ရန်ကုန်မြို့တွင်ကျင်းပသော ၂ဝ၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ နစကဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်

 5751

NP News - ဇန်နဝါရီ ၂၅

ရန်ကုန်မြို့တွင် မြွေနှစ်တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ယနေ့(ဇန်နဝါရီလ ၂၅ ရက်)၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုသားအားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပပြုလုပ်ခဲ့ပြီး နစကဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံ အမတ်ကြီး Ms. Ma Jia တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် တရုတ်နိုင်ငံမှ ရှောင်လင်ကိုယ်တော်များက နှစ်သစ်ကူး ဆုတောင်းစကားများပြောကြားကာ တရုတ် ရှောင်လင်သိုင်းအလှများပြသခြင်း အပါအဝင် ခြင်္သေ့အက နှင့် ပီခြူးအကများအပြင် တေးသီချင်း အကအလှများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။
နစကဥက္ကဋ္ဌနှင့်ဇနီး အပါအဝင် တရုတ်သံအမတ်ကြီးတို့က အကအဖွဲ့များအား တရုတ်ရိုးရာနှစ်သစ်အန်ပေါင်းများ ချီးမြှင့်ပေးအပ်ကာ တရုတ်နှစ်သစ်ကူးပွဲတော်အား ခမ်းနားစွာကျင်းပခဲ့ကြသည်။

Zawgyi Version;
ရန္ကုန္ၿမိဳ႕တြင္က်င္းပေသာ ၂ဝ၂၅ ခုႏွစ္ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္အခမ္းအနားသို႔ နစကဥကၠ႒ တက္ေရာက္ ဖြင့္လွစ္
NP News - ဇန္နဝါရီ ၂၅

ရန္ကုန္ၿမိဳ႕တြင္ ေႁမြႏွစ္တ႐ုတ္႐ိုးရာႏွစ္သစ္ကူးပြဲေတာ္အခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔ တက္ေရာက္ခဲ့ၾကသည္။

အဆိုပါအခမ္းအနားကို ယေန႔(ဇန္နဝါရီလ ၂၅ ရက္)၊ ညေနပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ သကၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰအမ်ိဳသားအားကစားၿပိဳင္ပြဲ႐ုံ(၁)တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး နစကဥကၠ႒ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ အမတ္ႀကီး Ms. Ma Jia တို႔က စက္ခလုတ္ႏွိပ္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ တ႐ုတ္ႏိုင္ငံမွ ေရွာင္လင္ကိုယ္ေတာ္မ်ားက ႏွစ္သစ္ကူး ဆုေတာင္းစကားမ်ားေျပာၾကားကာ တ႐ုတ္ ေရွာင္လင္သိုင္းအလွမ်ားျပသျခင္း အပါအဝင္ ျခေသၤ့အက ႏွင့္ ပီျခဴးအကမ်ားအျပင္ ေတးသီခ်င္း အကအလွမ်ား ျဖင့္ ေဖ်ာ္ေျဖခဲ့ၾကသည္။
နစကဥကၠ႒ႏွင့္ဇနီး အပါအဝင္ တ႐ုတ္သံအမတ္ႀကီးတို႔က အကအဖြဲ႕မ်ားအား တ႐ုတ္႐ိုးရာႏွစ္သစ္အန္ေပါင္းမ်ား ခ်ီးျမႇင့္ေပးအပ္ကာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္အား ခမ္းနားစြာက်င္းပခဲ့ၾကသည္။

Picture

Aung Aung

26/01/2025 08:28

ဆီဗူးလေးတွေနဲ့ပေါ့ 😂

Related news

© 2021. All rights reserved.