ရော်ဘာတန်ချိန်(၃) သိန်းကျော်တင်ပို့ရန် လျာထားသော်လည်း ရောဂါပိုးတစ်မျိုးကြောင့် အထွက်နှုန်း သိသာစွာလျော့နည်းနိုင်

 631

ယွန်း (NP News) - ဇန်နဝါရီ ၁၆

ယခုဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန်(၃)သိန်းကျော် တင်ပို့ရန်လျာထားသော်လည်း ရော်ဘာပင်များတွင် ဖြစ်ပေါ် နေသည့် ရောဂါပိုးတစ်မျိုးကြောင့် အထွက်နှုန်းသိသာစွာ‌လျော့နည်းနိုင်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း(MRPPA) ထံမှ သိရသည်။
အရွယ်မတိုင်ခင် အရွက်ကြွေစေသော အဆိုပါ Pestalotiopsis ရောဂါပိုးမှာ အင်ဒိုနီးရှားနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ကူးစက်လာခြင်းဖြစ်ပြီး လက်ရှိတွင် မွန်ပြည်နယ်၌ ရောဂါပိုးကျဆင်းမှုမြင့်မားနေ ကြောင်း သိရသည်။
“အခုကတော့ မွန်ပြည်နယ်မှာတော်တော်ကျနေတာပေါ့။ မြေဩဇာသေချာမကျွေးခဲ့တဲ့အပင်တွေ၊ ကျွေးတာနည်းတဲ့အပင်တွေမှာ ပိုကျနေတာပေါ့။ အဲဒီရောဂါက လေထဲကနေပျံ့တာလေ။ မျိုးနဲ့ မဆိုင်ဘူး။ အဲဒီရောဂါက အင်ဒိုနီးရှားမှာ ပြင်းပြင်းထန်ထန်ဖြစ်ပြီး ဒီဘက်တွေကိုရောက်လာတာပဲ။ အထွက်နှုန်းကို အများကြီး ကျစေနိုင်တယ်။ သိပ်ပြင်းထန်ရင် အထွက်နှုန်းကို တစ်ဝက်လောက်အထိကျစေနိုင်တာပေါ့။ ပြုစုပျိုးထောင်တဲ့ အပင်ပေါ်မှာလည်း မူတည်သေးတာပေါ့။ နွေရာသီကိုတစ်ချက်စောင့်ကြည့်ရမှာ” ဟု MRPPA မှ ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက NP News ကို ပြောသည်။
အဆိုပါရောဂါပိုးမှာ မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် (၃)နှစ်ခန့်ကပင် တဖြည်းဖြည်းကူးစက်လာခြင်းဖြစ်ပြီး ထိန်းချုပ် နိုင်ခြင်းမရှိသေးသည့်အတွက် ကူးစက်မှုမြင့်မားလာခြင်းဖြစ်ကြောင်း သိရသည်။
“လုံခြုံရေးအရ အစေးမလှီးရသေးတဲ့ဒေသတွေလည်း ရှိသေးတယ်လေ။ အဲဒီနေရာတွေကျတော့လည်း ရောဂါသပ်သပ်ပဲမဟုတ်ဘူး။ မြန်မာနိုင်ငံကိုတော့ တဖြည်းဖြည်းနဲ့ ကူးစက်လာတာ (၃)နှစ်‌ လောက်ရှိပြီ။ ဒီနှစ်မှာ သိသိသာသာကိုများလာတာ။ သူ့ကိုက ထိန်းလို့မရဘူး။ မြေဩဇာ၊ မြေဆီတွေကို မှန်မှန်ကျွေးထားရင်တော့ ဒီရောဂါကိုခံနိုင်တယ်” ဟု ဦးအောင်မြင့်ထူးက ဆက်လက်ပြောသည်။
ရော်ဘာသည် ပြည်တွင်း၌ မွန်ပြည်နယ်တွင် အများဆုံးထွက်ရှိပြီး ဒုတိယအနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးနှင့် တတိယအနေဖြင့် ကရင်ပြည်နယ်တို့မှ ထွက်ရှိသည့်အပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရော်ဘာစိုက်ဧက (၁၆၄၀ဝဝဝ)ဧကရှိရာ နှစ်စဉ် တန်ချိန် (၂)သိန်းကျော်ထွက်ရှိပြီး ယခု (၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်တွင်တန်ချိန်(၃၂၆၀ဝဝ) တိုးမြှင့်တင်ပို့ နိုင်ရန် လျာထားကြောင်း သိရသည်။
ရော်ဘာတင်ပို့သည့်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံသို့ (၇၅)ရာခိုင်နှုန်းတင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားနှင့် ဂျပန် စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

Zawgyi Version;
ေရာ္ဘာတန္ခ်ိန္(၃) သိန္းေက်ာ္တင္ပို႔ရန္ လ်ာထားေသာ္လည္း ေရာဂါပိုးတစ္မ်ိဳးေၾကာင့္ အထြက္ႏႈန္း သိသာစြာ ေလ်ာ့နည္းႏိုင္
ယြန္း (NP News) - ဇန္နဝါရီ ၁၆

ယခုဘ႑ာႏွစ္တြင္ ေရာ္ဘာတန္ခ်ိန္(၃)သိန္းေက်ာ္ တင္ပို႔ရန္လ်ာထားေသာ္လည္း ေရာ္ဘာပင္မ်ားတြင္ ျဖစ္ေပၚ ေနသည့္ ေရာဂါပိုးတစ္မ်ိဳးေၾကာင့္ အထြက္ႏႈန္းသိသာစြာ‌ေလ်ာ့နည္းႏိုင္ေၾကာင္း ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳး ထုတ္လုပ္သူမ်ားအသင္း(MRPPA) ထံမွ သိရသည္။
အ႐ြယ္မတိုင္ခင္ အ႐ြက္ေႂကြေစေသာ အဆိုပါ Pestalotiopsis ေရာဂါပိုးမွာ အင္ဒိုနီးရွားႏိုင္ငံမွတဆင့္ ျမန္မာႏိုင္ငံသို႔ ကူးစက္လာျခင္းျဖစ္ၿပီး လက္ရွိတြင္ မြန္ျပည္နယ္၌ ေရာဂါပိုးက်ဆင္းမႈျမင့္မားေန ေၾကာင္း သိရသည္။
“အခုကေတာ့ မြန္ျပည္နယ္မွာေတာ္ေတာ္က်ေနတာေပါ့။ ေျမဩဇာေသခ်ာမေကြၽးခဲ့တဲ့အပင္ေတြ၊ ေကြၽးတာနည္းတဲ့အပင္ေတြမွာ ပိုက်ေနတာေပါ့။ အဲဒီေရာဂါက ေလထဲကေနပ်ံ႕တာေလ။ မ်ိဳးနဲ႔ မဆိုင္ဘူး။ အဲဒီေရာဂါက အင္ဒိုနီးရွားမွာ ျပင္းျပင္းထန္ထန္ျဖစ္ၿပီး ဒီဘက္ေတြကိုေရာက္လာတာပဲ။ အထြက္ႏႈန္းကို အမ်ားႀကီး က်ေစႏိုင္တယ္။ သိပ္ျပင္းထန္ရင္ အထြက္ႏႈန္းကို တစ္ဝက္ေလာက္အထိက်ေစႏိုင္တာေပါ့။ ျပဳစုပ်ိဳးေထာင္တဲ့ အပင္ေပၚမွာလည္း မူတည္ေသးတာေပါ့။ ေႏြရာသီကိုတစ္ခ်က္ေစာင့္ၾကည့္ရမွာ” ဟု MRPPA မွ ဥကၠ႒ ဦးေအာင္ျမင့္ထူးက NP News ကို ေျပာသည္။
အဆိုပါေရာဂါပိုးမွာ ျမန္မာႏိုင္ငံသို႔ လြန္ခဲ့သည့္ (၃)ႏွစ္ခန႔္ကပင္ တျဖည္းျဖည္းကူးစက္လာျခင္းျဖစ္ၿပီး ထိန္းခ်ဳပ္ ႏိုင္ျခင္းမရွိေသးသည့္အတြက္ ကူးစက္မႈျမင့္မားလာျခင္းျဖစ္ေၾကာင္း သိရသည္။
“လုံၿခဳံေရးအရ အေစးမလွီးရေသးတဲ့ေဒသေတြလည္း ရွိေသးတယ္ေလ။ အဲဒီေနရာေတြက်ေတာ့လည္း ေရာဂါသပ္သပ္ပဲမဟုတ္ဘူး။ ျမန္မာႏိုင္ငံကိုေတာ့ တျဖည္းျဖည္းနဲ႔ ကူးစက္လာတာ (၃)ႏွစ္‌ ေလာက္ရွိၿပီ။ ဒီႏွစ္မွာ သိသိသာသာကိုမ်ားလာတာ။ သူ႔ကိုက ထိန္းလို႔မရဘူး။ ေျမဩဇာ၊ ေျမဆီေတြကို မွန္မွန္ေကြၽးထားရင္ေတာ့ ဒီေရာဂါကိုခံႏိုင္တယ္” ဟု ဦးေအာင္ျမင့္ထူးက ဆက္လက္ေျပာသည္။
ေရာ္ဘာသည္ ျပည္တြင္း၌ မြန္ျပည္နယ္တြင္ အမ်ားဆုံးထြက္ရွိၿပီး ဒုတိယအေနျဖင့္ တနသၤာရီတိုင္း ေဒသႀကီးႏွင့္ တတိယအေနျဖင့္ ကရင္ျပည္နယ္တို႔မွ ထြက္ရွိသည့္အျပင္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ လည္း စိုက္ပ်ိဳးလ်က္ရွိေၾကာင္းသိရသည္။
လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေရာ္ဘာစိုက္ဧက (၁၆၄၀ဝဝဝ)ဧကရွိရာ ႏွစ္စဥ္ တန္ခ်ိန္ (၂)သိန္းေက်ာ္ထြက္ရွိၿပီး ယခု (၂၀၂၄- ၂၀၂၅) ဘ႑ာႏွစ္တြင္တန္ခ်ိန္(၃၂၆၀ဝဝ) တိုးျမႇင့္တင္ပို႔ ႏိုင္ရန္ လ်ာထားေၾကာင္း သိရသည္။
ေရာ္ဘာတင္ပို႔သည့္ႏိုင္ငံမ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံသို႔ (၇၅)ရာခိုင္ႏႈန္းတင္ပို႔ေနၿပီး စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ကိုရီးယားႏွင့္ ဂ်ပန္ စသည့္ႏိုင္ငံမ်ားသို႔လည္း တင္ပို႔လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းထံမွ သိရသည္။

Related news

© 2021. All rights reserved.