ပနားမားတူးမြောင်းနှင့်ပတ်သက်၍ ထရမ့်အစိုးရ လိမ်ညာနေဟု စွပ်စွဲ
![](/img/icon_eye.svg)
63
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a5ead6370fd0473a62ea35/banner-67a5ead6370fd0473a62ea35-x800.jpg)
Htay Oung (NP News) - ဖေဖော်ဝါရီ ၇
အမေရိကန်အစိုးရသင်္ဘောတွေဟာ ပနားမားတူးမြောင်းကို ဖြတ်သန်းရာမှာ အခကြေးငွေ ပေးဆောင်ရန် မလို အပ်တော့ကြောင်း ဝါရှင်တန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် များမကြာမီ အဲ့ဒီ ထုတ် ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံဟာ မဟုတ်မမှန်တာတွေ လိမ်ညာနေတယ်လို့ ပနားမားသမ္မတ ဂျိုဆီရာအူးလ်မူလီနိုကေ ပြောဆိုကြောင်း BBC က ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်သင်္ဘောတွေအနေနဲ့ အဲဒီတူးမြောင်းဖြတ်သန်းရာမှာ အခကြေးငွေ ပေးဆောင်နေရခြင်းဟာ အဓိပ္ပါယ် မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဝေဖန်ခဲ့ပြီး ပနားမားတူးမြောင်းကို တိုက်ခိုက်မှုများ မှ ကာကွယ်ရန် အမေရိကန်ရဲ့တာဝန်ရှိမှုကို ရည်ညွှန်းထားတဲ့စာချုပ်တစ်ခုကိုလည်း ကိုးကားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပနားမားတူးမြောင်းကို ပြန်လည်ထိန်းချုပ်ရန် ရည်ရွယ်ချက်ကို ထပ် ခါတလဲလဲ ဖော်ပြခဲ့ပြီး အဲဒီလိုပြန်လည်ရယူရာမှာ စစ်ရေးလုပ်ဆောင်ချက်များကို ဖယ်ထုတ်မထားကြောင်း ပြောခဲ့ ပါတယ်။ ထရမ့်ဟာ ဒီနေ့ (သောကြာ) မှာ ပနားမားသမ္မတ မူလီနိုနဲ့ စကားပြောဆိုဖို့ စီစဉ်ထားပါတယ်။
အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ပေးထားပြီး ၅၁ မိုင် ရှည်လျှားတဲ့ ပနားမားတူးမြောင်းဟာ သင်္ဘော အရွယ်အစားနဲ့ အမျိုးအစားအပေါ်မူတည်ပြီး ဖြတ်သန်းကြေးများ ကောက်ခံနေပေမယ့် အမေရိကန်သင်္ဘောတွေ ကိုတော့ ဦးစားပေးပါတယ်။ အမေရိကန်အစိုးရသင်္ဘောတွေဟာ အခကြေးမပေးပဲ ဖြတ်သန်းနိုင်ပြီဖြစ်တဲ့အတွက် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာကို သက်သာစေလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြား ရေးဝန် ကြီးဌာနက သူတို့ရဲ့ X (ယခင်က Twitter) လူမှုကွန်ရက်မှာ ရေးသားပါတယ်။ ဒါပေမယ့် သမ္မတမူလီနိုက အဲဒီကြေညာချက်ကို ပယ်ချခဲ့ပြီး ပနားမားသံအမတ်ကြီးကိုလည်း ခိုင်မာတဲ့ လုပ်ဆောင်ချက်များဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါတယ်။ ဝါရှင်တန် နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး အမေရိကန်သင်္ဘောတွေဟာ နှစ်စဉ် ဒေါ်လာ ၆ သန်းမှ ၇ သန်းခန့်အထိ ပေးဆောင်နေရတယ်လို့ ဆိုပါတယ်။
ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့ (ACP) ကလည်း ဖြတ်သန်းခနှန်းထားများကို ပြင်ဆင်ခြင်း မရှိကြောင်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စအတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒရှိတယ်လို့ ပြောပါတယ်။ ပနားမား နိုင်ငံကို ရောက်ရှိလာတဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနဲ့ သမ္မတ မူလီနိုတို့ တွေ့ဆုံဆွေးနွေးပြီးနောက် တရုတ်ရဲ့ “ရပ်ဝန်းနဲ့လမ်း” (Belt and Road Initiative) BRI အစီအစဉ်မှာ ပါဝင်မှုကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်ကြောင်း ပနားမားက ကြေညာခဲ့ပါတယ်။ ရူးဘီယိုက အဲ့ဒီဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပေမယ့် အမေရိ ကန်က ဖိအားပေးခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
ထရမ့်က အရေးပေါ်အခြေအနေမှာ ပနားမားတူးမြောင်းအတွင်း အမေရိကန်သင်္ဘောများ ဖြတ်သန်းလို့ မရအောင် ပေကျင်းက ပိတ်ပင်နိုင်အတွက် စိုးရိမ်ကြောင်း ထရမ့်က ပြောပေမယ့် ပနားမားနဲ့ တရုတ်တို့က ငြင်းဆိုခဲ့ပါတယ်။ ပနားမားအနေနဲ့ ပြည်ပက ဝင်ရောက်စွက်ဖက်မှုကို ခုခံရန် ပေကျင်းက တိုက်တွန်းခဲ့ပြီး နှစ်နိုင်ငံကြား ခိုင်မာတဲ့ ဆက်ဆံရေးကို အလေးထားတယ်လို့ ပြောပါတယ်။
လူအစုအဝေးလိုက်ရွှေ့ပြောင်းသွားလာမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးနေကြတဲ့အကြောင်း ဆွေးနွေးဖို့ အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဗဟိုအမေရိကသို့ ရောက်ရှိလာပါတယ်။ တူးမြောင်းအုပ်ချုပ်ရေး မှူးနဲ့လည်း တွေ့ဆုံခဲ့ပြီး ရေလမ်းငြောာင်းအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကို ပြောင်းလဲရန် တောင်းဆိုခဲ့ပါတယ်။ သမ္မတ မူလီနိုကတော့ တရုတ်က ထိန်းချုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ပနားမားတူး မြောင်းဟာ ပနားမားရဲ့အချုပ်အခြာအာဏာပိုင်မှု လက်အောက်တွင်သာ ရှိနေကြောင်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ထရမ့်ကတော့ တူးမြောင်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ၁၉၇၇ ခုနှစ် အမေရိကန်-ပနားမားစာချုပ်ကို ဝေဖန်ခဲ့ပြီး အဲဒီစာချုပ်ဟာ တကယ့် မဟာအမှားကြီးပဲလို့ ပြောပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုခြင်း မိန့်ခွန်းမှာ တရုတ်နိုင်ငံဟာ ပနားမားတူးမြောင်းကို သူ့ခြေသူ လက် လုပ်နေကြောင်း၊ ဒါ့ကြောင့် တူးမြောင်းကို ပြန်လည်ရယူရမယ်လို့ ပါရှိခဲ့ပါတယ်။ ပနားမားတူးမြောင်းကို PCA “တူးမြောင်း အာဏာပိုင်အဖွဲ့” လို့ ခေါ်တဲ့ အစိုးရအာဏာပိုင်အဖွဲ့က ထိန်းချုပ်ထားပြီး တရုတ်နိုင်ငံက တူးမြောင်း ကို လုပ်ကိုင်ခြင်း (သို့မဟုတ်) စစ်ရေးအရ ထိန်းချုပ်ထားကြောင်း ဘယ်လို အထောက်အထားမျှ မတွေ့ ရှိရဘူးလို့ BBC ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာ ရေးသားခဲ့ပါတယ်။
ဒါပေမယ့် ပနားမားနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေက အတော်များများ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဟောင်ကောင် အခြေစိုက် ကုမ္ပဏီတစ်ခုဟာ တူးမြောင်းအနီး အဓိကဆိပ်ကမ်းနှစ်ခုကို လုပ်ကိုင်နေပြီး တရုတ်ဟာ အမေရိ ကန်ပြီးလျှင် တူးမြောင်းရဲ့ ဒုတိယအကြီးဆုံး အသုံးပြုသူ ဖြစ်နေလို့ပါ။ အမေရိကန်အရာရှိအချို့ကတော့ တ ရုတ်ရဲ့ တိုးပွားလာတဲ့ နေရာယူတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ဩဇာလွှမ်းမိုးမှု ပိုမို မြင့်တင်ဖို့ဖြစ်လိမ့် မယ်လို့ စိုးရိမ်နေကြပါတယ်။
#HtayOung #OungMarine #ပနားမားတူးမြောင်း #သမ္မတ_ဂျိုဆီ_ရာအူးလ်_မူလီနို #မာကို_ရူဘီယို
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a5ead6370fd0473a62ea35/body-image-67a5ead6370fd0473a62ea35-0.jpg)
Zawgyi Version:
ပနားမားတူးေျမာင္းႏွင့္ပတ္သက္၍ ထရမ့္အစိုးရ လိမ္ညာေနဟု စြပ္စြဲ
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၇
အေမရိကန္အစိုးရသေဘၤာေတြဟာ ပနားမားတူးေျမာင္းကို ျဖတ္သန္းရာမွာ အခေၾကးေငြ ေပးေဆာင္ရန္ မလို အပ္ေတာ့ေၾကာင္း ဝါရွင္တန္ႏိုင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ မ်ားမၾကာမီ အဲ့ဒီ ထုတ္ ျပန္ခ်က္ကို ျပန္လည္႐ုပ္သိမ္းလိုက္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံဟာ မဟုတ္မမွန္တာေတြ လိမ္ညာေနတယ္လို႔ ပနားမားသမၼတ ဂ်ိဳဆီရာအူးလ္မူလီႏိုေက ေျပာဆိုေၾကာင္း BBC က ၂ဝ၂၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ ရက္မွာ ေရးသားခဲ့ပါတယ္။
အေမရိကန္သေဘၤာေတြအေနနဲ႔ အဲဒီတူးေျမာင္းျဖတ္သန္းရာမွာ အခေၾကးေငြ ေပးေဆာင္ေနရျခင္းဟာ အဓိပၸါယ္ မရွိေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုက ေဝဖန္ခဲ့ၿပီး ပနားမားတူးေျမာင္းကို တိုက္ခိုက္မႈမ်ား မွ ကာကြယ္ရန္ အေမရိကန္ရဲ႕တာဝန္ရွိမႈကို ရည္ၫႊန္းထားတဲ့စာခ်ဳပ္တစ္ခုကိုလည္း ကိုးကားခဲ့ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကလည္း ပနားမားတူးေျမာင္းကို ျပန္လည္ထိန္းခ်ဳပ္ရန္ ရည္႐ြယ္ခ်က္ကို ထပ္ ခါတလဲလဲ ေဖာ္ျပခဲ့ၿပီး အဲဒီလိုျပန္လည္ရယူရာမွာ စစ္ေရးလုပ္ေဆာင္ခ်က္မ်ားကို ဖယ္ထုတ္မထားေၾကာင္း ေျပာခဲ့ ပါတယ္။ ထရမ့္ဟာ ဒီေန႔ (ေသာၾကာ) မွာ ပနားမားသမၼတ မူလီႏိုနဲ႔ စကားေျပာဆိုဖို႔ စီစဥ္ထားပါတယ္။
အတၱလႏၲိတ္နဲ႔ ပစိဖိတ္သမုဒၵရာကို ဆက္သြယ္ေပးထားၿပီး ၅၁ မိုင္ ရွည္လွ်ားတဲ့ ပနားမားတူးေျမာင္းဟာ သေဘၤာ အ႐ြယ္အစားနဲ႔ အမ်ိဳးအစားအေပၚမူတည္ၿပီး ျဖတ္သန္းေၾကးမ်ား ေကာက္ခံေနေပမယ့္ အေမရိကန္သေဘၤာေတြ ကိုေတာ့ ဦးစားေပးပါတယ္။ အေမရိကန္အစိုးရသေဘၤာေတြဟာ အခေၾကးမေပးပဲ ျဖတ္သန္းႏိုင္ၿပီျဖစ္တဲ့အတြက္ ႏွစ္စဥ္ ေဒၚလာသန္းေပါင္းမ်ားစြာကို သက္သာေစလိမ့္မယ္လို႔ အေမရိကန္ႏိုင္ငံျခား ေရးဝန္ ႀကီးဌာနက သူတို႔ရဲ႕ X (ယခင္က Twitter) လူမႈကြန္ရက္မွာ ေရးသားပါတယ္။ ဒါေပမယ့္ သမၼတမူလီႏိုက အဲဒီေၾကညာခ်က္ကို ပယ္ခ်ခဲ့ၿပီး ပနားမားသံအမတ္ႀကီးကိုလည္း ခိုင္မာတဲ့ လုပ္ေဆာင္ခ်က္မ်ားေဆာင္႐ြက္ရန္ ၫႊန္ၾကားခဲ့ပါတယ္။ ဝါရွင္တန္ ႏိုင္ငံျခားေရးဌာနရဲ႕ေၾကညာခ်က္ဟာ လက္မခံႏိုင္စရာျဖစ္တယ္လို႔ ေျပာဆိုလိုက္ၿပီး အေမရိကန္သေဘၤာေတြဟာ ႏွစ္စဥ္ ေဒၚလာ ၆ သန္းမွ ၇ သန္းခန႔္အထိ ေပးေဆာင္ေနရတယ္လို႔ ဆိုပါတယ္။
ပနားမားတူးေျမာင္းအာဏာပိုင္အဖြဲ႕ (ACP) ကလည္း ျဖတ္သန္းခႏွန္းထားမ်ားကို ျပင္ဆင္ျခင္း မရွိေၾကာင္း ရွင္းလင္းခ်က္ထုတ္ျပန္ခဲ့ၿပီး ဒီကိစၥအတြက္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ရန္ ဆႏၵရွိတယ္လို႔ ေျပာပါတယ္။ ပနားမား ႏိုင္ငံကို ေရာက္ရွိလာတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ႐ူဘီယိုနဲ႔ သမၼတ မူလီႏိုတို႔ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ တ႐ုတ္ရဲ႕ “ရပ္ဝန္းနဲ႔လမ္း” (Belt and Road Initiative) BRI အစီအစဥ္မွာ ပါဝင္မႈကို ဆက္လက္လုပ္ေဆာင္ေတာ့မည္ မဟုတ္ေၾကာင္း ပနားမားက ေၾကညာခဲ့ပါတယ္။ ႐ူးဘီယိုက အဲ့ဒီဆုံးျဖတ္ခ်က္ကို ခ်ီးက်ဴးခဲ့ေပမယ့္ အေမရိ ကန္က ဖိအားေပးျခင္း မရွိေၾကာင္း ျငင္းဆိုခဲ့ပါတယ္။
ထရမ့္က အေရးေပၚအေျခအေနမွာ ပနားမားတူးေျမာင္းအတြင္း အေမရိကန္သေဘၤာမ်ား ျဖတ္သန္းလို႔ မရေအာင္ ေပက်င္းက ပိတ္ပင္ႏိုင္အတြက္ စိုးရိမ္ေၾကာင္း ထရမ့္က ေျပာေပမယ့္ ပနားမားနဲ႔ တ႐ုတ္တို႔က ျငင္းဆိုခဲ့ပါတယ္။ ပနားမားအေနနဲ႔ ျပည္ပက ဝင္ေရာက္စြက္ဖက္မႈကို ခုခံရန္ ေပက်င္းက တိုက္တြန္းခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား ခိုင္မာတဲ့ ဆက္ဆံေရးကို အေလးထားတယ္လို႔ ေျပာပါတယ္။
လူအစုအေဝးလိုက္ေ႐ႊ႕ေျပာင္းသြားလာမႈနဲ႔ မူးယစ္ေဆးဝါးေမွာင္ခိုကုန္ကူးေနၾကတဲ့အေၾကာင္း ေဆြးေႏြးဖို႔ အတြက္ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးက ဗဟိုအေမရိကသို႔ ေရာက္ရွိလာပါတယ္။ တူးေျမာင္းအုပ္ခ်ဳပ္ေရး မႉးနဲ႔လည္း ေတြ႕ဆုံခဲ့ၿပီး ေရလမ္းေျငာာင္းအေပၚ တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးမႈကို ေျပာင္းလဲရန္ ေတာင္းဆိုခဲ့ပါတယ္။ သမၼတ မူလီႏိုကေတာ့ တ႐ုတ္က ထိန္းခ်ဳပ္ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္မ်ားကို ပယ္ခ်ခဲ့ၿပီး ပနားမားတူး ေျမာင္းဟာ ပနားမားရဲ႕အခ်ဳပ္အျခာအာဏာပိုင္မႈ လက္ေအာက္တြင္သာ ရွိေနေၾကာင္း ထပ္ေလာင္းအတည္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ ထရမ့္ကေတာ့ တူးေျမာင္းကို ျပန္လည္လႊဲေျပာင္းေပးခဲ့တဲ့ ၁၉၇၇ ခုႏွစ္ အေမရိကန္-ပနားမားစာခ်ဳပ္ကို ေဝဖန္ခဲ့ၿပီး အဲဒီစာခ်ဳပ္ဟာ တကယ့္ မဟာအမွားႀကီးပဲလို႔ ေျပာပါတယ္။
သမၼတေဒၚနယ္ထရမ့္ရဲ႕က်မ္းသစၥာက်ိန္ဆိုျခင္း မိန႔္ခြန္းမွာ တ႐ုတ္ႏိုင္ငံဟာ ပနားမားတူးေျမာင္းကို သူ႔ေျခသူ လက္ လုပ္ေနေၾကာင္း၊ ဒါ့ေၾကာင့္ တူးေျမာင္းကို ျပန္လည္ရယူရမယ္လို႔ ပါရွိခဲ့ပါတယ္။ ပနားမားတူးေျမာင္းကို PCA “တူးေျမာင္း အာဏာပိုင္အဖြဲ႕” လို႔ ေခၚတဲ့ အစိုးရအာဏာပိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားၿပီး တ႐ုတ္ႏိုင္ငံက တူးေျမာင္း ကို လုပ္ကိုင္ျခင္း (သို႔မဟုတ္) စစ္ေရးအရ ထိန္းခ်ဳပ္ထားေၾကာင္း ဘယ္လို အေထာက္အထားမွ် မေတြ႕ ရွိရဘူးလို႔ BBC ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၂၂ ရက္မွာ ေရးသားခဲ့ပါတယ္။
ဒါေပမယ့္ ပနားမားႏိုင္ငံမွာ တ႐ုတ္ကုမၸဏီေတြက အေတာ္မ်ားမ်ား ရင္းႏွီးျမႇဳပ္ႏွံထားပါတယ္။ ေဟာင္ေကာင္ အေျခစိုက္ ကုမၸဏီတစ္ခုဟာ တူးေျမာင္းအနီး အဓိကဆိပ္ကမ္းႏွစ္ခုကို လုပ္ကိုင္ေနၿပီး တ႐ုတ္ဟာ အေမရိ ကန္ၿပီးလွ်င္ တူးေျမာင္းရဲ႕ ဒုတိယအႀကီးဆုံး အသုံးျပဳသူ ျဖစ္ေနလို႔ပါ။ အေမရိကန္အရာရွိအခ်ိဳ႕ကေတာ့ တ ႐ုတ္ရဲ႕ တိုးပြားလာတဲ့ ေနရာယူေတြဟာ ကမာၻ႔ကုန္သြယ္ေရးအေပၚ ဩဇာလႊမ္းမိုးမႈ ပိုမို ျမင့္တင္ဖို႔ျဖစ္လိမ့္ မယ္လို႔ စိုးရိမ္ေနၾကပါတယ္။
#HtayOung #OungMarine #ပနားမားတူးေျမာင္း #သမၼတ_ဂ်ိဳဆီ_ရာအူးလ္_မူလီႏို #မာကို_႐ူဘီယို