ဂါဇာပြည်သူတွေကို အတင်းအကျပ်ရွှေ့ပြောင်းခိုင်းတာကို ဆန့်ကျင်တယ်လို့ တရုတ်အစိုးရပြော

 1050

Pika
ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေကို အတင်းအကျပ်ရွှေ့ပြောင်းခိုင်းတာကို ဆန့်ကျင်တယ်လို့ တရုတ်အစိုးရက ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ဒေသခံတွေကို အခြားနေရာကိုရွှေ့ပြောင်းဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးခွန်းတွေကို တရုတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ယခုလိုတုံ့ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
အဲ့ဒီထုတ်ပြန်ပြောဆိုမှုတွေနဲ့အတူ တရုတ်အစိုးရဟာ ဂါဇာကမ်းမြောင်ဒေသပဋိပက္ခနဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Guo Jiakunက”ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေပိုင်ဆိုင်တာပါ။ပြီးတော့ ဂါဇာကမ်းမြောင်ဒေသဟာ ပါလက်စတိုင်းပိုင်နက်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ဂါဇာက ပြည်သူတွေကို အတင်းအကျပ်ရွှေ့ပြောင်းခိုင်းတာကို တရုတ်အစိုးရက လုံးဝဆန့်ကျင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေ ရှိနေချိန်မှာပဲ တရုတ်အစိုးရရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အကျဉ်းသားအပြန်အလှန်လဲလှယ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စွပ်စွဲမှုတွေ လုပ်ဆောင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာျပည္သူေတြကို အတင္းအက်ပ္ေ႐ႊ႕ေျပာင္းခိုင္းတာကို ဆန႔္က်င္တယ္လို႔ တ႐ုတ္အစိုးရေျပာ
Pika
ဂါဇာကမ္းေျမာင္ေဒသက ပါလက္စတိုင္းျပည္သူေတြကို အတင္းအက်ပ္ေ႐ႊ႕ေျပာင္းခိုင္းတာကို ဆန႔္က်င္တယ္လို႔ တ႐ုတ္အစိုးရက ေဖေဖာ္ဝါရီလ(၁၂)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသက ေဒသခံေတြကို အျခားေနရာကိုေ႐ႊ႕ေျပာင္းဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အစီအစဥ္နဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကို တ႐ုတ္အစိုးရ တာဝန္ရွိသူတစ္ဦးက ယခုလိုတုံ႔ျပန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
အဲ့ဒီထုတ္ျပန္ေျပာဆိုမႈေတြနဲ႔အတူ တ႐ုတ္အစိုးရဟာ ဂါဇာကမ္းေျမာင္ေဒသပဋိပကၡနဲ႔ပတ္သက္ၿပီး ၎တို႔ရဲ႕ရပ္တည္ခ်က္ကို ထပ္ေလာင္းေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရးဆိုခြင့္ရွိသူ Guo Jiakunက”ဂါဇာကမ္းေျမာင္ေဒသက ပါလက္စတိုင္းျပည္သူေတြပိုင္ဆိုင္တာပါ။ၿပီးေတာ့ ဂါဇာကမ္းေျမာင္ေဒသဟာ ပါလက္စတိုင္းပိုင္နက္ရဲ႕ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုပဲျဖစ္ပါတယ္။ဂါဇာက ျပည္သူေတြကို အတင္းအက်ပ္ေ႐ႊ႕ေျပာင္းခိုင္းတာကို တ႐ုတ္အစိုးရက လုံးဝဆန႔္က်င္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။
အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္လို႔ အျပန္အလွန္စြပ္စြဲေျပာဆိုမႈေတြ ရွိေနခ်ိန္မွာပဲ တ႐ုတ္အစိုးရရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈေတြ လုပ္ေဆာင္ခဲ့ေပမယ့္လည္း အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္လို႔ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္စြပ္စြဲမႈေတြ လုပ္ေဆာင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.