နမ္မတူမြို့နယ်တွင် TNLA က ပလောင်အလံမထောင်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဟု အတင်းအကြပ်စေခိုင်းနေ

 463

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူမြို့နယ်တွင် TNLA က ပလောင်အလံမထောင်ပါက ဒဏ်ကြေးပေးဆောင်ရ မည်ဟု အတင်းအကြပ်စေခိုင်းနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးက NP News သို့ ပြောသည်။ လာမည့် ဇန်နဝါရီလ (၁၂) ရက်တွင် ကျရောက်မည့် TNLA ၏ ပလောင်တော်လှန်ရေးနေ့တွင် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများကို တစ်အိမ်လျှင် ပလောင်အလံတစ်ခုစီ မထောင်မနေရ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါမြို့နယ်တွင် ပလောင်လူမျိုးများ သီးသန့်နေထိုင်ခြင်းမဟုတ်ဘဲ အခြားတိုင်းရင်းသားများနေ ထိုင်ကြခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ အမိန့်ထုတ်ခြင်းကို မနှစ်မြို့သူအများအပြားရှိနေကြောင်း သိရသည်။
“TNLA နှစ်ပတ်လည်ကျရောက်တဲ့နေ့ မှာ သူတို့ TNLA အလံကို ထောင်ခိုင်းတယ်။ ရွာတိုင်း အိမ်တိုင်းမှာ ထောင်ခိုင်းတယ်။ အနည်းဆုံး မထောင်ဘူးဆိုရင် ဒဏ်ကြေး (၁၂၀ဝဝဝ) ကျပ် ပေးဆောင်ရမယ်။ အဲလိုမျိုးတွေ တော့ရှိတယ်။ အဲဒါက နမ္မတူမြို့နယ်အတွင်းမှာရှိတဲ့ရွာတွေကို အိမ်တိုင်းစေ့အလံထောင်ခိုင်းတာ။ မထောင်ရင် ဒဏ်ရိုက်မယ်လို့တောင် ပြောသေးတယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထိုအမိန့်ကို ဒေသခံများက လက်မခံကြသော်လည်း လွန်ဆန်၍မရသည့်အခြေအနေဖြစ်နေကြောင်း အခြားသော ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“အခုက နီးရာဓားကြောက်ရတာကိုး။ အလံထောင်တာ ဘာမှမဖြစ်ဘူးဆိုပေမယ့် တခြားလူမျိုးတွေ ရင်ထဲမှာ ဘယ်လိုဖြစ်သွားမလဲပေါ့နော်။ ဒဏ်ငွေက ရှိတဲ့သူတွေအနေနဲ့သာဆိုရင် ကျပ်(၂၅၀ဝဝဝ)ဆိုလည်း ပေးလိုက်မှာပဲ။ ဒါပေမဲ့ အဲဒီလိုလုပ်လို့မရဘူးလေ။ နီးရာဓားကြောက်ရတာဆိုတော့။ အဲဒီထဲမှာ နေရတဲ့သူဆိုတော့လေ။ မကြိုက်တာက မကြိုက်တာပဲ။ မကြိုက်တဲ့သူတွေက အများကြီးပါပဲ။ အခုအချိန် က လူတိုင်းက ကြပ်တည်းနေတာကိုး” ဟု အထက်ပါဒေသခံက ဆိုသည်။
TNLA ထိန်းချုပ်ထားရာဒေသတွင် ပလောင်အလံတစ်ခုလျှင် ငွေကျပ်(၁၀ဝဝဝ)မှ (၁၅၀ဝဝ)အတွင်း ရှိနေသော် လည်း အခြေခံလက်လုပ်လက်စားများအတွက်မူ ဝယ်ယူရန်ပင်ခက်ခဲနေသည့်အခြေအနေများဖြစ်နေကြောင်းလည်း အထက်ပါဒေသခံက ဆက်လက်ပြောပြခဲ့သည်။

Zawgyi Version;
နမၼတူၿမိဳ႕နယ္တြင္ TNLA က ပေလာင္အလံမေထာင္ပါက ဒဏ္ေၾကးေပးေဆာင္ရမည္ဟု အတင္းအၾကပ္ေစခိုင္းေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၁

ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ နမၼတူၿမိဳ႕နယ္တြင္ TNLA က ပေလာင္အလံမေထာင္ပါက ဒဏ္ေၾကးေပးေဆာင္ရ မည္ဟု အတင္းအၾကပ္ေစခိုင္းေနေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေဒသခံအမ်ိဳးသားတစ္ဦးက NP News သို႔ ေျပာသည္။ လာမည့္ ဇန္နဝါရီလ (၁၂) ရက္တြင္ က်ေရာက္မည့္ TNLA ၏ ပေလာင္ေတာ္လွန္ေရးေန႔တြင္ နမၼတူၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားမွ ေဒသခံမ်ားကို တစ္အိမ္လွ်င္ ပေလာင္အလံတစ္ခုစီ မေထာင္မေနရ ၫႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။
အထက္ပါၿမိဳ႕နယ္တြင္ ပေလာင္လူမ်ိဳးမ်ား သီးသန႔္ေနထိုင္ျခင္းမဟုတ္ဘဲ အျခားတိုင္းရင္းသားမ်ားေန ထိုင္ၾကျခင္းျဖစ္ေသာေၾကာင့္ ယခုကဲ့သို႔ အမိန႔္ထုတ္ျခင္းကို မႏွစ္ၿမိဳ႕သူအမ်ားအျပားရွိေနေၾကာင္း သိရသည္။
“TNLA ႏွစ္ပတ္လည္က်ေရာက္တဲ့ေန႔ မွာ သူတို႔ TNLA အလံကို ေထာင္ခိုင္းတယ္။ ႐ြာတိုင္း အိမ္တိုင္းမွာ ေထာင္ခိုင္းတယ္။ အနည္းဆုံး မေထာင္ဘူးဆိုရင္ ဒဏ္ေၾကး (၁၂၀ဝဝဝ) က်ပ္ ေပးေဆာင္ရမယ္။ အဲလိုမ်ိဳးေတြ ေတာ့ရွိတယ္။ အဲဒါက နမၼတူၿမိဳ႕နယ္အတြင္းမွာရွိတဲ့႐ြာေတြကို အိမ္တိုင္းေစ့အလံေထာင္ခိုင္းတာ။ မေထာင္ရင္ ဒဏ္႐ိုက္မယ္လို႔ေတာင္ ေျပာေသးတယ္” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။ ထိုအမိန႔္ကို ေဒသခံမ်ားက လက္မခံၾကေသာ္လည္း လြန္ဆန္၍မရသည့္အေျခအေနျဖစ္ေနေၾကာင္း အျခားေသာ ေဒသခံသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
“အခုက နီးရာဓားေၾကာက္ရတာကိုး။ အလံေထာင္တာ ဘာမွမျဖစ္ဘူးဆိုေပမယ့္ တျခားလူမ်ိဳးေတြ ရင္ထဲမွာ ဘယ္လိုျဖစ္သြားမလဲေပါ့ေနာ္။ ဒဏ္ေငြက ရွိတဲ့သူေတြအေနနဲ႔သာဆိုရင္ က်ပ္(၂၅၀ဝဝဝ)ဆိုလည္း ေပးလိုက္မွာပဲ။ ဒါေပမဲ့ အဲဒီလိုလုပ္လို႔မရဘူးေလ။ နီးရာဓားေၾကာက္ရတာဆိုေတာ့။ အဲဒီထဲမွာ ေနရတဲ့သူဆိုေတာ့ေလ။ မႀကိဳက္တာက မႀကိဳက္တာပဲ။ မႀကိဳက္တဲ့သူေတြက အမ်ားႀကီးပါပဲ။ အခုအခ်ိန္ က လူတိုင္းက ၾကပ္တည္းေနတာကိုး” ဟု အထက္ပါေဒသခံက ဆိုသည္။
TNLA ထိန္းခ်ဳပ္ထားရာေဒသတြင္ ပေလာင္အလံတစ္ခုလွ်င္ ေငြက်ပ္(၁၀ဝဝဝ)မွ (၁၅၀ဝဝ)အတြင္း ရွိေနေသာ္ လည္း အေျခခံလက္လုပ္လက္စားမ်ားအတြက္မူ ဝယ္ယူရန္ပင္ခက္ခဲေနသည့္အေျခအေနမ်ားျဖစ္ေနေၾကာင္းလည္း အထက္ပါေဒသခံက ဆက္လက္ေျပာျပခဲ့သည္။

Related news

© 2021. All rights reserved.