အမေရိကန်နိုင်ငံရဲ့ရန်လိုတဲ့ လုပ်ရပ်တိုင်းကိုချက်ချင်းတုံ့ပြန်မှာဖြစ်တယ်လို့ အီရန် ပြော

1059

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၉
အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အမေရိကန်နိုင်ငံရဲ့ရန်လိုတဲ့ လုပ်ရပ်တိုင်းကိုချက်ချင်းတုံ့ပြန်မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အယာတိုလာခါမေနီဟာ အမေရိကန်နိုင်ငံနဲ့တွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ကို ငြင်းဆန်ပယ်ချထားပြီး အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးခြင်းက ကောင်းမွန်မှုရှိမှမဟုတ်ဘူးလို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် တာဝန်ယူပြီးနောက် နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အီရန်နိုင်ငံကို တင်းကြပ်တဲ့ဖိအားတွေ ပေးသွားမယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရက အီရန်နိုင်ငံဟာ နျူကလီးယားဗုံးပိုင်ဆိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုထားပြီး အီရန်နိုင်ငံရဲ့ ရေနံလုပ်ငန်းကိုတင်းကြပ်တဲ့ ပိတ်ဆို့မှုတွေချမှတ်မယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မယ့် လုပ်ငန်းတွေကိုပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ အီရန် နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက"အမေရိကန်ဟာ ကျွန်တော်တို့နဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေထုတ်ပြန်ခဲ့တယ်။ သူတို့ဟာ ကျွန်တော်တို့ကို ခြိမ်းခြောက်မယ်ဆိုရင်ကျွန်တော်တို့ကလည်း ပြန်လည်ခြိမ်းခြောက်မယ်။ အမေရိကန်တွေက စာရွက်ပေါ်မှာ ထိုင်ပြီး ကမ္ဘာ့မြေပုံကို ပြန်ဆွဲနေတယ်။ ဒါပေမဲ့ လက်တွေ့မှာ အခြေအမြစ်မရှိတဲ့ စာရွက်ပေါ်မှာပဲ ရှိတာ။ အဲဒီလို ခြိမ်းခြောက်မှုတွေလုပ်ရင် ကျွန်တော်တို့လည်း အဲဒီလိုပြန်လည်ခြိမ်းခြောက်တာမျိုးလုပ်မှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်လာမယ်"လို့ ပြောပါတယ်။
အမေရိကန် သမ္မတက ငြိမ်းချမ်းစွာ ကြီးထွားပြီး ကြီးပွားတိုးတက်စေမယ့် အတည်ပြုထားတဲ့ နျူကလီးယား ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရရှိနိုင်ဖို့ အီရန်နိုင်ငံနဲ့ ဆွေးနွေးမှုများ ပြုလုပ်လိုတယ်လို့ ပြောပါတယ်။ အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အမေရိကန်အစိုးရ နဲ့ စေ့စပ်ဆွေးနွေးမယ်အစီအစဉ်က ပြီးပြည့်စုံတဲ့ ကောင်းမွန်မှုရှိလာမှာမဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူတဲ့ ၂၀၁၈ ခုနှစ်တုန်းက အီရန်နိုင်ငံနဲ့ ကမ္ဘာအင်အားကြီး နိုင်ငံတွေကြား ရရှိထားတဲ့ နျူကလီးယားသဘောတူစာချုပ်က နုတ်ထွက်ပြီး အီရန်နိုင်ငံကို ပိတ်ဆို့မှုတွေချမှတ်ခဲ့ဖူးပါတယ်။ ဒေါ်နယ်ထရမ့် အမေရိကန် သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်ယူချိန်မှာအီရန်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနဲ့ အငြင်းပွားမှုတွေကို ဆက်လက်တာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။
zawgyi version
အေမရိကန္ႏိုင္ငံရဲ႕ရန္လိုတဲ့ လုပ္ရပ္တိုင္းကိုခ်က္ခ်င္းတုံ႔ျပန္မွာျဖစ္တယ္လို႔ အီရန္ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၉
အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီက အေမရိကန္ႏိုင္ငံရဲ႕ရန္လိုတဲ့ လုပ္ရပ္တိုင္းကိုခ်က္ခ်င္းတုံ႔ျပန္မွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အယာတိုလာခါေမနီဟာ အေမရိကန္ႏိုင္ငံနဲ႔ေတြ႕ဆုံေဆြးေႏြးမယ့္အစီအစဥ္ကို ျငင္းဆန္ပယ္ခ်ထားၿပီး အေမရိကန္နဲ႔ ေတြ႕ဆုံေဆြးေႏြးျခင္းက ေကာင္းမြန္မႈရွိမွမဟုတ္ဘူးလို႔ ဆိုပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အီရန္ႏိုင္ငံကို တင္းၾကပ္တဲ့ဖိအားေတြ ေပးသြားမယ္လို႔ ဆိုပါတယ္။
အေမရိကန္အစိုးရက အီရန္ႏိုင္ငံဟာ န်ဴကလီးယားဗုံးပိုင္ဆိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ စြပ္စြဲေျပာဆိုထားၿပီး အီရန္ႏိုင္ငံရဲ႕ ေရနံလုပ္ငန္းကိုတင္းၾကပ္တဲ့ ပိတ္ဆို႔မႈေတြခ်မွတ္မယ္လို႔ ဆိုပါတယ္။ အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံကို တင္ပို႔ေနတဲ့ အီရန္ႏိုင္ငံရဲ႕ ေရနံတင္ပို႔မယ့္ လုပ္ငန္းေတြကိုပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ အီရန္ ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီက"အေမရိကန္ဟာ ကြၽန္ေတာ္တို႔နဲ႔ပတ္သက္ၿပီး ထုတ္ျပန္ခ်က္ေတြထုတ္ျပန္ခဲ့တယ္။ သူတို႔ဟာ ကြၽန္ေတာ္တို႔ကို ၿခိမ္းေျခာက္မယ္ဆိုရင္ကြၽန္ေတာ္တို႔ကလည္း ျပန္လည္ၿခိမ္းေျခာက္မယ္။ အေမရိကန္ေတြက စာ႐ြက္ေပၚမွာ ထိုင္ၿပီး ကမာၻ႔ေျမပုံကို ျပန္ဆြဲေနတယ္။ ဒါေပမဲ့ လက္ေတြ႕မွာ အေျခအျမစ္မရွိတဲ့ စာ႐ြက္ေပၚမွာပဲ ရွိတာ။ အဲဒီလို ၿခိမ္းေျခာက္မႈေတြလုပ္ရင္ ကြၽန္ေတာ္တို႔လည္း အဲဒီလိုျပန္လည္ၿခိမ္းေျခာက္တာမ်ိဳးလုပ္မွာပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕လုံၿခဳံေရးကို ထိခိုက္လာမယ္"လို႔ ေျပာပါတယ္။
အေမရိကန္ သမၼတက ၿငိမ္းခ်မ္းစြာ ႀကီးထြားၿပီး ႀကီးပြားတိုးတက္ေစမယ့္ အတည္ျပဳထားတဲ့ န်ဴကလီးယား ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ကို ရရွိႏိုင္ဖို႔ အီရန္ႏိုင္ငံနဲ႔ ဆြးေႏြးမႈမ်ား ျပဳလုပ္လိုတယ္လို႔ ေျပာပါတယ္။ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ အယာတိုလာခါေမနီက အေမရိကန္အစိုးရ နဲ႔ ေစ့စပ္ေဆြးေႏြးမယ္အစီအစဥ္က ၿပီးျပည့္စုံတဲ့ ေကာင္းမြန္မႈရွိလာမွာမဟုတ္ဘူးလို႔ တုံ႔ျပန္ထားပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္တာဝန္ယူတဲ့ ၂၀၁၈ ခုႏွစ္တုန္းက အီရန္ႏိုင္ငံနဲ႔ ကမာၻအင္အားႀကီး ႏိုင္ငံေတြၾကား ရရွိထားတဲ့ န်ဴကလီးယားသေဘာတူစာခ်ဳပ္က ႏုတ္ထြက္ၿပီး အီရန္ႏိုင္ငံကို ပိတ္ဆို႔မႈေတြခ်မွတ္ခဲ့ဖူးပါတယ္။ ေဒၚနယ္ထရမ့္ အေမရိကန္ သမၼတအျဖစ္ ဒုတိယအႀကိမ္ တာဝန္ယူခ်ိန္မွာအီရန္ႏိုင္ငံ၊ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ အျငင္းပြားမႈေတြကို ဆက္လက္တာဝန္ယူေျဖရွင္းရမွာျဖစ္ပါတယ္။