ထန်းတပင်မြို့နယ်တွင် အမျိုးသားက ဇနီးဖြစ်သူကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွား

 800

ချယ်ရီ(NP News )- ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဒုတိယအိမ်ထောင်မှ အမျိုးသားက ဇနီးဖြစ်သူကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၆ ရက်)၊ နံနက်ပိုင်း (၉)နာရီ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်စု၊ ရေတလိကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “သူ့ကိုသတ်တဲ့သူကတော့ သူရဲ့နောက်အိမ်ထောင်လို့ ပြောတယ်။ ပထမအိမ်ထောင်တော့ မဟုတ်ဘူး။ နောက်အိမ်ထောင်က သူ့ကို အလုပ်ကနေပြန်ခေါ်လာပြီးတော့ သူတို့ဘာအငြိုးတေးရှိလည်းတော့ မသိဘူးဗျာ။ သတ်တာကတော့ မသေမချင်း သတ်ထားတာ။ ကျွန်တော်တို့သုံးသပ်ကြည့်တာတော့ သူသတ်ထားတဲ့ပုံနဲ့ သူ့ယောက်ျားကလည်း နောက်ယောက်ျားဖြစ်တဲ့ပုံစံနဲ့ဆိုတော့ သူတို့အိမ်ထောင်ရေးကိစ္စကြောင့်ပါပဲ။ တခြားကိစ္စကြောင့် မဖြစ်နိုင်ပါဘူး” ဟု အထက်ပါဒေသခံက ရှင်းပြသည်။

အဆိုပါ သေဆုံးသူအမျိုးသမီးမှာ အသက်(၃၀)နှစ်အရွယ်ရှိပြီး သာပေါင်းမြို့မှ လှိုင်သာယာမြို့ နယ်သို့ အလုပ်လုပ်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့သွားရောက်ချိန်တွင် အဆိုပါ သေဆုံးသူအမျိုးသမီးမှာ လေးဘက်ကုန်းမှောက်လျက်အနေအထားရှိနေပြီး ဒဏ်ရာများကို ဆက်လက်ရှာဖွေရာ ပါးစပ် ဝဲ၊ယာနှစ်ဖက်စလုံး၌ ပြတ်ရှဒဏ်ရာများ၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ ထင်ထင်ရှားရှား တွေ့ရှိခဲ့ရကြောင်း သိရသည်။

“စတွေ့တဲ့ပုံကတော့ ကျွန်တော်တို့တက်ပြီးတော့ ရဲတွေဘာတွေရောက်တဲ့အချိန်ကတော့ လေးဘက်ကုန်းလေး မှောက်ရက်အတိုင်းလေးပဲ။ လှီးထားတဲ့အချက်ရေက များပါတယ်။ မှတ်တမ်းယူမှ ရဲကဒဏ်ရာစစ်မယ်ဆိုမှ ပက်လက်ဆွဲလှန်မှ ဒဏ်ရာတွေက အကုန်ပေါ်လာတာ။ နောက်ကျောမှာက ဘာဒဏ်ရာမှ မရှိဘူး။ ကြိုးဒဏ်ရာတွေ ဘာမှ မရှိဘူးဗျ” ဟု ၎င်းက ပြောသည်။

သေဆုံးသူအမျိုးသမီးသမီးနှင့် ဒုတိယ အိမ်ထောင်မှ အမျိုးသားမှာ ကွဲနေသည်ဟု သိထားရသော်လည်း ၎င်း၏ အခန်းအတွင်း၌ အမျိုးသားဝတ် အဝတ်အစားများကို ချိတ်ဖြင့် ချိတ်ဆွဲထားခြင်းများကို တွေ့ရှိထားရခြင်းကြောင့် ၎င်းတို့၏ဖြစ်စဉ်အကြောင်းရင်းမှာ နက်နဲလှ ကြောင်း ၎င်းက ဆိုသည်။ ထို့နောက် သေဆုံးသူရုပ်အလောင်းကို လှိုင်သာယာဆေးရုံကြီး၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးပြီး ပြစ်မှုကျူးလွန်သူအမျိုးသားကို ထန်းတပင်မြို့နယ်၊ တက်သစ်ရဲစခန်းက ဖမ်းဆီးအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

zawgyi version
ထန္းတပင္ၿမိဳ႕နယ္တြင္ အမ်ိဳးသားက ဇနီးျဖစ္သူကို ဓားျဖင့္အခ်က္ေပါင္းမ်ားစြာ ထိုးသတ္မႈျဖစ္ပြား
ခ်ယ္ရီ(NP News )- ေဖေဖာ္ဝါရီ ၇

ရန္ကုန္တိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္တြင္ ဒုတိယအိမ္ေထာင္မွ အမ်ိဳးသားက ဇနီးျဖစ္သူကို ဓားျဖင့္အခ်က္ေပါင္းမ်ားစြာ ထိုးသတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၆ ရက္)၊ နံနက္ပိုင္း (၉)နာရီ ထန္းတပင္ၿမိဳ႕နယ္၊ တက္သစ္ေက်း႐ြာအုပ္စု၊ ေရတလိေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “သူ႔ကိုသတ္တဲ့သူကေတာ့ သူရဲ႕ေနာက္အိမ္ေထာင္လို႔ ေျပာတယ္။ ပထမအိမ္ေထာင္ေတာ့ မဟုတ္ဘူး။ ေနာက္အိမ္ေထာင္က သူ႔ကို အလုပ္ကေနျပန္ေခၚလာၿပီးေတာ့ သူတို႔ဘာအၿငိဳးေတးရွိလည္းေတာ့ မသိဘူးဗ်ာ။ သတ္တာကေတာ့ မေသမခ်င္း သတ္ထားတာ။ ကြၽန္ေတာ္တို႔သုံးသပ္ၾကည့္တာေတာ့ သူသတ္ထားတဲ့ပုံနဲ႔ သူ႔ေယာက္်ားကလည္း ေနာက္ေယာက္်ားျဖစ္တဲ့ပုံစံနဲ႔ဆိုေတာ့ သူတို႔အိမ္ေထာင္ေရးကိစၥေၾကာင့္ပါပဲ။ တျခားကိစၥေၾကာင့္ မျဖစ္ႏိုင္ပါဘူး” ဟု အထက္ပါေဒသခံက ရွင္းျပသည္။

အဆိုပါ ေသဆုံးသူအမ်ိဳးသမီးမွာ အသက္(၃၀)ႏွစ္အ႐ြယ္ရွိၿပီး သာေပါင္းၿမိဳ႕မွ လႈိင္သာယာၿမိဳ႕ နယ္သို႔ အလုပ္လုပ္ရန္ လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၎တို႔သြားေရာက္ခ်ိန္တြင္ အဆိုပါ ေသဆုံးသူအမ်ိဳးသမီးမွာ ေလးဘက္ကုန္းေမွာက္လ်က္အေနအထားရွိေနၿပီး ဒဏ္ရာမ်ားကို ဆက္လက္ရွာေဖြရာ ပါးစပ္ ဝဲ၊ယာႏွစ္ဖက္စလုံး၌ ျပတ္ရွဒဏ္ရာမ်ား၊ လည္ပင္းႏွင့္ ဝမ္းဗိုက္တို႔တြင္ ထိုးသြင္းဒဏ္ရာ တစ္ခ်က္စီ ထင္ထင္ရွားရွား ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။

“စေတြ႕တဲ့ပုံကေတာ့ ကြၽန္ေတာ္တို႔တက္ၿပီးေတာ့ ရဲေတြဘာေတြေရာက္တဲ့အခ်ိန္ကေတာ့ ေလးဘက္ကုန္းေလး ေမွာက္ရက္အတိုင္းေလးပဲ။ လွီးထားတဲ့အခ်က္ေရက မ်ားပါတယ္။ မွတ္တမ္းယူမွ ရဲကဒဏ္ရာစစ္မယ္ဆိုမွ ပက္လက္ဆြဲလွန္မွ ဒဏ္ရာေတြက အကုန္ေပၚလာတာ။ ေနာက္ေက်ာမွာက ဘာဒဏ္ရာမွ မရွိဘူး။ ႀကိဳးဒဏ္ရာေတြ ဘာမွ မရွိဘူးဗ်” ဟု ၎က ေျပာသည္။

ေသဆုံးသူအမ်ိဳးသမီးသမီးႏွင့္ ဒုတိယ အိမ္ေထာင္မွ အမ်ိဳးသားမွာ ကြဲေနသည္ဟု သိထားရေသာ္လည္း ၎၏ အခန္းအတြင္း၌ အမ်ိဳးသားဝတ္ အဝတ္အစားမ်ားကို ခ်ိတ္ျဖင့္ ခ်ိတ္ဆြဲထားျခင္းမ်ားကို ေတြ႕ရွိထားရျခင္းေၾကာင့္ ၎တို႔၏ျဖစ္စဥ္အေၾကာင္းရင္းမွာ နက္နဲလွ ေၾကာင္း ၎က ဆိုသည္။ ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းကို လႈိင္သာယာေဆး႐ုံႀကီး၊ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးၿပီး ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားကို ထန္းတပင္ၿမိဳ႕နယ္၊ တက္သစ္ရဲစခန္းက ဖမ္းဆီးအမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.