပဲ။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရနဲ႔ ႐ုရွား ႏိုင္ငံတို႔အၾကား န်ဴကလီးယားနည္းပညာနဲ႔ စြမ္းအင္ က႑မွာ ပူးေပါင္းေဆာင္႐ြက္မွာျဖစ္ေၾကာင္း သတင္း ေတြထြက္ေပၚခဲ့ပါတယ္။ ျမန္မာႏိုင္ငံအတြက္ န်ဴစြမ္းအင္သုံး အေသးစား ဓာတ္အားေပးစက္႐ုံတည္ ေဆာက္ေရးသေဘာတူညီခ်က္ အေျခခံမူၾကမ္းကို ႐ုရွားႏိုင္ငံကအတည္ျပဳလိုက္ေၾကာင္း သတင္းထြက္ခဲ့တာ လြန္ခဲ့တဲ့(၇)လခန႔္ကျဖစ္ပါတယ္။ ေနျပည္ေတာ္ ေပါင္းေလာင္းေရေလွာင္တမံအနီး ႐ုရွားႏိုင္ငံ ေခ်းေငြနဲ႔တည္ေဆာက္မယ့္ အေသးစားန်ဴကလီး ယားဓာတ္အားေပးစက္႐ုံဟာ အနည္းဆုံး လွ်ပ္စစ္ဓာတ္အား (၁၁၀) မဂၢါဝပ္ ထုတ္လုပ္ႏိုင္ေၾကာင္း၊ ဒီအတြက္ ျဖစ္ႏိုင္ေျခအားလုံးကို ေဆာင္႐ြက္ၿပီးစီးၿပီျဖစ္ ေၾကာင္း BBC (31 May 2024) က ေဖာ္ျပပါတယ္။
ကြၽန္ေတာ့္တို႔ဆီက ေခတ္ေနာက္က်ပညာေရး စနစ္အက်ိဳးဆက္အရ သတင္းတစ္ပုဒ္နဲ႔ျဖစ္စဥ္အေပၚ စနစ္ တက်အေသးစိတ္ ထပ္မံေလ့လာသူ အလြန္ နည္းပါးၿပီး ‘‘ေလသံဖမ္းတရားနာသူ”ေတြ အလြန္မ်ားတတ္ပါတယ္။ န်ဴစြမ္းအင္သုံး ဓာတ္အားေပး စက္႐ုံတည္ေဆာက္ဖို႔ ေျခလွမ္းျပင္႐ုံရွိေသး နစက အစိုးရက န်ဴကလီးယားလက္နက္ ထုတ္လုပ္ေတာ့ မယ္လို႔ ကန႔္ကြက္သံကလည္း တစ္ၿပိဳင္တည္းျဖစ္လာ ပါတယ္။
ျမန္မာႏိုင္ငံမွာ သစ္ေတာေတြျပဳန္းတီးတာဟာ ရာသီဥတုေျပာင္းလဲေစရာမွာ အေရးပါတဲ့အခ်က္ တစ္ခုျဖစ္တာ မွန္ကန္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဟာ ကမာၻႀကီးကိုပူေႏြးေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႕ အမ်ားဆုံးထုတ္လႊတ္တဲ့ တ႐ုတ္ႏိုင္ငံနဲ႔ တတိယအမ်ားဆုံးထုတ္လႊတ္တဲ့ အိႏၵိယႏိုင္ငံတို႔အၾကား ေရာက္ရွိေနတဲ့တိုင္းျပည္ျဖစ္ပါတယ္။ ဒီအတြက္ မုတ္သုံေလ ဝင္ထြက္ မမွန္၊ အပူလႈိင္း-အေအးလႈိင္းျဖတ္၊ ပုံမွန္ မဟုတ္တဲ့ မုန္တိုင္းေတြနဲ႔ အခါမဲ့မိုး႐ြာသြန္းတာေတြ ဟာ ကြၽန္ေတာ္တို႔တိုင္းျပည္မွာျဖစ္သလို အဲဒီတိုင္း ျပည္ေတြမွာလည္းျဖစ္ေပၚေနေၾကာင္း လူတိုင္းသိရွိ ၾကၿပီးျဖစ္ပါ လိမ့္မယ္။
တ႐ုတ္-အိႏၵိယနဲ႔ အိမ္နီးခ်င္း လာအို-ဘဂၤလားေဒ့ရွ္နဲ႔ ထိုင္းႏိုင္ငံတို႔က လွ်ပ္စစ္ဓာတ္အား အလွ်ံ ပယ္ထုတ္ယူ ႏိုင္ဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ေဆာင္႐ြက္ေနၾကခ်ိန္ ကြၽန္ေတာ္တို႔တိုင္းျပည္ကြက္ကြက္ေလးမွာ ‘ဆည္ေဆာက္ သေဘာမတူ- ေက်ာက္မီးေသြး ကန႔္ကြက္}ေနၾကတာဟာ နားလည္ဖို႔ အလြန္ခက္ပါ တယ္၊ လွ်ပ္စစ္ဓာတ္အားအသုံးျပဳ ႏိုင္တာနဲ႔ လူမႈအဆင့္အတန္းဟာ တိုက္႐ိုက္အခ်ိဳးက်ပါတယ္။ အဲဒီအက်ိဳးဆက္ေၾကာင့္ ဒီေန႔ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕ အစည္းႀကီးမွာ လွ်ပ္စစ္ဓာတ္အား မဖူမလုံျဖစ္ စက္႐ုံ-အလုပ္႐ုံေတြ လည္ပတ္ခ်ိန္ေလွ်ာ့ခ်ရလို႔ လုပ္ရွင္အလုပ္သမားဝင္ ေငြထိခိုက္ၿပီး ကြၽန္ေတာ္တို႔လည္း အေမွာင္ထဲမွာ ငုတ္တုတ္ေမ့ေနရတယ္လို႔ စြပ္စြဲခ်င္ပါတယ္။ ဆိုေတာ့ကား အဲဒီကန႔္ကြက္မႈေတြဟာ “ကမာၻ မီးေလာင္ေနခ်ိန္ ဆီမီးခြက္ကထေတာက္သလို” ျဖစ္ ေနပါတယ္။
အခုလည္း အေသးစား န်ဴးကလီယားစြမ္းအင္ သုံး ဓာတ္အားေပးစက္႐ုံတည္ေဆာက္ျခင္းေၾကာင့္ နစကအေနနဲ႔ န်ဴးကလီယားလက္နက္ပိုင္ဆိုင္ဖို႔ဆို တာ အေတာ္ေဝးေသးေၾကာင္း၊ မျဖစ္ႏိုင္ေလာက္ေအာင္ ရွိေၾကာင္း နားလည္သူ အလြန္နည္းပါလိမ့္မယ္။
အမ်ားသိၿပီးျဖစ္တဲ့အတိုင္း အေမရိကန္-႐ု ရွား-ယူေက-တ႐ုတ္-ျပင္သစ္လို႔ဆိုတဲ့ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ဝင္ (၅)ႏိုင္ငံနဲ႔ အိႏၵိယ-ပါကစၥတန္-အစၥေရး-ေျမာက္ကိုရီးယား (၄)ႏိုင္ငံတို႔သာလွ်င္ န်ဴးကလီးယား လက္နက္ပိုင္ ဆိုင္ပါေသးတယ္။ ကုလသမဂၢအသတ္အမွတ္ျပဳ ႏိုင္ ငံေပါင္း (၁၉၃)ႏိုင္ငံရွိတဲ့အနက္ က်န္ (၁၈၄) ႏိုင္ငံ တို႔မွာ န်ဴးကလီးယားလက္နက္မရွိပါဘူး။ ပိုက္ဆံ ခ်မ္းသာၿပီး န်ဴးကလီးယားနည္းပညာကို လက္လွမ္း မီတဲ့ ဂ်ာမနီ-အီတလီ-ဂ်ပန္-ေတာင္ကိုရီးယားတို႔မွာ န်ဴးကလီးယားလက္နက္မရွိပါဘူး။ အဲဒီအခ်က္ဟာ အလြန္ထူးဆန္းသလိုရွိေန တယ္လို႔ နယူးေဒလီအေျခ စိုက္ “အင္ဒီးယားေဒါ့ကြန္း” (30:December 2024) ကေရးပါတယ္။
(၁) Nuclear Fission န်ဴးကလီးယားၿပိဳကြဲမႈျဖစ္ စဥ္ဟာ ထိန္းခ်ဳပ္ရန္အလြန္ခက္ခဲျခင္း
(၂) ျဖစ္ေပၚလာတဲ့ ေရဒီယိုသတၱိႂကြအမႈန္ေတြဟာ အလြန္ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြကို ျဖစ္ေပၚေစျခင္း (၃) နည္းပညာလြဲမွားမႈနဲ႔ ႏိုင္ငံအစိုးရတို႔ရဲ႕ ခ်ိန္ဆမႈ လြဲေခ်ာ္ၿပီး အႂကြင္းမဲ့စစ္ပြဲအထိ ဦးတည္သြားႏိုင္ျခင္း
(၄) သာမန္လက္နက္ေတြထက္ အဆေပါင္းမ်ားစြာ ျပင္းထန္ၿပီး ဆယ္စုႏွစ္ေပါင္းအေတာ္ၾကာတဲ့အထိ ေရထုအပါအဝင္ ကမာၻေျမေပၚေျမေအာက္သက္ရွိ သက္မဲ့တို႔အေပၚ သက္ေရာက္မႈနယ္ပယ္ က်ယ္ဝန္း လြန္းတာတို႔ကို န်ဴးကလီးယား လက္နက္ကို မလိုလား အပ္တဲ့ အႏၲရာယ္ပစၥည္းတစ္ခုအျဖစ္ လူသားတိုင္းက ေၾကာက္႐ြံ႕ၾကပါတယ္။
ဒီအတြက္ ကုလသမဂၢႏိုင္ငံတကာ ညီလာခံက “န်ဴကလီးယားလက္နက္ မျပန႔္ပြားေရးဆိုင္ရာသ ေဘာတူ စာခ်ဳပ္” Non-Proliferation Treaty နဲ႔ ထိန္းခ်ဳပ္ထားပါတယ္။ န်ဴကလီးယားစြမ္းအင္ ၿငိမ္း ခ်မ္းစြာအသုံးျပဳေရး၊ လက္နက္အျဖစ္ အသုံးမျပဳေရး၊ န်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရးကိုရည္႐ြယ္တဲ့ အဲဒီစာခ်ဳပ္ကို (၁၉၆၈)ခုႏွစ္မွာ ခ်ဳပ္ဆိုခဲ့ၾကၿပီး (၁၉၇၀)ျပည့္ႏွစ္မွာ စတင္ အေကာင္အထည္ ေဖာ္ခဲ့ၾကပါတယ္။ ႏိုင္ငံနဲ႔ ေလ့လာသူအဖြဲ႕ေပါင္း (၁၉၀)တို႔က လိုက္နာမည္ျဖစ္ေၾကာင္း လက္မွတ္ေရးထိုးခဲ့ ၾကပါတယ္။
လက္ရွိ႕ United Nations ကမာၻ႔ကုလသမဂၢ အဖြဲ႕ႀကီးကို ဒုတိယကမာၻစစ္အၿပီး (၁၉၄၅)ခုႏွစ္မွာ စတင္ဖြဲ႕စည္း စဥ္ “အနာဂတ္ န်ဴကလီးယားစစ္ပြဲ မျဖစ္ပြားေရး” လည္း ရည္မွန္းခ်က္တစ္ခုအေနနဲ႔ ပါဝင္ခဲ့ပါတယ္။ အျမင့္ဆုံး အလုပ္ အမႈေဆာင္အဖြဲ႕ျဖစ္ တဲ့ UNSC ကုလလုံၿခဳံ ေရးေကာင္စီမွာ အဖြဲ႕ဝင္(၁၅) ႏိုင္ငံအနက္ အလွည့္က် (၁၀) ႏိုင္ငံနဲ႔ ဒုတိယ ကမာၻစစ္ ေအာင္ႏိုင္သူမ်ားျဖစ္ၾကတဲ့ အေမရိကန္-ၿဗိတိန္-ျပင္ သစ္-ဆိုဗီယက္တို႔က ဗီတိုအာဏာသုံးစြဲခြင့္ရွိၾကတဲ့ အၿမဲ တမ္းအဖြဲ႕ဝင္ေတြျဖစ္ၾကပါတယ္။ (၁၉၇၁)ခုႏွစ္ မွာ တ႐ုတ္သမၼတႏိုင္ငံ (လက္ရွိထိုင္ဝမ္)ကို ကုလသ မဂၢမွထုတ္ပယ္ၿပီး တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ (လက္ရွိျပည္မႀကီးတ႐ုတ္)ကို အဖြဲ႕ဝင္အျဖစ္ေရာ လုံၿခဳံေရးေကာင္စီ အၿမဲတမ္းအဖြဲ႕ ဝင္အျဖစ္ပါ ထည့္သြင္းခဲ့တာ အထက္ပါ ရည္႐ြယ္ခ်က္ေၾကာင့္ ျဖစ္ပါတယ္။
ဒီေနရာမွာ သတိျပဳရမွာက ကုလသမဂၢဆိုတဲ့ အဖြဲ႕အစည္းႀကီး စတင္ေပၚေပါက္ၿပီး မ်ားမၾကာမီ အေမရိကန္ အုပ္စုနဲ႔ ဆိုဗီယက္အုပ္စုအၾကား ႏိုင္ငံေရးနဲ႔ စီးပြားေရးဆိုင္ရာလႊမ္းမိုးေရး ပထဝီႏိုင္ငံေရး တင္းမာမႈ Cold War ‘စစ္ေအးတိုက္ပြဲ’ ျဖစ္ပြားခဲ့ တယ္ဆိုတာပါပဲ။
န်ဴကလီးယားလက္နက္ပိုင္ ႏိုင္ငံႀကီးက န်ဴ ကလီးယားလက္နက္မဲ့ႏိုင္ငံငယ္အေပၚ ေသမင္းတမံ လက္နက္နဲ႔ ၿခိမ္းေျခာက္မႈရွိမရွိနဲ႔၊ NPT ဟာ ပကတိ တရားမွ်တပါသလားလို႔ ေမးခြန္းထုတ္ရပါလိမ့္မယ္။ ဒီေနရာမွာ န်ဴလက္ နက္ပိုင္ႏိုင္ငံႀကီးရဲ႕ ၿခိမ္းေျခာက္မႈကို ႏိုင္ငံတကာအသိုင္းအဝန္းက ဘယ္လို လက္ခံတုံ႔ျပန္သလဲဆိုတာသာ စီရင္ခ်က္ တစ္ခုလိုျဖစ္ေန တယ္လို႔ျမင္ရပါတယ္။ ဥပမာ အေမရိကန္- ေျမာက္ကိုရီးယား (၂၀၁၇-၂၀၂၀)၊ ႐ုရွား-ယူကရိန္း (၂၀၂၂ ခုႏွစ္မွ ယေန႔ထိ)၊ အေမရိကန္-အီရန္ (၂၀ဝ၀ ျပည့္ႏွစ္မွ ယေန႔ထိ) တို႔ျဖစ္ပါတယ္။ အဲဒါေၾကာင့္ထင္ပါရဲ႕။ န်ဴကလီးယား လက္နက္ မျပန႔္ပြားေရးဆိုင္ရာသေဘာတူ စာခ်ဳပ္ခ်ဳပ္ဆိုစဥ္ အစၥေရး-အိႏၵိယ-ပါကစၥတန္-ေျမာက္ကိုရီးယား-ေတာင္ဆူ ဒန္ စသျဖင့္ (၅)ႏိုင္ငံတို႔က လက္မွတ္ေရး ထိုးျခင္းမျပဳခဲ့ပါဘူး။ ေျမာက္ကိုရီးယားဆိုလွ်င္ (၁၉၈၅)ခုႏွစ္မွာ NPT အဖြဲ႕ဝင္ျဖစ္လာခဲ့ေပမယ့္ န်ဴကလီးယားစမ္းသပ္ျခင္း၊ လက္နက္ထုတ္လုပ္ျခင္း ျဖင့္ စာခ်ဳပ္ပါသေဘာတူညီခ်က္ေတြကို ဆက္တိုက္ ခ်ိဳးေဖာက္ၿပီး (၂၀ဝ၃)ခုႏွစ္မွာ အၿပီးတိုင္ႏုတ္ထြက္ ေၾကာင္း ေၾကညာခဲ့ပါတယ္။
(၁၉၇၀)ျပည့္ႏွစ္မွာအသက္ဝင္တဲ့ NPT သေဘာတူညီခ်က္အရ တိုင္းျပည္တစ္ျပည္က န်ဴလက္နက္မထုတ္ လုပ္ႏိုင္ဖို႔ ႏိုင္ငံတကာက ဝိုင္းဝန္း တားဆီးပိတ္ဆို႔ေနသည့္တိုင္ လက္မွတ္မထိုးတဲ့ အဲဒီ ႏိုင္ငံေတြဟာ ဘယ္လိုနည္းနဲ႔ န်ဴလက္နက္ရရွိသြား သလဲဆိုတာ အလြန္စိတ္ဝင္စားစရာေကာင္းပါတယ္။
အဲဒီႏိုင္ငံေတြဟာ န်ဴကလီးယားနည္းပညာ တခ်ိဳ႕ကို ျပည္ပကရရွိခဲ့ၿပီး တခ်ိဳ႕ကိုေတာ့ ျပည္တြင္းမွာပဲ စိတ္ရွည္ ရွည္နဲ႔ ေငြေၾကးပုံေအာအသုံးျပဳခဲ့ၾက ပါတယ္။ အိႏၵိယက NPT စာခ်ဳပ္ပါ လစ္ကြက္ဟာ ကြက္မ်ားမွတစ္ဆင့္ နည္းပညာရ ယူခဲ့ၿပီး ပါကစၥတန္ကေတာ့ န်ဴကလီးယားဖခင္ႀကီး အဗၺဒူကြာဒါခန္းက ဥေရာပႏိုင္ငံေတြမွာ န်ဴကလီးယား႐ူပေဗဒနဲ႔ သတၱဳ နည္းပညာေတြကို ႏွစ္ေပါင္းမ်ားစြာ ဦးေဆာင္စမ္းသပ္ ခဲ့သူျဖစ္ေနပါတယ္။ ေျမာက္ကိုရီးယားကေတာ့ တ႐ုတ္နဲ႔ ႐ုရွားထံမွ န်ဴကလီးယားနည္းပညာေတြကို တ ရားမဝင္ရယူခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။
(၂၀၂၄)ခုႏွစ္ ဇန္နဝါရီလအထိ တစ္ကမာၻလုံး န်ဴကလီးယားလက္နက္ထိပ္ဖူးေပါင္း (၁၂၁၂၁)ခုခန႔္ ရွိၿပီး ႐ုရွား (၅၅၈၀)၊ အေမရိကန္ (၅၀၄၄)၊ တ႐ုတ္ (၅၀ဝ)၊ အိႏၵိယ (၁၇၂)၊ ပါကစၥတန္ (၁၇၀)၊ အစၥေရး (၉၀)၊ ေျမာက္ကိုရီးယား (၅၀)ခန႔္ကို ပိုင္ဆိုင္ၾကပါတယ္။ (၁၉၈၅)ခုႏွစ္တြင္ (၆၃၇၀ဝ)ခန႔္ရွိရာမွ န်ဴလက္နက္ဖ်က္သိမ္းေရးေၾကာင့္ ဒီေလာက္ေလ်ာ့က် သြားတာကိုပဲ ဝမ္းသာရမလိုျဖစ္ေနပါတယ္။
အဲဒီလက္နက္ေတြကို (၁)ေလယာဥ္မွႀကဲခ် ျခင္း (၂) တာေဝးပစ္ပဲ့ထိန္းဒုံးက်ည္မ်ားျဖင့္ ပစ္လႊတ္ျခင္း (၃) ခ႐ုစ္ဇ္မစ္ဆိုင္းလို ေျမျပင္အနိမ့္ပ်ံဒုံး က်ည္ျဖင့္ပစ္လႊတ္ျခင္း (၄) အေမရိကန္ M65 Ato­mic Cannon လို လက္နက္ ႀကီးစနစ္/ပစ္စင္ေတြမွာ အေျမာက္က်ည္ထိပ္ဖူးသဖြယ္အသုံးျပဳျခင္းအျပင္ (၅) ေရငုပ္သေဘၤာမွလည္း ပစ္လႊတ္ႏိုင္ပါ တယ္။ ဒီေန႔ ေနာက္ဆုံးေပၚဟိုက္ပါေဆာနစ္ဒုံးက်ည္ေတြဟာ ေထာက္လွမ္းသိဖို႔၊ တားဆီးဖို႔ အလြန္ခဲယဥ္းပါတယ္။ သမား႐ိုးက်စစ္တိုက္တာအျပင္ အမ်ိဳးမတူတဲ့ နည္းလမ္းေတြကိုထည့္သြင္းတဲ့ Hybrid Warfare “မ်ိဳးေပါင္းစပ္ စစ္”အျဖစ္ အေသးစားန်ဴထိပ္ဖူးေတြနဲ႔ တိုက္႐ိုက္ဖ်က္ဆီးဖို႔လည္း အားထုတ္ေနၾကပါတယ္။ တစ္ဖက္ရန္သူကို ေျခာက္လွန္ဖို႔ နည္းဗ်ဴဟာေျမာက္ အသုံးခ်ၿပီးကန႔္သတ္စစ္ ဆင္ႏႊဲႏိုင္မယ္လို႔ ေမွ်ာ္လင့္ ထားၾကပါတယ္။ ဒါေပမဲ့ တစ္ဖက္ရန္သူ သို႔မဟုတ္ မဟာမိတ္တိုင္းျပည္က န်ဴလက္နက္ပိုင္ရွင္ျဖစ္ေနခဲ့ရင္ အဲဒီရည္မွန္းခ်က္ဟာ အႂကြင္းမဲ့န်ဴ စစ္ပြဲရဲ႕ နိဒါန္းလည္းျဖစ္သြားႏိုင္ပါတယ္။
ဆိုဗီယက္ေထာက္လွမ္းေရး KGB တို႔ဟာ (၃၀-၄၀) ကီလိုဂရမ္သယ္ေဆာင္ႏိုင္တဲ့ ခရီးေဆာင္ အိတ္အ႐ြယ္ န်ဴလက္နက္ကို တီထြင္လ်က္ရွိေၾကာင္း (၁၉၉၁)ခုႏွစ္ ဆိုဗီယက္ယူနီယံၿပိဳကြဲမႈမွ သိရွိၾကရ ပါတယ္။ ျပင္းအား TNT 0.1 ဝ.၁ ကီလိုတန္မွ ၁၀ ကီလို တန္အထိရရွိႏိုင္ေပမယ့္ နည္းပညာအတားအဆီး ေတြရွိေနပါတယ္။
အဲဒီလို ခရီးေဆာင္ န်ဴလက္နက္သာ ေအာင္ျမင္ခဲ့ရင္ အၾကမ္းဖက္အဖြဲ႕အစည္းေတြနဲ႔ မ်က္ေမွာက္ ေခတ္စစ္ပြဲ မ်ားမွာ တြင္က်ယ္လာတဲ့ဒ႐ုန္းေတြဟာ ေသမင္းတမန္ေတြျဖစ္လာဖြယ္ရွိပါတယ္။ ဒါေပမဲ့ စစ္သုံးေမာင္းသူမဲ့ေလယာဥ္ ေတြကလြဲရင္ အေရအတြက္ အေျမာက္အျမားအုပ္ဖြဲ႕ပ်ံသန္းတဲ့ Swam Drone ေတြမွာသယ္ေဆာင္ႏိုင္တဲ့ အေလးခ်ိန္ဟာ အကန႔္အ သတ္ရွိေနၿပီး တျခားေရဒီယိုသတၱိႂကြပစၥည္းပါ Dirty Bome ေလာက္ေတာ့ ျဖစ္ႏိုင္ပါတယ္။
အတိုခ်ဳပ္ေျပာရရင္ န်ဴကလီးယားလက္နက္ ျပဳလုပ္ႏိုင္တဲ့ ယူေရနီယံ(၂၃၅)နဲ႔ ပလူတိုနီယမ္(၂၃၉) တို႔ကို ထုတ္လုပ္ပိုင္ဆိုင္ခြင့္ရရွိဖို႔ အလြန္ခဲယဥ္းပါတယ္။ ေငြေၾကးအကုန္အက်အလြန္မ်ားၿပီး အဆင့္ ျမင့္နည္းပညာနဲ႔ ကြၽမ္းက်င္မႈလိုအပ္ပါတယ္။
ဂ်ပန္ႏိုင္ငံဟာ န်ဴကလီးယားလက္နက္မရွိေပမယ့္ ကမာၻ႔အႀကီးဆုံး န်ဴစြမ္းအင္သုံး ဓာတ္အားေပး စက္႐ုံကိုပိုင္ ဆိုင္ထားတဲ့အတြက္ ႏွစ္စဥ္ အသားတင္ လွ်ပ္စစ္ဓာတ္အား (၇၉၆၅) မဂၢါဝပ္ကို ထုတ္ယူသုံးစြဲ ေနတယ္ဆိုတာကိုေတာ့ သိရွိၾကမယ္ထင္ပါတယ္။

Related news

© 2021. All rights reserved.