လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြင်ဆင်သည့်လုပ်ငန်းများ ယခုနှစ်အတွင်း ပြီးစီးဖွယ်ရှိပြီး မိုင်းများကိုလည်း စနစ်တကျရှင်းလင်းထား

 289

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၁၂

လွိုင်ကော်တက္ကသိုလ် ပြန်လည်ပြင်ဆင်သည့်လုပ်ငန်းများမှာ ယခုနှစ်အတွင်း ပြီးစီးအောင် လုပ်ဆောင်နေပြီး မိုင်းများကိုလည်း စနစ်တကျရှင်းလင်းထားကြောင်း ဒေသခံတစ်ဦးက NP News သို့ ပြောသည်။

လက်ရှိတွင် ဝန်ကြီးချုပ်ဦးဆောင်သော အဖွဲ့များက ကယားပြည်နယ်ပြန်လည်ထူထောင်ရေး အတွက် အထူးဆောင်ရွက်နေသည့်အပြင် လွိုင်ကော်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက်လည်း ပြုပြင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထိုသို့ ပြင် ဆင်ရာတွင် တိုက်ပွဲကြောင့် ထိခိုက်ခဲ့ရသည်များကို အစအဆုံး ပြန်လည်ပြုပြင်နေခြင်းဖြစ်ပြီး ပျက်စီးသွားသော အဆောက်အအုံများအတွက် အသစ်ပြန်လည်တည်ဆောက်သည့်လုပ်ငန်းစဉ်လည်း ပါဝင်ဖွယ်ရှိကြောင်း ၎င်းကဆိုသည်။ “အခု လွိုင်ကော်တက္ကသိုလ်က ပြန်လည်ပြုပြင်နေဆဲကာလပေါ့။ ဒီနှစ်ထဲမှာတော့ (၈)လပိုင်း၊ (၁၀)လပိုင်းလောက်တော့ ပြီးမယ်ထင်တယ်။ အပြီး လုပ်မှာပဲ။ မိုင်းကတော့ ဖော်တာတော့ တော်တော်ပြန် ဖော်ကြတယ်”ဟု အထက်ပါ သတင်း ရင်းမြစ်က ဆိုသည်။

KNDF နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ ထောင်ထားခဲ့သော မိုင်းများကို ၎င်းတို့ အခြေ ပြုခဲ့ရာ လွိုင်ကော်မြို့က နေရာအချို့တွင် ပြန်လည်ရှင်းလင်းရာ၌ ပေါက်ကွဲသံများကို ကြားရသော်လည်း တက္ကသိုလ်ဝင်းအတွင်းတွင်မူ အထက်ပါကဲ့သို့ အသံများကြားရခြင်း မရှိကြောင်းလည်း သိရသည်။ “တက္ကသိုလ်ဘက်မှာတော့ သိပ်မကြားဘူး။ သူတို့ သေချာရှင်းတယ်နဲ့တူပါတယ်။ ရပ်ကွက်တွေထဲမှာလည်း တမင်ချန်ခဲ့တာမဟုတ်ဘဲနဲ့ မထင်မှတ်တဲ့နေရာမှာ ကျန်ခဲ့တာတွေ ပေါက်ကွဲသံတွေတော့ ကြားတယ်ဗျ”ဟု ၎င်းက ရှင်းပြသည်။

လွိုင်ကော် တက္ကသိုလ်ကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း လွိုင်ကော်မြို့က အခြား တန်း မြင့်ကျောင်းအချို့မှာ ပြန်လည်ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။ “အခုတော့အေးအေး ချမ်းချမ်းပါပဲ။ သူနာပြုနဲ့ သားဖွားတော့ တက်နေတယ်။ ဟိုဘက်ပညာရေးကောလိပ်နဲ့ ကွန်ပျူတာ တက္ကသိုလ်ကတော့ ကျွန်တော်က အဲဒီဘက်မရောက်ဘူးဗျ။ ဖွင့်တာတော့ဖွင့်တယ်။ ဝန်ထမ်းတွေကတော့ ဝင်ထွက်နေတာတော့ရှိတယ်ဗျ”ဟု ၎င်းက ပြောသည်။ လွိုင်ကော်တက္က သိုလ်ကို ပြန်လည်ဖွင့်လှစ်ရန်အတွက် သင်ထောက်ကူပစ္စည်းများမှအစ ပြန်လည်ဖြည့်ဆည်းရမည့်အနေအထားဖြစ်ကြောင်းလည်း သိရသည်။ “အဓိက လွိုင်ကော်တက္ကသိုလ်က အထဲမှာအဆောက်အအုံတွေလည်း ပြိုတယ်။ နောက်ပြီးအတွင်းထဲမှာလည်း မီးလိုင်းတွေ၊ ဘာတွေ ကျတော့လည်း ကြေနန်းတွေဘာတွေခွာထုတ်သွားတယ်ဆိုတော့ အဆောက်အအုံတွေ ပြန်ပြင်ရမယ်။ မီးလိုင်းတွေ ဘာတွေလည်း အကုန်ပြန်ပြင်ရမယ်ဆိုတာလည်း ကြားတယ်ပေါ့နော်။ နောက်တစ်ချက်က တက္ကသိုလ်မှာရှိတဲ့ သင်ကောက်ကူပစ္စည်းတွေပေါ့နော်။ အဲဒီပစ္စည်းတွေက အကုန်ပြန်ဝယ်ရမှာ။ တစ်ခုမှမရှိတော့ဘူး။ အဲဒါတွေကတော့ တက္ကသိုလ်အတွက် ခက်ခဲမယ့်အရာတွေလို့ ထင်ပါတယ်”ဟု အခြားလွိုင်ကော်မြို့ခံတစ်ဦးက ဆိုသည်။

zawgyi version
လြိဳင္ေကာ္တကၠသိုလ္ ျပန္လည္ျပင္ဆင္သည့္လုပ္ငန္းမ်ား ယခုႏွစ္အတြင္း ၿပီးစီးဖြယ္ရွိၿပီး မိုင္း မ်ားကိုလည္း စနစ္တက်ရွင္းလင္းထား
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၁၂

လြိဳင္ေကာ္တကၠသိုလ္ ျပန္လည္ျပင္ဆင္သည့္လုပ္ငန္းမ်ားမွာ ယခုႏွစ္အတြင္း ၿပီးစီးေအာင္ လုပ္ေဆာင္ေနၿပီး မိုင္းမ်ားကိုလည္း စနစ္တက်ရွင္းလင္းထားေၾကာင္း ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။

လက္ရွိတြင္ ဝန္ႀကီးခ်ဳပ္ဦးေဆာင္ေသာ အဖြဲ႕မ်ားက ကယားျပည္နယ္ျပန္လည္ထူေထာင္ေရး အတြက္ အထူးေဆာင္႐ြက္ေနသည့္အျပင္ လြိဳင္ေကာ္တကၠသိုလ္ကို ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္လည္း ျပဳျပင္ျခင္းလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေနျခင္းျဖစ္သည္။ ထိုသို႔ ျပင္ ဆင္ရာတြင္ တိုက္ပြဲေၾကာင့္ ထိခိုက္ခဲ့ရသည္မ်ားကို အစအဆုံး ျပန္လည္ျပဳျပင္ေနျခင္းျဖစ္ၿပီး ပ်က္စီးသြားေသာ အေဆာက္အအုံမ်ားအတြက္ အသစ္ျပန္လည္တည္ေဆာက္သည့္လုပ္ငန္းစဥ္လည္း ပါဝင္ဖြယ္ရွိေၾကာင္း ၎ကဆိုသည္။ “အခု လြိဳင္ေကာ္တကၠသိုလ္က ျပန္လည္ျပဳျပင္ေနဆဲကာလေပါ့။ ဒီႏွစ္ထဲမွာေတာ့ (၈)လပိုင္း၊ (၁၀)လပိုင္းေလာက္ေတာ့ ၿပီးမယ္ထင္တယ္။ အၿပီး လုပ္မွာပဲ။ မိုင္းကေတာ့ ေဖာ္တာေတာ့ ေတာ္ေတာ္ျပန္ ေဖာ္ၾကတယ္”ဟု အထက္ပါ သတင္း ရင္းျမစ္က ဆိုသည္။

KNDF ႏွင့္ PDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ား ေထာင္ထားခဲ့ေသာ မိုင္းမ်ားကို ၎တို႔ အေျခ ျပဳခဲ့ရာ လြိဳင္ေကာ္ၿမိဳ႕က ေနရာအခ်ိဳ႕တြင္ ျပန္လည္ရွင္းလင္းရာ၌ ေပါက္ကြဲသံမ်ားကို ၾကားရေသာ္လည္း တကၠသိုလ္ဝင္းအတြင္းတြင္မူ အထက္ပါကဲ့သို႔ အသံမ်ားၾကားရျခင္း မရွိေၾကာင္းလည္း သိရသည္။ “တကၠသိုလ္ဘက္မွာေတာ့ သိပ္မၾကားဘူး။ သူတို႔ ေသခ်ာရွင္းတယ္နဲ႔တူပါတယ္။ ရပ္ကြက္ေတြထဲမွာလည္း တမင္ခ်န္ခဲ့တာမဟုတ္ဘဲနဲ႔ မထင္မွတ္တဲ့ေနရာမွာ က်န္ခဲ့တာေတြ ေပါက္ကြဲသံေတြေတာ့ ၾကားတယ္ဗ်”ဟု ၎က ရွင္းျပသည္။

လြိဳင္ေကာ္ တကၠသိုလ္ကို ဖြင့္လွစ္ႏိုင္ျခင္း မရွိေသးေသာ္လည္း လြိဳင္ေကာ္ၿမိဳ႕က အျခား တန္း ျမင့္ေက်ာင္းအခ်ိဳ႕မွာ ျပန္လည္ဖြင့္လွစ္ထားၿပီး ျဖစ္ေၾကာင္းလည္း သိရသည္။ “အခုေတာ့ေအးေအး ခ်မ္းခ်မ္းပါပဲ။ သူနာျပဳနဲ႔ သားဖြားေတာ့ တက္ေနတယ္။ ဟိုဘက္ပညာေရးေကာလိပ္နဲ႔ ကြန္ပ်ဴတာ တကၠသိုလ္ကေတာ့ ကြၽန္ေတာ္က အဲဒီဘက္မေရာက္ဘူးဗ်။ ဖြင့္တာေတာ့ဖြင့္တယ္။ ဝန္ထမ္းေတြကေတာ့ ဝင္ထြက္ေနတာေတာ့ရွိတယ္ဗ်”ဟု ၎က ေျပာသည္။ လြိဳင္ေကာ္တကၠ သိုလ္ကို ျပန္လည္ဖြင့္လွစ္ရန္အတြက္ သင္ေထာက္ကူပစၥည္းမ်ားမွအစ ျပန္လည္ျဖည့္ဆည္းရမည့္အေနအထားျဖစ္ေၾကာင္းလည္း သိရသည္။ “အဓိက လြိဳင္ေကာ္တကၠသိုလ္က အထဲမွာအေဆာက္အအုံေတြလည္း ၿပိဳတယ္။ ေနာက္ၿပီးအတြင္းထဲမွာလည္း မီးလိုင္းေတြ၊ ဘာေတြ က်ေတာ့လည္း ေၾကနန္းေတြဘာေတြခြာထုတ္သြားတယ္ဆိုေတာ့ အေဆာက္အအုံေတြ ျပန္ျပင္ရမယ္။ မီးလိုင္းေတြ ဘာေတြလည္း အကုန္ျပန္ျပင္ရမယ္ဆိုတာလည္း ၾကားတယ္ေပါ့ေနာ္။ ေနာက္တစ္ခ်က္က တကၠသိုလ္မွာရွိတဲ့ သင္ေကာက္ကူပစၥည္းေတြေပါ့ေနာ္။ အဲဒီပစၥည္းေတြက အကုန္ျပန္ဝယ္ရမွာ။ တစ္ခုမွမရွိေတာ့ဘူး။ အဲဒါေတြကေတာ့ တကၠသိုလ္အတြက္ ခက္ခဲမယ့္အရာေတြလို႔ ထင္ပါတယ္”ဟု အျခားလြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.