တိုင်းပြည်စည်းလုံးမှုပြိုကွဲပါက အင်အားချည့်နဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့များ ပါဝင်ပတ်သက် ဝင်ရောက်စွက်ဖက်လာနိုင်ကြောင်း နစက ဥက္ကဋ္ဌ သတိပေး

 358

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၂

တိုင်းပြည်စည်းလုံးမှုပြိုကွဲပါက အင်အားချည့်နဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့များ ပါဝင်ပတ် သက် ဝင်ရောက်စွက်ဖက်လာနိုင်ကြောင်း နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြသတိပေးထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည် တွင်းငြိမ်းချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း ကိုယ်စီ၏ လိုလားချက်များကို လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းဖြင့် တောင်းဆိုခြင်းမှာ မှားယွင်းသောလမ်းစဉ်ဖြစ်၍ မှန်ကန်သည့်ကောင်းကျိုးရလဒ်များ ရရှိနိုင်မည် မဟုတ်သည့်အတွက် မိမိတို့တိုင်းရင်းသားများအကြား နားလည်မှုလွဲမှားခြင်းများ၊ ပဋိပက္ခများရှိပါက တွေ့ဆုံဆွေး နွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ကြိုဆိုလျက်ရှိကြောင်း၊ ဒေသခံတိုင်းရင်းသားများကလည်း လက်နက်ကိုင်အဖွဲ့အစည်းများအား မိမိတို့လိုလားချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာရေး အားပေးဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း၊ ထို့ကြောင့် “လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားများ လက်တွဲပူးပေါင်းဆောင်ရွက်ရေး”ကို အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း ဖော်ပြထားသည်။

စည်းလုံးသောနိုင်ငံ၊ ညီညွတ်သောနိုင်ငံ၊ နိုးကြားကြိုးစားသော နိုင်ငံသည် အမြဲထာဝရဖွံ့ဖြိုးတိုးတက်နေ မည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုမရှိပါက နိုင်ငံမှာ ရေနစ်ဆားကဲ့သို့ ပျက်စီးပျောက်ကွယ်သွားမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတွင်းရှိ ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ရမည်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင်ဖြစ်ကြောင်း နှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ ဘဝလုံခြုံမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

“မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးပြဿနာများနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ပြည်ပနိုင်ငံအချို့က ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေထိဖြစ်ပေါ်အောင် ဖန်တီးနေကြပါ သည်။ တိုင်းပြည်စည်းလုံးမှုပြိုကွဲပါက အင်အားချည့်နဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့များ ပါဝင်ပတ်သက် ဝင်ရောက်စွက်ဖက်လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေရန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးစေရန်နှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသားပြည်သူအပေါင်း စည်းလုံးညီညွတ်စွာဖြင့် အကြမ်းဖက်မှုများကို တားဆီးဟန့်တားကြရန် လိုအပ်ပါသည်” ဟု ထည့်သွင်း ပြောကြားထားသည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသော အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတို့ စိတ်တူကိုယ်တူတစ်သားတည်းရှိနေကြမှသာ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “ပြည်ထောင်စုတိုင်းရင်းသားအားလုံး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်ကြရန်” တိုက်တွန်းကြောင်းလည်း ပြောကြားထားသည်။

zawgyi version
တိုင္းျပည္စည္းလုံးမႈၿပိဳကြဲပါက အင္အားခ်ည့္နဲ႔ကာ ေခတ္သစ္ကိုလိုနီနယ္ခ်ဲ႕မ်ား ပါဝင္ပတ္သက္ ဝင္ေရာက္စြက္ဖက္လာႏိုင္ေၾကာင္း နစက ဥကၠ႒ သတိေပး
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၂

တိုင္းျပည္စည္းလုံးမႈၿပိဳကြဲပါက အင္အားခ်ည့္နဲ႔ကာ ေခတ္သစ္ကိုလိုနီနယ္ခ်ဲ႕မ်ား ပါဝင္ပတ္ သက္ ဝင္ေရာက္စြက္ဖက္လာႏိုင္ေၾကာင္း နစက ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က (၇၈)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားသို႔ ေပးပို႔သည့္သဝဏ္လႊာတြင္ ေဖာ္ျပသတိေပးထားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္၏ ပကတိအႏွစ္သာရျဖစ္ေသာ ျပည္ တြင္းၿငိမ္းခ်မ္းေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးလ်က္ရွိေၾကာင္း၊ ပါတီစုံဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္းရာတြင္ တစ္ဦးႏွင့္တစ္ဦး သေဘာထားကြဲလြဲမႈမ်ား ရွိႏိုင္ေသာ္လည္း ကိုယ္စီ၏ လိုလားခ်က္မ်ားကို လက္နက္ကိုင္အၾကမ္းဖက္သည့္နည္းလမ္းျဖင့္ ေတာင္းဆိုျခင္းမွာ မွားယြင္းေသာလမ္းစဥ္ျဖစ္၍ မွန္ကန္သည့္ေကာင္းက်ိဳးရလဒ္မ်ား ရရွိႏိုင္မည္ မဟုတ္သည့္အတြက္ မိမိတို႔တိုင္းရင္းသားမ်ားအၾကား နားလည္မႈလြဲမွားျခင္းမ်ား၊ ပဋိပကၡမ်ားရွိပါက ေတြ႕ဆုံေဆြး ေႏြးျခင္းျဖင့္သာ ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းလမ္းအရေျဖရွင္းႏိုင္ရန္ ၿငိမ္းခ်မ္းေရးတံခါးကို အစဥ္ဖြင့္လွစ္ႀကိဳဆိုလ်က္ရွိေၾကာင္း၊ ေဒသခံတိုင္းရင္းသားမ်ားကလည္း လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအား မိမိတို႔လိုလားခ်က္မ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေစ့စပ္ညႇိႏႈိင္းအေျဖရွာေရး အားေပးေဆာင္႐ြက္ၾကရန္ ေမတၱာရပ္ခံလိုေၾကာင္း၊ ထို႔ေၾကာင့္ “လက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ေတြ႕ဆုံေဆြးေႏြးမႈလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းႏိုင္ရန္ တိုင္းရင္းသားမ်ား လက္တြဲပူးေပါင္းေဆာင္႐ြက္ေရး”ကို အေလးထားေဆာင္႐ြက္ၾကပါရန္ တိုက္တြန္းႏႈိးေဆာ္အပ္ေၾကာင္း ေဖာ္ျပထားသည္။

စည္းလုံးေသာႏိုင္ငံ၊ ညီၫြတ္ေသာႏိုင္ငံ၊ ႏိုးၾကားႀကိဳးစားေသာ ႏိုင္ငံသည္ အၿမဲထာဝရဖြံ႕ၿဖိဳးတိုးတက္ေန မည္ျဖစ္ၿပီး စည္းလုံးညီၫြတ္မႈမရွိပါက ႏိုင္ငံမွာ ေရနစ္ဆားကဲ့သို႔ ပ်က္စီးေပ်ာက္ကြယ္သြားမည္သာ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ႏိုင္ငံတြင္းရွိ ျပည္သူမ်ား၏ စည္းလုံးညီၫြတ္မႈျဖင့္ ေဆာင္႐ြက္ရမည္ေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္ အေျခခံအက်ဆုံးႏွင့္ အဓိကအက်ဆုံး ပကတိလိုအပ္ခ်က္သည္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးပင္ျဖစ္ေၾကာင္း ႏွင့္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းမွ တရားဥပေဒစိုးမိုးေရးကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး ျပည္သူမ်ား၏ အသက္အိုးအိမ္စည္းစိမ္လုံၿခဳံမႈ၊ ဘဝလုံၿခဳံမႈႏွင့္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈတို႔ကိုလည္း ေဆာင္ၾကဥ္းေပးႏိုင္မည္ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားသည္။

“မိမိတို႔ႏိုင္ငံ၏ ျပည္တြင္းေရးျပႆနာမ်ားႏွင့္ ပဋိပကၡမ်ားကို ေျဖရွင္းရာတြင္ ျပည္ပႏိုင္ငံအခ်ိဳ႕က ျပည္တြင္းပဋိပကၡကို ေဒသတြင္းပဋိပကၡအေျခအေနထိျဖစ္ေပၚေအာင္ ဖန္တီးေနၾကပါ သည္။ တိုင္းျပည္စည္းလုံးမႈၿပိဳကြဲပါက အင္အားခ်ည့္နဲ႔ကာ ေခတ္သစ္ကိုလိုနီနယ္ခ်ဲ႕မ်ား ပါဝင္ပတ္သက္ ဝင္ေရာက္စြက္ဖက္လာႏိုင္သည္ကို သတိျပဳၾကရမည္ျဖစ္ပါသည္။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ႀကီး လြတ္လပ္၍ အခ်ဳပ္အျခာအာဏာပိုင္သည့္ႏိုင္ငံအျဖစ္ တည္တံ့ခိုင္ၿမဲေစရန္၊ သူတစ္ပါးလက္ေအာက္ခံမျဖစ္ေစရန္၊ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းၿပီး တရားဥပေဒစိုးမိုးေစရန္ႏွင့္ တိုင္းျပည္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေစရန္ တိုင္းရင္းသားျပည္သူအေပါင္း စည္းလုံးညီၫြတ္စြာျဖင့္ အၾကမ္းဖက္မႈမ်ားကို တားဆီးဟန႔္တားၾကရန္ လိုအပ္ပါသည္” ဟု ထည့္သြင္း ေျပာၾကားထားသည္။

ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ အဓိကတာဝန္ရွိေသာ အစိုးရ၊ တပ္မေတာ္ႏွင့္ ျပည္သူလူထုတို႔ စိတ္တူကိုယ္တူတစ္သားတည္းရွိေနၾကမွသာ ျမန္မာႏိုင္ငံေတာ္ႀကီး တည္တံ့ခိုင္ၿမဲေနမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ “ျပည္ေထာင္စုတိုင္းရင္းသားအားလုံး တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒ စိုးမိုးေရးအတြက္ ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္ႏွင့္ျပည္သူ အတူတကြ လက္တြဲႀကိဳးပမ္း ေဆာင္႐ြက္ၾကရန္” တိုက္တြန္းေၾကာင္းလည္း ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.