နိုင်ငံအလိုက် တိုင်းပြည်ပျက်စီးစေသည့် အမူအကျင့်ဆိုင်ရာ အညွှန်းကိန်း အစီရင်ခံစာ ထွက်ပေါ်

2188

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၄
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့ရဲ့ အခွင့်အာဏာ အလွဲသုံးမှုနဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ အညွှန်းကိန်းကို “နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့” (TI) က လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ အစီရင်ခံစာအဖြစ် ထုတ်ပြန်လိုက်ပါတယ်။
TI အဖွဲ့ဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ အဲဒါကြောင့် ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုခင်း ကြိုတင်ကာကွယ်အတွက် ရည်ရွယ်ဖွဲ့စည်းထားပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းအချို့နဲ့ G20 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီး ၂၀ အဖွဲ့အပြင် နိုင်ငံအစိုးရအချို့ရဲ့ စီးပွားရေး နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဲဒီအဖွဲ့ဟာ အကျိုးအမြတ် မယူ၊ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်း INGO တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ပုဂ္ဂလိက ကုမ္ပဏီကြီးများနဲ့ အလှူရှင်များရဲ့ အထောက်အပံ့နဲ့ လည်ပတ်လုပ်ကိုင်နေပြီး အဖွဲ့ကြီးရဲ့ ဘဏ္ဍာငွေရရှိမှု သုံးစွဲမှုတို့ကိုလည်း အချိန်မှန်မှန် လူသိရှင်ကြား သတင်းထုတ်ပြန်လေ့ရှိပါတယ်။
TI အဖွဲ့က ကမ္ဘာ့နိုင်ငံအသီးသီးတို့ရဲ့ “နိုင်ငံတကာအကျင့်ပျက်ခြစားမှုအမြင် အညွှန်းကိန်း (CPI)” နှစ်စဉ် ထုတ်ပြန်ပါတယ်။ နိုင်ငံပေါင်း (၁၀၀)ကျော်ရှိ အမျိုးသားအဆင့် ကိုယ်စားလှယ်များထံမှ ပေးပို့ချက်အရ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အများပြည်သူတို့ကို အသိပညာပေးရန်၊ တိုင်ကြားမှုများကို လက်ခံရန်၊ နိုင်ငံအသီး သီးတို့ရဲ့ ဥပဒေနဲ့ မူဝါဒဆိုင်ရာတို့ကို ပြုပြင်ပြောင်းလဲနိုင်ရန် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတဲ့ ဂုဏ်သိက္ခာရှိ အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဆိုလျှင် မမှားပါဘူး။
နိုင်ငံတကာတိုင်းပြည်များမှာ အကျင့်ပျက်ခြစားမှုကို အာဏာရှိသူများ၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ ရဲတပ်ဖွဲ့-တရားစီရင်ရေးဆိုင်ရာဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အစိုးရဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများက များသောအားဖြင့် ကျူးလွန်လေ့ရှိပါတယ်။ တိုင်းပြည်မျက်နှာကို မထောက်ထား၊ မိမိတို့အပေါ် အများပြည်သူ အပ်နှင်းထားတဲ့ ဩဇာအရှိန်အဝါနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး ငွေကြေး/ အခွင့်အရေးနဲ့ ကိုယ်ကျိုးစီးပွား များကို မတရားသဖြင့် ရယူနေသူ ကြွက်ချေးများ ဆွမ်းဆန်မှာ ရောနှောနေကြပါတယ်။
တိုင်းပြည်တစ်ပြည်ရဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြောင်းပြန်အချိုးကျပါတယ်။ အကျင့်ပျက်ခြစားမှု နည်းပါးတဲ့ တိုင်းပြည်များမှာ ရင်းနှီးမြှုပ်နှံမှုများအတွက် ယုံကြည်စိတ်ချရတဲ့ ပတ်ဝန်းကျင် ကို ဖန်တီးပေးရာရောက်ရှိပြီး စီးပွားရေး တည်ငြိမ်ပါတယ်။ ပြည်သူအချင်းချင်းတို့အကြား တရားမျှတမှုနဲ့ ယုံ ကြည်မှုကို မြှင့်တင်ပေးတဲ့အတွက် လူမှုရေး တည်ငြိမ်ပါတယ်။ သက်ဆိုင်ရာ အစိုးရအနေနဲ့ အိတ်ပေါက်နဲ့ ဖား ကောက် မဖြစ်ရပဲ အရင်းအမြစ်များကို ပိုမိုထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများကို မက်လုံးပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် အကျင့်ပျက်ခြစားမှု များလေလေ အဲဒီတိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးလေ ဖြစ်ပါ တယ်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ တို့ရဲ့ အကျင့်ပျက်ခြစားမှုဆိုင်ရာ အညွှန်းကိန်း CPI ကို ထုတ်ပြန်ရာမှာ အမှတ် သုံညမှ ၁၀၀ အထိ ညွှန်းကိန်းသတ်မှတ်ထားပေမယ့် ဘယ်နိုင်ငံမှာ ရာနှုန်းပြည့်အမှတ် မရရှိ ကြပါဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံစာမေးပွဲ အမှတ်ပေးသလို ၇၅ နဲ့ အထက်ကို ဂုဏ်ထူးမှတ် သတ်မှတ်ရလျှင် ဒိန်းမတ် (၉၀)၊ ဖင်လန် (၈၈)၊ စင်္ကာပူ (၈၄)၊ နယူးဇီလန် (၈၃)၊ လူဇင်းဘတ် (၈၁)၊ ဆွီဒင် (၈၀)၊ နယ်သာလန် (၇၈)၊ သြစတြေးလျ-အိုက်စ်လန်- အိုင်ယာလန်တို့က (၇၇) မှတ်စီ၊ အက်စ်တိုးနီးယား-ဥရုဂွေး (၇၆)၊ ကနေဒါ-ဂျာမနီတို့က (၇၅) မှတ်နဲ့ ဂုဏ်ထူးထွက်ကြပါတယ်။
မှတ်သားဖွယ်ကောင်းတာကတော့ ဂျပန်-ဗြိတိန် (၇၁ မှတ်စီ)၊ ဘယ်လ်ဂျီယန် (၆၉)၊ ယူအေအီး (၆၈) တို့ဖြစ်ပြီး အမေရိကန် (၆၅)၊ အစ္စရေး- တောင်ကိုရီးယား (၆၄ မှတ်စီ) ဖြစ်နေခြင်းပါ။ တရုတ် (၄၃) မှတ်နဲ့ ပွတ်ကာ သီ ကာ အောင်ပါတယ်။ အာဆီယံတိုင်းပြည်များမှာ မလေးရှား (၅၀) မှတ်ရရှိသော်လည်း ဗီယက်နမ်က (၄၀) နဲ့ အောင်တယ်ဆိုယုံ အမှတ်ရရှိကြပါတယ်။
ကျန် အင်ဒိုနီးရှား (၃၇) ၊ ထိုင်း (၃၄)၊ လာအို-ဖိလစ်ပိုင် (၃၃ မှတ်စီ)၊ ကမ္ဘောဒီးယား (၂၁)၊ မြန်မာ (၁၆) မှတ်ရှိ ကြပါတယ်။ ဒေသတွင်း အိမ်နီးချင်း အိန္ဒိယ (၃၈)၊ နီပေါ (၃၄)၊ သီရိလင်္ကာ (၃၂)၊ ပါကစ္စတန် (၂၇)၊ ဘင်္ဂလား ဒေ့ရှ် (၂၃) မှတ်နဲ့ စာမေးပွဲ ကျကြပါတယ်။ တောင်ဆူဒန် (၈)၊ ဆိုမာလီ (၉)၊ ဗင်နီဇွဲလား (၁၀) ဆီးရီးယား (၁၂) ယီမင်-လစ်ဗျား (၁၃) မှတ်ပဲရတဲ့ နိုင်ငံတွေ ကျန်ရှိနေပါသေးလို့ပါ။
zawgyi version
ႏိုင္ငံအလိုက္ တိုင္းျပည္ပ်က္စီးေစသည့္ အမူအက်င့္ဆိုင္ရာ အၫႊန္းကိန္း အစီရင္ခံစာ ထြက္ ေပၚ
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၄
၂၀၂၄ ခုႏွစ္အတြင္း ကမာၻ႔ႏိုင္ငံအသီးသီးတို႔ရဲ႕ အခြင့္အာဏာ အလြဲသုံးမႈနဲ႔ အက်င့္ပ်က္ျခစားမႈဆိုင္ရာ အၫႊန္းကိန္းကို “ႏိုင္ငံတကာ ပြင့္လင္းျမင္သာမႈအဖြဲ႕” (TI) က လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၆ ရက္မွာ အစီရင္ခံစာအျဖစ္ ထုတ္ျပန္လိုက္ပါတယ္။
TI အဖြဲ႕ဟာ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရးနဲ႔ အဲဒါေၾကာင့္ ျဖစ္ေပၚလာတဲ့ ရာဇဝတ္မႈခင္း ႀကိဳတင္ကာကြယ္အတြက္ ရည္႐ြယ္ဖြဲ႕စည္းထားပါတယ္။ ကုလသမဂၢအဖြဲ႕အစည္းအခ်ိဳ႕နဲ႔ G20 လို႔ေခၚတဲ့ ကမာၻ႔စက္မႈထိပ္သီးႏိုင္ငံႀကီး ၂၀ အဖြဲ႕အျပင္ ႏိုင္ငံအစိုးရအခ်ိဳ႕ရဲ႕ စီးပြားေရး ႏိုင္ငံေရးဆိုင္ရာ အႀကံေပးအဖြဲ႕ျဖစ္ပါတယ္။ ၁၉၉၃ ခုႏွစ္ ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ တရားဝင္မွတ္ပုံတင္ထားတဲ့ အဲဒီအဖြဲ႕ဟာ အက်ိဳးအျမတ္ မယူ၊ အျပည္ျပည္ဆိုင္ရာအစိုးရမဟုတ္ေသာ အဖြဲ႕အစည္း INGO တစ္ခုျဖစ္ပါတယ္။ ကမာၻ႔ဘဏ္၊ ကမာၻ႔ကုလသမဂၢ၊ ဥေရာပသမဂၢ၊ ပုဂၢလိက ကုမၸဏီႀကီးမ်ားနဲ႔ အလႉရွင္မ်ားရဲ႕ အေထာက္အပံ့နဲ႔ လည္ပတ္လုပ္ကိုင္ေနၿပီး အဖြဲ႕ႀကီးရဲ႕ ဘ႑ာေငြရရွိမႈ သုံးစြဲမႈတို႔ကိုလည္း အခ်ိန္မွန္မွန္ လူသိရွင္ၾကား သတင္းထုတ္ျပန္ေလ့ရွိပါတယ္။
TI အဖြဲ႕က ကမာၻ႔ႏိုင္ငံအသီးသီးတို႔ရဲ႕ “ႏိုင္ငံတကာအက်င့္ပ်က္ျခစားမႈအျမင္ အၫႊန္းကိန္း (CPI)” ႏွစ္စဥ္ ထုတ္ျပန္ပါတယ္။ ႏိုင္ငံေပါင္း (၁၀၀)ေက်ာ္ရွိ အမ်ိဳးသားအဆင့္ ကိုယ္စားလွယ္မ်ားထံမွ ေပးပို႔ခ်က္အရ အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရး အမ်ားျပည္သူတို႔ကို အသိပညာေပးရန္၊ တိုင္ၾကားမႈမ်ားကို လက္ခံရန္၊ ႏိုင္ငံအသီး သီးတို႔ရဲ႕ ဥပေဒနဲ႔ မူဝါဒဆိုင္ရာတို႔ကို ျပဳျပင္ေျပာင္းလဲႏိုင္ရန္ အေရးပါတဲ့ အခန္းက႑မွ ပါဝင္ေနတဲ့ ဂုဏ္သိကၡာရွိ အဖြဲ႕အစည္းတစ္ခုျဖစ္တယ္ဆိုလွ်င္ မမွားပါဘူး။
ႏိုင္ငံတကာတိုင္းျပည္မ်ားမွာ အက်င့္ပ်က္ျခစားမႈကို အာဏာရွိသူမ်ား၊ ျပည္သူ႔ဝန္ထမ္းမ်ား၊ ႏိုင္ငံေရးသမားမ်ား၊ ရဲတပ္ဖြဲ႕-တရားစီရင္ေရးဆိုင္ရာဌာနမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားနဲ႔ အစိုးရ႒ာနဆိုင္ရာ တာဝန္ရွိသူမ်ားက မ်ားေသာအားျဖင့္ က်ဴးလြန္ေလ့ရွိပါတယ္။ တိုင္းျပည္မ်က္ႏွာကို မေထာက္ထား၊ မိမိတို႔အေပၚ အမ်ားျပည္သူ အပ္ႏွင္းထားတဲ့ ဩဇာအရွိန္အဝါနဲ႔ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားျပဳၿပီး ေငြေၾကး/ အခြင့္အေရးနဲ႔ ကိုယ္က်ိဳးစီးပြား မ်ားကို မတရားသျဖင့္ ရယူေနသူ ႂကြက္ေခ်းမ်ား ဆြမ္းဆန္မွာ ေရာေႏွာေနၾကပါတယ္။
တိုင္းျပည္တစ္ျပည္ရဲ႕ အက်င့္ပ်က္ျခစားမႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈဟာ ေျပာင္းျပန္အခ်ိဳးက်ပါတယ္။ အက်င့္ပ်က္ျခစားမႈ နည္းပါးတဲ့ တိုင္းျပည္မ်ားမွာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ ယုံၾကည္စိတ္ခ်ရတဲ့ ပတ္ဝန္းက်င္ ကို ဖန္တီးေပးရာေရာက္ရွိၿပီး စီးပြားေရး တည္ၿငိမ္ပါတယ္။ ျပည္သူအခ်င္းခ်င္းတို႔အၾကား တရားမွ်တမႈနဲ႔ ယုံ ၾကည္မႈကို ျမႇင့္တင္ေပးတဲ့အတြက္ လူမႈေရး တည္ၿငိမ္ပါတယ္။ သက္ဆိုင္ရာ အစိုးရအေနနဲ႔ အိတ္ေပါက္နဲ႔ ဖား ေကာက္ မျဖစ္ရပဲ အရင္းအျမစ္မ်ားကို ပိုမိုထိေရာက္စြာ ခြဲေဝသုံးစြဲႏိုင္ပါတယ္။ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားနဲ႔ ပိုမိုပူးေပါင္းေဆာင္႐ြက္ႏိုင္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို မက္လုံးေပးႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ အက်င့္ပ်က္ျခစားမႈ မ်ားေလေလ အဲဒီတိုင္းျပည္ဟာ ဖြံ႕ၿဖိဳးတိုးတက္မႈ နည္းပါးေလ ျဖစ္ပါ တယ္။
၂၀၂၄ ခုႏွစ္အတြင္း ကမာၻ႔ႏိုင္ငံေပါင္း ၁၈၀ တို႔ရဲ႕ အက်င့္ပ်က္ျခစားမႈဆိုင္ရာ အၫႊန္းကိန္း CPI ကို ထုတ္ျပန္ရာမွာ အမွတ္ သုံညမွ ၁၀၀ အထိ ၫႊန္းကိန္းသတ္မွတ္ထားေပမယ့္ ဘယ္ႏိုင္ငံမွာ ရာႏႈန္းျပည့္အမွတ္ မရရွိ ၾကပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ႏိုင္ငံစာေမးပြဲ အမွတ္ေပးသလို ၇၅ နဲ႔ အထက္ကို ဂုဏ္ထူးမွတ္ သတ္မွတ္ရလွ်င္ ဒိန္းမတ္ (၉၀)၊ ဖင္လန္ (၈၈)၊ စကၤာပူ (၈၄)၊ နယူးဇီလန္ (၈၃)၊ လူဇင္းဘတ္ (၈၁)၊ ဆြီဒင္ (၈၀)၊ နယ္သာလန္ (၇၈)၊ ၾသစေၾတးလ်-အိုက္စ္လန္- အိုင္ယာလန္တို႔က (၇၇) မွတ္စီ၊ အက္စ္တိုးနီးယား-ဥ႐ုေဂြး (၇၆)၊ ကေနဒါ-ဂ်ာမနီတို႔က (၇၅) မွတ္နဲ႔ ဂုဏ္ထူးထြက္ၾကပါတယ္။
မွတ္သားဖြယ္ေကာင္းတာကေတာ့ ဂ်ပန္-ၿဗိတိန္ (၇၁ မွတ္စီ)၊ ဘယ္လ္ဂ်ီယန္ (၆၉)၊ ယူေအအီး (၆၈) တို႔ျဖစ္ၿပီး အေမရိကန္ (၆၅)၊ အစၥေရး- ေတာင္ကိုရီးယား (၆၄ မွတ္စီ) ျဖစ္ေနျခင္းပါ။ တ႐ုတ္ (၄၃) မွတ္နဲ႔ ပြတ္ကာ သီ ကာ ေအာင္ပါတယ္။ အာဆီယံတိုင္းျပည္မ်ားမွာ မေလးရွား (၅၀) မွတ္ရရွိေသာ္လည္း ဗီယက္နမ္က (၄၀) နဲ႔ ေအာင္တယ္ဆိုယုံ အမွတ္ရရွိၾကပါတယ္။
က်န္ အင္ဒိုနီးရွား (၃၇) ၊ ထိုင္း (၃၄)၊ လာအို-ဖိလစ္ပိုင္ (၃၃ မွတ္စီ)၊ ကေမာၻဒီးယား (၂၁)၊ ျမန္မာ (၁၆) မွတ္ရွိ ၾကပါတယ္။ ေဒသတြင္း အိမ္နီးခ်င္း အိႏၵိယ (၃၈)၊ နီေပါ (၃၄)၊ သီရိလကၤာ (၃၂)၊ ပါကစၥတန္ (၂၇)၊ ဘဂၤလား ေဒ့ရွ္ (၂၃) မွတ္နဲ႔ စာေမးပြဲ က်ၾကပါတယ္။ ေတာင္ဆူဒန္ (၈)၊ ဆိုမာလီ (၉)၊ ဗင္နီဇြဲလား (၁၀) ဆီးရီးယား (၁၂) ယီမင္-လစ္ဗ်ား (၁၃) မွတ္ပဲရတဲ့ ႏိုင္ငံေတြ က်န္ရွိေနပါေသးလို႔ပါ။