ဂရင်းလန်းနဲ့ ပနားမားတူးမြောင်းကို ဒေါ်နယ်ထရမ့် ဘာကြောင့် ထိန်းချုပ်ချင်တာလဲ
558
သန်းထိုက်စိုး (NP News) - ဇန်နဝါရီ ၂၁
သမ္မတအဖြစ်အရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ဂရင်းလန်းနှင့်ပနားမားတူးမြောင်းတို့ ကို ထိန်းချုပ်ရန်အတွက် စစ်အင်အားအသုံးမပြုဟု အာ မခံချက်မပေးနိုင်ကြောင်း ဖလော်ရီဒါရှိသူ၏ Mar-a-Lago နေအိမ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင်ပြောဆိုခဲ့ရာ ကမ္ဘာ့သတင်း မီဒီ ယာများတွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ သည်။
ထို့ပြင် ကနေဒါနိုင်ငံကိုလည်း အမေရိကန် နိုင်ငံ၏ (၅၁)ခုမြောက် ပြည်နယ်အဖြစ်ပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် မပူးပေါင်းပါက ကြီးမားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု သတိပေး ပြောဆိုခဲ့သည်။ ပထဝီအနေအထားအရ နီးနီးကပ်ကပ်ရှိနေသည့် ဂရင်းလန်းနှင့်ပနားမားတူး မြောင်း တို့သည် တက်လာမည့်အမေရိကန်သမ္မတအတွက် စိတ်ဝင်စားစရာ နေရာနှစ်ခု ဖြစ်နေခဲ့သည်။
ဂရင်းလန်းကို ဒေါ်နယ်ထရမ့် ဘာကြောင့် လိုချင်နေတာလဲ
ဂရင်းလန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းတစ်ကျွန်းဖြစ်ပြီး ဒိန်းမတ်နိုင်ငံအောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသရရှိသည့်နယ်မြေ တစ်ခုလည်း ဖြစ်သည်။ လူဦးရေအားဖြင့် (၅၇,ဝဝဝ) ကျော်ရှိပြီး နှစ်ပေါင်း (၆၀ဝ)ကျော်ကြာ ဒိန်းမတ်၏နယ်မြေအဖြစ် တည်ရှိလာခဲ့သည့် ဒေသလည်းဖြစ်သည်။
ဒိန်းမတ်နိုင်ငံသည် နေတိုးအဖွဲ့ကို တည်ထောင်ခဲ့သည့်ကနဦးနိုင်ငံများထဲတွင် တစ်နိုင်ငံဖြစ်ပြီး အမေရိကန်စစ်အခြေစိုက်စခန်းကြီးတစ်ခုရှိသည့် နိုင်ငံလည်းဖြစ်သည်။ အာတိတ်စက်ဝန်းသည် အမေရိ ကန်၊ ရုရှားနှင့် ဥရောပတို့၏ လမ်းဆုံးလမ်းခွတွင်ရှိနေ ပြီး ပထဝီနိုင်ငံရေးအရ အကျိုးအမြတ်များစွာ ပေးနိုင်သည့် ကျွန်းတစ်ကျွန်းလည်းဖြစ်ရာ အမေရိကန်နိုင်ငံက နှစ်ပေါင်း (၁၅၀)ကျော်ကြာ မျက်စိ ဒေါက်ထောက် ကြည့်နေသည့်ဒေသတစ်ခုလည်းဖြစ်သည်။
ယခုအခါ အာတိတ်ဒေသသည် သင်္ဘောသွားလာမှုများနှင့် ကုန်သွယ်မှုများအတွက် ပိုမိုလမ်းဖွင့် ပေးလာရာ တန်ဖိုးကြီးဒေသဖြစ်လာခဲ့သည်။ ဂရင်းလန်းကိုထိန်းချုပ်လိုသည့်ဒေါ်နယ်ထရမ့်၏ စိတ်ကူး မှာ အသစ်အဆန်းတစ်ခုမဟုတ်ဘဲ ၎င်း၏ပထမ သက်တမ်းကာလကပင်ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးရည်ရွယ်ချက်အတွက် ဂရင်းလန်း ဒေသလိုအပ်သည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။
ဒိန်းမတ်နိုင်ငံသည် ဂရင်းလန်းဒေသကို ဥပဒေကြောင်းအရ ပိုင်ဆိုင်ခွင့်ရှိလားမရှိဘူးလား ဆိုသည်ကို အဆိုပါဒေသရှိ ပြည်သူများအနေဖြင့် သိပင် မသိရှိကြကြောင်း၊ သို့သော် ပိုင်ဆိုင်ခွင့် ရှိ သည်ဆိုလျှင်ပင် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး လိုအပ်ချက်ကြောင့် အဆိုပါဒေသကို စွန့်လွှတ်သင့်ကြောင်း ပြောဆိုခဲ့သည်။
ဂရင်းလန်းဒေသနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်၏ မှတ်ချက်ထွက်ပေါ်ပြီးချိန်မှာပင် သားဖြစ်သူ ထရမ့် ဂျူနီယာသည် မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးရန်အတွက်ဟုဆိုကာ ဂရင်းလန်း ဒေသသို့ တိုက် တိုက်ဆိုင်ဆိုင် သွားရောက်ခဲ့သည်။ ဂရင်းလန်း ဒေသသည် ဆက်သွယ်ရေးလုပ်ငန်းအတွက် လိုအပ်နေ သည့် တန်ဖိုးကြီးမြေရှားသတ္ထုများ၊ ယူရေနီယံများ၊ မတူးဖော်ရသေးသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပေါကြွယ်ဝသည့်ကျွန်းတစ်ကျွန်းလည်းဖြစ်သည်။ လက်ရှိတွင် သတ္တုအများစုကို တရုတ်နိုင်ငံက ထုတ် လုပ်နေပြီး အမေရိကန်ကဲ့သို့သော အခြားနိုင်ငံကြီးများကလည်း ၎င်းတို့အနီးအနားတွင်ရှိနေသည့် သဘာဝ အရင်းအမြစ်များကို တူးဖော်သုံးစွဲရန် စိတ်ဝင်စားနေကြခြင်းဖြစ်သည်။ ဂရင်းလန်းဒေသတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ဓာတ်သတ္တုများအပြင် ရေခဲ အများအပြားလည်းရှိသည်။ သို့ဖြစ်ရာ ကမ္ဘာ့ ရာသီဥတု အကျပ်အတည်းကို ဖန်တီးနိုင်သည့်အဆုံးအဖြတ် ဒေသတစ်ခုလည်း ဖြစ်နေပြန်သည်။
အဆိုပါဒေသရှိ ရေခဲများသာအရည်ပျော်ခဲ့ပါက ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းများ အပြောင်းအလဲ ဖြစ်သွားမည်ဖြစ်သကဲ့သို့ ရာသီဥတုပုံသဏ္ဌာန်မှာလည်း သိသိသာသာ ပြောင်းလဲ သွားမည်ဖြစ်သည်။ ထို့ပြင်ဂရင်းလန်းဒေသရှိ ရေခဲများအရည်ပျော်သွားပါက ကမ္ဘာ့ပင်လယ်များ၏ ရေမျက်နှာပြင်မှာ (၂၄ )ပေအထိ မြင့်တက်လာမည်ဖြစ်သည်။
ဗြိတိန်နိုင်ငံအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ
ဂရင်းလန်းနှင့် ဗြိတိန်ကြား ပင်လယ်တွင် ရေခဲပြင်များရှိရာ နေတိုးအဖွဲ့အတွက် အလွန် အရေး ကြီးသည်ဟု ဗြိတိန်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ လုံခြုံရေးပညာရှင်တစ်ဦးလည်းဖြစ်သူ Mike Martin က ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။ ဗြိတိန်နိုင်ငံသည် စစ်အေးခေတ်ကာလ အတွင်းက အဆိုပါဒေသတွင် စစ်သင်္ဘောအစင်း (၅၀) နေရာချ ထားခဲ့ဖူးကြောင်း၊ ရုရှား မြောက်ပိုင်း စစ်ရေယာဉ် အုပ်စုသည်လည်း အတ္တလန္တိတ်သမုဒ္ဒရာသို့ ခုတ်မောင်းရာတွင် မဖြစ်မနေဖြတ်သန်းရမည့် တစ်ခုတည်း သောလမ်းကြောင်းတစ်ခုဖြစ်သည်။
ဗြိတိန်နှင့်ဒိန်းမတ်နှစ်နိုင်ငံလုံးသည် တူညီသည့် ဘုံအကျိုးစီးပွားအတွက် အဆိုပါဒေသကို ဆက်လက် အသုံးပြုရန် လိုအပ်သည်။ ဗြိတိန်နိုင်ငံ၏ အာတိတ် ဒေသ မူဝါဒမူဘောင်အစိတ်အပိုင်းတစ်ခု အရ ဒိန်းမတ်နိုင်ငံနှင့်ပူးပေါင်းပြီး စစ်ဘက်ဆိုင်ရာစွမ်းရည် ဆက်လက်တိုးတက်အောင် လုပ်ဆောင်သွား မည်ဟု ဗြိတိန်အစိုးရ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ အကယ်၍ အမေရိကန်နိုင်ငံကသာ ဂရင်းလန်းဒေသကို ထိန်းချုပ်ခဲ့ပါက ဗြိတိန်နှင့်ဒိန်းမတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှုရှိလာမည် ဖြစ်သည်။
အမေရိကန်နိုင်ငံအနေဖြင့် ဂရင်းလန်းဒေသကို ထိန်းချုပ်ရန် စစ်အင်အား သို့မဟုတ် စီးပွားရေး အင်အားကို အသုံးပြုမည်ဟု မယုံကြည်ကြောင်း၊ ဂရင်းလန်းဒေသသည် ရောင်းကုန်မဟုတ်ကြောင်း၊ ကိုယ်ပိုင်စည်းမျဉ်းများအတိုင်း တည်တည်ငြိမ်ငြိမ် စောင့်စည်းထိန်းသိမ်းသွားရန်လိုအပ်သည်ဟု ဒိန်း မတ် ဝန်ကြီးချုပ် Mette Frederiksen က ဒိန်းမတ် ရုပ်သံ TV2 နှင့် တွေ့ဆုံမေးမြန်း ခန်းတစ်ခုတွင် ဖြေ ကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ဒိန်းမတ်နိုင်ငံ၏ အရေးကြီးဆုံးနှင့် အနီးစပ်ဆုံး မဟာမိတ်နိုင်ငံတစ် နိုင်ငံဖြစ်ရာ အာတိတ်ဒေသတွင် အမေရိကန်၏ အကျိုးစီးပွားရယူလိုမှုကို ကြိုဆိုသော်လည်း ဂရင်းလန်း ပြည်သူများ လိုလိုလားလားရှိသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည်ဟုလည်း ဝန်ကြီးချုပ် Mette Frederiksen က ပြောဆိုခဲ့သည်။
အတိတ်ကာလတစ်ချိန်က ဂရင်းလန်းဒေသကို ဒိန်းမတ်နိုင်ငံမှခွဲထွက်ပြီး လွတ်လပ်ရေးရယူရန် Greenland ဝန်ကြီးချုပ် Mute Egede က တောင်းဆိုခဲ့ဖူးသော်လည်း ဂရင်းလန်းဒေသကို အမေရိကန် ပိုင် ကျွန်းတစ်ကျွန်း ဖြစ်ရန်ကိုမူ မလိုလားကြောင်း လည်း ဝန်ကြီးချုပ် Mette Frederiksen က ထုတ် ဖော်ထားသည်။ ပြည်သူအချို့က နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက ဝယ်ယူနိုင်သည်ဆိုသည့် အဓိပ္ပာယ်သက်ရောက်သည့် ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်အပေါ် ဂရင်းလန်းဒေသကို မလေးမစား ပြုမူ ပြောဆိုချက်အဖြစ် ခံစားကြရသည်ဟု ထင်မြင်ကြောင်းလည်း Mette Frederiksen က ထည့်သွင်း ပြောဆိုသွားခဲ့သည်။
ဥရောပသမဂ္ဂအနေဖြင့် မည်သည့်နိုင်ငံပင်ဖြစ်စေ အခြားသော အချုပ်အခြာပိုင်နိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်ခွင့်မပြုကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean-Noel Barrot ကလည်း ပြောဆိုခဲ့သည်။ အလားတူ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကလည်း မည်မျှပင် အင်အားကြီးသည့်နိုင်ငံဖြစ်စေ အခြား နိုင်ငံ၏နယ်နိမိတ်ကို ချိုးဖောက်၍မရကြောင်း၊ နယ်နိ မိတ်များကို အင်အားသုံး၍ ရွှေ့ပြောင်းခွင့်မရှိ ကြောင်း အမည်တပ်၍ ပြောဆိုခြင်းမရှိသော်လည်း ဒေါ်နယ် ထရမ့်၏ မှတ်ချက်အပေါ် တုံ့ ပြန် ပြောဆိုခဲ့သည်။
ပနားမားတူးမြောင်းကို ဒေါ်နယ်ထရမ့် ဘာကြောင့် လိုချင်တာလဲ
ပနားမားတူးမြောင်းသည် ပစိဖိတ်သမုဒ္ဒရာနှင့် ကာရေဗီယံပင်လယ်တို့ကိုဆက်သွယ်ပေးသည့် ရေ လမ်းကြောင်းတစ်ခုဖြစ်သည်။ ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်သက်သာ သကဲ့သို့ အချိန်ကုန်သက်သာသည့် ဖြတ်လမ်းတစ်ခုအနေ ဖြင့် အသုံးပြုနေကြသည့် လမ်းကြောင်း တစ်ခုဖြစ်ကြောင်း ပနားမားသံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ သမ္မတ ဂျင်မီကာတာ အစိုးရ လက်ထက်တွင် ပနားမားတူးမြောင်းကို ထိန်းချုပ်ထားခြင်းကို (၁၉၇၉) ခုနှစ်တွင် ပနားမား အစိုးရထံ လွှဲပြောင်းပေးခဲ့ရာ (၁၉၉၉) ခုနှစ်တွင်စတင်ခဲ့သည့်မဟာဗျူဟာမြောက် ရေလမ်းကြောင်းထိန်းချုပ်ရေး ပူးတွဲမိတ်ဖက်ထားရှိမှု အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ပနားမား တူးမြောင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့တစ်ဖွဲ့က အုပ်ချုပ်နေခြင်းဖြစ်သည်။ ပနားမားတူးမြောင်းကို ဖြတ်သန်းရာတွင် အမေရိကန်သင်္ဘောများကို အခြားနိုင်ငံ သင်္ဘောများထက် အခွန်နှုန်းထားများ ပိုမိုကောက်ခံနေခြင်းမှာ မျှတမှုမရှိကြောင်း သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်က လူသိရှင်ကြား ထုတ် ဖော်ပြောဆိုလာသည်။ ပနားမားတူးမြောင်း အာဏာပိုင်အဖွဲ့သည် အမေရိ ကန်နိုင်ငံနှင့် သဘောတူညီ ချက်ကို ချိုးဖောက်နေပြီး တရုတ်နိုင်ငံကလည်း ယင်းအပေါ် အခြေခံအားဖြင့် အမြတ်ထုတ်နေသည်ဟု လည်း ဒေါနယ်ထရမ့်က ဝေဖန်သည်။ ပနားမားတူး မြောင်းကို ပနားမားနိုင်ငံ ကိုသာ ပေးခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို ပေးခဲ့ခြင်းမဟုတ်ကြောင်း၊ ပနားမား တူးမြောင်းအာဏာပိုင်အဖွဲ့ သည် အမေရိကန်တို့ ပေးထားသည့်လက်ဆောင်ကို အလွဲသုံးစားပြုလုပ်နေ ကြောင်းလည်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုထား သည်။
တူးမြောင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးမှုရှိသည်မှာ မှန်ကန်သော်လည်း ပနား မားတူးမြောင်း အခွင့်အာဏာနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံက ပြန်လည်ရယူမည်ဆိုသည့်အယူအဆ ကိုမူ လက်မခံကြောင်း ပနားမားသမ္မတ Jose Raul Mulino ကရုပ်သံကြေညာချက်တစ်ခု ထုတ်ပြန် အသိပေးခဲ့သည်။ တူးမြောင်း၏ စတုရန်းမီတာတိုင်းကို ပနားမားနိုင်ငံကပိုင်ဆိုင်ပြီး ယခုပုံစံအတိုင်း ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေါ်နယ်ထရမ့် မည်သို့တတ်နိုင်ပါမည်နည်းဟု ရုပ်သံ ကြေညာ ချက်တွင် ပြောဆိုသွားခဲ့သည်။
လစ်ဘရယ်ကမ္ဘာ့အထိုင်နှင့် လက်ရှိနိုင်ငံတကာအထိုင် ပျက်စီးသွားနိုင်လား
သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် အမေရိကန်အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားအတွက် အမေရိကန်ရွှေခတ် တစ်ကျော့ပြန်လာအောင် လုပ်ဆောင်မည်ဟု သတင်းစာရှင်း လင်းပွဲတစ်လျှောက်လုံး ထပ်ဖန်တလဲလဲပြောဆို ကတိပေးထားသော်လည်း ဂရင်းလန်းဒေသနှင့် ပနား မားတူးမြောင်းတွင် အမေရိကန်တို့၏ခြေရာများ ထပ် ကျန်ရစ်စေရန် မည်သို့လုပ်ဆောင်မည်ဆိုသည့် အစီအမံကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။ ရွေးချယ် စရာတစ်ခုမှာ ပစိဖိတ်ကျွန်းနိုင်ငံများဖြစ်သည့် မိုက်ခရိုနီးရှား၊ ပါလာအူတို့၏ အဆင့်အတန်းမျိုး အမေရိ ကန်နှင့် လွတ်လပ်သောအဖွဲ့အစည်းများ သဘောတူညီချက်တစ်ရပ် ရယူရန်ဖြစ်နိုင်သည်။ ဒေါ်နယ် ထရမ့်၏ ပြောဆိုချက်များသည် မီဒီယာတို့၏ အာရုံစိုက်မှုကို ယူနေခြင်းလား၊ ခြိမ်းခြောက်ရုံသက်သက်လား သို့မဟုတ် လက်တွေ့လုပ်ဆောင်မည် လားဆိုသည်ကိုမူ ကွဲကွဲပြားပြား မသိနိုင်သေးဘဲ သို့လောသို့ လောရှိ နေကြဆဲဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့်၏ ခြိမ်း ခြောက်မှုများ လက်တွေ့ဖြစ်လာခဲ့မည်ဆိုပါက အမေရိကန်နှင့်အီးယူနိုင်ငံများ ကြား ဆက်ဆံရေးမှာ အခြေခံကျကျ ပျက်စီးသွားမည်ဖြစ်သကဲ့သို့ နေတိုးအဖွဲ့ နှင့် လစ်ဘရယ်ကမ္ဘာ့ အထိုင်အပါအဝင် လက်ရှိ နိုင်ငံတကာ အထိုင်လည်း ပြိုလဲပျက်စီးသွားမည်ဖြစ် သည်ဟု အီးယူ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Europa think-tank မှ သုတေသနအကြီးအကဲ တစ်ဦးဖြစ်သူ Christine Nissen က သုံးသပ်ထား ပါကြောင်း တင်ပြရသည်။
zawgyi version
ဂရင္းလန္းနဲ႔ ပနားမားတူးေျမာင္းကို ေဒၚနယ္ထရမ့္ ဘာေၾကာင့္ ထိန္းခ်ဳပ္ခ်င္တာလဲ
သန္းထိုက္စိုး (NP News) - ဇန္နဝါရီ ၂၁
သမၼတအျဖစ္အေ႐ြးခ်ယ္ခံထားရသည့္ ေဒၚနယ္ထရမ့္သည္ ဂရင္းလန္းႏွင့္ပနားမားတူးေျမာင္းတို႔ ကို ထိန္းခ်ဳပ္ရန္အတြက္ စစ္အင္အားအသုံးမျပဳဟု အာ မခံခ်က္မေပးႏိုင္ေၾကာင္း ဖေလာ္ရီဒါရွိသူ၏ Mar-a-Lago ေနအိမ္တြင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတစ္ရပ္တြင္ေျပာဆိုခဲ့ရာ ကမာၻ႔သတင္း မီဒီ ယာမ်ားတြင္ အုတ္ေအာ္ေသာင္းတင္း ျဖစ္သြားခဲ့ သည္။
ထို႔ျပင္ ကေနဒါႏိုင္ငံကိုလည္း အေမရိကန္ ႏိုင္ငံ၏ (၅၁)ခုေျမာက္ ျပည္နယ္အျဖစ္ေျပာဆိုခဲ့ၿပီး အေမရိကန္ျပည္ေထာင္စုႏွင့္ မပူးေပါင္းပါက ႀကီးမားသည့္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ခ်မွတ္သြားမည္ဟု သတိေပး ေျပာဆိုခဲ့သည္။ ပထဝီအေနအထားအရ နီးနီးကပ္ကပ္ရွိေနသည့္ ဂရင္းလန္းႏွင့္ပနားမားတူး ေျမာင္း တို႔သည္ တက္လာမည့္အေမရိကန္သမၼတအတြက္ စိတ္ဝင္စားစရာ ေနရာႏွစ္ခု ျဖစ္ေနခဲ့သည္။
ဂရင္းလန္းကို ေဒၚနယ္ထရမ့္ ဘာေၾကာင့္ လိုခ်င္ေနတာလဲ
ဂရင္းလန္းသည္ ကမာၻေပၚတြင္ အႀကီးမားဆုံးကြၽန္းတစ္ကြၽန္းျဖစ္ၿပီး ဒိန္းမတ္ႏိုင္ငံေအာက္ရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ တစ္စိတ္တစ္ေဒသရရွိသည့္နယ္ေျမ တစ္ခုလည္း ျဖစ္သည္။ လူဦးေရအားျဖင့္ (၅၇,ဝဝဝ) ေက်ာ္ရွိၿပီး ႏွစ္ေပါင္း (၆၀ဝ)ေက်ာ္ၾကာ ဒိန္းမတ္၏နယ္ေျမအျဖစ္ တည္ရွိလာခဲ့သည့္ ေဒသလည္းျဖစ္သည္။
ဒိန္းမတ္ႏိုင္ငံသည္ ေနတိုးအဖြဲ႕ကို တည္ေထာင္ခဲ့သည့္ကနဦးႏိုင္ငံမ်ားထဲတြင္ တစ္ႏိုင္ငံျဖစ္ၿပီး အေမရိကန္စစ္အေျခစိုက္စခန္းႀကီးတစ္ခုရွိသည့္ ႏိုင္ငံလည္းျဖစ္သည္။ အာတိတ္စက္ဝန္းသည္ အေမရိ ကန္၊ ႐ုရွားႏွင့္ ဥေရာပတို႔၏ လမ္းဆုံးလမ္းခြတြင္ရွိေန ၿပီး ပထဝီႏိုင္ငံေရးအရ အက်ိဳးအျမတ္မ်ားစြာ ေပးႏိုင္သည့္ ကြၽန္းတစ္ကြၽန္းလည္းျဖစ္ရာ အေမရိကန္ႏိုင္ငံက ႏွစ္ေပါင္း (၁၅၀)ေက်ာ္ၾကာ မ်က္စိ ေဒါက္ေထာက္ ၾကည့္ေနသည့္ေဒသတစ္ခုလည္းျဖစ္သည္။
ယခုအခါ အာတိတ္ေဒသသည္ သေဘၤာသြားလာမႈမ်ားႏွင့္ ကုန္သြယ္မႈမ်ားအတြက္ ပိုမိုလမ္းဖြင့္ ေပးလာရာ တန္ဖိုးႀကီးေဒသျဖစ္လာခဲ့သည္။ ဂရင္းလန္းကိုထိန္းခ်ဳပ္လိုသည့္ေဒၚနယ္ထရမ့္၏ စိတ္ကူး မွာ အသစ္အဆန္းတစ္ခုမဟုတ္ဘဲ ၎၏ပထမ သက္တမ္းကာလကပင္ရွိခဲ့သည္။ အေမရိကန္ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးရည္႐ြယ္ခ်က္အတြက္ ဂရင္းလန္း ေဒသလိုအပ္သည္ဟု ထုတ္ေဖာ္ေျပာဆိုထားၿပီး ျဖစ္သည္။
ဒိန္းမတ္ႏိုင္ငံသည္ ဂရင္းလန္းေဒသကို ဥပေဒေၾကာင္းအရ ပိုင္ဆိုင္ခြင့္ရွိလားမရွိဘူးလား ဆိုသည္ကို အဆိုပါေဒသရွိ ျပည္သူမ်ားအေနျဖင့္ သိပင္ မသိရွိၾကေၾကာင္း၊ သို႔ေသာ္ ပိုင္ဆိုင္ခြင့္ ရွိ သည္ဆိုလွ်င္ပင္ အေမရိကန္ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရး လိုအပ္ခ်က္ေၾကာင့္ အဆိုပါေဒသကို စြန႔္လႊတ္သင့္ေၾကာင္း ေျပာဆိုခဲ့သည္။
ဂရင္းလန္းေဒသႏွင့္ပတ္သက္၍ ေဒၚနယ္ထရမ့္၏ မွတ္ခ်က္ထြက္ေပၚၿပီးခ်ိန္မွာပင္ သားျဖစ္သူ ထရမ့္ ဂ်ဴနီယာသည္ မွတ္တမ္း႐ုပ္ရွင္တစ္ခု႐ိုက္ကူးရန္အတြက္ဟုဆိုကာ ဂရင္းလန္း ေဒသသို႔ တိုက္ တိုက္ဆိုင္ဆိုင္ သြားေရာက္ခဲ့သည္။ ဂရင္းလန္း ေဒသသည္ ဆက္သြယ္ေရးလုပ္ငန္းအတြက္ လိုအပ္ေန သည့္ တန္ဖိုးႀကီးေျမရွားသတၳဳမ်ား၊ ယူေရနီယံမ်ား၊ မတူးေဖာ္ရေသးသည့္ ေရနံႏွင့္သဘာဝဓာတ္ေငြ႕မ်ား ေပါႂကြယ္ဝသည့္ကြၽန္းတစ္ကြၽန္းလည္းျဖစ္သည္။ လက္ရွိတြင္ သတၱဳအမ်ားစုကို တ႐ုတ္ႏိုင္ငံက ထုတ္ လုပ္ေနၿပီး အေမရိကန္ကဲ့သို႔ေသာ အျခားႏိုင္ငံႀကီးမ်ားကလည္း ၎တို႔အနီးအနားတြင္ရွိေနသည့္ သဘာဝ အရင္းအျမစ္မ်ားကို တူးေဖာ္သုံးစြဲရန္ စိတ္ဝင္စားေနၾကျခင္းျဖစ္သည္။ ဂရင္းလန္းေဒသတြင္ ေရနံ၊ သဘာဝဓာတ္ေငြ႕ႏွင့္ဓာတ္သတၱဳမ်ားအျပင္ ေရခဲ အမ်ားအျပားလည္းရွိသည္။ သို႔ျဖစ္ရာ ကမာၻ႔ ရာသီဥတု အက်ပ္အတည္းကို ဖန္တီးႏိုင္သည့္အဆုံးအျဖတ္ ေဒသတစ္ခုလည္း ျဖစ္ေနျပန္သည္။
အဆိုပါေဒသရွိ ေရခဲမ်ားသာအရည္ေပ်ာ္ခဲ့ပါက ကမာၻတစ္ဝန္းရွိ ကမ္း႐ိုးတန္းမ်ား အေျပာင္းအလဲ ျဖစ္သြားမည္ျဖစ္သကဲ့သို႔ ရာသီဥတုပုံသဏၭာန္မွာလည္း သိသိသာသာ ေျပာင္းလဲ သြားမည္ျဖစ္သည္။ ထို႔ျပင္ဂရင္းလန္းေဒသရွိ ေရခဲမ်ားအရည္ေပ်ာ္သြားပါက ကမာၻ႔ပင္လယ္မ်ား၏ ေရမ်က္ႏွာျပင္မွာ (၂၄ )ေပအထိ ျမင့္တက္လာမည္ျဖစ္သည္။
ၿဗိတိန္ႏိုင္ငံအေပၚ ဘယ္လိုအက်ိဳးသက္ေရာက္ႏိုင္လဲ
ဂရင္းလန္းႏွင့္ ၿဗိတိန္ၾကား ပင္လယ္တြင္ ေရခဲျပင္မ်ားရွိရာ ေနတိုးအဖြဲ႕အတြက္ အလြန္ အေရး ႀကီးသည္ဟု ၿဗိတိန္ႏိုင္ငံေရးသမားတစ္ဦးလည္းျဖစ္၊ လုံၿခဳံေရးပညာရွင္တစ္ဦးလည္းျဖစ္သူ Mike Martin က ၎၏ တြစ္တာ စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။ ၿဗိတိန္ႏိုင္ငံသည္ စစ္ေအးေခတ္ကာလ အတြင္းက အဆိုပါေဒသတြင္ စစ္သေဘၤာအစင္း (၅၀) ေနရာခ် ထားခဲ့ဖူးေၾကာင္း၊ ႐ုရွား ေျမာက္ပိုင္း စစ္ေရယာဥ္ အုပ္စုသည္လည္း အတၱလႏၲိတ္သမုဒၵရာသို႔ ခုတ္ေမာင္းရာတြင္ မျဖစ္မေနျဖတ္သန္းရမည့္ တစ္ခုတည္း ေသာလမ္းေၾကာင္းတစ္ခုျဖစ္သည္။
ၿဗိတိန္ႏွင့္ဒိန္းမတ္ႏွစ္ႏိုင္ငံလုံးသည္ တူညီသည့္ ဘုံအက်ိဳးစီးပြားအတြက္ အဆိုပါေဒသကို ဆက္လက္ အသုံးျပဳရန္ လိုအပ္သည္။ ၿဗိတိန္ႏိုင္ငံ၏ အာတိတ္ ေဒသ မူဝါဒမူေဘာင္အစိတ္အပိုင္းတစ္ခု အရ ဒိန္းမတ္ႏိုင္ငံႏွင့္ပူးေပါင္းၿပီး စစ္ဘက္ဆိုင္ရာစြမ္းရည္ ဆက္လက္တိုးတက္ေအာင္ လုပ္ေဆာင္သြား မည္ဟု ၿဗိတိန္အစိုးရ ဝက္ဘ္ဆိုက္တြင္ေဖာ္ျပထားသည္။ အကယ္၍ အေမရိကန္ႏိုင္ငံကသာ ဂရင္းလန္းေဒသကို ထိန္းခ်ဳပ္ခဲ့ပါက ၿဗိတိန္ႏွင့္ဒိန္းမတ္ႏိုင္ငံတို႔၏ ပူးေပါင္းေဆာင္႐ြက္မႈအေပၚ သက္ေရာက္မႈရွိလာမည္ ျဖစ္သည္။
အေမရိကန္ႏိုင္ငံအေနျဖင့္ ဂရင္းလန္းေဒသကို ထိန္းခ်ဳပ္ရန္ စစ္အင္အား သို႔မဟုတ္ စီးပြားေရး အင္အားကို အသုံးျပဳမည္ဟု မယုံၾကည္ေၾကာင္း၊ ဂရင္းလန္းေဒသသည္ ေရာင္းကုန္မဟုတ္ေၾကာင္း၊ ကိုယ္ပိုင္စည္းမ်ဥ္းမ်ားအတိုင္း တည္တည္ၿငိမ္ၿငိမ္ ေစာင့္စည္းထိန္းသိမ္းသြားရန္လိုအပ္သည္ဟု ဒိန္း မတ္ ဝန္ႀကီးခ်ဳပ္ Mette Frederiksen က ဒိန္းမတ္ ႐ုပ္သံ TV2 ႏွင့္ ေတြ႕ဆုံေမးျမန္း ခန္းတစ္ခုတြင္ ေျဖ ၾကားခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ ဒိန္းမတ္ႏိုင္ငံ၏ အေရးႀကီးဆုံးႏွင့္ အနီးစပ္ဆုံး မဟာမိတ္ႏိုင္ငံတစ္ ႏိုင္ငံျဖစ္ရာ အာတိတ္ေဒသတြင္ အေမရိကန္၏ အက်ိဳးစီးပြားရယူလိုမႈကို ႀကိဳဆိုေသာ္လည္း ဂရင္းလန္း ျပည္သူမ်ား လိုလိုလားလားရွိသည့္ နည္းလမ္းျဖင့္သာ ေဆာင္႐ြက္ရမည္ဟုလည္း ဝန္ႀကီးခ်ဳပ္ Mette Frederiksen က ေျပာဆိုခဲ့သည္။
အတိတ္ကာလတစ္ခ်ိန္က ဂရင္းလန္းေဒသကို ဒိန္းမတ္ႏိုင္ငံမွခြဲထြက္ၿပီး လြတ္လပ္ေရးရယူရန္ Greenland ဝန္ႀကီးခ်ဳပ္ Mute Egede က ေတာင္းဆိုခဲ့ဖူးေသာ္လည္း ဂရင္းလန္းေဒသကို အေမရိကန္ ပိုင္ ကြၽန္းတစ္ကြၽန္း ျဖစ္ရန္ကိုမူ မလိုလားေၾကာင္း လည္း ဝန္ႀကီးခ်ဳပ္ Mette Frederiksen က ထုတ္ ေဖာ္ထားသည္။ ျပည္သူအခ်ိဳ႕က ႏိုင္ငံတစ္ႏိုင္ငံကို အျခားႏိုင္ငံတစ္ႏိုင္ငံက ဝယ္ယူႏိုင္သည္ဆိုသည့္ အဓိပၸာယ္သက္ေရာက္သည့္ ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္အေပၚ ဂရင္းလန္းေဒသကို မေလးမစား ျပဳမူ ေျပာဆိုခ်က္အျဖစ္ ခံစားၾကရသည္ဟု ထင္ျမင္ေၾကာင္းလည္း Mette Frederiksen က ထည့္သြင္း ေျပာဆိုသြားခဲ့သည္။
ဥေရာပသမဂၢအေနျဖင့္ မည္သည့္ႏိုင္ငံပင္ျဖစ္ေစ အျခားေသာ အခ်ဳပ္အျခာပိုင္ႏိုင္ငံ တစ္ႏိုင္ငံကို တိုက္ခိုက္ခြင့္မျပဳေၾကာင္း ျပင္သစ္ႏိုင္ငံျခားေရး ဝန္ႀကီး Jean-Noel Barrot ကလည္း ေျပာဆိုခဲ့သည္။ အလားတူ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz ကလည္း မည္မွ်ပင္ အင္အားႀကီးသည့္ႏိုင္ငံျဖစ္ေစ အျခား ႏိုင္ငံ၏နယ္နိမိတ္ကို ခ်ိဳးေဖာက္၍မရေၾကာင္း၊ နယ္နိ မိတ္မ်ားကို အင္အားသုံး၍ ေ႐ႊ႕ေျပာင္းခြင့္မရွိ ေၾကာင္း အမည္တပ္၍ ေျပာဆိုျခင္းမရွိေသာ္လည္း ေဒၚနယ္ ထရမ့္၏ မွတ္ခ်က္အေပၚ တုံ႔ ျပန္ ေျပာဆိုခဲ့သည္။
ပနားမားတူးေျမာင္းကို ေဒၚနယ္ထရမ့္ ဘာေၾကာင့္ လိုခ်င္တာလဲ
ပနားမားတူးေျမာင္းသည္ ပစိဖိတ္သမုဒၵရာႏွင့္ ကာေရဗီယံပင္လယ္တို႔ကိုဆက္သြယ္ေပးသည့္ ေရ လမ္းေၾကာင္းတစ္ခုျဖစ္သည္။ ကုန္စည္မ်ား သယ္ယူပို႔ေဆာင္ေရးအတြက္ ကုန္က်စရိတ္သက္သာ သကဲ့သို႔ အခ်ိန္ကုန္သက္သာသည့္ ျဖတ္လမ္းတစ္ခုအေန ျဖင့္ အသုံးျပဳေနၾကသည့္ လမ္းေၾကာင္း တစ္ခုျဖစ္ေၾကာင္း ပနားမားသံ႐ုံးဝက္ဘ္ဆိုက္တြင္ ေဖာ္ျပထား သည္။ သမၼတ ဂ်င္မီကာတာ အစိုးရ လက္ထက္တြင္ ပနားမားတူးေျမာင္းကို ထိန္းခ်ဳပ္ထားျခင္းကို (၁၉၇၉) ခုႏွစ္တြင္ ပနားမား အစိုးရထံ လႊဲေျပာင္းေပးခဲ့ရာ (၁၉၉၉) ခုႏွစ္တြင္စတင္ခဲ့သည့္မဟာဗ်ဴဟာေျမာက္ ေရလမ္းေၾကာင္းထိန္းခ်ဳပ္ေရး ပူးတြဲမိတ္ဖက္ထားရွိမႈ အဆုံးသတ္ခဲ့ျခင္းျဖစ္သည္။
ယခုအခါ ပနားမား တူးေျမာင္းကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အစိုးရအဖြဲ႕အစည္းတစ္ခုျဖစ္သည့္ ပနားမားတူးေျမာင္း အာဏာပိုင္အဖြဲ႕တစ္ဖြဲ႕က အုပ္ခ်ဳပ္ေနျခင္းျဖစ္သည္။ ပနားမားတူးေျမာင္းကို ျဖတ္သန္းရာတြင္ အေမရိကန္သေဘၤာမ်ားကို အျခားႏိုင္ငံ သေဘၤာမ်ားထက္ အခြန္ႏႈန္းထားမ်ား ပိုမိုေကာက္ခံေနျခင္းမွာ မွ်တမႈမရွိေၾကာင္း သမၼတအျဖစ္ ေ႐ြးခ်ယ္ခံထားရသည့္ ေဒၚနယ္ထရမ့္က လူသိရွင္ၾကား ထုတ္ ေဖာ္ေျပာဆိုလာသည္။ ပနားမားတူးေျမာင္း အာဏာပိုင္အဖြဲ႕သည္ အေမရိ ကန္ႏိုင္ငံႏွင့္ သေဘာတူညီ ခ်က္ကို ခ်ိဳးေဖာက္ေနၿပီး တ႐ုတ္ႏိုင္ငံကလည္း ယင္းအေပၚ အေျခခံအားျဖင့္ အျမတ္ထုတ္ေနသည္ဟု လည္း ေဒါနယ္ထရမ့္က ေဝဖန္သည္။ ပနားမားတူး ေျမာင္းကို ပနားမားႏိုင္ငံ ကိုသာ ေပးခဲ့ျခင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံကို ေပးခဲ့ျခင္းမဟုတ္ေၾကာင္း၊ ပနားမား တူးေျမာင္းအာဏာပိုင္အဖြဲ႕ သည္ အေမရိကန္တို႔ ေပးထားသည့္လက္ေဆာင္ကို အလြဲသုံးစားျပဳလုပ္ေန ေၾကာင္းလည္း ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုထား သည္။
တူးေျမာင္းႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံက ဩဇာလႊမ္းမိုးမႈရွိသည္မွာ မွန္ကန္ေသာ္လည္း ပနား မားတူးေျမာင္း အခြင့္အာဏာႏွင့္ပတ္သက္၍ အေမရိကန္ႏိုင္ငံက ျပန္လည္ရယူမည္ဆိုသည့္အယူအဆ ကိုမူ လက္မခံေၾကာင္း ပနားမားသမၼတ Jose Raul Mulino က႐ုပ္သံေၾကညာခ်က္တစ္ခု ထုတ္ျပန္ အသိေပးခဲ့သည္။ တူးေျမာင္း၏ စတုရန္းမီတာတိုင္းကို ပနားမားႏိုင္ငံကပိုင္ဆိုင္ၿပီး ယခုပုံစံအတိုင္း ဆက္ လက္ေဆာင္႐ြက္သြားမည္ျဖစ္ရာ ေဒၚနယ္ထရမ့္ မည္သို႔တတ္ႏိုင္ပါမည္နည္းဟု ႐ုပ္သံ ေၾကညာ ခ်က္တြင္ ေျပာဆိုသြားခဲ့သည္။
လစ္ဘရယ္ကမာၻ႔အထိုင္ႏွင့္ လက္ရွိႏိုင္ငံတကာအထိုင္ ပ်က္စီးသြားႏိုင္လား
သမၼတအျဖစ္ ေ႐ြးခ်ယ္ခံထားရသည့္ ေဒၚနယ္ထရမ့္သည္ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးႏွင့္ အက်ိဳးစီးပြားအတြက္ အေမရိကန္ေ႐ႊခတ္ တစ္ေက်ာ့ျပန္လာေအာင္ လုပ္ေဆာင္မည္ဟု သတင္းစာရွင္း လင္းပြဲတစ္ေလွ်ာက္လုံး ထပ္ဖန္တလဲလဲေျပာဆို ကတိေပးထားေသာ္လည္း ဂရင္းလန္းေဒသႏွင့္ ပနား မားတူးေျမာင္းတြင္ အေမရိကန္တို႔၏ေျခရာမ်ား ထပ္ က်န္ရစ္ေစရန္ မည္သို႔လုပ္ေဆာင္မည္ဆိုသည့္ အစီအမံကိုမူ ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးပါ။ ေ႐ြးခ်ယ္ စရာတစ္ခုမွာ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားျဖစ္သည့္ မိုက္ခ႐ိုနီးရွား၊ ပါလာအူတို႔၏ အဆင့္အတန္းမ်ိဳး အေမရိ ကန္ႏွင့္ လြတ္လပ္ေသာအဖြဲ႕အစည္းမ်ား သေဘာတူညီခ်က္တစ္ရပ္ ရယူရန္ျဖစ္ႏိုင္သည္။ ေဒၚနယ္ ထရမ့္၏ ေျပာဆိုခ်က္မ်ားသည္ မီဒီယာတို႔၏ အာ႐ုံစိုက္မႈကို ယူေနျခင္းလား၊ ၿခိမ္းေျခာက္႐ုံသက္သက္လား သို႔မဟုတ္ လက္ေတြ႕လုပ္ေဆာင္မည္ လားဆိုသည္ကိုမူ ကြဲကြဲျပားျပား မသိႏိုင္ေသးဘဲ သို႔ေလာသို႔ ေလာရွိ ေနၾကဆဲျဖစ္သည္။ သို႔ေသာ္ ေဒၚနယ္ထရမ့္၏ ၿခိမ္း ေျခာက္မႈမ်ား လက္ေတြ႕ျဖစ္လာခဲ့မည္ဆိုပါက အေမရိကန္ႏွင့္အီးယူႏိုင္ငံမ်ား ၾကား ဆက္ဆံေရးမွာ အေျခခံက်က် ပ်က္စီးသြားမည္ျဖစ္သကဲ့သို႔ ေနတိုးအဖြဲ႕ ႏွင့္ လစ္ဘရယ္ကမာၻ႔ အထိုင္အပါအဝင္ လက္ရွိ ႏိုင္ငံတကာ အထိုင္လည္း ၿပိဳလဲပ်က္စီးသြားမည္ျဖစ္ သည္ဟု အီးယူ သုေတသနအဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ Europa think-tank မွ သုေတသနအႀကီးအကဲ တစ္ဦးျဖစ္သူ Christine Nissen က သုံးသပ္ထား ပါေၾကာင္း တင္ျပရသည္။