ပြင်သစ်က Mirage (2000-5) တိုက်လေယာဉ် ပထမအသုတ်ကို ယူကရိန်းသို့ပေးပို့

388

Pika (NP News) - ဖေဖော်ဝါရီ ၉
ရုရှားနိုင်ငံ၏တိုက်ခိုက်မှုများမှ ၎င်း၏ဝေ ဟင်ပိုင်နက်ကို ကာကွယ်ရာတွင် ယူကရိန်းကို ကူညီရန်အတွက် Mirage (2000-5) တိုက်လေယာဉ် ပထမအသုတ်အဖြစ် ပြင်သစ်က ယူကရိန်းကို ပေးပို့ခဲ့ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဆီ ဘက်စတီယန်လီကော်နုက ဖေဖော်ဝါရီလ (၆)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဆီဘက်စတီ ယန်လီကော်နုက “ Mirage (2000-5) တိုက်လေယာဉ် ပထမ အသုတ်ဟာ ယူကရိန်းနိုင်ငံကို ဒီနေ့မှာပဲရောက် ရှိသွားပါပြီ။ ပြင်သစ်အစိုးရဟာ ပြီးခဲ့တဲ့ လတွေ အတွင်း ယူကရိန်း တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမှုတွေလုပ်ဆောင်ပေးခဲ့ပါတယ်။ လက်ရှိ အချိန်မှာ တော့ သူတို့တွေဟာ ယူကရိန်းရဲ့လေပိုင်နက်ကို ကာကွယ်ဖို့ ကူညီပေးနိုင်မှာပါ”ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း ယူကရိန်းနိုင်ငံကို ငြမေါန (၂၀ဝဝ-၅)တိုက်လေယာဉ်အစင်းရေ မည်မျှပေးပို့ခဲ့ သည်ဆိုသည့်အချက်ကို ဆီယက်စတီယန်လီကော် နုက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရ သည်။ ပြင်သစ်နိုင်ငံသည် Mirage (2000-5) တိုက်လေယာဉ်များကို ယူကရိန်းသို့ လွှဲပြောင်းပေးပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှု၏ တစ် စိတ်တစ်ပိုင်း အဖြစ် ယူကရိန်းလေယာဉ်မှူးများကို လေ့ကျင့်ပေးမှု များ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြင်သစ် သမ္မတမက်ခရွန်က ပြီးခဲ့သည့်နှစ် ဇွန်လတွင် ထုတ်ပြန်ပြောဆိုခဲ့ဖူးသည်။
ပြင်သစ်လေတပ်က ပိုင်ဆိုင်သည့် Mirage (2000-5) တိုက်လေယာဉ် (၂၆)စင်း အနက်(၆)စင်းကို ယူကရိန်းသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ပြင်သစ်အောက်လွှတ်တော်က ထုတ်ပြန် သည့် ဘတ် ဂျက် အစီရင်ခံစာအရ သိရသည်။ သို့သော်လည်း လုံခြုံရေးဆိုင်ရာအကြောင်းပြချက်များကြောင့် အဆိုပါ ကိန်းဂဏန်းများကို ပြင်သစ် ကာ ကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုခြင်းမျိုး သို့မဟုတ် အတည်ပြုခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ပြီးခဲ့ သည့်နှစ် ဩဂုတ်လတွင် ယူကရိန်းသည် ၎င်း၏ပထမဆုံး အမေရိကန်ထုတ် F-16 တိုက်လေယာဉ်များ ပေးပို့မှုကို လက်ခံရရှိခဲ့ကြောင်းလည်းသိရသည်။

zawgyi version
ျပင္သစ္က Mirage (2000-5) တိုက္ေလယာဥ္ ပထမအသုတ္ကို ယူကရိန္းသို႔ေပးပို႔
Pika (NP News) - ေဖေဖာ္ဝါရီ ၉
႐ုရွားႏိုင္ငံ၏တိုက္ခိုက္မႈမ်ားမွ ၎၏ေဝ ဟင္ပိုင္နက္ကို ကာကြယ္ရာတြင္ ယူကရိန္းကို ကူညီရန္အတြက္ Mirage (2000-5) တိုက္ေလယာဥ္ ပထမအသုတ္အျဖစ္ ျပင္သစ္က ယူကရိန္းကို ေပးပို႔ခဲ့ေၾကာင္း ျပင္သစ္ကာကြယ္ေရးဝန္ႀကီး ဆီ ဘက္စတီယန္လီေကာ္ႏုက ေဖေဖာ္ဝါရီလ (၆)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။
ဆီဘက္စတီ ယန္လီေကာ္ႏုက “ Mirage (2000-5) တိုက္ေလယာဥ္ ပထမ အသုတ္ဟာ ယူကရိန္းႏိုင္ငံကို ဒီေန႔မွာပဲေရာက္ ရွိသြားပါၿပီ။ ျပင္သစ္အစိုးရဟာ ၿပီးခဲ့တဲ့ လေတြ အတြင္း ယူကရိန္း တိုက္ေလယာဥ္မႉးေတြကို ေလ့က်င့္ေပးမႈေတြလုပ္ေဆာင္ေပးခဲ့ပါတယ္။ လက္ရွိ အခ်ိန္မွာ ေတာ့ သူတို႔ေတြဟာ ယူကရိန္းရဲ႕ေလပိုင္နက္ကို ကာကြယ္ဖို႔ ကူညီေပးႏိုင္မွာပါ”ဟု ေျပာဆိုခဲ့သည္။
သို႔ေသာ္လည္း ယူကရိန္းႏိုင္ငံကို ျငေမါန (၂၀ဝဝ-၅)တိုက္ေလယာဥ္အစင္းေရ မည္မွ်ေပးပို႔ခဲ့ သည္ဆိုသည့္အခ်က္ကို ဆီယက္စတီယန္လီေကာ္ ႏုက ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရ သည္။ ျပင္သစ္ႏိုင္ငံသည္ Mirage (2000-5) တိုက္ေလယာဥ္မ်ားကို ယူကရိန္းသို႔ လႊဲေျပာင္းေပးၿပီး စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ၏ တစ္ စိတ္တစ္ပိုင္း အျဖစ္ ယူကရိန္းေလယာဥ္မႉးမ်ားကို ေလ့က်င့္ေပးမႈ မ်ား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ျပင္သစ္ သမၼတမက္ခ႐ြန္က ၿပီးခဲ့သည့္ႏွစ္ ဇြန္လတြင္ ထုတ္ျပန္ေျပာဆိုခဲ့ဖူးသည္။
ျပင္သစ္ေလတပ္က ပိုင္ဆိုင္သည့္ Mirage (2000-5) တိုက္ေလယာဥ္ (၂၆)စင္း အနက္(၆)စင္းကို ယူကရိန္းသို႔ လႊဲေျပာင္းေပးသြားမည္ ျဖစ္ေၾကာင္း ျပင္သစ္ေအာက္လႊတ္ေတာ္က ထုတ္ျပန္ သည့္ ဘတ္ ဂ်က္ အစီရင္ခံစာအရ သိရသည္။ သို႔ေသာ္လည္း လုံၿခဳံေရးဆိုင္ရာအေၾကာင္းျပခ်က္မ်ားေၾကာင့္ အဆိုပါ ကိန္းဂဏန္းမ်ားကို ျပင္သစ္ ကာ ကြယ္ေရးဝန္ႀကီးဌာနက ျငင္းဆိုျခင္းမ်ိဳး သို႔မဟုတ္ အတည္ျပဳျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။ၿပီးခဲ့ သည့္ႏွစ္ ဩဂုတ္လတြင္ ယူကရိန္းသည္ ၎၏ပထမဆုံး အေမရိကန္ထုတ္ F-16 တိုက္ေလယာဥ္မ်ား ေပးပို႔မႈကို လက္ခံရရွိခဲ့ေၾကာင္းလည္းသိရသည္။