(၆) လ သက်တမ်းတိုး ကာ/လုံ နှင့် နိုင်ငံရေးနယ်ပယ်မှ စကားသံများ

 343

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂

ယခုနှစ်အတွက် ပထမဆုံး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဇန်နဝါ ရီလ(၃၁) ရက်တွင် ပြုလုပ်ပြီးနောက် အရေးပေါ်အခြေအနေကာလကို (၆)လသက်တမ်းထပ်မံတိုး လိုက်သည်။ ထိုသို့ သက်တမ်း တိုးလိုက်သည့်အပေါ် နိုင်ငံရေးနယ်ပယ်မှ အမြင်များကိုသိရှိရန်အတွက် NP News က နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ် အချို့ထံ ဆက်သွယ်မေးမြန်းခဲ့သည်။ ထိုသို့ မေးမြန်းရာတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးထံသို့လည်း ဆက်သွယ် မေးမြန်းခဲ့ရာ ယခုကိစ္စနှင့် ပတ်သက်၍ ‘လောလောဆယ်တော့ ဘာမှမပြောချင်သေးပါဘူး’ဟု ဖြေကြားခဲ့သည်။ သို့ဖြင့် အခြားသော နိုင်ငံရေးပါတီနှင့် နိုင်ငံရေးနယ်ပယ်မှ ပြောစကားများကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
ဒေါ်စန္ဒာမင်း (လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
ကျွန်မတို့က နဂိုကတည်းကကို ခြောက်လသက်တမ်းကို ရိုးရိုးဒီလိုပဲသက်တမ်းတိုးဦးမယ်လို့ မျှော်လင့်ထားပြီး သားပါ။ ဘာဖြစ်လို့လဲဆိုတော့ အများပြောထားတဲ့အတိုင်းပဲပေါ့။ ဒီရွေးကောက်ပွဲက နိုဝင်ဘာလောက် ဒီဇင်ဘာ လောက်မှာ လုပ်မယ်ဆိုရင် အခု ဒီဇန်နဝါရီ (၁)ရက်ကတော့ ပုံမှန်ပဲ ခြောက်လ သက်တမ်းတိုးမယ်လို့ တွက်ထားပြီး သားပါ။ ပြီးတော့မှ နောက်လာမည့် ဇူလိုင်ကုန်တဲ့အခါကျတော့မှ နောက် (၆)လနေတဲ့အခါကျတော့မှ ရွေးကောက်ပွဲ အတွက် သူတို့အနေနဲ့ ပြင်ဆင်စရာရှိတာတွေ ပြောစရာရှိတာတွေ ပြောလိမ့်မယ်လို့ မျှော်လင့်တာပေါ့နော်။ ဘာလို့လဲ ဆိုတော့ အခုဒီနိုင်ငံအနှံ့အပြားမှာလည်း စစ်မီး၊ စစ်ဘောင်တွေက ပိုကျယ်နေတယ်။ တိုက်ပွဲတွေက မပြီးသေးဘူး။ သူပြောထားတဲ့ ပညာရေး၊ ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းတွေဆိုတာအတိုင်း အတာတစ်ခုအထိလည်း ဘာမှမရောက် သေးဘူး။ ဒါပေမဲ့တချို့ လွိုင်ကော်လိုနေရာမှာ တိုက်ပွဲပြီးသွား လို့ တက္ကသိုလ်တွေ ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်ဆို တာ တွေ့ရတယ်။ အခု ကလေးတက္ကသိုလ်ဆိုရင် ပြန်မဖွင့်နိုင်သေးဘူး။ ဆရာ၊ ဆရာမတွေကို ဖမ်းထားတဲ့ ဟာကတော့ အကုန်လုံးလွတ်သွားပြီဆိုတာကို သိရတယ်။ အဲဒီ‌တော့ ဒီလိုတက္ကသိုလ်ကြီးတွေ ပြန်ဖွင့်နိုင်ဖို့လည်း ကြိုးစားရဦး မယ်ဆိုတော့ ဒီ(၆)လကတော့ ဒီလိုပဲသက်တမ်းတိုးဦးမယ်လို့ ကျွန်မတို့ မျှော်လင့်ထားပြီးသားပါ။ ရွေးကောက်ပွဲက တော့ နောက်ဆုတ်စရာအကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတကာသိအောင်လည်း ကတိပေးထားပြီးသား ပေါ့နော်။ နောက်တစ်ခုက ရွေးကောက်ပွဲလုပ်ဖို့ ဆိုတာက နဂိုကတည်းကိုက Plan ချထားပြီးသား။ ဘယ်လမှာ ဘာတွေ အထူးသဖြင့် ရွေးကောက်ပွဲလုပ်ဖို့က Plan ချထားပြီးသား။ ဥပမာ - နဂိုကတည်း က (၁၆၅)မြို့နယ်ကို ရွေးကောက်ပွဲမှာ အနည်းဆုံးတော့ (၁၆၅)မြို့နယ် ထက်ဝက်ကိုလုပ်နိုင်အောင် ကြိုးစားနေတယ်ဆိုတာ မဲကနေပြီး‌တော့ သုံးပုံတစ်ပုံ ကျော်ကျော်ရတယ်ဆိုရင်ပဲ ဒါလွှတ်တော်မှာ အထမြောက်တယ်။ အစည်းအဝေး အထမြောက်တယ်ဆို တာရှိတာဖြစ်တဲ့ အတွက် (၁၁၁)မြို့နယ်ပေါ့နော်။ ဒီလောက်ကို‌တော့ သူတို့ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက် ပွဲတစ်ခုလုပ်နိုင်အောင်တော့ (၁၁၁)မြို့နယ်လောက်ကိုတော့ ရွေးကောက်ပွဲလုပ်ပြီးတော့ မဲပေးနိုင်မယ့် အခြေအနေဖြစ်အောင်လို့တော့ ကြိုးစား မယ်လို့ ထင်တယ်လေ။ အဲဒီတော့ အခု လာမယ့် (၆)လကတော့ သူတို့ ဒီအနည်းဆုံး (၁၁၁)မြို့နယ်ကို မဲပေးနိုင်အောင် ကြိုးစားဖို့အတွက် ကြိုးစားမှာ။ တည်ငြိမ်အောင်နဲ့ မဲပေးနိုင်အောင် ကြိုးစားမှာဖြစ်တဲ့အတွက် ရွေးကောက် ပွဲလုပ်ဖို့တော့ အားသာချက်ပိုရှိသွားတယ်လို့တော့ ထင်တာပေါ့။ သူ(နစက ဥက္ကဋ္ဌ) ကမ္ဘာကို ကတိပေး ထားတာဖြစ်တဲ့အတွက် ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက် ပွဲဆိုတဲ့ဟာကို လုပ်ပေးမယ်လို့ ပြောတာဖြစ်တဲ့အတွက် အခုလာမယ့် (၆)လမှာတော့
လုပ်ရမယ်ပေါ့နော်။ အဲဒီနေရာမှာ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ နိုင်ငံတကာက လက်ခံနိုင်တဲ့ ရွေးကောက်ပွဲလို့ ပြော တာဖြစ်တဲ့အတွက် တကယ်ကိုပဲ ဂုဏ်သိက္ခာရှိပြီးတော့ လက်ခံနိုင်တဲ့ဟာမျိုးကို လုပ်ပေးဖို့ လိုအပ်တယ် ပေါ့နော်။ လုပ်ပေးမယ်လို့လည်း ကျွန်မတို့ မျှော်လင့်တယ်။ ဒီနေရာမှာ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဆိုတဲ့ နေရာမှာ ငါတို့ချည်းပဲလုပ်ပြီးတော့ ပြောချင်တာက ငါတို့နဲ့ သင့်တော်သော ငါတို့နဲ့မူတူသော ပါတီများနဲ့ပဲ ရွေးကောက်ပွဲလုပ် လိမ့်မှာ မဟုတ်ဘူးလို့ ကျွန်မတို့က တော့ မျှော်လင့်တယ်ပေါ့နော်။

ဝါရင့် နိုင်ငံရေးသုံးသပ်လေ့လာသူ တစ်ဦး
အခုချိန်မှာ သက်တမ်းတိုးလိုက်တဲ့အတွက် ဇူလိုင်လ (၃၁)ရက်အထိ ဖြစ်သွားတယ်။ နောက် တစ်ခါတိုးမယ် ဆိုရင် ဩဂုတ်လ(၁)ရက်ကစပြီး အသက်ဝင်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ မတိုးတော့ဘူးလို့ ယေဘုယျခန့် မှန်းတယ်။ ခန့်မှန်းပြီးတော့ နောက်တစ်ကြိမ်မှာ ရွေးကောက်ပွဲလုပ်ပေးနိုင်တဲ့အစိုးရတစ်ရပ်ပေါ်လာပြီးတော့ နိုဝင်ဘာ လလောက်မှာ ရွေးကောက်ပွဲကို ကျင်းပပေးမယ်။ ပုံမှန်ပြောရရင်တော့ တပ်မတော်အခြေပြုထားခဲ့တဲ့အ စိုးရက ဖွဲ့စည်းပုံအတိုင်း ငါးနှစ်ကို ပြည့်ပြည့်ဝဝယူ သွားတာပါပဲ။ ပုံမှန်ပါပဲ။ အထူးတလည် အကြီးကြီးချဲ့ စရာမလိုပါဘူး။ ဒီဟာ ကြီးလုပ်လို့ ရွေးကောက်ပွဲမလုပ် ဘူးလို့ ဘာမှမဆိုင်ဘူး။ ရွေးကောက်ပွဲလုပ်ဖို့က ရွေး ကောက်ပွဲ ဥပဒေကြေညာရဦးမယ်။ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာဆိုရင် ဩဂုတ်လမှ စပြီးတော့ ရွေးကောက်ပွဲကို နောက်တက် တဲ့အစိုးရက ခြောက်လအတွင်းလုပ်ပေးရမှာ။ ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက်မှာလုပ်မယ် နိုဝင်ဘာလထဲမှာ ကြေညာလိုက်ရင် နိုင်ငံရေးပါတီတွေကလည်း စည်းရုံးမယ့် လေးလပုံမှန်ရသွားတာ။ ဒါလည်းပုံမှန်ပဲ။ ဩဂုတ်လမှာ ကြေညာရင် ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ လေးလပဲ ကွက်တိပဲ။ အဲဒီတော့ နိုဝင်ဘာမှာပဲဖြစ်မှာ။ အခုဆိုရင် လဝက ဝန်ကြီးဌာနရဲ့ ကြေညာချက်အရဆိုရင်တော့ (၁၆၀)ကျော်က အရပ်စကားနဲ့ပြောရရင် အဖြူ‌ရောင် နယ်မြေ ပဲ။ ကျန်တာတွေနဲ့ပေါင်းရင်တော့ ရွေးကောက်ပွဲက ဘယ်နှစ်မြို့နယ်လုပ်မှ ရွေးကောက်ပွဲရှိရမယ်ဆို တာက အခုချိန်ထိ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ မဲမ ပေးဘူး‌ပေါ့။ မပေးနဲ့ရတယ်။ ဘယ်လောက်လာပေးမှ မဲ‌ပေးနိုင်ခွင့်ရှိသူဦးရေ ဘယ်လောက်ရှိတဲ့နေရာမှာ ဘယ်လောက်လာပေးမှ ဘယ်လောက်ရာခိုင်နှုန်းလာ ပေးမှဆိုတာလည်း မရှိဘူး။ ဥပမာ- မဲဆန္ဒနယ်တစ်ခု ဆိုကြပါစို့။ အဲဒီမဲဆန္ဒနယ်တစ်ခုမှာ တစ်ယောက်ပဲ လာပေးလည်း ရွေးကောက်ပွဲက အထ မြောက်တာပဲ။ ရွေးကောက်ပွဲကလည်း အခုချိန်ထိနည်းဥပဒေမရှိ သေးဘူး။ ဒါလေးတွေလည်း စောင့်ကြည့်ရဦးမယ်ပေါ့။ နောင်ဖြစ်လာမယ့်အစိုးရမှာကတော့ အခုရှိနေတဲ့ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ၊ တခြားသော အဖွဲ့အစည်းတွေ အဲဒီကပုဂ္ဂိုလ်တွေ အကုန်လုံး တောင် ပြန်ပါချင်မှပါလိမ့်မယ်။ အဲဒီထဲက အချို့တွေ ပြန်ပါမယ်၊ မျက်နှာသစ်တွေပါမယ်။ အဲဒါတွေနဲ့ ရွေးကောက်ပွဲတစ်ခုကတော့ ဖြစ်သွား ပါလိမ့်မယ်။ အဲဒီတော့ စစ်အစိုးရလုပ်ပေးတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့လည်း ယေဘုယျ အသံတွေလည်းကြားရပါတယ်။ အဲဒီတော့ စစ်အစိုးရကလုပ်ပေးတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးဆိုလို့ရှိရင် ကိုယ်က ရောရွေးကောက်ပွဲလုပ်ပေး နိုင်မလား။ ကိုယ်အခု ကြေငြာထား တဲ့အစိုးရဆိုတာ ကိုရော ဘယ်နှစ်နိုင်ငံ လောက်က ထောက်ခံကြပြီလဲ။ အဝေးကြီးကို မကြည့်ပါနဲ့ နီးနီးနားနားကိုပဲ ပြန်ပြီး ကြည့်လိုက်မယ်ဆိုရင် ကိုရီးယားမှာ သက်တမ်းတိုးခဲ့တဲ့ ပတ်စ်ပို့တွေဒုက္ခရောက်သွားကြပြီ။ ချူလာ လောင်ကွန်း တက္ကသိုလ်မှာ ဆေးတက္ကသိုလ် ဆက်တက်မယ့် ကောင်မလေး(၂)ယောက် ဒုက္ခရောက် သွားပြီးပြီ။ အထူးသဖြင့် ဘူးသီးတောင်မောင်တော ဘက်မှာ AA ကို အခွန်ဆောင်ထားပြီးပြီဆိုပြီး တင်သွားတဲ့ဆန်အိတ်တွေ ဘင်္ဂလားဒေ့ရှ်မှာ ချလို့မရပါဘူး။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကိုဆက်ဆံတာ။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကိုဆက်ဆံတာ။ အဲဒါလေးကိုတော့ နည်းနည်းလေးသ ဘောပေါက်စေချင်တယ်။ ဟုတ်ပြီ ကိုယ်တွေကရော ပြောတုန်းကတော့ (၇၂) နာရီပဲစောင့်ပါ။ ဘယ်လို စောင့်ပါ အပစ်တင်တာမဟုတ်ပါဘူး။ နစ်နာတယ် ကြွေလွင့်သွားတဲ့ ငွေကြယ်ပွင့်လေးတွေ အများကြီးဟာ ငွေကြယ်ပွင့်လေးတွေကတော့ ကြွေလွင့်ကုန်ပြီ ငွေကြယ်ပွင့်တွေကို ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါတော့မလုပ်တတ်ဘူး။ ငယ်ငယ်ကကြည့်ဖူးတဲ့ ကြေငြာသီချင်းလေးလိုပဲ ဟိုလိုဒီလိုလုပ်ပါလားကို အော်နေကြတာပါပဲ။ ဒါကြောင့်မလို့ အခုချိန်မှာ ဘယ်အရာဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ရှေ့ရေးအတွက်အကျိုးရှိမလဲ။ ဘယ်အရာကဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေ ကြွေလွင့်မှုတွေ လျော့ပါးသက်သာနိုင်မလဲ။ ဘယ်အရာတွေပဲ ဘယ်လောက်ပဲ လုပ်ချင် လုပ်ချင် တိုင်းပြည်ကြီးမှာ ငြိမ်းချမ်းရေးဆိုတာ မရသမျှကာလပတ်လုံး ဘာမှလုပ် လို့မရဘူး။ သူက အဓိကပဲ။ အဲဒါ ကြောင့်မလို့ ငြိမ်းချမ်းရေးသည်သာလျှင် ပထမ၊ ငြိမ်းချမ်းရေးရဖို့သာလျှင် ဒုတိယ၊ ငြိမ်းချမ်းရေးသာ ပဓာနဆိုတဲ့စိတ်တွေ ကိုမွေးပြီးတော့ အရင်တုန်းက လွတ်လပ်ရေးမရခင်တုန်းက လွတ်လပ်ရေးသာပထမ၊ လွတ်လပ်ရေးသာ ဒုတိယ၊ လွတ်လပ်ရေးသာ တတိယ တကယ်လွတ်လပ်ရေးရချင်စိတ်တွေမွေးလိုက်‌တော့ အင်္ဂလိပ်လက် အောက်ကနေ လွတ် မြောက်ပြီးတော့ လွတ်လပ်ရေးရခဲ့တယ်။ ငြိမ်းချမ်းရေးလိုချင်ပါတယ်ဆိုတဲ့ တိုင်းရင်း သားလက်နက်ကိုင်တွေရော ဘာရော ဒီ Process ကြီးမှာပါတဲ့ State-Holder တွေအားလုံးဟာ တကယ်ကိုနိုင်ငံတော်ကြီး ငြိမ်းချမ်းမှဖြစ်မယ်ဆိုတဲ့ အတွေးအယူအဆနဲ့လုပ်ကြရင်ဖြင့် အနာဂတ် အတွက်အရမ်းကောင်းမွန်တဲ့ လမ်းကြောင်းလေးက ဖြူးနေပါလိမ့်မယ်။ ဒီလိုမှမဟုတ်လို့ရှိရင်လည်း အဆင်မပြေပါဘူး။ ငါနဲ့မဆိုင်ပါဘူး ငါမပါဘူး။ ဒါတွေက NUG နဲ့စစ်တပ်တို့နဲ့ တိုင်းရင်း သားလက်နက်ကိုင် တွေလုပ်ရမယ့်ကိစ္စတွေဆိုလို့ကတော့ မဟုတ်သေးပါဘူး။ အားလုံးတစ်ထောင့်တစ်နေရာ ကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်၊ သွပ်တစ်ချပ်၊ သံတစ်ချောင်းနဲ့ လုပ်ခြင်းဖြင့်သာလျှင် နိုင်ငံအတွက် ငြိမ်းချမ်းတဲ့ လမ်းကြောင်း ကြီးပေါ်ရောက်မယ်လို့ မြင်ပါတယ်။ အခုလို (၆)လသက်တမ်းတိုးခြင်းဟာ လည်းပဲ အထူးတလည် (၂၀၂၅)မှာ လုပ်မယ့် ရွေး ကောက်ပွဲကိုတော့ အခုချိန်ထိကတော့ ရိုက်ခတ်နိုင် လိမ့်မယ်လို့ မမြင်သေးပါဘူး။
ဦးတင့်ဆွေ (ဒုတိယ ဥက္ကဋ္ဌ - ဒီမိုကရက်တစ်ပါတီ)
ရွေးကောက်ပွဲကို သူကအောင်အောင်မြင်မြင် လုပ်ချင်တဲ့အတွက်ကို တိုးတယ်လို့ အန်ကယ်မြင်တယ်။ အခု လည်းတချို့နေရာတွေမှာ ဘာပဲဖြစ်ဖြစ် ငြိမ်ချမ်းရေး ကစကားပြောလာပြီဆို‌တော့ ဒီဘက်ကိုလည်း အချိန်ပေးတဲ့ အနေနဲ့ (၆)လတိုးတယ်လို့ အန်ကယ်မြင်တယ်။ နဂိုတုန်းကအန်ကယ်ခန့်မှန်းတာက သက်တမ်းမတိုးတော့ဘူးလို့ ဘာဖြစ်လို့လဲဆိုတာ့ ရွေးကောက်ပွဲက သူတို့ပြောနေတာတွေ UEC မှာ အစည်းအဝေးတက်တော့ လုပ်လေ့လုပ်ထရှိတာ နိုဝင်ဘာလလို့ သူတို့ပြောတယ်လေ။ နိုဝင်ဘာလ ပြောတဲ့အခါကျတော့ ဒါကြောင့်မို့လို့ (၂၀၂၅) နိုဝင်ဘာလောက် ပထမလဆန်းထဲမှာ ဖြစ်မယ်လို့တွက်တော့ ဒါဆိုရင် (၆)လသက်တမ်းမတိုးတော့ဘူးပေါ့ နော်။ အခု (၆) လတိုးပြီးလို့ရှိရင် ကာ/လုံပြန်အပ်ရတယ်။ အပ်ပြီးရင် ကာ/လုံကမှ (၆)လအတွင်း ရွေးကောက်ပွဲလုပ်ပေးပါဆိုတော့ တစ်ခါ Camping ဆိုတော့ အရမ်းကပ်နေတာပေါ့နော်။ မဖြစ်နိုင်ဘူးလို့ တွက်တာပေါ့။ သို့သော်လည်း တခြားနိုင်ငံတွေမှာ ရွေးကောက် ပွဲကာလကို (၁၅)ရက်နဲ့လုပ်တာတွေရှိတယ်။ (၁၀)ရက်နဲ့လုပ်တာတွေရှိတယ်။ မြန်မာပြည်မှာတော့ သုံးလလုပ်တယ်ဆို တာက တိုင်းရင်းသားပါတီတွေက တစ်နယ်နဲ့တစ်နယ်သွားရတာဝေးတယ်။ ဝေးတဲ့အတွက် သူတို့မှာ အခက်အခဲရှိတယ်။ တချို့ဆိုရင် ရွေးကောက်ပွဲကာလမှာ ဟောပြောဖို့ ဆိုရင် ဓမ္မာရုံတို့လို့၊ ဘုရားကျောင်းတို့လို့နေရာတွေ ပေးပါလို့ ပြောတာ ကိုး။ အခုက တိုင်းရင်းသား တွေပြောတဲ့နေရာမှာ တော်တော်များများက မငြိမ်း ချမ်းတဲ့အခါကျတော့ အန်ကယ်ထင်တာ (ဒါပြီးရင် နောက်ထပ်) တိုးစရာ သိပ်မလိုတော့ဘူးပေါ့နော်။ ရွေးကောက်ပွဲကို အားစိုက်လုပ်သွားမယ်လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ဒီ(၆)လတိုးပြီး နောက်ထပ်တိုးစရာကတော့ ဒါအဆုံးပဲလို့ထင်တယ်။ တိုးစရာကလည်းသိပ်မရှိဘူး ဆိုတော့ အာရုံစိုက်မှုက ဒီ(၆)လအတွင်းမှာ နစကအနေနဲ့ (ရွေးကောက်ပွဲကို) အာရုံစိုက်မယ်။ ပြီးရင် သူ့မှာ ဝန်ကြီးချုပ် ဆိုတဲ့တာ ဝန်ရှိတော့ ကျန်တာတွေက ဝန်ကြီးချုပ်တာဝန်နဲ့ လုပ်သွားလိမ့်မယ်။ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပေါ့။ အန်ကယ်ကတော့ Positive အနေနဲ့ မြင်ပါတယ်။

ဦးစိုင်းအိုက်ပေါင်း (ဥက္ကဋ္ဌ - ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
ဒါကတော့ အခြေခံဥပဒေအရ တိုးတာပေါ့ဗျာ။ အဲဒီလိုပဲ ပြောရမှာပေါ့။ အကြောင်းပြချက်လည်း ကောင်းပါ တယ်။ အဓိကကတော့ တည်ငြိမ်အေးချမ်းအောင် လုပ်ရမှာပေါ့။ ဒါမှ ကျွန်တော်တို့က မဲပေးနိုင်တဲ့ မြို့နယ်တွေက တိုးပွား လာမှာကောင်းတာပေါ့။ ဟုတ်တယ်မလား။ သူတို့တည်ငြိမ်အောင် လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲအတွက် တော့ ပိုတောင်ကောင်းတာပေါ့ဗျာ။ မဲဆန္ဒပေးပိုင်ခွင့်ရှိတဲ့ လူတွေအများကြီး ပေးရတာပေါ့။ မဲပေးတဲ့လူတွေ တိုးပွား လာမယ်ပေါ့။ တည်ငြိမ်အောင် လုပ်ရမှာ။
ကျွန်တော်ထင်တာ ဟိုဟာက (၅) နှစ်တစ်ကြိမ် ဆိုတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ခန့်မှန်း တာပေါ့ နော်။ (၂၀၂၅) နိုဝင်ဘာလလောက်မှာ ပြန်ပြီးလုပ်မှာပဲလေ။ ဦးသိန်းစိန်ခေတ်တုန်းကလည်း (၂၀၁၀) နိုဝင်ဘာပဲလေ။ (၂၀၁၅)လည်း နိုဝင်ဘာပဲ၊ (၂၀၂၅) လည်း နိုဝင်ဘာဖြစ်မှာပဲ။ သဘောက (၂၀၂၅) နိုဝင်ဘာလောက်မှာ ရွေးကောက်ပွဲလုပ်။ ဇန်နဝါရီလလောက်မှာ လွှတ်တော်ခေါ်။ အစိုးရဖွဲ့။ အဆင်သင့်လုပ်ပြီးတော့ မတ်လ ကျရင် အစိုးရ အသစ် ပေါ်လာမှာပေါ့နော်။ ဧပြီလ (၁) ရက်ကျရင် အစိုးရအပြောင်းအလဲလုပ်ပေါ့။ နောက်ထပ်တိုးလို့လည်း မကောင်း တော့ဘူးလေ။ ဩဂုတ်လ ဖြစ်သွားမှာပဲ။ ဩဂုတ် (၁) ရက်ကျရင် နောက်ထပ် (၆)လအတွက် ဖြစ်သွားပြီလေ။ ဟုတ်တယ်မလား။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲအတွက် လာရတော့မှာပေါ့။ ဩဂုတ်ကနေ နိုဝင်ဘာဆို ဘာမှမရှိ တော့ဘူးလေ။ အလုပ်လုပ်ရ တော့မှာလေဗျာ။ ဟုတ်တယ်မလား။ နစကဥက္ကဋ္ဌကြီး ပြောထားတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်တော့ ကြိုးစားပေးပါလို့ပဲ ကျွန်တော်တို့က တိုက်တွန်းချင်တယ်ပေါ့။ မေတ္တာရပ်ခံ တိုက်တွန်းချင်တယ်။ အခု ကျွန်တော်တို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာဆိုလို့ရှိရင် (၂၀၁၀) ရွေးကောက်ပွဲလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကျွန်တော်တို့ အပြည့်အဝပြောလို့မရဘူး။ ကြိုတင် မဲတွေနဲ့လေ။ (၁၅)ကျတော့ ပြောလို့ရတယ်။ (၂၀၁၅) ကျတော့။ (၂၀၂၀) ကတော့ ပြောစရာကို မလိုတော့ဘူး။ အဲဒီတော့ (၂၀၂၅)က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကို ကျွန်တော်တို့က မေတ္တာရပ်ခံတိုက်တွန်းတယ်။ ဟိုဟာ နိုင်ငံကြီးတွေရဲ့ လာရောက်ပြီး ရွေးကောက်ပွဲလေ့လာတဲ့ လူတွေ ကိုရော ဖိတ်စေချင်တယ်။ တရုတ်တို့ အိန္ဒိယတို့ အာ ဆီယံတို့ ရုရှားတို့နောက် အနောက်နိုင်ငံကလည်း လာပေါ့ဗျာ။ ဖိတ်ပေါ့။ မဟုတ်ဘူးလား။ ဒါမှ နိုင်ငံတကာက ယုံအကြည်ရှိမယ်လေ။ ဘယ်သူပဲနိုင်နိုင်ပါ။ ဒါပြည်သူရဲ့ ဆန္ဒမဲပြားနဲ့တက်လာတဲ့ အစိုးရ ဆိုတာ ဒါပြည်သူ ရွေးကောက်ပွဲ တက်အစိုးရပေါ့။

Zawgyi Version:
(၆) လ သက္တမ္းတိုး ကာ/လုံ ႏွင့္ ႏိုင္ငံေရးနယ္ပယ္မွ စကားသံမ်ား
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၃

ယခုႏွစ္အတြက္ ပထမဆုံး အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီအစည္းအေဝးကို ဇန္နဝါ ရီလ(၃၁) ရက္တြင္ ျပဳလုပ္ၿပီးေနာက္ အေရးေပၚအေျခအေနကာလကို (၆)လသက္တမ္းထပ္မံတိုး လိုက္သည္။ ထိုသို႔ သက္တမ္း တိုးလိုက္သည့္အေပၚ ႏိုင္ငံေရးနယ္ပယ္မွ အျမင္မ်ားကိုသိရွိရန္အတြက္ NP News က ႏိုင္ငံေရးနယ္ပယ္မွ ပုဂၢိဳလ္ အခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းခဲ့သည္။ ထိုသို႔ ေမးျမန္းရာတြင္ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးထံသို႔လည္း ဆက္သြယ္ ေမးျမန္းခဲ့ရာ ယခုကိစၥႏွင့္ ပတ္သက္၍ ‘ေလာေလာဆယ္ေတာ့ ဘာမွမေျပာခ်င္ေသးပါဘူး’ဟု ေျဖၾကားခဲ့သည္။ သို႔ျဖင့္ အျခားေသာ ႏိုင္ငံေရးပါတီႏွင့္ ႏိုင္ငံေရးနယ္ပယ္မွ ေျပာစကားမ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေဒၚစႏၵာမင္း (လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း)
ကြၽန္မတို႔က နဂိုကတည္းကကို ေျခာက္လသက္တမ္းကို ႐ိုး႐ိုးဒီလိုပဲသက္တမ္းတိုးဦးမယ္လို႔ ေမွ်ာ္လင့္ထားၿပီး သားပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အမ်ားေျပာထားတဲ့အတိုင္းပဲေပါ့။ ဒီေ႐ြးေကာက္ပြဲက ႏိုဝင္ဘာေလာက္ ဒီဇင္ဘာ ေလာက္မွာ လုပ္မယ္ဆိုရင္ အခု ဒီဇန္နဝါရီ (၁)ရက္ကေတာ့ ပုံမွန္ပဲ ေျခာက္လ သက္တမ္းတိုးမယ္လို႔ တြက္ထားၿပီး သားပါ။ ၿပီးေတာ့မွ ေနာက္လာမည့္ ဇူလိုင္ကုန္တဲ့အခါက်ေတာ့မွ ေနာက္ (၆)လေနတဲ့အခါက်ေတာ့မွ ေ႐ြးေကာက္ပြဲ အတြက္ သူတို႔အေနနဲ႔ ျပင္ဆင္စရာရွိတာေတြ ေျပာစရာရွိတာေတြ ေျပာလိမ့္မယ္လို႔ ေမွ်ာ္လင့္တာေပါ့ေနာ္။ ဘာလို႔လဲ ဆိုေတာ့ အခုဒီႏိုင္ငံအႏွံ႔အျပားမွာလည္း စစ္မီး၊ စစ္ေဘာင္ေတြက ပိုက်ယ္ေနတယ္။ တိုက္ပြဲေတြက မၿပီးေသးဘူး။ သူေျပာထားတဲ့ ပညာေရး၊ က်န္းမာေရးျမႇင့္တင္မႈလုပ္ငန္းေတြဆိုတာအတိုင္း အတာတစ္ခုအထိလည္း ဘာမွမေရာက္ ေသးဘူး။ ဒါေပမဲ့တခ်ိဳ႕ လြိဳင္ေကာ္လိုေနရာမွာ တိုက္ပြဲၿပီးသြား လို႔ တကၠသိုလ္ေတြ ျပန္ဖြင့္ႏိုင္ဖို႔ ႀကိဳးစားေနတယ္ဆို တာ ေတြ႕ရတယ္။ အခု ကေလးတကၠသိုလ္ဆိုရင္ ျပန္မဖြင့္ႏိုင္ေသးဘူး။ ဆရာ၊ ဆရာမေတြကို ဖမ္းထားတဲ့ ဟာကေတာ့ အကုန္လုံးလြတ္သြားၿပီဆိုတာကို သိရတယ္။ အဲဒီ‌ေတာ့ ဒီလိုတကၠသိုလ္ႀကီးေတြ ျပန္ဖြင့္ႏိုင္ဖို႔လည္း ႀကိဳးစားရဦး မယ္ဆိုေတာ့ ဒီ(၆)လကေတာ့ ဒီလိုပဲသက္တမ္းတိုးဦးမယ္လို႔ ကြၽန္မတို႔ ေမွ်ာ္လင့္ထားၿပီးသားပါ။ ေ႐ြးေကာက္ပြဲက ေတာ့ ေနာက္ဆုတ္စရာအေၾကာင္းမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ႏိုင္ငံတကာသိေအာင္လည္း ကတိေပးထားၿပီးသား ေပါ့ေနာ္။ ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲလုပ္ဖို႔ ဆိုတာက နဂိုကတည္းကိုက Plan ခ်ထားၿပီးသား။ ဘယ္လမွာ ဘာေတြ အထူးသျဖင့္ ေ႐ြးေကာက္ပြဲလုပ္ဖို႔က Plan ခ်ထားၿပီးသား။ ဥပမာ - နဂိုကတည္း က (၁၆၅)ၿမိဳ႕နယ္ကို ေ႐ြးေကာက္ပြဲမွာ အနည္းဆုံးေတာ့ (၁၆၅)ၿမိဳ႕နယ္ ထက္ဝက္ကိုလုပ္ႏိုင္ေအာင္ ႀကိဳးစားေနတယ္ဆိုတာ မဲကေနၿပီး‌ေတာ့ သုံးပုံတစ္ပုံ ေက်ာ္ေက်ာ္ရတယ္ဆိုရင္ပဲ ဒါလႊတ္ေတာ္မွာ အထေျမာက္တယ္။ အစည္းအေဝး အထေျမာက္တယ္ဆို တာရွိတာျဖစ္တဲ့ အတြက္ (၁၁၁)ၿမိဳ႕နယ္ေပါ့ေနာ္။ ဒီေလာက္ကို‌ေတာ့ သူတို႔ဂုဏ္သိကၡာရွိတဲ့ ေ႐ြးေကာက္ ပြဲတစ္ခုလုပ္ႏိုင္ေအာင္ေတာ့ (၁၁၁)ၿမိဳ႕နယ္ေလာက္ကိုေတာ့ ေ႐ြးေကာက္ပြဲလုပ္ၿပီးေတာ့ မဲေပးႏိုင္မယ့္ အေျခအေနျဖစ္ေအာင္လို႔ေတာ့ ႀကိဳးစား မယ္လို႔ ထင္တယ္ေလ။ အဲဒီေတာ့ အခု လာမယ့္ (၆)လကေတာ့ သူတို႔ ဒီအနည္းဆုံး (၁၁၁)ၿမိဳ႕နယ္ကို မဲေပးႏိုင္ေအာင္ ႀကိဳးစားဖို႔အတြက္ ႀကိဳးစားမွာ။ တည္ၿငိမ္ေအာင္နဲ႔ မဲေပးႏိုင္ေအာင္ ႀကိဳးစားမွာျဖစ္တဲ့အတြက္ ေ႐ြးေကာက္ ပြဲလုပ္ဖို႔ေတာ့ အားသာခ်က္ပိုရွိသြားတယ္လို႔ေတာ့ ထင္တာေပါ့။ သူ(နစက ဥကၠ႒) ကမာၻကို ကတိေပး ထားတာျဖစ္တဲ့အတြက္ ဂုဏ္သိကၡာရွိတဲ့ ေ႐ြးေကာက္ ပြဲဆိုတဲ့ဟာကို လုပ္ေပးမယ္လို႔ ေျပာတာျဖစ္တဲ့အတြက္ အခုလာမယ့္ (၆)လမွာေတာ့
လုပ္ရမယ္ေပါ့ေနာ္။ အဲဒီေနရာမွာ ဂုဏ္သိကၡာရွိတဲ့ ေ႐ြးေကာက္ပြဲ၊ ႏိုင္ငံတကာက လက္ခံႏိုင္တဲ့ ေ႐ြးေကာက္ပြဲလို႔ ေျပာ တာျဖစ္တဲ့အတြက္ တကယ္ကိုပဲ ဂုဏ္သိကၡာရွိၿပီးေတာ့ လက္ခံႏိုင္တဲ့ဟာမ်ိဳးကို လုပ္ေပးဖို႔ လိုအပ္တယ္ ေပါ့ေနာ္။ လုပ္ေပးမယ္လို႔လည္း ကြၽန္မတို႔ ေမွ်ာ္လင့္တယ္။ ဒီေနရာမွာ ဂုဏ္သိကၡာရွိတဲ့ ေ႐ြးေကာက္ပြဲဆိုတဲ့ ေနရာမွာ ငါတို႔ခ်ည္းပဲလုပ္ၿပီးေတာ့ ေျပာခ်င္တာက ငါတို႔နဲ႔ သင့္ေတာ္ေသာ ငါတို႔နဲ႔မူတူေသာ ပါတီမ်ားနဲ႔ပဲ ေ႐ြးေကာက္ပြဲလုပ္ လိမ့္မွာ မဟုတ္ဘူးလို႔ ကြၽန္မတို႔က ေတာ့ ေမွ်ာ္လင့္တယ္ေပါ့ေနာ္။

ဝါရင့္ ႏိုင္ငံေရးသုံးသပ္ေလ့လာသူ တစ္ဦး
အခုခ်ိန္မွာ သက္တမ္းတိုးလိုက္တဲ့အတြက္ ဇူလိုင္လ (၃၁)ရက္အထိ ျဖစ္သြားတယ္။ ေနာက္ တစ္ခါတိုးမယ္ ဆိုရင္ ဩဂုတ္လ(၁)ရက္ကစၿပီး အသက္ဝင္မယ္။ ဒါေပမဲ့ ေနာက္တစ္ႀကိမ္က်ရင္ေတာ့ မတိုးေတာ့ဘူးလို႔ ေယဘုယ်ခန႔္ မွန္းတယ္။ ခန႔္မွန္းၿပီးေတာ့ ေနာက္တစ္ႀကိမ္မွာ ေ႐ြးေကာက္ပြဲလုပ္ေပးႏိုင္တဲ့အစိုးရတစ္ရပ္ေပၚလာၿပီးေတာ့ ႏိုဝင္ဘာ လေလာက္မွာ ေ႐ြးေကာက္ပြဲကို က်င္းပေပးမယ္။ ပုံမွန္ေျပာရရင္ေတာ့ တပ္မေတာ္အေျချပဳထားခဲ့တဲ့အ စိုးရက ဖြဲ႕စည္းပုံအတိုင္း ငါးႏွစ္ကို ျပည့္ျပည့္ဝဝယူ သြားတာပါပဲ။ ပုံမွန္ပါပဲ။ အထူးတလည္ အႀကီးႀကီးခ်ဲ႕ စရာမလိုပါဘူး။ ဒီဟာ ႀကီးလုပ္လို႔ ေ႐ြးေကာက္ပြဲမလုပ္ ဘူးလို႔ ဘာမွမဆိုင္ဘူး။ ေ႐ြးေကာက္ပြဲလုပ္ဖို႔က ေ႐ြး ေကာက္ပြဲ ဥပေဒေၾကညာရဦးမယ္။ ဩဂုတ္၊ စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာဆိုရင္ ဩဂုတ္လမွ စၿပီးေတာ့ ေ႐ြးေကာက္ပြဲကို ေနာက္တက္ တဲ့အစိုးရက ေျခာက္လအတြင္းလုပ္ေပးရမွာ။ ေ႐ြးေကာက္ပြဲကို ဘယ္ေန႔ ဘယ္ရက္မွာလုပ္မယ္ ႏိုဝင္ဘာလထဲမွာ ေၾကညာလိုက္ရင္ ႏိုင္ငံေရးပါတီေတြကလည္း စည္း႐ုံးမယ့္ ေလးလပုံမွန္ရသြားတာ။ ဒါလည္းပုံမွန္ပဲ။ ဩဂုတ္လမွာ ေၾကညာရင္ ဩဂုတ္၊ စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာ ေလးလပဲ ကြက္တိပဲ။ အဲဒီေတာ့ ႏိုဝင္ဘာမွာပဲျဖစ္မွာ။ အခုဆိုရင္ လဝက ဝန္ႀကီးဌာနရဲ႕ ေၾကညာခ်က္အရဆိုရင္ေတာ့ (၁၆၀)ေက်ာ္က အရပ္စကားနဲ႔ေျပာရရင္ အျဖဴ‌ေရာင္ နယ္ေျမ ပဲ။ က်န္တာေတြနဲ႔ေပါင္းရင္ေတာ့ ေ႐ြးေကာက္ပြဲက ဘယ္ႏွစ္ၿမိဳ႕နယ္လုပ္မွ ေ႐ြးေကာက္ပြဲရွိရမယ္ဆို တာက အခုခ်ိန္ထိ ျမန္မာႏိုင္ငံမွာ မရွိေသးဘူး။ မဲမ ေပးဘူး‌ေပါ့။ မေပးနဲ႔ရတယ္။ ဘယ္ေလာက္လာေပးမွ မဲ‌ေပးႏိုင္ခြင့္ရွိသူဦးေရ ဘယ္ေလာက္ရွိတဲ့ေနရာမွာ ဘယ္ေလာက္လာေပးမွ ဘယ္ေလာက္ရာခိုင္ႏႈန္းလာ ေပးမွဆိုတာလည္း မရွိဘူး။ ဥပမာ- မဲဆႏၵနယ္တစ္ခု ဆိုၾကပါစို႔။ အဲဒီမဲဆႏၵနယ္တစ္ခုမွာ တစ္ေယာက္ပဲ လာေပးလည္း ေ႐ြးေကာက္ပြဲက အထ ေျမာက္တာပဲ။ ေ႐ြးေကာက္ပြဲကလည္း အခုခ်ိန္ထိနည္းဥပေဒမရွိ ေသးဘူး။ ဒါေလးေတြလည္း ေစာင့္ၾကည့္ရဦးမယ္ေပါ့။ ေနာင္ျဖစ္လာမယ့္အစိုးရမွာကေတာ့ အခုရွိေနတဲ့ ဝန္ႀကီးေတြ၊ ဒုတိယဝန္ႀကီးေတြ၊ ဝန္ႀကီးခ်ဳပ္ေတြ၊ တျခားေသာ အဖြဲ႕အစည္းေတြ အဲဒီကပုဂၢိဳလ္ေတြ အကုန္လုံး ေတာင္ ျပန္ပါခ်င္မွပါလိမ့္မယ္။ အဲဒီထဲက အခ်ိဳ႕ေတြ ျပန္ပါမယ္၊ မ်က္ႏွာသစ္ေတြပါမယ္။ အဲဒါေတြနဲ႔ ေ႐ြးေကာက္ပြဲတစ္ခုကေတာ့ ျဖစ္သြား ပါလိမ့္မယ္။ အဲဒီေတာ့ စစ္အစိုးရလုပ္ေပးတဲ့ ေ႐ြးေကာက္ပြဲကို လက္မခံဘူးလို႔လည္း ေယဘုယ် အသံေတြလည္းၾကားရပါတယ္။ အဲဒီေတာ့ စစ္အစိုးရကလုပ္ေပးတဲ့ ေ႐ြးေကာက္ပြဲကို လက္မခံဘူးဆိုလို႔ရွိရင္ ကိုယ္က ေရာေ႐ြးေကာက္ပြဲလုပ္ေပး ႏိုင္မလား။ ကိုယ္အခု ေၾကျငာထား တဲ့အစိုးရဆိုတာ ကိုေရာ ဘယ္ႏွစ္ႏိုင္ငံ ေလာက္က ေထာက္ခံၾကၿပီလဲ။ အေဝးႀကီးကို မၾကည့္ပါနဲ႔ နီးနီးနားနားကိုပဲ ျပန္ၿပီး ၾကည့္လိုက္မယ္ဆိုရင္ ကိုရီးယားမွာ သက္တမ္းတိုးခဲ့တဲ့ ပတ္စ္ပို႔ေတြဒုကၡေရာက္သြားၾကၿပီ။ ခ်ဴလာ ေလာင္ကြန္း တကၠသိုလ္မွာ ေဆးတကၠသိုလ္ ဆက္တက္မယ့္ ေကာင္မေလး(၂)ေယာက္ ဒုကၡေရာက္ သြားၿပီးၿပီ။ အထူးသျဖင့္ ဘူးသီးေတာင္ေမာင္ေတာ ဘက္မွာ AA ကို အခြန္ေဆာင္ထားၿပီးၿပီဆိုၿပီး တင္သြားတဲ့ဆန္အိတ္ေတြ ဘဂၤလားေဒ့ရွ္မွာ ခ်လို႔မရပါဘူး။ အိႏၵိယႏိုင္ငံက ျမန္မာႏိုင္ငံကိုဆက္ဆံတာ။ အေမရိကန္ျပည္ေထာင္စုက ျမန္မာႏိုင္ငံကိုဆက္ဆံတာ။ အဲဒါေလးကိုေတာ့ နည္းနည္းေလးသ ေဘာေပါက္ေစခ်င္တယ္။ ဟုတ္ၿပီ ကိုယ္ေတြကေရာ ေျပာတုန္းကေတာ့ (၇၂) နာရီပဲေစာင့္ပါ။ ဘယ္လို ေစာင့္ပါ အပစ္တင္တာမဟုတ္ပါဘူး။ နစ္နာတယ္ ေႂကြလြင့္သြားတဲ့ ေငြၾကယ္ပြင့္ေလးေတြ အမ်ားႀကီးဟာ ေငြၾကယ္ပြင့္ေလးေတြကေတာ့ ေႂကြလြင့္ကုန္ၿပီ ေငြၾကယ္ပြင့္ေတြကို ဟိုလိုလုပ္ပါလား ဒီလိုလုပ္ပါလား ငါေတာ့မလုပ္တတ္ဘူး။ ငယ္ငယ္ကၾကည့္ဖူးတဲ့ ေၾကျငာသီခ်င္းေလးလိုပဲ ဟိုလိုဒီလိုလုပ္ပါလားကို ေအာ္ေနၾကတာပါပဲ။ ဒါေၾကာင့္မလို႔ အခုခ်ိန္မွာ ဘယ္အရာဟာ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြရဲ႕ ေရွ႕ေရးအတြက္အက်ိဳးရွိမလဲ။ ဘယ္အရာကျဖင့္ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြ ေႂကြလြင့္မႈေတြ ေလ်ာ့ပါးသက္သာႏိုင္မလဲ။ ဘယ္အရာေတြပဲ ဘယ္ေလာက္ပဲ လုပ္ခ်င္ လုပ္ခ်င္ တိုင္းျပည္ႀကီးမွာ ၿငိမ္းခ်မ္းေရးဆိုတာ မရသမွ်ကာလပတ္လုံး ဘာမွလုပ္ လို႔မရဘူး။ သူက အဓိကပဲ။ အဲဒါ ေၾကာင့္မလို႔ ၿငိမ္းခ်မ္းေရးသည္သာလွ်င္ ပထမ၊ ၿငိမ္းခ်မ္းေရးရဖို႔သာလွ်င္ ဒုတိယ၊ ၿငိမ္းခ်မ္းေရးသာ ပဓာနဆိုတဲ့စိတ္ေတြ ကိုေမြးၿပီးေတာ့ အရင္တုန္းက လြတ္လပ္ေရးမရခင္တုန္းက လြတ္လပ္ေရးသာပထမ၊ လြတ္လပ္ေရးသာ ဒုတိယ၊ လြတ္လပ္ေရးသာ တတိယ တကယ္လြတ္လပ္ေရးရခ်င္စိတ္ေတြေမြးလိုက္‌ေတာ့ အဂၤလိပ္လက္ ေအာက္ကေန လြတ္ ေျမာက္ၿပီးေတာ့ လြတ္လပ္ေရးရခဲ့တယ္။ ၿငိမ္းခ်မ္းေရးလိုခ်င္ပါတယ္ဆိုတဲ့ တိုင္းရင္း သားလက္နက္ကိုင္ေတြေရာ ဘာေရာ ဒီ Process ႀကီးမွာပါတဲ့ State-Holder ေတြအားလုံးဟာ တကယ္ကိုႏိုင္ငံေတာ္ႀကီး ၿငိမ္းခ်မ္းမွျဖစ္မယ္ဆိုတဲ့ အေတြးအယူအဆနဲ႔လုပ္ၾကရင္ျဖင့္ အနာဂတ္ အတြက္အရမ္းေကာင္းမြန္တဲ့ လမ္းေၾကာင္းေလးက ျဖဴးေနပါလိမ့္မယ္။ ဒီလိုမွမဟုတ္လို႔ရွိရင္လည္း အဆင္မေျပပါဘူး။ ငါနဲ႔မဆိုင္ပါဘူး ငါမပါဘူး။ ဒါေတြက NUG နဲ႔စစ္တပ္တို႔နဲ႔ တိုင္းရင္း သားလက္နက္ကိုင္ ေတြလုပ္ရမယ့္ကိစၥေတြဆိုလို႔ကေတာ့ မဟုတ္ေသးပါဘူး။ အားလုံးတစ္ေထာင့္တစ္ေနရာ ကေန အုတ္တစ္ခ်ပ္၊ သဲတစ္ပြင့္၊ သြပ္တစ္ခ်ပ္၊ သံတစ္ေခ်ာင္းနဲ႔ လုပ္ျခင္းျဖင့္သာလွ်င္ ႏိုင္ငံအတြက္ ၿငိမ္းခ်မ္းတဲ့ လမ္းေၾကာင္း ႀကီးေပၚေရာက္မယ္လို႔ ျမင္ပါတယ္။ အခုလို (၆)လသက္တမ္းတိုးျခင္းဟာ လည္းပဲ အထူးတလည္ (၂၀၂၅)မွာ လုပ္မယ့္ ေ႐ြး ေကာက္ပြဲကိုေတာ့ အခုခ်ိန္ထိကေတာ့ ႐ိုက္ခတ္ႏိုင္ လိမ့္မယ္လို႔ မျမင္ေသးပါဘူး။
ဦးတင့္ေဆြ (ဒုတိယ ဥကၠ႒ - ဒီမိုကရက္တစ္ပါတီ)
ေ႐ြးေကာက္ပြဲကို သူကေအာင္ေအာင္ျမင္ျမင္ လုပ္ခ်င္တဲ့အတြက္ကို တိုးတယ္လို႔ အန္ကယ္ျမင္တယ္။ အခု လည္းတခ်ိဳ႕ေနရာေတြမွာ ဘာပဲျဖစ္ျဖစ္ ၿငိမ္ခ်မ္းေရး ကစကားေျပာလာၿပီဆို‌ေတာ့ ဒီဘက္ကိုလည္း အခ်ိန္ေပးတဲ့ အေနနဲ႔ (၆)လတိုးတယ္လို႔ အန္ကယ္ျမင္တယ္။ နဂိုတုန္းကအန္ကယ္ခန႔္မွန္းတာက သက္တမ္းမတိုးေတာ့ဘူးလို႔ ဘာျဖစ္လို႔လဲဆိုတာ့ ေ႐ြးေကာက္ပြဲက သူတို႔ေျပာေနတာေတြ UEC မွာ အစည္းအေဝးတက္ေတာ့ လုပ္ေလ့လုပ္ထရွိတာ ႏိုဝင္ဘာလလို႔ သူတို႔ေျပာတယ္ေလ။ ႏိုဝင္ဘာလ ေျပာတဲ့အခါက်ေတာ့ ဒါေၾကာင့္မို႔လို႔ (၂၀၂၅) ႏိုဝင္ဘာေလာက္ ပထမလဆန္းထဲမွာ ျဖစ္မယ္လို႔တြက္ေတာ့ ဒါဆိုရင္ (၆)လသက္တမ္းမတိုးေတာ့ဘူးေပါ့ ေနာ္။ အခု (၆) လတိုးၿပီးလို႔ရွိရင္ ကာ/လုံျပန္အပ္ရတယ္။ အပ္ၿပီးရင္ ကာ/လုံကမွ (၆)လအတြင္း ေ႐ြးေကာက္ပြဲလုပ္ေပးပါဆိုေတာ့ တစ္ခါ Camping ဆိုေတာ့ အရမ္းကပ္ေနတာေပါ့ေနာ္။ မျဖစ္ႏိုင္ဘူးလို႔ တြက္တာေပါ့။ သို႔ေသာ္လည္း တျခားႏိုင္ငံေတြမွာ ေ႐ြးေကာက္ ပြဲကာလကို (၁၅)ရက္နဲ႔လုပ္တာေတြရွိတယ္။ (၁၀)ရက္နဲ႔လုပ္တာေတြရွိတယ္။ ျမန္မာျပည္မွာေတာ့ သုံးလလုပ္တယ္ဆို တာက တိုင္းရင္းသားပါတီေတြက တစ္နယ္နဲ႔တစ္နယ္သြားရတာေဝးတယ္။ ေဝးတဲ့အတြက္ သူတို႔မွာ အခက္အခဲရွိတယ္။ တခ်ိဳ႕ဆိုရင္ ေ႐ြးေကာက္ပြဲကာလမွာ ေဟာေျပာဖို႔ ဆိုရင္ ဓမၼာ႐ုံတို႔လို႔၊ ဘုရားေက်ာင္းတို႔လို႔ေနရာေတြ ေပးပါလို႔ ေျပာတာ ကိုး။ အခုက တိုင္းရင္းသား ေတြေျပာတဲ့ေနရာမွာ ေတာ္ေတာ္မ်ားမ်ားက မၿငိမ္း ခ်မ္းတဲ့အခါက်ေတာ့ အန္ကယ္ထင္တာ (ဒါၿပီးရင္ ေနာက္ထပ္) တိုးစရာ သိပ္မလိုေတာ့ဘူးေပါ့ေနာ္။ ေ႐ြးေကာက္ပြဲကို အားစိုက္လုပ္သြားမယ္လို႔ျမင္ပါတယ္။ ဘာျဖစ္လို႔လဲဆို‌ေတာ့ ဒီ(၆)လတိုးၿပီး ေနာက္ထပ္တိုးစရာကေတာ့ ဒါအဆုံးပဲလို႔ထင္တယ္။ တိုးစရာကလည္းသိပ္မရွိဘူး ဆိုေတာ့ အာ႐ုံစိုက္မႈက ဒီ(၆)လအတြင္းမွာ နစကအေနနဲ႔ (ေ႐ြးေကာက္ပြဲကို) အာ႐ုံစိုက္မယ္။ ၿပီးရင္ သူ႔မွာ ဝန္ႀကီးခ်ဳပ္ ဆိုတဲ့တာ ဝန္ရွိေတာ့ က်န္တာေတြက ဝန္ႀကီးခ်ဳပ္တာဝန္နဲ႔ လုပ္သြားလိမ့္မယ္။ တိုင္းျပည္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရးကိုေပါ့။ အန္ကယ္ကေတာ့ Positive အေနနဲ႔ ျမင္ပါတယ္။

ဦးစိုင္းအိုက္ေပါင္း (ဥကၠ႒ - ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ)
ဒါကေတာ့ အေျခခံဥပေဒအရ တိုးတာေပါ့ဗ်ာ။ အဲဒီလိုပဲ ေျပာရမွာေပါ့။ အေၾကာင္းျပခ်က္လည္း ေကာင္းပါ တယ္။ အဓိကကေတာ့ တည္ၿငိမ္ေအးခ်မ္းေအာင္ လုပ္ရမွာေပါ့။ ဒါမွ ကြၽန္ေတာ္တို႔က မဲေပးႏိုင္တဲ့ ၿမိဳ႕နယ္ေတြက တိုးပြား လာမွာေကာင္းတာေပါ့။ ဟုတ္တယ္မလား။ သူတို႔တည္ၿငိမ္ေအာင္ လုပ္ေပးႏိုင္မယ္ဆိုလို႔ရွိရင္ ေ႐ြးေကာက္ပြဲအတြက္ ေတာ့ ပိုေတာင္ေကာင္းတာေပါ့ဗ်ာ။ မဲဆႏၵေပးပိုင္ခြင့္ရွိတဲ့ လူေတြအမ်ားႀကီး ေပးရတာေပါ့။ မဲေပးတဲ့လူေတြ တိုးပြား လာမယ္ေပါ့။ တည္ၿငိမ္ေအာင္ လုပ္ရမွာ။
ကြၽန္ေတာ္ထင္တာ ဟိုဟာက (၅) ႏွစ္တစ္ႀကိမ္ ဆိုေတာ့ေလ။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ခန႔္မွန္း တာေပါ့ ေနာ္။ (၂၀၂၅) ႏိုဝင္ဘာလေလာက္မွာ ျပန္ၿပီးလုပ္မွာပဲေလ။ ဦးသိန္းစိန္ေခတ္တုန္းကလည္း (၂၀၁၀) ႏိုဝင္ဘာပဲေလ။ (၂၀၁၅)လည္း ႏိုဝင္ဘာပဲ၊ (၂၀၂၅) လည္း ႏိုဝင္ဘာျဖစ္မွာပဲ။ သေဘာက (၂၀၂၅) ႏိုဝင္ဘာေလာက္မွာ ေ႐ြးေကာက္ပြဲလုပ္။ ဇန္နဝါရီလေလာက္မွာ လႊတ္ေတာ္ေခၚ။ အစိုးရဖြဲ႕။ အဆင္သင့္လုပ္ၿပီးေတာ့ မတ္လ က်ရင္ အစိုးရ အသစ္ ေပၚလာမွာေပါ့ေနာ္။ ဧၿပီလ (၁) ရက္က်ရင္ အစိုးရအေျပာင္းအလဲလုပ္ေပါ့။ ေနာက္ထပ္တိုးလို႔လည္း မေကာင္း ေတာ့ဘူးေလ။ ဩဂုတ္လ ျဖစ္သြားမွာပဲ။ ဩဂုတ္ (၁) ရက္က်ရင္ ေနာက္ထပ္ (၆)လအတြက္ ျဖစ္သြားၿပီေလ။ ဟုတ္တယ္မလား။ ဘယ္လိုပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲအတြက္ လာရေတာ့မွာေပါ့။ ဩဂုတ္ကေန ႏိုဝင္ဘာဆို ဘာမွမရွိ ေတာ့ဘူးေလ။ အလုပ္လုပ္ရ ေတာ့မွာေလဗ်ာ။ ဟုတ္တယ္မလား။ နစကဥကၠ႒ႀကီး ေျပာထားတဲ့အတိုင္း လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ေတာ့ ႀကိဳးစားေပးပါလို႔ပဲ ကြၽန္ေတာ္တို႔က တိုက္တြန္းခ်င္တယ္ေပါ့။ ေမတၱာရပ္ခံ တိုက္တြန္းခ်င္တယ္။ အခု ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြမွာဆိုလို႔ရွိရင္ (၂၀၁၀) ေ႐ြးေကာက္ပြဲလည္း လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲလို႔ ကြၽန္ေတာ္တို႔ အျပည့္အဝေျပာလို႔မရဘူး။ ႀကိဳတင္ မဲေတြနဲ႔ေလ။ (၁၅)က်ေတာ့ ေျပာလို႔ရတယ္။ (၂၀၁၅) က်ေတာ့။ (၂၀၂၀) ကေတာ့ ေျပာစရာကို မလိုေတာ့ဘူး။ အဲဒီေတာ့ (၂၀၂၅)က လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ကို ကြၽန္ေတာ္တို႔က ေမတၱာရပ္ခံတိုက္တြန္းတယ္။ ဟိုဟာ ႏိုင္ငံႀကီးေတြရဲ႕ လာေရာက္ၿပီး ေ႐ြးေကာက္ပြဲေလ့လာတဲ့ လူေတြ ကိုေရာ ဖိတ္ေစခ်င္တယ္။ တ႐ုတ္တို႔ အိႏၵိယတို႔ အာ ဆီယံတို႔ ႐ုရွားတို႔ေနာက္ အေနာက္ႏိုင္ငံကလည္း လာေပါ့ဗ်ာ။ ဖိတ္ေပါ့။ မဟုတ္ဘူးလား။ ဒါမွ ႏိုင္ငံတကာက ယုံအၾကည္ရွိမယ္ေလ။ ဘယ္သူပဲႏိုင္ႏိုင္ပါ။ ဒါျပည္သူရဲ႕ ဆႏၵမဲျပားနဲ႔တက္လာတဲ့ အစိုးရ ဆိုတာ ဒါျပည္သူ ေ႐ြးေကာက္ပြဲ တက္အစိုးရေပါ့။

Related news

© 2021. All rights reserved.