K-pop အဖွဲ့ NewJeans၊ Ador အေဂျင်စီနဲ့ လမ်းခွဲပြီးနောက် အဖွဲ့အမည် - NJZ အဖြစ် နာမည်ပြောင်း

 207

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈

အမျိုးသမီး K-pop အဖွဲ့ NewJeans ဟာ ယခင်အေဂျင်စီနဲ့ အရှုပ်အရှင်းများဖြစ်ကာ လမ်းခွဲပြီးတဲ့နောက် အဖွဲ့ အမည်သစ်ကို NJZ အဖြစ် ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။ အဖွဲ့ဝင်များအနေနဲ့ ဟေရင်း၊ ဟေအင်း၊ ဒါနယ်လီ၊ ဟန်နီနဲ့ မင်ဂျီဆိုတဲ့ မူရင်းအဖွဲ့ဝင်တွေပဲ ပါဝင်နေဦးမှာ ဖြစ်ပါတယ်။
အရင်အေဂျင်စီ Ador မှာ စာချုပ် အငြင်းပွားမှု၊ စီမံခန့်ခွဲမှု လွဲမှားမှု စတဲ့ အချက်တွေကြောင့် အငြင်းအခုံတွေ ဖြစ်ခဲ့ကြပြီး နိုဝင်ဘာ ၂၈ ရက်မှာ တရားဝင်အေဂျင်စီမှ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။ အင်စတာဂရမ်အကောင့်ကို လည်း မူလက @jeanzforfree လို့ အမည်မှတ်ထားပေမယ့် နောက်ပိုင်း @njz_official အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါအပြင် အဖွဲ့နာမည်သစ်နဲ့ NJZ အဖွဲ့ဟာ လာမယ့် မတ်လအတွင်း ဟောင်ကောင် ComplexCon ဂီတပွဲတော်မှာ တောင်ကိုရီးယားရက်ပ်ပါ Zico ၊ အမေရိကန်ဟစ်ဟော့အဆိုတော် Metro Boomin တို့နဲ့အတူ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
NewJeans ဟာ ၂၀၂၂ ခုနှစ်မှာ Ador အေဂျင်စီ လက်အောက်မှ ပွဲဦးထွက်ခဲ့ပြီး Hype Boy (2022), OMG (2023)၊ Super Shy (2023) သီချင်းတွေနဲ့ လူငယ်တွေကြား နာမည်ကျော်ပါတယ်။

Zawgyi Version:
K-pop အဖြဲ႕ NewJeans၊ Ador ေအဂ်င္စီနဲ႔ လမ္းခြဲၿပီးေနာက္ အဖြဲ႕အမည္ - NJZ အျဖစ္ နာမည္ေျပာင္း
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၈

အမ်ိဳးသမီး K-pop အဖြဲ႕ NewJeans ဟာ ယခင္ေအဂ်င္စီနဲ႔ အရႈပ္အရွင္းမ်ားျဖစ္ကာ လမ္းခြဲၿပီးတဲ့ေနာက္ အဖြဲ႕ အမည္သစ္ကို NJZ အျဖစ္ ေျပာင္းလဲလိုက္တယ္လို႔ သိရပါတယ္။ အဖြဲ႕ဝင္မ်ားအေနနဲ႔ ေဟရင္း၊ ေဟအင္း၊ ဒါနယ္လီ၊ ဟန္နီနဲ႔ မင္ဂ်ီဆိုတဲ့ မူရင္းအဖြဲ႕ဝင္ေတြပဲ ပါဝင္ေနဦးမွာ ျဖစ္ပါတယ္။
အရင္ေအဂ်င္စီ Ador မွာ စာခ်ဳပ္ အျငင္းပြားမႈ၊ စီမံခန႔္ခြဲမႈ လြဲမွားမႈ စတဲ့ အခ်က္ေတြေၾကာင့္ အျငင္းအခုံေတြ ျဖစ္ခဲ့ၾကၿပီး ႏိုဝင္ဘာ ၂၈ ရက္မွာ တရားဝင္ေအဂ်င္စီမွ ထြက္ခြာခဲ့ၾကတာျဖစ္ပါတယ္။ အင္စတာဂရမ္အေကာင့္ကို လည္း မူလက @jeanzforfree လို႔ အမည္မွတ္ထားေပမယ့္ ေနာက္ပိုင္း @njz_official အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။ ဒါအျပင္ အဖြဲ႕နာမည္သစ္နဲ႔ NJZ အဖြဲ႕ဟာ လာမယ့္ မတ္လအတြင္း ေဟာင္ေကာင္ ComplexCon ဂီတပြဲေတာ္မွာ ေတာင္ကိုရီးယားရက္ပ္ပါ Zico ၊ အေမရိကန္ဟစ္ေဟာ့အဆိုေတာ္ Metro Boomin တို႔နဲ႔အတူ ေဖ်ာ္ေျဖသြားမယ္လို႔ သိရပါတယ္။
NewJeans ဟာ ၂၀၂၂ ခုႏွစ္မွာ Ador ေအဂ်င္စီ လက္ေအာက္မွ ပြဲဦးထြက္ခဲ့ၿပီး Hype Boy (2022), OMG (2023)၊ Super Shy (2023) သီခ်င္းေတြနဲ႔ လူငယ္ေတြၾကား နာမည္ေက်ာ္ပါတယ္။

Related news

© 2021. All rights reserved.