ရုရှားသမ္မတ ပူတင်နှင့် ဆော်ဒီအာရေဗျနိုင်ငံတွင် တွေ့ဆုံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော
140
ဂျန်ဇက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ရုရှားသမ္မတ ပူတင်နှင့် ဆော်ဒီအာရေဗျ နိုင်ငံတွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ဒေါ်နယ်ထရမ့် သည် အမေရိကန်သမ္မတ အဖြစ်ဒုတိယအကြိမ် ပြန်လည်တာဝန်ယူပြီးနောက် ရုရှားသမ္မတ နှင့် ကြားနိုင်ငံဖြစ်သည့်ဆော်ဒီအာရေဗျ နိုင်ငံတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်လာခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့် သည် အမေရိကန်သမ္မတ အဖြစ်ဒုတိယအကြိမ် ပြန်လည်တာဝန်ယူပြီးနောက် ရက်ပိုင်းအကြာတွင်ရုရှားသမ္မတ ပူတင်နှင့် ဖုန်းဆက်ဆွေးနွေးခဲ့သည် ဆိုသည့်သတင်းများထွက်ပေါ်ခဲ့ပြီး နောက် ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ် သော်လည်း ရုရှားဘက်က တစ်စုံတရာမှတ်ချက်ပြုခြင်းမရှိသေးကြောင်းသိရသည်။ဒေါ်နယ်ထရမ့်" ည် အမေရိကန်သမ္မတအဖြစ်ဒုတိယအကြိမ်ပြန်လည်တာဝန်ယူပြီးနောက်ရုရှားသမ္မတနဲ့ပထမအကြိမ် တွေ့ဆုံမှုကိုဆော်ဒီအာရေဗျ နိုင်ငံမှာလုပ်ဖွယ်ရှိပါတယ်။ လာမယ့်လပိုင်းတွင်း ရုရှားသမ္မတ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေအများကြီးလုပ်ဖို့လည်း စီစဉ်ထားတယ်။ " ဟု ပြောသည်။ထရမ့်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမည့် အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ သော်လည်း ရက်အတိအကျကို ပြောဆိုခြင်းမရှိကြောင်းသိရသည်။ထရမ့်သည် ရုရှားသမ္မတ ပူတင်နှင့် ဖုန်းဆက်ဆွေးနွေးချိန်အတွင်း ယူကရိန်းစစ်ပွဲအပါဝင်အခြား ကမ္ဘာရေးရာကိုလည်း ဆွေးနွေးခဲ့သည်ဟုသိရသည်။
ဒေါ်နယ်ထရမ့် သည် အမေရိကန်သမ္မတအဖြစ် ပြန်လည်တာဝန်ယူခွင့်ရမည်ဆိုလျှင် ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားသည့် စစ်ပွဲကိုချက်ချင်းအဆုံးသတ်ရန် ကြိုးပမ်းမည်ဟုကတိပြုခဲ့သည့်အတိုင်း စစ်ပွဲအဆုံးသတ်ရန် ၊အပစ်ခတ်ရပ်စဲရန် ကြိုးပမ်းနေကြောင်းသိရသည်။
Zawgyi Version:
ဂျန်ဇက်