ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးက ပြိုပျက်သွားနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ဟားမတ်လက်နက်ကိုင်အဖွဲ့ပြော

 404

Pika (NP News) - ဖေဖော်ဝါရီ ၉

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ ပြိုပျက်သွားနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ဟားမတ်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်(၃)ပတ်ခန့်က ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေရပ်တန့်သွားစေခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဲ့ကတိဝတ်တွေကို အစ္စရေးကလိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဟားမတ်လက်နက်ကိုင်အဖွဲ့က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ကာတာ၊ အီဂျစ်နဲ့ အမေရိကန်တို့ ကြားဝင်စေ့စပ်ပေးထားတဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟာ အဆင့်(၃) ဆင့်ပါဝင်တယ်လို့လည်း သိရပါတယ်။ ပထမအဆင့်မှာ ဟားမတ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားတဲ့ ဓားစာခံ(၃၃)ဦးကို ပြန်လွှတ်ပေးရမှာဖြစ်ပြီး အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား(၁၉၀၄)ဦးကို ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးက ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသား(၁၈၃)ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဟားမတ်လက်နက်ကိုင်အဖွဲ့ဘက်က အစ္စရေးအကျဉ်းသား(၃)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဟားမတ်လက်နက်ကိုင်အဖွဲ့ အကြီးတန်းအရာရှိ ဘာဆမ်နာမင်က ၎င်းတို့ဟာ တိုက်ပွဲတွေကို ပြန်လည်စတင်ဖို့ မကြိုးစားပေမယ့်လည်း အစ္စရေးရဲ့လုပ်ရပ်တွေက အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။ ၎င်းက 'အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ကတိဝတ်တွေကို လိုက်နာတာမျိုးမရှိပါဘူး။ အစ္စရေးရဲ့ လုပ်ရပ်တွေကြောင့် ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ပြိုပျက်သွားနိုင်ခြေရှိနေပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးက ၿပိဳပ်က္သြားႏိုင္တဲ့ အေျခအေနမွာရွိေနတယ္လို႔ ဟားမတ္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၉

ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ ၿပိဳပ်က္သြားႏိုင္တဲ့ အေျခအေနမွာရွိေနတယ္လို႔ ဟားမတ္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္(၃)ပတ္ခန္႔က ဂါဇာကမ္းေျမာင္ေဒသမွာ တိုက္ပြဲေတြရပ္တန္႔သြားေစခဲ့တဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရဲ႕ကတိဝတ္ေတြကို အစၥေရးကလိုက္နာဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ဟားမတ္လက္နက္ကိုင္အဖြဲ႕က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ကာတာ၊ အီဂ်စ္နဲ႔ အေမရိကန္တို႔ ၾကားဝင္ေစ့စပ္ေပးထားတဲ့ ဂါဇာအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ဟာ အဆင့္(၃) ဆင့္ပါဝင္တယ္လို႔လည္း သိရပါတယ္။ ပထမအဆင့္မွာ ဟားမတ္လက္နက္ကိုင္အဖြဲ႕က ၎တို႔ဖမ္းဆီးထားတဲ့ ဓားစာခံ(၃၃)ဦးကို ျပန္လႊတ္ေပးရမွာျဖစ္ၿပီး အစၥေရးဘက္က ပါလက္စတိုင္းအက်ဥ္းသား(၁၉၀၄)ဦးကို ျပန္လႊတ္ေပးရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အစၥေရးက ၎တို႔ဖမ္းဆီးထိန္းသိမ္းထားတဲ့ ပါလက္စတိုင္းအက်ဥ္းသား(၁၈၃)ဦးကို ျပန္လႊတ္ေပးခဲ့ၿပီး ဟားမတ္လက္နက္ကိုင္အဖြဲ႕ဘက္က အစၥေရးအက်ဥ္းသား(၃)ဦးကို ျပန္လႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။ ဟားမတ္လက္နက္ကိုင္အဖြဲ႕ အႀကီးတန္းအရာရွိ ဘာဆမ္နာမင္က ၎တို႔ဟာ တိုက္ပြဲေတြကို ျပန္လည္စတင္ဖို႔ မႀကိဳးစားေပမယ့္လည္း အစၥေရးရဲ႕လုပ္ရပ္ေတြက အပစ္အခတ္ရပ္စဲေရးကို ထိခိုက္ေစႏိုင္တယ္လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။ ၎က 'အစၥေရးက ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ကတိဝတ္ေတြကို လိုက္နာတာမ်ိဳးမရွိပါဘူး။ အစၥေရးရဲ႕ လုပ္ရပ္ေတြေၾကာင့္ ဒီအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္က ၿပိဳပ်က္သြားႏိုင္ေျခရွိေနပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.