ဘရူနိုမားစ် နဲ့ ရိုစ့်သီချင်းအသစ် ထွက်ရှိမယ့် အရိပ်အမြွက်ပြောကြားလာ

84

ရောင်နီ (NP News) - ဒီဇင်ဘာလ ၁၈
အမေရိကန်အဆိုတော် ဘရူနိုမားစ် နဲ့ တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင် ရိုစ့် ဟာ APT ပြီးတဲ့နောက် နောက်ထပ် collab သီချင်းသစ် ထွက်ရှိဖို့ ရှိသေးတယ်ဆိုတာကို ဒီဇင်ဘာ ၁၁ ရက်က အင်တာဗျူးတစ်ခုမှာ အရိပ်အမြွတ်ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့က Billboard ရဲ့ အထူးအင်တာဗျူးတစ်ခုမှာ ရိုစ့်နဲ့ ဘရူနိုမားစ်က သူတို့ရဲ့ 'APT' သီချင်းရဲ့အံ့ဩစရာ အောင်မြင်မှု၊ သီချင်းရေးစပ်ခြင်း လုပ်ငန်းစဉ်နဲ့ သူတို့ရဲ့မိတ်ဆွေဖွဲ့မှုတွေ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ကြပါတယ်။ ဒါအပြင် သူတို့နှစ်ယောက်ဟာ နောက်ထပ်ထွက်ရှိလာမယ့် သီချင်းအသစ် တစ်ပုဒ်ကိုလည်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အဲဒါကတော့ အင်တာဗျူးသူက 'APT' နောက်ပိုင်း တခြား သီချင်းတွေကို အတူတူဖန်တီးခဲ့ဖူးလားလို့မေးမြန်းတဲ့အခါ ဘရူနိုမားစ် က "ဟုတ်ကဲ့ ရှိတယ်။ ပြီးတော့ ကျွန်တော် တို့ ဖန်တီးခဲ့တဲ့သီချင်းကို ကြိုက်တယ်၊ သီချင်းခေါင်းစဉ်ကိုတော့ မပြောတော့ဘူး... ဘယ်အချိန်၊ ဘယ်လို ပြသသွားမလဲ ဆိုတာပဲ ကျွန်တော်တို့ စဉ်းစားနေပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဘရူနိုမားစ် က 'APT' ဟာ ဒီလောက် အောင်မြင်မှုအဆင့်ထိ ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထား မိကြောင်းနဲ့ တေးဂီတဗီဒီယို ရိုက်ကူးနေစဉ်မှာ ဖိအားတွေ၊ အငြင်းပွားမှုတွေ ကြုံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ရိုစ့် ကလည်း ဘရူနိုမားစ် က 'number one girl' သီချင်းရေးပေးခဲ့ပြီး သူမကို အရေးပါတဲ့အကူအညီတွေ ပေးခဲ့ ကြောင်း ဖွင့်ဟပြောခဲ့ပါတယ်။ "အငြင်းပွားမှုလေးတွေ ရှိခဲ့တယ်၊ ဒါပေမယ့် အားလုံးက ပိုကောင်းလာစေဖို့ ဖြစ်ပါတယ်" လို့ သူမက ဆိုပါတယ်။
'APT' သီချင်းဟာ လာမယ့် Grammy ဆုပေးပွဲမှာ ဆုအမျိုးအစားသုံးခုအတွက် စကာတင်စာရင်းဝင်ထားတာ ကြောင့် Grammy ဆုရနိုင်မလားဆိုတဲ့မေးခွန်းကို ဘရူနိုမားစ် က "ဆုရဖို့က ကျွန်တော့်တို့ အတွက် ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဆုရပြီးသားလို့ ခံစားရလို့ပါပဲ၊ Grammy ဆုပေးပွဲနဲ့ ဆုပေးပွဲတိုင်းက ခက်ခဲတဲ့ အခြေအနေတစ်ခုပါ၊ ဘယ်တော့မှ မသိနိုင်ပါဘူး၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဒီအကြံအစည်လေးကနေ အနုပညာရှင်နှစ်ယောက်ပေါင်းစပ်ပြီး ဖန်တီးမှုကို ပြသခဲ့တယ်၊ လူတွေကလည်း သဘောကျခဲ့ကြတယ်၊ ဒါပါပဲ၊ အဲဒါက အမှန်တရားပါ၊ ဒါကြောင့် တခြားဘာမဆို ရခဲ့ရင်တော့ အပိုဆုကြေးပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ရိုစ့်နဲ့ ဘရူနိုမားစ် က နောက်ထပ်ပူးပေါင်းဖန်တီးထားတဲ့ သီချင်းတစ်ပုဒ် ထွက်ရှိလာတော့မယ်လို့ အရိပ်အမြွတ်ပြလိုက်တာကြောင့် ပရိသတ်တွေက သီချင်းသစ်အတွက် ရင်ခုန်နေကြပါတယ်။

Zawgyi Version:
ဘ႐ူႏိုမားစ္ နဲ႔ ႐ိုစ့္သီခ်င္းအသစ္ ထြက္ရွိမယ့္ အရိပ္အႁမြက္ေျပာၾကားလာ
ေရာင္နီ (NP News) - ဒီဇင္ဘာလ ၁၈
အေမရိကန္အဆိုေတာ္ ဘ႐ူႏိုမားစ္ နဲ႔ ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ BLACKPINK ရဲ႕အဖြဲ႕ဝင္ ႐ိုစ့္ ဟာ APT ၿပီးတဲ့ေနာက္ ေနာက္ထပ္ collab သီခ်င္းသစ္ ထြက္ရွိဖို႔ ရွိေသးတယ္ဆိုတာကို ဒီဇင္ဘာ ၁၁ ရက္က အင္တာဗ်ဴးတစ္ခုမွာ အရိပ္အႁမြတ္ေျပာၾကားခဲ့ပါတယ္။
ဒီဇင္ဘာ ၁၁ ရက္ေန႔က Billboard ရဲ႕ အထူးအင္တာဗ်ဴးတစ္ခုမွာ ႐ိုစ့္နဲ႔ ဘ႐ူႏိုမားစ္က သူတို႔ရဲ႕ 'APT' သီခ်င္းရဲ႕အံ့ဩစရာ ေအာင္ျမင္မႈ၊ သီခ်င္းေရးစပ္ျခင္း လုပ္ငန္းစဥ္နဲ႔ သူတို႔ရဲ႕မိတ္ေဆြဖြဲ႕မႈေတြ အေၾကာင္းေတြကို ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ၾကပါတယ္။ ဒါအျပင္ သူတို႔ႏွစ္ေယာက္ဟာ ေနာက္ထပ္ထြက္ရွိလာမယ့္ သီခ်င္းအသစ္ တစ္ပုဒ္ကိုလည္း အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။ အဲဒါကေတာ့ အင္တာဗ်ဴးသူက 'APT' ေနာက္ပိုင္း တျခား သီခ်င္းေတြကို အတူတူဖန္တီးခဲ့ဖူးလားလို႔ေမးျမန္းတဲ့အခါ ဘ႐ူႏိုမားစ္ က "ဟုတ္ကဲ့ ရွိတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ တို႔ ဖန္တီးခဲ့တဲ့သီခ်င္းကို ႀကိဳက္တယ္၊ သီခ်င္းေခါင္းစဥ္ကိုေတာ့ မေျပာေတာ့ဘူး... ဘယ္အခ်ိန္၊ ဘယ္လို ျပသသြားမလဲ ဆိုတာပဲ ကြၽန္ေတာ္တို႔ စဥ္းစားေနပါတယ္" လို႔ ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။
ဘ႐ူႏိုမားစ္ က 'APT' ဟာ ဒီေလာက္ ေအာင္ျမင္မႈအဆင့္ထိ ရရွိလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ထား မိေၾကာင္းနဲ႔ ေတးဂီတဗီဒီယို ႐ိုက္ကူးေနစဥ္မွာ ဖိအားေတြ၊ အျငင္းပြားမႈေတြ ႀကဳံခဲ့ရေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ႐ိုစ့္ ကလည္း ဘ႐ူႏိုမားစ္ က 'number one girl' သီခ်င္းေရးေပးခဲ့ၿပီး သူမကို အေရးပါတဲ့အကူအညီေတြ ေပးခဲ့ ေၾကာင္း ဖြင့္ဟေျပာခဲ့ပါတယ္။ "အျငင္းပြားမႈေလးေတြ ရွိခဲ့တယ္၊ ဒါေပမယ့္ အားလုံးက ပိုေကာင္းလာေစဖို႔ ျဖစ္ပါတယ္" လို႔ သူမက ဆိုပါတယ္။
'APT' သီခ်င္းဟာ လာမယ့္ Grammy ဆုေပးပြဲမွာ ဆုအမ်ိဳးအစားသုံးခုအတြက္ စကာတင္စာရင္းဝင္ထားတာ ေၾကာင့္ Grammy ဆုရႏိုင္မလားဆိုတဲ့ေမးခြန္းကို ဘ႐ူႏိုမားစ္ က "ဆုရဖို႔က ကြၽန္ေတာ့္တို႔ အတြက္ ခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ဆုရၿပီးသားလို႔ ခံစားရလို႔ပါပဲ၊ Grammy ဆုေပးပြဲနဲ႔ ဆုေပးပြဲတိုင္းက ခက္ခဲတဲ့ အေျခအေနတစ္ခုပါ၊ ဘယ္ေတာ့မွ မသိႏိုင္ပါဘူး၊ ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ ဒီအႀကံအစည္ေလးကေန အႏုပညာရွင္ႏွစ္ေယာက္ေပါင္းစပ္ၿပီး ဖန္တီးမႈကို ျပသခဲ့တယ္၊ လူေတြကလည္း သေဘာက်ခဲ့ၾကတယ္၊ ဒါပါပဲ၊ အဲဒါက အမွန္တရားပါ၊ ဒါေၾကာင့္ တျခားဘာမဆို ရခဲ့ရင္ေတာ့ အပိုဆုေၾကးပါပဲ" လို႔ ေျပာၾကားခဲ့ပါတယ္။
႐ိုစ့္နဲ႔ ဘ႐ူႏိုမားစ္ က ေနာက္ထပ္ပူးေပါင္းဖန္တီးထားတဲ့ သီခ်င္းတစ္ပုဒ္ ထြက္ရွိလာေတာ့မယ္လို႔ အရိပ္အႁမြတ္ျပလိုက္တာေၾကာင့္ ပရိသတ္ေတြက သီခ်င္းသစ္အတြက္ ရင္ခုန္ေနၾကပါတယ္။