ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ နှုတ်ထွက်မှုကို အာဂျင်တီးနားအစိုးရ ထုတ်ပြန်ကြေညာ
318
Pika (NP News) - ဖေဖော်ဝါရီ ၇
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ ၎င်း၏နှုတ်ထွက်မှုကို အာဂျင်တီးနားအစိုးရက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ကိုဗစ်(၁၉)ကပ်ရောဂါကာလအတွင်း အခြေခံမူဝါဒသဘောထားကွဲလွဲမှုများကို ကိုးကား ပြီး ယခုကဲ့သို့ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း အာဂျင်တီးနားအစိုးရက ထုတ်ပြန်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေများအတွက် တုံ့ပြန်မှုများကို ညှိနှိုင်းရန် ဖန်တီးထားသော WHO အဖွဲ့သည် ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားစဉ်အချိန်ကာလအတွင်း ၎င်း၏ အကြီးမားဆုံးစမ်းသပ်မှုတစ်ခုကို ကျရှုံးခဲ့ ကြောင်း အာဂျင်တီးနားသမ္မတ Javier Milei ၏ ရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် ကာလရှည်ကြာစွာ quarantine ဝင်ခိုင်းခြင်းများသည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးစီးပွားရေးကပ်ဆိုး များထဲမှ တစ်ခုကို ဖြစ်ပေါ်လာစေခဲ့ကြောင်း Javier Milei ၏ ရုံးက ပြောကြားခဲ့သည်။ ထို့ပြင် အာဂျင်တီးနား နိုင်ငံတွင် WHO အဖွဲ့မှ ထောက်ခံထားသော ယခင်အစိုးရလက်ထက်တွင် လပေါင်းများစွာကြာသော lockdown ချထားမှုများကြောင့် စီးပွားရေးကို ထိခိုက်စေခဲ့ပြီး လူပေါင်း(၁၃၀၀၀၀)ကျော်ကို သေဆုံးစေခဲ့ကြောင်း Javier Milei ၏ ရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်ရပ်များကြောင့် WHO အဖွဲ့မှ အာဂျင်တီးနားနိုင်ငံ၏ နှုတ်ထွက်မှုကို စတင်ရန် နိုင်ငံခြားရေးဝန်ကြီး ဂီရာဒိုဝါသိန်းက ညွှန်ကြားခဲ့ကြောင်း Javier Milei ၏ ပြောရေးဆိုခွင့်ရှိသူ မန်နူရယ်အဒေါ်နီက ပြောကြားခဲ့သည်။ မန်နူရယ်အဒေါ်နီက “ကျွန်တော်တို့ အာဂျင်တီးနားနိုင်ငံသားတွေဟာ ကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာနဲ့ ကျန်းမာရေးကဏ္ဍကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကို ဝင်ရောက်စွက်ဖက်ခွင့်ပြုလိမ့်မှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။
ထို့ပြင် အာဂျင်တီးနားနိုင်ငံသည် WHO အဖွဲ့ထံမှ ရန်ပုံငွေများကိုမရရှိသောကြောင့် အဆိုပါနှုတ်ထွက်မှုသည် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ထိခိုက်စေလိမ့်မည်မဟုတ်ကြောင်း မန်နူရယ်အဒေါ်နီက အာမခံပြောခဲ့သည်။
Zawgyi Version:
ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO) မွ ႏႈတ္ထြက္မႈကို အာဂ်င္တီးနားအစိုးရ ထုတ္ျပန္ေၾကညာ
Pika (NP News) - ေဖေဖာ္ဝါရီ ၇
ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO) မွ ၎၏ႏႈတ္ထြက္မႈကို အာဂ်င္တီးနားအစိုးရက ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။ အထူးသျဖင့္ ကိုဗစ္(၁၉)ကပ္ေရာဂါကာလအတြင္း အေျခခံမူဝါဒသေဘာထားကြဲလြဲမႈမ်ားကို ကိုးကား ၿပီး ယခုကဲ့သို႔ ႏႈတ္ထြက္ခဲ့ျခင္းျဖစ္ေၾကာင္း အာဂ်င္တီးနားအစိုးရက ထုတ္ျပန္ခဲ့သည္။
ကမာၻလုံးဆိုင္ရာက်န္းမာေရးအေရးေပၚအေျခအေနမ်ားအတြက္ တုံ႔ျပန္မႈမ်ားကို ညႇိႏႈိင္းရန္ ဖန္တီးထားေသာ WHO အဖြဲ႕သည္ ကိုဗစ္(၁၉)ကပ္ေရာဂါျဖစ္ပြားစဥ္အခ်ိန္ကာလအတြင္း ၎၏ အႀကီးမားဆုံးစမ္းသပ္မႈတစ္ခုကို က်ရႈံးခဲ့ ေၾကာင္း အာဂ်င္တီးနားသမၼတ Javier Milei ၏ ႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ျပင္ ကာလရွည္ၾကာစြာ quarantine ဝင္ခိုင္းျခင္းမ်ားသည္ ကမာၻ႔သမိုင္းတြင္ အႀကီးမားဆုံးစီးပြားေရးကပ္ဆိုး မ်ားထဲမွ တစ္ခုကို ျဖစ္ေပၚလာေစခဲ့ေၾကာင္း Javier Milei ၏ ႐ုံးက ေျပာၾကားခဲ့သည္။ ထို႔ျပင္ အာဂ်င္တီးနား ႏိုင္ငံတြင္ WHO အဖြဲ႕မွ ေထာက္ခံထားေသာ ယခင္အစိုးရလက္ထက္တြင္ လေပါင္းမ်ားစြာၾကာေသာ lockdown ခ်ထားမႈမ်ားေၾကာင့္ စီးပြားေရးကို ထိခိုက္ေစခဲ့ၿပီး လူေပါင္း(၁၃၀၀၀၀)ေက်ာ္ကို ေသဆုံးေစခဲ့ေၾကာင္း Javier Milei ၏ ႐ုံးက ထုတ္ျပန္ခဲ့သည္။
အဆိုပါျဖစ္ရပ္မ်ားေၾကာင့္ WHO အဖြဲ႕မွ အာဂ်င္တီးနားႏိုင္ငံ၏ ႏႈတ္ထြက္မႈကို စတင္ရန္ ႏိုင္ငံျခားေရးဝန္ႀကီး ဂီရာဒိုဝါသိန္းက ၫႊန္ၾကားခဲ့ေၾကာင္း Javier Milei ၏ ေျပာေရးဆိုခြင့္ရွိသူ မန္ႏူရယ္အေဒၚနီက ေျပာၾကားခဲ့သည္။ မန္ႏူရယ္အေဒၚနီက “ကြၽန္ေတာ္တို႔ အာဂ်င္တီးနားႏိုင္ငံသားေတြဟာ ကြၽန္ေတာ္တို႔ရဲ႕အခ်ဳပ္အျခာအာဏာနဲ႔ က်န္းမာေရးက႑ကို ႏိုင္ငံတကာအဖြဲ႕အစည္းတစ္ခုကို ဝင္ေရာက္စြက္ဖက္ခြင့္ျပဳလိမ့္မွာ မဟုတ္ပါဘူး” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အာဂ်င္တီးနားႏိုင္ငံသည္ WHO အဖြဲ႕ထံမွ ရန္ပုံေငြမ်ားကိုမရရွိေသာေၾကာင့္ အဆိုပါႏႈတ္ထြက္မႈသည္ အမ်ိဳးသားက်န္းမာေရးေစာင့္ေရွာက္မႈဝန္ေဆာင္မႈမ်ားကို ထိခိုက္ေစလိမ့္မည္မဟုတ္ေၾကာင္း မန္ႏူရယ္အေဒၚနီက အာမခံေျပာခဲ့သည္။