အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးခြင်းက စမတ်ကျမည် မဟုတ်ဟု အီရန်နိုင်ငံ၏ အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် ပြော

 164

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၉

အီရန်နိုင်ငံ၏ အမြင့်ဆုံးဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေနီက အမေရိကန် နိုင်ငံနှင့်တွေ့ဆုံဆွေးနွေးခြင်းသည် စမတ်ကျမည် မဟုတ်သလို ပညာရှိခြင်း၊ ဂုဏ်ကျက်သရေရှိခြင်းများဖြစ်လာမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက်မကြာမီ အီရန်နိုင်ငံနှင့် နျူ ကလီးယားငြိမ်းချမ်းရေးသဘောတူညီချက်နှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန် သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန် (၂၀၁၈)ခုနှစ် တုန်းက အီရန်နိုင်ငံ နှင့် ကမ္ဘာ့ခေါင်းဆောင်များ သဘောတူညီထားသည့် (၂၀၁၅)ခုနှစ် နျူကလီးယားစာချုပ်မှနုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ် ပစ်မှတ်ထားပြီးပိတ်ဆို့မှုများပြန်လည်ချမှတ်ခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံ အကြီးတန်းအရာရှိတစ်ဦးကအီရန်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အငြင်းပွားနေသော နျူကလီးယားပြဿနာများကိုဖြေရှင်းရန် အမေရိကန်ကို အခွင့်အရေးပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။ အီရန်နိုင်ငံသည် ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူချိန်တုန်းက အငြင်းပွားမှုများစွာဖြစ်ခဲ့ပြီး အပြန်အလှန် ဝေဖန်ပြစ်မှုများရှိခဲ့ကြောင်း သိရသည်။ အမေရိကန် နိုင်ငံ၏ ပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံသည် နျူကလီးယားလက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဆိုသောစွပ်စွဲချက်များထွက်ပေါ်လာခဲ့ပြီး နောက် အီရန်နိုင်ငံနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား တင်းမာမှုအရှိန်မြင့်တက်ခဲ့ကြောင်း သိရသည်။

အီရန်က နျူကလီးယားကို အရပ်ဘက်အတွက်အသုံးချရန် ပြောဆိုထားသော်လည်း အမေရိ ကန်နိုင်ငံက ယုံကြည်ခြင်းမရှိဘဲ ပစ်မှတ်ထားကာပိတ် ဆို့မှုများချမှတ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒေါ်နယ်ထရမ့်ဒုတိယအကြိမ်မြောက် တစ်ကျော့ပြန်တာဝန်ယူချိန်တွင် နျူကလီးယားပြဿနာနှင့်ပတ်သက်ပြီး အီရန်နိုင်ငံနှင့်ထပ်မံဆွေးနွေးဖွယ်ရှိနေပြီး ပိတ်ဆို့မှုချမှတ်ရန် အလားအလာများနေကြောင်း သိရသည်။

zawgyi version
အေမရိကန္ႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းက စမတ္က်မည္ မဟုတ္ဟု အီရန္ႏိုင္ငံ၏ အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၉

အီရန္ႏိုင္ငံ၏ အျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္ အယာတိုလာ ခါေမနီက အေမရိကန္ ႏိုင္ငံႏွင့္ေတြ႕ဆုံေဆြးေႏြးျခင္းသည္ စမတ္က်မည္ မဟုတ္သလို ပညာရွိျခင္း၊ ဂုဏ္က်က္သေရရွိျခင္းမ်ားျဖစ္လာမည္မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္တာဝန္ယူၿပီးေနာက္မၾကာမီ အီရန္ႏိုင္ငံႏွင့္ န်ဴ ကလီးယားၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္ သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္ (၂၀၁၈)ခုႏွစ္ တုန္းက အီရန္ႏိုင္ငံ ႏွင့္ ကမာၻ႔ေခါင္းေဆာင္မ်ား သေဘာတူညီထားသည့္ (၂၀၁၅)ခုႏွစ္ န်ဴကလီးယားစာခ်ဳပ္မွႏုတ္ထြက္ခဲ့ၿပီး အီရန္ႏိုင္ငံအေပၚ ပစ္မွတ္ထားၿပီးပိတ္ဆို႔မႈမ်ားျပန္လည္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

အီရန္ႏိုင္ငံ အႀကီးတန္းအရာရွိတစ္ဦးကအီရန္ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံႏွင့္အျငင္းပြားေနေသာ န်ဴကလီးယားျပႆနာမ်ားကိုေျဖရွင္းရန္ အေမရိကန္ကို အခြင့္အေရးေပးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ဖူးသည္။ အီရန္ႏိုင္ငံသည္ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူခ်ိန္တုန္းက အျငင္းပြားမႈမ်ားစြာျဖစ္ခဲ့ၿပီး အျပန္အလွန္ ေဝဖန္ျပစ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ အေမရိကန္ ႏိုင္ငံ၏ ပိတ္ဆို႔မႈမ်ားေၾကာင့္ အီရန္ႏိုင္ငံ၏ စီးပြားေရး က်ဆင္းမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အီရန္ႏိုင္ငံသည္ န်ဴကလီးယားလက္နက္ပိုင္ဆိုင္ရန္ ႀကိဳးပမ္းေနသည္ဆိုေသာစြပ္စြဲခ်က္မ်ားထြက္ေပၚလာခဲ့ၿပီး ေနာက္ အီရန္ႏိုင္ငံႏွင့္ အေမရိကန္အပါအဝင္ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားၾကား တင္းမာမႈအရွိန္ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

အီရန္က န်ဴကလီးယားကို အရပ္ဘက္အတြက္အသုံးခ်ရန္ ေျပာဆိုထားေသာ္လည္း အေမရိ ကန္ႏိုင္ငံက ယုံၾကည္ျခင္းမရွိဘဲ ပစ္မွတ္ထားကာပိတ္ ဆို႔မႈမ်ားခ်မွတ္ခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ေဒၚနယ္ထရမ့္ဒုတိယအႀကိမ္ေျမာက္ တစ္ေက်ာ့ျပန္တာဝန္ယူခ်ိန္တြင္ န်ဴကလီးယားျပႆနာႏွင့္ပတ္သက္ၿပီး အီရန္ႏိုင္ငံႏွင့္ထပ္မံေဆြးေႏြးဖြယ္ရွိေနၿပီး ပိတ္ဆို႔မႈခ်မွတ္ရန္ အလားအလာမ်ားေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.