MAMA 2025 ဆုပေးပွဲအတွက် အဖွဲ့လိုက်နဲ့တစ်ကိုယ်တော်ဆုအတွက် ဆန်ခါတင်စာရင်းမှာ အများဆုံးပါဝင်နေတဲ့ BLACKPINK အဖွဲ့

56

ရောင်နီ (NP News) - အောက်တိုဘာ ၁၉
လာမယ့် MAMA 2025 ဆုပေးပွဲ (Mnet Asian Music Awards) မှာ ဆုအမျိုးအစား အားလုံးအတွက် ဆန်ကာတင်စရင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အဲဒီထဲမှာ တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK က အဖွဲ့လိုက်နဲ့ အဖွဲ့ဝင် တစ်ယောက်ချင်းစီဟာ ဆန်ကာတင်စရင်းထဲမှာ အများဆုံး ပါဝင်နေတယ်လို့ သိရပါတယ်။
BLACKPINK ဟာ အဖွဲ့လိုက်နဲ့ တစ်ကိုယ်တော် ဖျော်ဖြေမှုတွေအတွက် ဆုအမျိုးအစာယ စုစုပေါင်း ၂၃ ခုမှာ ဆန်ခါတင်အဖြစ်ပါဝင်နေပြီး အဲဒီထဲမှာ အဖွဲ့ဝင် ဂျင်းနီက ဆန်ခါတင်စာရင်းမှာ အများဆုံးပါဝင်သူဖြစ်လာခဲ့ တယ်လို့ သိရပါတယ်။ BLACKPINK နဲ့ အဖွဲ့ဝင်တွေ ဆန်ကာတင်ပါဝင်တဲ့ ဆုအမျိုးအစားတွေကတော့
ပရိသတ်ရွေးချယ်မှု အများဆုံး အမျိုးသမီးအဖွဲ့
- အကောင်းဆုံး တေးဂီတဗီဒီယို (သီချင်း - JUMP)
- အကောင်းဆုံး အကဖျော်ဖြေမှု (သီချင်း - JUMP)
- တစ်နှစ်တာအကောင်းဆုံးအမျိုးသမီး(သီချင်း JUMP)
အဖွဲ့ဝင် ဂျီဆိုးရဲ့ဆန်ကာတင် ဆုအမျိုးအစားများ
- အကောင်းဆုံး အမျိုးသမီး အနုပညာရှင်
- အကောင်းဆုံး အကဖျော်ဖြေမှု အမျိုးသမီး တစ်ကိုယ်တော် (သီချင်း - Earthquake)
- တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်
- တစ်နှစ်တာအကောင်းဆုံးသီချင်း (Earthquake)
အဖွဲ့ဝင် ROSÉ ရဲ့ ဆန်ကာတင်ဆုများ
- အကောင်းဆုံး အမျိုးသမီး အနုပညာရှင်
- အကောင်းဆုံး Vocal Performance (သီချင်း - Toxic Till The End)
- အကောင်းဆုံး collaboration (သီချင်း - APT)
- တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်
- တစ်နှစ်တာအကောင်းဆုံးသီချင်း (APT)
- တစ်နှစ်တာအကောင်းဆုံးသီချင်း (Toxic Till The End)
အဖွဲ့ဝင် ဂျင်းနီရဲ့ ဆန်ကာတင်ဆုများ
- အကောင်းဆုံး အမျိုးသမီး အနုပညာရှင်
- အကောင်းဆုံး Collaboration (Extal)
- အကောင်းဆုံး တေးဂီတဗီဒီယို (Zen)
- အကောင်းဆုံး ကကွက် (သီချင်း - Like JENNIE )
- အကောင်းဆုံး အကဖျော်ဖြေမှု (သီချင်း - Like JENNIE)
- တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးတစ်ကိုယ်တော်အဆိုတော်
- တစ်နှစ်တာ အကောင်းဆုံးသီချင်း (Like JENNIE၊ Zen၊ Extral) ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ဝင်လီဆာ ကတော့ တစ်ကိုယ်တော်ဆုတွေအတွက် ဆန်ကာတင်ထဲမှာ ပါဝင်ခြင်းမရှိပါဘူး။
MAMA 2025 ဆုပေးပွဲကို တရုတ်နိုင်ငံ၊ ဟောင်ကောင်ရှိ အသစ်ဖွင့်လှစ်လိုက်တဲ့ Kai Tak အားကစားကွင်း မှာ နိုဝင်ဘာ ၂၈ ရက်မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version: