ထရမ့် အစိုးရ၏ USAID ဆိုင်းငံ့မှုကြောင့် မြန်မာ့ဒီမိုကရေစီအရေး၊ မီဒီယာ နှင့် လူ့အခွင့်အရေးအတွက် ရန်ပုံငွေကန်ဒေါ်လာ သန်း(၄၀)နီးပါး ရပ်ဆိုင်း

 299

သုတကျော် (NP News) - ဖေဖော်ဝါရီ ၇

ထရမ့်အစိုးရက အမေရိကန် နိုင်ငံတကာဖွံ့ဖြိုး ရေးအစီအစဉ်(USAID )ကို ဆိုင်းငံ့သောကြောင့် မြန်မာ့ဒီမိုကရေစီအရေး၊ မီဒီယာ နှင့် လူ့အခွင့်အရေးအတွက် ထောက်ပံ့မည့်ရံပုံငွေ အမေရိကန်ဒေါ်လာ သန်း(၄၀)နီးပါး ရပ်ဆိုင်းသွားကြောင်း Human Rights Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ရပ်ဆိုင်းသွားသည့် ရန်ပုံငွေ ပမာဏမှာ ဒေါ်လာ (၃၉,၅၄၇,၁၄၆) ဖြစ်ကာ လာမည့်သုံးနှစ်အတွင်းပေးအပ်ရန် ရည်မှန်းထားခြင်းဖြစ်သော်လည်း USAID ကို ဆိုင်းငံ့ထားသည့်အတွက် မည် သည့်အချိန်တွင် ပြန်လည်ပေးအပ်မည်ကို မသိရ သေးကြောင်းလည်း ဆိုထားသည်။ အဆိုပါ ရန်ပုံငွေ တွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးကာကွယ်သည့် ပရောဂျက်ခုနစ်ခုအတွက် ဒေါ်လာ(၈)သန်း၊ ဒီမိုက ရေစီမြှင့်တင်ရေးလုပ်ငန်းစဉ် (၉)ခုအတွက် ဒေါ်လာသန်း(၃၀)နှင့် အမှီအခိုကင်းသော မီဒီယာပံ့ပိုးပေးသည့် အစီစဉ်နှစ်ခုအတွက် ဒေါ်လာ(၁)သန်းဖြစ် ကြောင်း သိရသည်။ ငွေများကို ကာလရှည်ဆိုင်းငံ့ ထားခြင်းသည် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ပြင်းထန်သည့်အပြင် ရေရှည်အကျိုးဆက်များရှိလာမည်ဖြစ်ကြောင်းလည်း အထက်ပါ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားချက်အရ သိရသည်။ ရပ်ဆိုင်းလိုက်သည့်အတွက် ဒေသတွင်းလူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် မီဒီယာအဖွဲ့အစည်းအများစုသည် အစီအစဉ်များကို ရပ်ဆိုင်းရန်၊ ဝန်ထမ်းများကို အလုပ်မှ ရပ်စဲရန်နှင့် ဝန်ဆောင်မှုများကို လျှော့ချရန် လုပ်ဆောင်နေကြောင်း၊ ပြန်လည်ပေးအပ်ရန် နှောင့်နှေးပါကလည်း လွတ်လပ်ခွင့်အတွက် ကြိုးပမ်းအားထုတ် မှုများတွင် အားနည်းသွားဖွယ်ရှိကြောင်းလည်း ဖော်ပြထားသည်။

အမြဲတမ်း ဆိုင်းငံ့လိုက်မည်ဆိုပါက သက် ရောက်နေသည့်အဖွဲ့အစည်းများကို ဖျက်သိမ်းရဖွယ် ပင်ရှိနေပြီး ရံပုံငွေများဆုံးရှုံးခြင်းသည် တိုးတက်မှုကို ပြောင်းပြန်လှန်သွားစေမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေးဆိုင်ရာ ပရောဂျက်များအပြင် USAID သည် မြန်မာနိုင်ငံတွင် ပရောဂျက်(၃၄)ခုအတွက် ရန်ပုံငွေ ထောက်ပံ့မှုကို ဆိုင်းငံ့ထားရာ အထက်ပါ ပရောဂျက် များအတွင်း လူသားချင်းစာနာမှုအကူအညီအတွက် ဒေါ်လာ(၂၂)သန်း၊ စိုက်ပျိုးရေးအတွက် ဒေါ်လာ (၃၆)သန်း၊ ကျန်းမာရေးအတွက် ဒေါ်လာ(၂၂) သန်း နှင့် ပညာရေးအတွက် ဒေါ်လာသန်း (၃၀)တို့ ပါဝင်ကြောင်း သိရသည်။

“ရိုက်ခတ်မှုကတော့ ပြင်းတယ်လို့ ပြောရမယ်။ အခုဆို ပြည်ပရောက် မြန်မာမီဒီယာတွေအတွက် ဘာ လုပ်လို့ လုပ်ရမှန်းမသိဘူးဖြစ်သွားတာပေါ့။ Donor အမှီပြုရှင်သန်နေတာလေ။ အခုတော့ ဘာဆက်လုပ် ရမယ်ဆိုတာ မသိတော့ဘူး ဖြစ်သွားတာပေါ့။ လူ လျှော့တာတွေ၊ ခံစားခွင့်လျှော့တာတွေ လုပ်နေ တယ်”ဟု ထိုင်းနိုင်ငံရောက် မီဒီယာသမား တစ်ဦးက ဆိုသည်။

zawgyi version
ထရမ့္ အစိုးရ၏ USAID ဆိုင္းငံ့မႈေၾကာင့္ ျမန္မာ့ဒီမိုကေရစီအေရး၊ မီဒီယာ ႏွင့္ လူ႔အခြင့္အေရးအတြက္ ရန္ပုံေငြကန္ေဒၚလာ သန္း(၄၀)နီးပါး ရပ္ဆိုင္း
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၇

ထရမ့္အစိုးရက အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳး ေရးအစီအစဥ္(USAID )ကို ဆိုင္းငံ့ေသာေၾကာင့္ ျမန္မာ့ဒီမိုကေရစီအေရး၊ မီဒီယာ ႏွင့္ လူ႔အခြင့္အေရးအတြက္ ေထာက္ပံ့မည့္ရံပုံေငြ အေမရိကန္ေဒၚလာ သန္း(၄၀)နီးပါး ရပ္ဆိုင္းသြားေၾကာင္း Human Rights Myanmar ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

လက္ရွိ ရပ္ဆိုင္းသြားသည့္ ရန္ပုံေငြ ပမာဏမွာ ေဒၚလာ (၃၉,၅၄၇,၁၄၆) ျဖစ္ကာ လာမည့္သုံးႏွစ္အတြင္းေပးအပ္ရန္ ရည္မွန္းထားျခင္းျဖစ္ေသာ္လည္း USAID ကို ဆိုင္းငံ့ထားသည့္အတြက္ မည္ သည့္အခ်ိန္တြင္ ျပန္လည္ေပးအပ္မည္ကို မသိရ ေသးေၾကာင္းလည္း ဆိုထားသည္။ အဆိုပါ ရန္ပုံေငြ တြင္ ျမန္မာႏိုင္ငံမွ လူ႔အခြင့္အေရးကာကြယ္သည့္ ပေရာဂ်က္ခုနစ္ခုအတြက္ ေဒၚလာ(၈)သန္း၊ ဒီမိုက ေရစီျမႇင့္တင္ေရးလုပ္ငန္းစဥ္ (၉)ခုအတြက္ ေဒၚလာသန္း(၃၀)ႏွင့္ အမွီအခိုကင္းေသာ မီဒီယာပံ့ပိုးေပးသည့္ အစီစဥ္ႏွစ္ခုအတြက္ ေဒၚလာ(၁)သန္းျဖစ္ ေၾကာင္း သိရသည္။ ေငြမ်ားကို ကာလရွည္ဆိုင္းငံ့ ထားျခင္းသည္ ျမန္မာ့ဒီမိုကေရစီ လႈပ္ရွားမႈအတြက္ ျပင္းထန္သည့္အျပင္ ေရရွည္အက်ိဳးဆက္မ်ားရွိလာမည္ျဖစ္ေၾကာင္းလည္း အထက္ပါ ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားခ်က္အရ သိရသည္။ ရပ္ဆိုင္းလိုက္သည့္အတြက္ ေဒသတြင္းလူ႔အခြင့္အေရး၊ ဒီမိုကေရစီႏွင့္ မီဒီယာအဖြဲ႕အစည္းအမ်ားစုသည္ အစီအစဥ္မ်ားကို ရပ္ဆိုင္းရန္၊ ဝန္ထမ္းမ်ားကို အလုပ္မွ ရပ္စဲရန္ႏွင့္ ဝန္ေဆာင္မႈမ်ားကို ေလွ်ာ့ခ်ရန္ လုပ္ေဆာင္ေနေၾကာင္း၊ ျပန္လည္ေပးအပ္ရန္ ေႏွာင့္ေႏွးပါကလည္း လြတ္လပ္ခြင့္အတြက္ ႀကိဳးပမ္းအားထုတ္ မႈမ်ားတြင္ အားနည္းသြားဖြယ္ရွိေၾကာင္းလည္း ေဖာ္ျပထားသည္။

အၿမဲတမ္း ဆိုင္းငံ့လိုက္မည္ဆိုပါက သက္ ေရာက္ေနသည့္အဖြဲ႕အစည္းမ်ားကို ဖ်က္သိမ္းရဖြယ္ ပင္ရွိေနၿပီး ရံပုံေငြမ်ားဆုံးရႈံးျခင္းသည္ တိုးတက္မႈကို ေျပာင္းျပန္လွန္သြားေစမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီ ေရးဆိုင္ရာ ပေရာဂ်က္မ်ားအျပင္ USAID သည္ ျမန္မာႏိုင္ငံတြင္ ပေရာဂ်က္(၃၄)ခုအတြက္ ရန္ပုံေငြ ေထာက္ပံ့မႈကို ဆိုင္းငံ့ထားရာ အထက္ပါ ပေရာဂ်က္ မ်ားအတြင္း လူသားခ်င္းစာနာမႈအကူအညီအတြက္ ေဒၚလာ(၂၂)သန္း၊ စိုက္ပ်ိဳးေရးအတြက္ ေဒၚလာ (၃၆)သန္း၊ က်န္းမာေရးအတြက္ ေဒၚလာ(၂၂) သန္း ႏွင့္ ပညာေရးအတြက္ ေဒၚလာသန္း (၃၀)တို႔ ပါဝင္ေၾကာင္း သိရသည္။

“႐ိုက္ခတ္မႈကေတာ့ ျပင္းတယ္လို႔ ေျပာရမယ္။ အခုဆို ျပည္ပေရာက္ ျမန္မာမီဒီယာေတြအတြက္ ဘာ လုပ္လို႔ လုပ္ရမွန္းမသိဘူးျဖစ္သြားတာေပါ့။ Donor အမွီျပဳရွင္သန္ေနတာေလ။ အခုေတာ့ ဘာဆက္လုပ္ ရမယ္ဆိုတာ မသိေတာ့ဘူး ျဖစ္သြားတာေပါ့။ လူ ေလွ်ာ့တာေတြ၊ ခံစားခြင့္ေလွ်ာ့တာေတြ လုပ္ေန တယ္”ဟု ထိုင္းႏိုင္ငံေရာက္ မီဒီယာသမား တစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.