နိုင်ငံရေးမတည်ငြိမ်မှုကို အမြတ်ထုတ်ကာ မြင်စိုင်းဒေသရှိ ရှေးဟောင်းအမွေအနှစ်များ ထိခိုက်ခံရနိုင်သောအခြေအနေရှိ

735

စော (NP News) - ဇန်နဝါရီ ၂၉
နိုင်ငံရေးမတည်ငြိမ်မှုကို အမြတ်ထုတ်ကာ မြင်စိုင်းဒေသရှိ ရှေးဟောင်းအမွေအနှစ်များ ထိခိုက်ခံ ရနိုင်သော အခြေအနေရှိနေကြောင်း အထက်ပါ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နေသူ မြင်စိုင်းဒေသခံတစ်ဦးက NP News ကို ပြောသည်။ မြင်းစိုင်းဒေသသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်တည်ရှိကာ အဆိုပါဒေသတွင် ရှေးဟောင်းလက်ရာစေတီ၊ ပုထိုးများအပြင် လိုဏ်ဂူများတည်ရှိခြင်းကြောင့်လည်း ကျော်ကြားသောဒေသတစ်ခု ဖြစ်သည်။
'အခုလောလောဆယ်က သူတို့စားဖို့ သောက်ဖို့အနိုင်နိုင်တောင်ဖြစ်နေကြတယ်။ ပြီးခဲ့တဲ့ နှစ်က ရေကြီးလိုက်တာ။ စပါးတွေမရဘူးပေါ့။ စားဖို့ သောက်ဖို့က တကယ်ခက်ခက်ခဲခဲ ဖြစ်သွားတယ်။ (အမွေအနှစ်တွေ ထိခိုက်တာ) ဖြစ်တော့ ဖြစ်လာ လိမ့်မယ်။ ဘယ်လိုအချိန်မှာ စဖြစ်လာမလဲတော့ မသိ ဘူး။ မကြာဘူးဖြစ်လာမှာ။ အရင်တုန်းက ရွှေကျင် တာတို့ လုပ်တယ်မလား။ တစ်ခါတုန်းက ကျွန်တော် နန်းမြို့ရိုးထဲမှာ ရွှေကျင်စက်နဲ့ ရွှေလာကျင်တာတွေ့ ခဲ့လို့ ကျွန်တော်တားခဲ့သေးတယ်။ လက်စွပ်တွေဆိုရင် ခဏခဏရတာတဲ့။ အေးပါဗျာ ကျေးဇူးတင်ပါတယ်လို့ နောက်တစ်ခါမလုပ်နဲ့လို့ မရဘူးလို့ ခပ်တည်တည်ပဲ ဟောက်ခဲ့ရသေးတယ်။ ဆရာသမားတွေက နေ့ခင်း ကြီးမှာ ကြွက်တူးတာလိုလို၊ ကြွက်ထောင်တာ လိုလို လုပ်တာ'ဟု ၎င်းက ပြောသည်။
မြင်းစိုင်းဒေသမှ နေရာတစ်ခုတွင်လည်း မြေကွက်ရိုက်ရောင်းချခဲ့သောကြောင့် စေတီတော် နှစ်ဆူ ပျက်စီးခဲ့ရဖူးကြောင်း ၎င်းကဆိုသည်။ 'ရှိ နိုင်တယ်။ ဟိုနေ့က ဖေ့စ်ဘွစ်မှာ အစ် ကို တစ်ယောက် တင်ထားတာ မြင်စိုင်းခေတ်လက်ရာ ဘုရားလေးတစ် ဆူတွေ့တယ်။ အဲဒီလို ဘုရားတွေ ကျွန်တော်တွေ့ထား သေးတယ်။ ဒါပေမဲ့ ကျွန်တော် တတ်နိုင်သမျှ ဆရာ တော်တွေအပ်တယ်။ တချို့ဝှက်လို့ရတဲ့နေရာ ဝှက်ခဲ့တယ်။ အဲဒီဘုရားတွေက ကျန် မှာမဟုတ်ဘူး။ ကျွန်တော်ပြန်လာရင်ရှိတောင်ရှိမှာမဟုတ်ဘူး။ အကုန်အခိုးခံရမှာ ဘာလို့လဲဆိုတော့ အဲဒါ တွေကို မသမာသူလက်ထဲရောက်သွားမှာ အရမ်း ကြောက် တယ်။ ပြောလို့မရဘူး။ ခိုးသွားနိုင်တယ်။ အရင်တုန်း က ခေတ်ကောင်းတဲ့ အချိန်တုန်းကတောင် ဘာမှမဟုတ်တဲ့ စဉ့်ကွင်းတွေတောင်ခွာပြီး ရောင်းနေ ကြတဲ့လူတွေလေ'ဟု ၎င်းကဆက်လက်ပြောသည်။ မြင်စိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ သော်လည်း လက်နက်ကြီးနှင့် လက်နက်ငယ် ပစ်ခတ်သံများကို ရံဖန်ရံခါကြားရကြောင်း သိရသည်။

zawgyi version
ႏိုင္ငံေရးမတည္ၿငိမ္မႈကို အျမတ္ထုတ္ကာ ျမင္စိုင္းေဒသရွိ ေရွးေဟာင္းအေမြအႏွစ္မ်ား ထိခိုက္ခံရႏိုင္ေသာအေျခအေနရွိ
ေစာ (NP News) - ဇန္နဝါရီ ၂၉
ႏိုင္ငံေရးမတည္ၿငိမ္မႈကို အျမတ္ထုတ္ကာ ျမင္စိုင္းေဒသရွိ ေရွးေဟာင္းအေမြအႏွစ္မ်ား ထိခိုက္ခံ ရႏိုင္ေသာ အေျခအေနရွိေနေၾကာင္း အထက္ပါ အေမြအႏွစ္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ေနသူ ျမင္စိုင္းေဒသခံတစ္ဦးက NP News ကို ေျပာသည္။ ျမင္းစိုင္းေဒသသည္ မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္တည္ရွိကာ အဆိုပါေဒသတြင္ ေရွးေဟာင္းလက္ရာေစတီ၊ ပုထိုးမ်ားအျပင္ လိုဏ္ဂူမ်ားတည္ရွိျခင္းေၾကာင့္လည္း ေက်ာ္ၾကားေသာေဒသတစ္ခု ျဖစ္သည္။
'အခုေလာေလာဆယ္က သူတို႔စားဖို႔ ေသာက္ဖို႔အႏိုင္ႏိုင္ေတာင္ျဖစ္ေနၾကတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ေရႀကီးလိုက္တာ။ စပါးေတြမရဘူးေပါ့။ စားဖို႔ ေသာက္ဖို႔က တကယ္ခက္ခက္ခဲခဲ ျဖစ္သြားတယ္။ (အေမြအႏွစ္ေတြ ထိခိုက္တာ) ျဖစ္ေတာ့ ျဖစ္လာ လိမ့္မယ္။ ဘယ္လိုအခ်ိန္မွာ စျဖစ္လာမလဲေတာ့ မသိ ဘူး။ မၾကာဘူးျဖစ္လာမွာ။ အရင္တုန္းက ေ႐ႊက်င္ တာတို႔ လုပ္တယ္မလား။ တစ္ခါတုန္းက ကြၽန္ေတာ္ နန္းၿမိဳ႕႐ိုးထဲမွာ ေ႐ႊက်င္စက္နဲ႔ ေ႐ႊလာက်င္တာေတြ႕ ခဲ့လို႔ ကြၽန္ေတာ္တားခဲ့ေသးတယ္။ လက္စြပ္ေတြဆိုရင္ ခဏခဏရတာတဲ့။ ေအးပါဗ်ာ ေက်းဇူးတင္ပါတယ္လို႔ ေနာက္တစ္ခါမလုပ္နဲ႔လို႔ မရဘူးလို႔ ခပ္တည္တည္ပဲ ေဟာက္ခဲ့ရေသးတယ္။ ဆရာသမားေတြက ေန႔ခင္း ႀကီးမွာ ႂကြက္တူးတာလိုလို၊ ႂကြက္ေထာင္တာ လိုလို လုပ္တာ'ဟု ၎က ေျပာသည္။
ျမင္းစိုင္းေဒသမွ ေနရာတစ္ခုတြင္လည္း ေျမကြက္႐ိုက္ေရာင္းခ်ခဲ့ေသာေၾကာင့္ ေစတီေတာ္ ႏွစ္ဆူ ပ်က္စီးခဲ့ရဖူးေၾကာင္း ၎ကဆိုသည္။ 'ရွိ ႏိုင္တယ္။ ဟိုေန႔က ေဖ့စ္ဘြစ္မွာ အစ္ ကို တစ္ေယာက္ တင္ထားတာ ျမင္စိုင္းေခတ္လက္ရာ ဘုရားေလးတစ္ ဆူေတြ႕တယ္။ အဲဒီလို ဘုရားေတြ ကြၽန္ေတာ္ေတြ႕ထား ေသးတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ တတ္ႏိုင္သမွ် ဆရာ ေတာ္ေတြအပ္တယ္။ တခ်ိဳ႕ဝွက္လို႔ရတဲ့ေနရာ ဝွက္ခဲ့တယ္။ အဲဒီဘုရားေတြက က်န္ မွာမဟုတ္ဘူး။ ကြၽန္ေတာ္ျပန္လာရင္ရွိေတာင္ရွိမွာမဟုတ္ဘူး။ အကုန္အခိုးခံရမွာ ဘာလို႔လဲဆိုေတာ့ အဲဒါ ေတြကို မသမာသူလက္ထဲေရာက္သြားမွာ အရမ္း ေၾကာက္ တယ္။ ေျပာလို႔မရဘူး။ ခိုးသြားႏိုင္တယ္။ အရင္တုန္း က ေခတ္ေကာင္းတဲ့ အခ်ိန္တုန္းကေတာင္ ဘာမွမဟုတ္တဲ့ စဥ့္ကြင္းေတြေတာင္ခြာၿပီး ေရာင္းေန ၾကတဲ့လူေတြေလ'ဟု ၎ကဆက္လက္ေျပာသည္။ ျမင္စိုင္းေဒသတြင္ တိုက္ပြဲျဖစ္ပြားျခင္းမရွိ ေသာ္လည္း လက္နက္ႀကီးႏွင့္ လက္နက္ငယ္ ပစ္ခတ္သံမ်ားကို ရံဖန္ရံခါၾကားရေၾကာင္း သိရသည္။