ရုရှားသမ္မတပူတင်က ယူကရိန်းမှာ ငြိမ်းချမ်းရေးရယူဖို့ စိတ်ဝင်စားတာမျိုးမရှိဘူးလို့ ယူကရိန်းသမ္မတ ပြော

 698

Pika (NP News) - ဖေဖော်ဝါရီ ၁၂

ရုရှားဘက်က အသေခံဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့အပေါ် ဖေဖော်ဝါရီလ(၁၂)ရက် အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုက ရုရှားဟာ ယူကရိန်းမှာငြိမ်းချမ်းရေးရယူဖို့အတွက် စိတ်ဝင်စားမှုမရှိတာကို ပြသနေတာမျိုးဖြစ်တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကိယက်ဗ်မြို့မှာ ပေါက်ကွဲသံတွေထွက်ပေါ်လာတာကို ကြားခဲ့ရပြီး ပလပ်စတစ်အနက်ရောင်နဲ့ဖုံးအုပ်ထားတဲ့ လူတစ်ဦးရုပ်အလောင်းအပြင် အပျက်အစီးတွေ လမ်းမပေါ်မှာ ပြန့်ကျဲနေတာကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာလည်း တွေ့မြင်ခဲ့ရပါတယ်။ ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၁)ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် အခြားလူ(၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီတိုက်ခိုက်မှုအတွင်း ရုံးအဆောက်အအုံတွေ၊လူနေအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဇီလန်စကီးက "ရုရှားသမ္မတပူတင်ဟာ ငြိမ်းချမ်းရေးအတွက် ပြင်ဆင်ထားတာမျိုးမရှိပါဘူး။ ပူတင်ဟာ ယူကရိန်းနိုင်ငံသားတွေ ဆက်လက်သတ်ဖြတ်ပြီး မြို့တွေကို ဆက်လက်ဖျက်ဆီးနေတုန်းပါပဲ။ အားကောင်းတဲ့ ခြေလှမ်းတွေနဲ့ ဖိအားတွေပဲ ရုရှားကို ဒီလိုအကြမ်းဖက်မှုတွေ မလုပ်ဆောင်ဖို့ တားဆီးနိုင်မှာပါ။ အခုအချိန်မှာ ဒီစစ်ပွဲကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲမှာ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်အားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်နေပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
႐ုရွားသမၼတပူတင္က ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးရယူဖို႔ စိတ္ဝင္စားတာမ်ိဳးမရွိဘူးလို႔ ယူကရိန္းသမၼတ ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၂

႐ုရွားဘက္က အေသခံဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ ယူကရိန္းႏိုင္ငံ ကိယက္ဗ္ၿမိဳ႕အေပၚ ေဖေဖာ္ဝါရီလ(၁၂)ရက္ အေစာပိုင္းမွာ ပစ္ခတ္တိုက္ခိုက္မႈက ႐ုရွားဟာ ယူကရိန္းမွာၿငိမ္းခ်မ္းေရးရယူဖို႔အတြက္ စိတ္ဝင္စားမႈမရွိတာကို ျပသေနတာမ်ိဳးျဖစ္တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ကိယက္ဗ္ၿမိဳ႕မွာ ေပါက္ကြဲသံေတြထြက္ေပၚလာတာကို ၾကားခဲ့ရၿပီး ပလပ္စတစ္အနက္ေရာင္နဲ႔ဖုံးအုပ္ထားတဲ့ လူတစ္ဦး႐ုပ္အေလာင္းအျပင္ အပ်က္အစီးေတြ လမ္းမေပၚမွာ ျပန႔္က်ဲေနတာကို ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ ဓာတ္ပုံေတြမွာလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ႐ုရွားက ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၁)ဦးေသဆုံးခဲ့ၿပီး ကေလးငယ္တစ္ဦးအပါအဝင္ အျခားလူ(၄)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီတိုက္ခိုက္မႈအတြင္း ႐ုံးအေဆာက္အအုံေတြ၊လူေနအေဆာက္အအုံေတြလည္း ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။

ဇီလန္စကီးက "႐ုရွားသမၼတပူတင္ဟာ ၿငိမ္းခ်မ္းေရးအတြက္ ျပင္ဆင္ထားတာမ်ိဳးမရွိပါဘူး။ ပူတင္ဟာ ယူကရိန္းႏိုင္ငံသားေတြ ဆက္လက္သတ္ျဖတ္ၿပီး ၿမိဳ႕ေတြကို ဆက္လက္ဖ်က္ဆီးေနတုန္းပါပဲ။ အားေကာင္းတဲ့ ေျခလွမ္းေတြနဲ႔ ဖိအားေတြပဲ ႐ုရွားကို ဒီလိုအၾကမ္းဖက္မႈေတြ မလုပ္ေဆာင္ဖို႔ တားဆီးႏိုင္မွာပါ။ အခုအခ်ိန္မွာ ဒီစစ္ပြဲကို အဆုံးအျဖတ္ေပးမယ့္ တိုက္ပြဲမွာ ကြၽန္ေတာ္တို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္အားလုံးရဲ႕ စည္းလုံးညီၫြတ္မႈနဲ႔ ပံ့ပိုးကူညီမႈေတြ လိုအပ္ေနပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.