Disney+ က ဘက်ဂျက် စင်ကာပူဒေါ်လာ ၆၁ သန်း သုံးပြီး ကိုရီးယားနိုင်ငံရေးဒရာမာဇာတ်ကား ဒီဇင်ဘာလထဲ ထုတ်လွှင့်မည်

106

ရောင်နီ (NP News) - ဒီဇင်ဘာလ ၁၈
Disney+ Korea က ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံကာပုံဖော်သွားမယ့် "Made In Korea" ဇာတ်လမ်းတွဲအတွက် ဝမ် ၇၀ ဘီလီယံ (စင်ကာပူဒေါ်လာ ၆၁ သန်း) ခန့် အကုန်အကျခံကာ ရိုက်ကူးထား တယ်လို့ သိရပါတယ်။ ဒီဘတ်ဂျက်နှုန်းထားဟာ K-drama ဇာတ်လမ်းတွဲတစ်ခုအတွက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒီဇာတ်ကားမှာ Crash Landing On You (၂၀၁၉) ဇာတ်ကားထဲက နာမည်ကြီး ထိပ်တန်း သရုပ်ဆောင် ဟွန်ဘင်းနဲ့ 12.12: The Day (၂၀၂၃) နဲ့ Steel Rain (၂၀၁၇) ဇာတ်ကားတွေနဲ့ လူသိများတဲ့ သရုပ်ဆောင် ဂျောင်ဝူဆန် တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ ဒါအပြင် ဇာတ်ကားကို Baeksang Arts Awards နဲ့ Blue Dragon Film Awards မှာ အဓိကဆုတွေ ရရှိခဲ့တဲ့ Harbin (၂၀၂၄) နဲ့ The Man Standing Next (၂၀၂၀) အပါအဝင် ဆုရဇာတ်ကားများစွာကို ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဒါရိုက်တာ ဝူမင်ဟို က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒါဟာ ဒါရိုက်တာ ဝူမင်ဟို အတွက်လည်း Dieney+ လို streaming service မှာ ပွဲဦးထွက် ရိုက်ကူးမှု ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ လူမှုရေးပြောင်းလဲမှု အများအပြားဖြစ်ခဲ့ရာ ၁၉၇၀ ပြည့်လွန်နှစ် အချိန်ကာလကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်က ချမ်းသာကြွယ်ဝမှုနဲ့ အာဏာကိုသိမ်းပိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဂီထယ်(ဟွန်ဘင်း) နဲ့ သူ့ကို လိုက်ရှာနေတဲ့ တရားလိုရှေ့နေ ဂျင်ယောင်း (ဂျောင်ဝူဆန်) ကို အဓိက ကာရိုက်တာ အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါအပြင် ကိုရီးယားသမိုင်းရဲ့ထင်ရှားတဲ့အဖြစ်အပျက်တွေကိုလည်း ဇာတ်လမ်းထဲ မှာ စီးမျောခံစားရမယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းတွဲဟာ အပိုင်းခြောက်ပိုင်း ပါဝင်မှာဖြစ်ပြီး ဟွန်ဘင်း၊ ဂျောင် နဲ့ ဒါရိုက်တာ ဝူ အတွက် ပထမဆုံး streaming ဇာတ်လမ်းတွဲဖြစ်လာမှာဖြစ်ပါတယ်။
"Made in Korea" ဇာတ်ကားကို လာမယ့် ဒီဇင်ဘာ ၂၄ ရက်မှာ Disney + မှ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Zawgyi Version:
Disney+ က ဘက္ဂ်က္ စင္ကာပူေဒၚလာ ၆၁ သန္း သုံးၿပီး ကိုရီးယားႏိုင္ငံေရးဒရာမာဇာတ္ကား ဒီဇင္ဘာလထဲ ထုတ္လႊင့္မည္
ေရာင္နီ (NP News) - ဒီဇင္ဘာလ ၁၈
Disney+ Korea က ကိုရီးယားႏိုင္ငံရဲ႕ သမိုင္းဝင္ျဖစ္ရပ္ေတြကို အေျခခံကာပုံေဖာ္သြားမယ့္ "Made In Korea" ဇာတ္လမ္းတြဲအတြက္ ဝမ္ ၇၀ ဘီလီယံ (စင္ကာပူေဒၚလာ ၆၁ သန္း) ခန႔္ အကုန္အက်ခံကာ ႐ိုက္ကူးထား တယ္လို႔ သိရပါတယ္။ ဒီဘတ္ဂ်က္ႏႈန္းထားဟာ K-drama ဇာတ္လမ္းတြဲတစ္ခုအတြက္ အႀကီးမားဆုံး ရင္းႏွီးျမႇဳပ္ႏွံမႈေတြထဲက တစ္ခုလို႔ ဆိုႏိုင္ပါတယ္။
ဒီဇာတ္ကားမွာ Crash Landing On You (၂၀၁၉) ဇာတ္ကားထဲက နာမည္ႀကီး ထိပ္တန္း သ႐ုပ္ေဆာင္ ဟြန္ဘင္းနဲ႔ 12.12: The Day (၂၀၂၃) နဲ႔ Steel Rain (၂၀၁၇) ဇာတ္ကားေတြနဲ႔ လူသိမ်ားတဲ့ သ႐ုပ္ေဆာင္ ေဂ်ာင္ဝူဆန္ တို႔က အဓိက သ႐ုပ္ေဆာင္ေတြအျဖစ္ ပါဝင္မွာ ျဖစ္ပါတယ္။ ဒါအျပင္ ဇာတ္ကားကို Baeksang Arts Awards နဲ႔ Blue Dragon Film Awards မွာ အဓိကဆုေတြ ရရွိခဲ့တဲ့ Harbin (၂၀၂၄) နဲ႔ The Man Standing Next (၂၀၂၀) အပါအဝင္ ဆုရဇာတ္ကားမ်ားစြာကို ႐ိုက္ကူးထုတ္လုပ္ခဲ့တဲ့ ဒါ႐ိုက္တာ ဝူမင္ဟို က ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ ဒါဟာ ဒါ႐ိုက္တာ ဝူမင္ဟို အတြက္လည္း Dieney+ လို streaming service မွာ ပြဲဦးထြက္ ႐ိုက္ကူးမႈ ျဖစ္ပါတယ္။ ႏိုင္ငံေရးနဲ႔ လူမႈေရးေျပာင္းလဲမႈ အမ်ားအျပားျဖစ္ခဲ့ရာ ၁၉၇၀ ျပည့္လြန္ႏွစ္ အခ်ိန္ကာလကို ဇာတ္အိမ္တည္ထားၿပီး အဲဒီေခတ္က ခ်မ္းသာႂကြယ္ဝမႈနဲ႔ အာဏာကိုသိမ္းပိုက္ဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့ ဂီထယ္(ဟြန္ဘင္း) နဲ႔ သူ႔ကို လိုက္ရွာေနတဲ့ တရားလိုေရွ႕ေန ဂ်င္ေယာင္း (ေဂ်ာင္ဝူဆန္) ကို အဓိက ကာ႐ိုက္တာ အျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါအျပင္ ကိုရီးယားသမိုင္းရဲ႕ထင္ရွားတဲ့အျဖစ္အပ်က္ေတြကိုလည္း ဇာတ္လမ္းထဲ မွာ စီးေမ်ာခံစားရမယ္လို႔ ဆိုပါတယ္။ ဇာတ္လမ္းတြဲဟာ အပိုင္းေျခာက္ပိုင္း ပါဝင္မွာျဖစ္ၿပီး ဟြန္ဘင္း၊ ေဂ်ာင္ နဲ႔ ဒါ႐ိုက္တာ ဝူ အတြက္ ပထမဆုံး streaming ဇာတ္လမ္းတြဲျဖစ္လာမွာျဖစ္ပါတယ္။
"Made in Korea" ဇာတ္ကားကို လာမယ့္ ဒီဇင္ဘာ ၂၄ ရက္မွာ Disney + မွ ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။