ဂါဇာကမ်းမြောင်ဒေသရှိ စင်္ကြံလမ်းမှ အစ္စရေးတပ်ဖွဲ့ဝင်များ ပြန်ရုတ်သိမ်း
![](/img/icon_eye.svg)
237
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a9b4c65b390630e6755e2b/banner-67a9b4c65b390630e6755e2b-x800.JPG)
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁ဝ
အမေရိကန်အစိုးရ၏ ကြားဝင်စေ့စပ်မှုအရ အစ္စရေးနှင့်ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးရရှိခဲ့ပြီးနောက်မကြာမီ အစ္စရေးတပ်များသည် ဂါဇာကမ်းမြောင်၏ မြောက်ဘက်ပိုင်းကို ဖြတ်တောက်ထားသည့် Netzarim Corridor စင်္ကြံလမ်းမှတပ်များ ပြန်လည်ရုတ်သိမ်း ဆုတ်ခွာနေကြောင်း သိရသည်။
ဇန်နဝါရီ ၁၉ ရက်က အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လက်ရှိအချိန်တွင် အစ္စရေး ဓားစာခံ (၁၆)ဦးနှင့် ပါလက်စတိုင်း အကျဉ်းသား (၅၆၆)ဦးတို့ကို လွှတ်ပေးခဲ့ပြီး ဖြစ်သည်။ သုံးပတ်ကြာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့် ပြီးဆုံးချိန်တွင် ဓားစာခံ (၃၃)ဦးနှင့် အကျဉ်းသား (၁၉၀၀)လွတ်မြောက်လာမည်ဟု မျှော်လင့်ရသည်။ ဟားမတ်စ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးကို တိုက်ခိုက်ခဲ့ရာ ဓားစာခံ (၂၅၁)ဦးကို ဖမ်းဆီးခဲ့ပြီး လူပေါင်း (၁၂၀၀)ခန့်သေဆုံးခဲ့ပြီး ဂါဇာစစ်ပွဲကို ဖြစ်ပေါ်စေခဲ့သည်။အစ္စရေး၏ ထိုးစစ်ကြောင့် အနည်းဆုံး ပါလက်စတိုင်း (၄၈,၁၈၉)ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဟားမတ်စ်အဖွဲ့မှ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အအုံများ၏ သုံးပုံနှစ်ပုံခန့်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က ပါလက်စတိုင်းပိုင်နက်ကို မြေပြင်ကျူးကျော်မှုမစတင်မီ အစ္စရေးစစ်တပ်က အစုလိုက်အပြုံလိုက် ဘေးလွတ် ရာ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားချိန်တွင် ဂါဇာမြောက်ပိုင်းရှိ လူပေါင်း(၇)သိန်းခန့်သည် တောင်ပိုင်းဒေသများသို့ ထွက်ပြေးခဲ့ကြသည် ။ဂါဇာ-အစ္စရေးနယ်စပ်မှ မြေထဲပင်လယ်အထိ ဖြန့်ကျက်ထားတဲ့ Netzarim စင်္ကြန်မှတဆင့် ပါလက်စတိုင်းလူမျိုးများ နေရပ်ပြန်ဖို့လည်း တားမြစ်ခံခဲ့သေးကြောင်း သိရသည်။
အစ္စရေးတပ်ဖွဲ့များသည် လွန်ခဲ့သည့်လက စင်္ကြံအနောက်ဘက်မှ တစ်စိတ်တစ်ပိုင်းပြန်ဆုတ်ခွာသွားခဲ့ပြီး ပါလက်စတိုင်းလူမျိုးများသည် ဂါဇာမြောက်ပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်လာစဉ် ကမ်းရိုးတန်း Rashid လမ်းတစ်လျှောက် သွားလာခွင့်ပြုခဲ့ကြောင်းသိရသည်။
zawgyi version
ဂါဇာကမ္းေျမာင္ေဒသရွိ စႀကႍလမ္းမွ အစၥေရးတပ္ဖြဲ႕ဝင္မ်ား ျပန္႐ုတ္သိမ္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
အေမရိကန္အစိုးရ၏ ၾကားဝင္ေစ့စပ္မႈအရ အစၥေရးႏွင့္ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ၾကား ယာယီအပစ္ခတ္ရပ္စဲေရးရရွိခဲ့ၿပီးေနာက္မၾကာမီ အစၥေရးတပ္မ်ားသည္ ဂါဇာကမ္းေျမာင္၏ ေျမာက္ဘက္ပိုင္းကို ျဖတ္ေတာက္ထားသည့္ Netzarim Corridor စႀကႍလမ္းမွတပ္မ်ား ျပန္လည္႐ုတ္သိမ္း ဆုတ္ခြာေနေၾကာင္း သိရသည္။
ဇန္နဝါရီ ၁၉ ရက္က အစၥေရး-ဟားမတ္စ္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္အရ လက္ရွိအခ်ိန္တြင္ အစၥေရး ဓားစာခံ (၁၆)ဦးႏွင့္ ပါလက္စတိုင္း အက်ဥ္းသား (၅၆၆)ဦးတို႔ကို လႊတ္ေပးခဲ့ၿပီး ျဖစ္သည္။ သုံးပတ္ၾကာ အပစ္အခတ္ရပ္စဲေရး ပထမအဆင့္ ၿပီးဆုံးခ်ိန္တြင္ ဓားစာခံ (၃၃)ဦးႏွင့္ အက်ဥ္းသား (၁၉၀၀)လြတ္ေျမာက္လာမည္ဟု ေမွ်ာ္လင့္ရသည္။ ဟားမတ္စ္သည္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ ၇ ရက္တြင္ အစၥေရးကို တိုက္ခိုက္ခဲ့ရာ ဓားစာခံ (၂၅၁)ဦးကို ဖမ္းဆီးခဲ့ၿပီး လူေပါင္း (၁၂၀၀)ခန႔္ေသဆုံးခဲ့ၿပီး ဂါဇာစစ္ပြဲကို ျဖစ္ေပၚေစခဲ့သည္။အစၥေရး၏ ထိုးစစ္ေၾကာင့္ အနည္းဆုံး ပါလက္စတိုင္း (၄၈,၁၈၉)ဦး ေသဆုံးခဲ့ေၾကာင္း ဂါဇာရွိ ဟားမတ္စ္အဖြဲ႕မွ က်န္းမာေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
အစၥေရး၏ တိုက္ခိုက္မႈေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသရွိ အေဆာက္အအုံမ်ား၏ သုံးပုံႏွစ္ပုံခန႔္ပ်က္စီးခဲ့ေၾကာင္း ကုလသမဂၢက ေျပာၾကားခဲ့သည္။ အစၥေရးစစ္တပ္က ပါလက္စတိုင္းပိုင္နက္ကို ေျမျပင္က်ဴးေက်ာ္မႈမစတင္မီ အစၥေရးစစ္တပ္က အစုလိုက္အၿပဳံလိုက္ ေဘးလြတ္ ရာ ေ႐ႊ႕ေျပာင္းရန္ အမိန႔္ထုတ္ျပန္ထားခ်ိန္တြင္ ဂါဇာေျမာက္ပိုင္းရွိ လူေပါင္း(၇)သိန္းခန႔္သည္ ေတာင္ပိုင္းေဒသမ်ားသို႔ ထြက္ေျပးခဲ့ၾကသည္ ။ဂါဇာ-အစၥေရးနယ္စပ္မွ ေျမထဲပင္လယ္အထိ ျဖန႔္က်က္ထားတဲ့ Netzarim စၾကၤန္မွတဆင့္ ပါလက္စတိုင္းလူမ်ိဳးမ်ား ေနရပ္ျပန္ဖို႔လည္း တားျမစ္ခံခဲ့ေသးေၾကာင္း သိရသည္။
အစၥေရးတပ္ဖြဲ႕မ်ားသည္ လြန္ခဲ့သည့္လက စႀကႍအေနာက္ဘက္မွ တစ္စိတ္တစ္ပိုင္းျပန္ဆုတ္ခြာသြားခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳးမ်ားသည္ ဂါဇာေျမာက္ပိုင္းသို႔ ျဖတ္ေက်ာ္ဝင္ေရာက္လာစဥ္ ကမ္း႐ိုးတန္း Rashid လမ္းတစ္ေလွ်ာက္ သြားလာခြင့္ျပဳခဲ့ေၾကာင္းသိရသည္။