သံမဏိနှင့် အလူမီနီယံကို အခွန် (၂၅)ရာခိုင်နှုန်းကောက်ခံမည့် အမေရိကန်၏အစီအစဉ်က ကမ္ဘာ့နိုင်ငံများအပေါ် သက်ရောက်မှုများစွာဖြစ်ပေါ်

398

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၂
အမေရိကန်နိုင်ငံအတွင်းသို့တင်သွင်းမည့် သံမဏိနှင့် အလူမီနီယံကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အမိန့်အပေါ် ကမ္ဘာ့နိုင်ငံအများစုက ဝေဖန်ပြစ်တင်ခဲ့ပြီး ဂျပန်အစိုးရကလည်း အခွန်ကောက်ခံမည့်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။
ဂျပန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဟာယာရှီ ယိုရှီမာဆာက ဂျပန်နိုင်ငံကို အခွန်ကောက်ခံမည့် နိုင်ငံစာရင်းထဲမှဖယ်ရှားပေးလိုကြောင်း ဂျပန်အစိုးရအနေဖြင့် အမေရိကန်နိုင်ငံသို့ တင်သွင်းနေသော သံမဏိ နှင့် အလူမီနီယံများနှင့်ပတ်သက်ပြီး လိုအပ်သောအစီအမံများကို လုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံသို့တင်သွင်းသော အလူမီနီယံ နှင့် သံမဏိများကို အခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး မတ်လ ၁၂ရက်တွင်စတင်မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။ ဥရောပသမဂ္ဂအဖွဲ့ကလည်း အမေရိကန်သမ္မတ၏အခွန်ကောက်ခံမည့်အစီအစဉ်ကို စိတ်ဆိုးဒေါသဖြစ်ပြီး တန်ပြန်တုံ့ပြန်မှုများလုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးထားသည်။ ဥရောပသမဂ္ဂအဖွဲ့က အခွန် ၂၅ ရာခိုင်နှုန်းကေက်ခံမည့်အစီအစဉ်သည် ကုန်သွယ်ရေးမိတ်ဖက်များကို တိုက်ရိုက်ထိခိုက်စေရုံသာမက အခြားသူများ နှင့် ကမ္ဘာ့နိုင်ငံများကိုလည်း ကြီးမားသော ထိုးနှက်ချက်ဖြစ်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့အမေရိကန်နိုင်ငံ၏ ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမည့်အစီအစဉ်များကို လက်တုံ့ပြန်ရန်စီစဉ်ထားကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက် တစ်လမကြာခင်တွင် ယခင်အစိုးရသတ်မှတ်ခဲ့သော စည်းကမ်းများ၊ အမိန့်များကို ပယ်ဖျက်ခဲ့ရာ အမေရိကန်နိုင်ငံအပါအဝင်
ကမ္ဘာနိုင်ငံတွေကို သက်ရောက်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။
zawgyi version