နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကို ပိတ်ဆို့မှုများချမှတ်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပြော
392
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၇
အမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်သည် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကို ပစ်မှတ်ထားသည့် ပိတ်ဆို့ မှုများချမှတ်ရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ (ICC) သည် အမေရိကန်နိုင်ငံ နှင့် မဟာမိတ်နိုင်ငံများကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းအတွက် ပိတ်ဆို့မှုချမှတ်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။
(ICC) သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂယ်လန့်တို့ကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ရာ အမေရိကန်အစိုးရတာဝန်ရှိသူများ စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ၏အမိန့်ထဲတွင် (ICC) အဖွဲ့၏ မကြာသေးမီက လုပ်ရပ်များသည် အမေရိကန်နိုင်ငံသားများကို ထိခိုက်နစ်နာစေရန် လုပ်ဆောင်ခြင်းမျိုးဖြစ်စေခဲ့ကြောင်း ဖော်ပြထားသည်။
အမေရိကန်သမ္မတအသစ်က "(ICC) ရဲ့ လုပ်ရပ်တွေဟာ အမေရိကန်အစိုးရနဲ့ မဟာမိတ်နိုင်ငံများရဲ့ နိုင်ငံခြားရေး မူဝါဒတွေ၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်ခဲ့တယ်" ဟု ပြောသည်။
အမေရိကန်နိုင်ငံသားများ နှင့် မဟာမိတ်နိုင်ငံများမှ နိုင်ငံသားများကိုစုံစမ်းစစ်ဆေးရန် (ICC)ကို ကူညီထောက်ပံ့ ပေးခဲ့သော လူတစ်ဦးချင်းစီ နှင့် မိသားစုများကို ဗီဇာပိတ်ပင်ခြင်း နှင့် ငွေကြေးပိတ်ပင်ခြင်းများကိုအဓိကထား လုပ်ဆောင်မည်ဟု ပြောသည်။ (ICC) အဖွဲ့သည် လက်ရှိအချိန်တွင် အမေရီကန်အစိုးရအဖွဲ့အသစ်၏ လျင်မြန်စွာ တိုက်ခိုက်ခြင်းကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြောင်း ဂါးဒီယမ်းသတင်းစာက ပြီးခဲ့သော သီတင်းပတ်အတွင်း ဖော်ပြထားသည်။
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များသည် အမေရိကန်နိုင်ငံ၏ မဟာမိတ်နိုင်ငံများမှ တာဝန်ရှိသူများကို တရားစွဲရန် ကြိုးပမ်းခြင်းများအတွက် (ICC)အဖွဲ့တာဝန်ရှိသူများကို ဘဏ္ဍာရေးကန့်သတ်ခြင်း၊ ဗီဇာ ပယ်ဖျက်ခြင်း များ ပိတ်ပင်ရန် ဖေဖော်ဝါရီလအစောပိုင်းတွင်ဆန္ဒမဲပေးခဲ့ကြောင်း ပြောသည်။ အမေရိကန်နိုင်ငံသည် ၂၀၀၂ ခုနှစ်တုန်းက American Service-Members’ Protection Act အက်ဥပဒေကို ထုတ်ပြန်ခဲ့ပြီးယင်းဥပဒေကို သည်ဟိတ်မြို့တရားရုံး၏ကျူးကျော်ခြင်းမှ ကာကွယ်ပေးသောအက်ဥပဒေအဖြစ် အမည်ပြောင်ခေါ်ဆိုကြောင်း သိရသည်။ အဆိုပါအက်ဥပဒေထဲတွင် အမေရိကန်အစိုးရတာဝန်ရှိသူများ၊ အမေရိကန်စစ်သားများကို အမေရိကန်နိုင်ငံက တရားဝင်အသိအမှတ်မပြုထားသည့် နိုင်ငံတကာတရားရုံးအဖွဲ့အစည်းများမှ တရားစွဲခြင်းကို ကာကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
(ICC)တရားရုံးသည် အာဖန်ဂန်နစ္စတန်စစ်ပွဲနှင့်ဆက်နွယ်ပြီး အမေရိကန်နိုင်ငံကို စစ်ရာဇဝတ်မှုကျူးလွန်သောနိုင်ငံ အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် တရားစွဲဆိုရန် ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။ အမေရိကန်သည် အဆိုပါတရားစွဲမှုနှင့် ပတ်သက်ပြီး (ICC)အဖွဲ့မှ ရှေ့နေအကြီးအကဲကို ပိတ်ဆို့မှုချမှတ်ခဲ့ဖူးကြောင်း သိရသည်။
Zawgyi Version:
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) ကို ပိတ္ဆို႔မႈမ်ားခ်မွတ္ဟု အေမရိကန္သမၼတေဒၚနယ္ထရမ့္ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၇
အေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္သည္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး (ICC) ကို ပစ္မွတ္ထားသည့္ ပိတ္ဆို႔ မႈမ်ားခ်မွတ္ရန္ အမိန႔္ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။ (ICC) သည္ အေမရိကန္ႏိုင္ငံ ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားကို စုံစမ္းစစ္ေဆးရန္ ႀကိဳးပမ္းျခင္းအတြက္ ပိတ္ဆို႔မႈခ်မွတ္ျခင္းျဖစ္ေၾကာင္း အေမရိကန္အစိုးရက ေျပာသည္။
(ICC) သည္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ႏွင့္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂယ္လန႔္တို႔ကို ဖမ္းဝရမ္းထုတ္ျပန္ခဲ့ရာ အေမရိကန္အစိုးရတာဝန္ရွိသူမ်ား စိတ္ဆိုးေဒါသျဖစ္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတ၏အမိန႔္ထဲတြင္ (ICC) အဖြဲ႕၏ မၾကာေသးမီက လုပ္ရပ္မ်ားသည္ အေမရိကန္ႏိုင္ငံသားမ်ားကို ထိခိုက္နစ္နာေစရန္ လုပ္ေဆာင္ျခင္းမ်ိဳးျဖစ္ေစခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အေမရိကန္သမၼတအသစ္က "(ICC) ရဲ႕ လုပ္ရပ္ေတြဟာ အေမရိကန္အစိုးရနဲ႔ မဟာမိတ္ႏိုင္ငံမ်ားရဲ႕ ႏိုင္ငံျခားေရး မူဝါဒေတြ၊ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈ၊ ႏိုင္ငံလုံၿခဳံေရးကို ၿခိမ္းေျခာက္ခဲ့တယ္" ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံသားမ်ား ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားကိုစုံစမ္းစစ္ေဆးရန္ (ICC)ကို ကူညီေထာက္ပံ့ ေပးခဲ့ေသာ လူတစ္ဦးခ်င္းစီ ႏွင့္ မိသားစုမ်ားကို ဗီဇာပိတ္ပင္ျခင္း ႏွင့္ ေငြေၾကးပိတ္ပင္ျခင္းမ်ားကိုအဓိကထား လုပ္ေဆာင္မည္ဟု ေျပာသည္။ (ICC) အဖြဲ႕သည္ လက္ရွိအခ်ိန္တြင္ အေမရီကန္အစိုးရအဖြဲ႕အသစ္၏ လ်င္ျမန္စြာ တိုက္ခိုက္ျခင္းကို ရင္ဆိုင္ႏိုင္ရန္ ျပင္ဆင္ထားေၾကာင္း ဂါးဒီယမ္းသတင္းစာက ၿပီးခဲ့ေသာ သီတင္းပတ္အတြင္း ေဖာ္ျပထားသည္။
အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ အေမရိကန္ႏိုင္ငံ၏ မဟာမိတ္ႏိုင္ငံမ်ားမွ တာဝန္ရွိသူမ်ားကို တရားစြဲရန္ ႀကိဳးပမ္းျခင္းမ်ားအတြက္ (ICC)အဖြဲ႕တာဝန္ရွိသူမ်ားကို ဘ႑ာေရးကန႔္သတ္ျခင္း၊ ဗီဇာ ပယ္ဖ်က္ျခင္း မ်ား ပိတ္ပင္ရန္ ေဖေဖာ္ဝါရီလအေစာပိုင္းတြင္ဆႏၵမဲေပးခဲ့ေၾကာင္း ေျပာသည္။ အေမရိကန္ႏိုင္ငံသည္ ၂၀၀၂ ခုႏွစ္တုန္းက American Service-Members’ Protection Act အက္ဥပေဒကို ထုတ္ျပန္ခဲ့ၿပီးယင္းဥပေဒကို သည္ဟိတ္ၿမိဳ႕တရား႐ုံး၏က်ဴးေက်ာ္ျခင္းမွ ကာကြယ္ေပးေသာအက္ဥပေဒအျဖစ္ အမည္ေျပာင္ေခၚဆိုေၾကာင္း သိရသည္။ အဆိုပါအက္ဥပေဒထဲတြင္ အေမရိကန္အစိုးရတာဝန္ရွိသူမ်ား၊ အေမရိကန္စစ္သားမ်ားကို အေမရိကန္ႏိုင္ငံက တရားဝင္အသိအမွတ္မျပဳထားသည့္ ႏိုင္ငံတကာတရား႐ုံးအဖြဲ႕အစည္းမ်ားမွ တရားစြဲျခင္းကို ကာကြယ္ေပးရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
(ICC)တရား႐ုံးသည္ အာဖန္ဂန္နစၥတန္စစ္ပြဲႏွင့္ဆက္ႏြယ္ၿပီး အေမရိကန္ႏိုင္ငံကို စစ္ရာဇဝတ္မႈက်ဴးလြန္ေသာႏိုင္ငံ အျဖစ္ ၂၀၂၀ ျပည့္ႏွစ္တြင္ တရားစြဲဆိုရန္ ႀကိဳးပမ္းခဲ့ဖူးေၾကာင္း သိရသည္။ အေမရိကန္သည္ အဆိုပါတရားစြဲမႈႏွင့္ ပတ္သက္ၿပီး (ICC)အဖြဲ႕မွ ေရွ႕ေနအႀကီးအကဲကို ပိတ္ဆို႔မႈခ်မွတ္ခဲ့ဖူးေၾကာင္း သိရသည္။