အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်သွားမည်ဟုဆို

935

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဂရင်းစ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲ ပြစ်တင်ရန်စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သောရက်ပိုင်းတွင် ဂါဇာဒေသ ကိုလွှဲပြောင်း ယူရန် နှင့် ပါလက်စတိုင်းလူမျိုးများကို အခြားနေရာများတွင် ပြောင်းရွှေ့အခြေချရန် အဆိုပြုခဲ့ပြီး နောက် အမေရိကန်လွှတ်တော်ကိုယ်စားလှယ် ဂရင်းဖက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သောရက်ပိုင်းတွင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ဂါဇာဒေသကို ဖြိုဖျက်ပစ်မည့်နေရာအဖြစ် ရည်ရွယ်ပြောဆိုခဲ့ကြောင်း သိရသည်။ အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဂရင်းစ်က ဒေါ်နယ်ထရမ့်၏ အစီအစဉ်သည် လူမျိုးတုံးစေရန်လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း၊ လူမျိုးတုံးစေရန်လုပ် ဆောင်ခြင်းက ယုတ်ညံ့သောအကျင့်ဖြစ် ကြောင်း ပြောသည်။
ထို့ပြင် တက္ကဆက်ပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ်ဂရင်းစ်သည် အစ္စရေးဝန်ကြီးချုပ်ကိုလည်း ဝေဖန်ပြစ် တင်ခဲ့ပြီး ရှက်ဖွယ်ကောင်းကြောင်းပြောသည်။ ဂါဇာဒေသတွင် နေထိုင်သူများကို အခြားဒေသများသို့ ပြောင်းရွှေ့ မည်ဆိုသော ဒေါ်နယ်ထရမ့်၏အဆိုပြုချက်က ကမ္ဘာ့ခေါင်းဆောင်များနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးရေး အဖွဲ့များကြား စိတ်ဆိုးဒေါသဖြစ်မှုမြင့်တက်ခဲ့ကြောင်း သိရသည်။ လွှတ်တော်ကိုယ်စားလှယ် ဂရင်းစ်က ‘‘သမ္မတဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်မှုတွေ စတင်ဖို့ လုပ်ဆောင်သွားမယ်။ ယုတ်ညံ့တဲ့အကျင့်နဲ့ ယုတ်ညံ့တဲ့ လုပ်ရပ်နှစ်ခုလုံးအတွက် စွပ်စွဲပြစ်တင်မှုတွေ လုပ်ဆောင်မှာဖြစ်တယ်” ဟု ပြောသည်။
ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းကလည်း အငြင်းပွားဖွယ်ရာ အဖြစ်ပျက်များဖြစ်ပွားခဲ့ပြီး လွှတ်တော်အတွင်းစွပ်စွဲပြစ်တင်မှု သုံးကြိမ်ရင် ဆိုင်ခဲ့ရဖူးကြောင်း သိရသည်။ သို့သော် လည်း ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုအား လုံးအောင်မြင်မှုမရခဲ့ကြောင်း သိရသည်။ လွှတ်တော် ကိုယ်စားလှယ်ဂရင်းစ်သည် အမေရိကန်သမ္မတ ဟောင်းဂျိုးဘိုင်ဒန်လက်ထက်တွင် အစ္စရေးကို အမေ ရိကန်ဒေါ်လာ ဘီလျံနှင့်ကူညီပေးရန် ထောက်ခံခဲ့ဖူး သူဖြစ်ရာ ဒေါ်နယ်ထရမ့်ကို စွပ်စွဲပြစ်တင်မည့် လုပ်ရပ်အတွက် ဝေဖန်ခံနေရ ကြောင်း သိရသည်။
Zawgyi Version:
အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္သြားမည္ဟုဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၈
အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္သည့္ ဂရင္းစ္သည္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို စြပ္စြဲ ျပစ္တင္ရန္စီစဥ္ေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ဂါဇာေဒသ ကိုလႊဲေျပာင္း ယူရန္ ႏွင့္ ပါလက္စတိုင္းလူမ်ိဳးမ်ားကို အျခားေနရာမ်ားတြင္ ေျပာင္းေ႐ႊ႕အေျခခ်ရန္ အဆိုျပဳခဲ့ၿပီး ေနာက္ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္ ဂရင္းဖက ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုႏွင့္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီးေနာက္ ဂါဇာေဒသကို ၿဖိဳဖ်က္ပစ္မည့္ေနရာအျဖစ္ ရည္႐ြယ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။ အေမရိကန္ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္ေသာ ဂရင္းစ္က ေဒၚနယ္ထရမ့္၏ အစီအစဥ္သည္ လူမ်ိဳးတုံးေစရန္လုပ္ေဆာင္ျခင္းမ်ိဳးျဖစ္ေၾကာင္း၊ လူမ်ိဳးတုံးေစရန္လုပ္ ေဆာင္ျခင္းက ယုတ္ညံ့ေသာအက်င့္ျဖစ္ ေၾကာင္း ေျပာသည္။
ထို႔ျပင္ တကၠဆက္ျပည္နယ္မွလႊတ္ေတာ္ကိုယ္စားလွယ္ဂရင္းစ္သည္ အစၥေရးဝန္ႀကီးခ်ဳပ္ကိုလည္း ေဝဖန္ျပစ္ တင္ခဲ့ၿပီး ရွက္ဖြယ္ေကာင္းေၾကာင္းေျပာသည္။ ဂါဇာေဒသတြင္ ေနထိုင္သူမ်ားကို အျခားေဒသမ်ားသို႔ ေျပာင္းေ႐ႊ႕ မည္ဆိုေသာ ေဒၚနယ္ထရမ့္၏အဆိုျပဳခ်က္က ကမာၻ႔ေခါင္းေဆာင္မ်ားႏွင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီ ေပးေရး အဖြဲ႕မ်ားၾကား စိတ္ဆိုးေဒါသျဖစ္မႈျမင့္တက္ခဲ့ေၾကာင္း သိရသည္။ လႊတ္ေတာ္ကိုယ္စားလွယ္ ဂရင္းစ္က ‘‘သမၼတေဒၚနယ္ထရမ့္ကို စြပ္စြဲျပစ္တင္မႈေတြ စတင္ဖို႔ လုပ္ေဆာင္သြားမယ္။ ယုတ္ညံ့တဲ့အက်င့္နဲ႔ ယုတ္ညံ့တဲ့ လုပ္ရပ္ႏွစ္ခုလုံးအတြက္ စြပ္စြဲျပစ္တင္မႈေတြ လုပ္ေဆာင္မွာျဖစ္တယ္” ဟု ေျပာသည္။
ေဒၚနယ္ထရမ့္သည္ အေမရိကန္ႏိုင္ငံ သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းကလည္း အျငင္းပြားဖြယ္ရာ အျဖစ္ပ်က္မ်ားျဖစ္ပြားခဲ့ၿပီး လႊတ္ေတာ္အတြင္းစြပ္စြဲျပစ္တင္မႈ သုံးႀကိမ္ရင္ ဆိုင္ခဲ့ရဖူးေၾကာင္း သိရသည္။ သို႔ေသာ္ လည္း ေဒၚနယ္ထရမ့္ကို စြပ္စြဲျပစ္တင္ရန္ ႀကိဳးပမ္းမႈအား လုံးေအာင္ျမင္မႈမရခဲ့ေၾကာင္း သိရသည္။ လႊတ္ေတာ္ ကိုယ္စားလွယ္ဂရင္းစ္သည္ အေမရိကန္သမၼတ ေဟာင္းဂ်ိဳးဘိုင္ဒန္လက္ထက္တြင္ အစၥေရးကို အေမ ရိကန္ေဒၚလာ ဘီလ်ံႏွင့္ကူညီေပးရန္ ေထာက္ခံခဲ့ဖူး သူျဖစ္ရာ ေဒၚနယ္ထရမ့္ကို စြပ္စြဲျပစ္တင္မည့္ လုပ္ရပ္အတြက္ ေဝဖန္ခံေနရ ေၾကာင္း သိရသည္။