မြန်မာ့အရေးကိုဖြေရှင်းနိုင်အောင်ကြိုးပမ်းရမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အထူးကိုယ်စားလှယ်အကြောင်း တစေ့တစောင်း

 884

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံမှာ (၂၀၂၁) ခုနှစ်က နိုင်ငံရေး ပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ ဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်တည်းကိုဖြေရှင်းဖို့ ကြားဝင်ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဟာ (၂၀၂၁)ခုနှစ် ဧပြီလအတွင်းမှာ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့တွေ့ဆုံဆွေးနွေးနေ ပြီး မြန်မာ့နိုင်ငံရေးပြဿနာတွေကိုအဆုံးသတ်စေဖို့ရည်ရွယ်ချက်နဲ့ အာဆီယံသဘောတူညီချက်ငါးချက် ရယူနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီအာဆီယံသဘော တူညီချက်ငါးချက်ထဲမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး၊ အာဆီယံအထူးကိုယ် စားလှယ် ခန့်အပ်ရေး၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ် လာအောင် ဝိုင်းဝန်းကူညီပေးရေးစတဲ့အချက်တွေ ပါဝင်နေပါတယ်။

အာဆီယံအဖွဲ့ဟာ နစကအကြီးအကဲနဲ့ သဘောတူညီချက်တွေအတိုင်း မြန်မာနိုင်ငံဆိုင် ရာ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်တစ်ဦးခန့်အပ်ပြီး မြန်မာ့နိုင်ငံရေးကို ကြားဝင်စေ့စပ်ဆွေးနွေးဖို့ ကြိုးပမ်းခဲ့ ပေမယ့် လက်ရှိအချိန်အထိ မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ဘူး၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေ ဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတို့ဟာ မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ကြိုးပမ်းခဲ့ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌအထူး ကိုယ်စားလှယ် တွေလည်းခန့်အပ်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး နစက အကြီးအကဲနဲ့တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ (၂၀၂၅)ခုနှစ်မှာတော့ မလေးရှားနိုင်ငံကအာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူလိုက်ပြီဖြစ်ရာ မြန်မာ့နိုင်ငံရေး ပြဿနာကို ဦးစားပေးဖြေရှင်းမယ်လို့ ကတိပြု ထားပါတယ်။ မလေးရှားဝန်ကြီးချုပ် အီဘရာဟင်ဟာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ရည် ရွယ်ချက်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကိုလည်း ၎င်းရဲ့အကြံပေးအဖြစ် ခန့်အပ်ခဲ့သလို ဝါရင့် သံတမန်တစ်ဦးဖြစ်တဲ့ အော့မန်ဟာရှင်ကို မြန်မာနိုင်ငံဆိုင်ရာအာဆီ ယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ် အဖြစ်ခန့်အပ်ခဲ့ပါ တယ်။ မလေးရှားဝန်ကြီးချုပ် ဟာတန်ဆရီ အောမန်ဘင်ဟာရှင်ဟာ မလေးရှားနိုင်ငံ အုပ်ချုပ်ရေးနဲ့ သံတမန်ရေးဆိုင်ရာလုပ်ငန်းတွေကို (၁၉၇၉)ခုနှစ်တည်း က စတင်တာဝန်ယူခဲ့ပြီး မလေး ရှားနိုင်ငံခြားရေးဝန် ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ရာထူးနဲ့ အနားယူခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ မလေး ရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှာ (၃၇)နှစ်ကြာတာဝန်ယူချိန်အတွင်း မလေးရှားနိုင်ငံနဲ့ တခြားနိုင်ငံတွေ ကြား အပြန်အလှန် သံတမန် ဆက်ဆံရေးကောင်းမွန်စေဖို့နဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေကို အကောင်းဆုံး ပုံစံမျိုးနဲ့ လုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဟာရှင်ကို (၁၉၅၄)ခုနှစ် စက်တင်ဘာ (၂၇) ရက်မှာမွေးဖွားခဲ့ပြီး မလေးရှားတက္ကသိုလ်ကနေ စီး ပွားရေးပညာနဲ့ ဘွဲ့ရရှိခဲ့သူဖြစ်ပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနကို အငယ်တန်းသံတမန်အဖြစ်နဲ့ ဝင် ရောက်လုပ်ကိုင်ရာမှာ သံတမန်ရေးစွမ်းရည် ကောင်းမွန်ခဲ့တဲ့အတွက် တရုတ်အပါအဝင် နိုင်ငံတချို့ရဲ့ သံတမန်အဖြစ် တာဝန်ယူခွင့်ရခဲ့သူလည်းဖြစ်ပါတယ်။ တန်ဆရီ အော မန်ဘင်ဟာရှင်ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံတွေမှာလည်း မ လေးရှားနိုင်ငံသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ အော့မန်ဟာရှင်ဟာ ရိုးမေးနီးယား၊ ဆွစ်ဇာလန်၊ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှာလည်း သံအမတ် ကြီးအဖြစ်တာဝန်ယူခဲ့ဖူးတယ်လို့သိရပါ တယ်။ ဒါ့ပြင် အော့မန်ဟာရှင်ဟာ ချက်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး၊ ဂျနီဗာမြို့အခြေစိုက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေမှာလည်း မလေးရှားနိုင်ငံ ရဲ့အမြဲတမ်းအထူးကိုယ်စားလှယ်အဖြစ် ခန့် အပ်ခံခဲ့ရဖူးသူဖြစ်ပါတယ်။ အော့မန်ဟာရှင်ဟာ ကုလသ မဂ္ဂ အဖွဲ့စည်းတစ်ခုဖြစ်တဲ့ (UNHRC) အတွက်လည်း မလေးရှားသံတမန်အဖြစ် ပါဝင်ကြိုးပမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနညွှန် ကြားရေးမှူးချုပ်ရာထူးနဲ့အနားယူခဲ့ပြီးနောက် အော့မန် ဟာရှင်ဟာ မလေးရှားလူအခွင့်ရေးကော်မရှင် (SUHAKAM)ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံခဲ့ရဖူးပြီး ၎င်းဟာ မလေးရှား လူ့အခွင့်ရေးကော်မရှင်အတွက် (၂၀၂၁)ခုနှစ်ကနေ (၂၀၂၅)ခုနှစ်အထိလုပ်ဆောင်မယ့် မဟာဗျူဟာမြောက်စီမံကိန်းတွေကို ပိုမိုကောင်း မွန်အောင်လုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါတယ်။

အော့မန်ဟာ ရှင်ဟာ အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး၊ ထိ ခိုက်ခံစားလွယ်တဲ့လူအဖွဲ့အစည်းများအခွင့်အရေး ပိုမိုကောင်းမွန်စေဖို့ အဓိကအာရုံစိုက်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ အော့မန်ဟာရှင်ဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့လူအခွင့်ရေးအခြေအနေတွေကို လေ့လာသုံးသပ်မယ့် UPR အဖွဲ့မှာ မလေးရှားနိုင်ငံ ရဲ့ပထမဆုံးကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ အော့မန်ဟာရှင်ဟာ မလေးရှားနိုင်ငံခြား ရေးဝန်ကြီးဌာနမှာ (၃၇) နှစ်ကြာတာဝန်ယူချိန်အတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန် နိုင်ငံနဲ့ တရုတ်နိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ကုလ သမဂ္ဂအဖွဲ့စည်းမှာလည်း သံတမန်အဖြစ် နှစ်ပေါင်းများစွာကြာတာဝန်ယူခဲ့ဖူးရာ အတွေ့အကြုံရင့်ကျက် တဲ့သံတမန်တစ်ဦးအဖြစ် သတ်မှတ်ခံရ သူဖြစ်ပါတယ်။ အော့မန်ဟာရှင်ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှာ ၃၇ နှစ်ကြာ တာဝန်ယူ ချိန်အတွင်း သံတမန်ရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့ပြီး အတွေ့ကြုံရင့်ကျက် တဲ့ သံတမန်တစ်ဦး ဖြစ်ပေမယ့် မြန်မာ့နိုင်ငံရေးအခက်အခဲတွေကို ဘယ်လောက်အထိတိုးတက်အောင် စွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ရှိနေပါတယ်။ အော့မန်ဟာရှင်ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူချိန်အတွင်း အာဆီယံအဖွဲ့နဲ့ မြန်မာ နိုင်ငံကြားရရှိထားတဲ့ သဘော တူညီချက်ငါးချက်ကို သိသာတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းရ ဖွယ်ရှိနေပါတယ်။ အော့မန်ဟာ ရှင်ဟာ ဖေဖော်ဝါရီလအတွင်းမှာပဲ မြန်မာနိုင်ငံကို လာရောက်ကာ နစက အကြီးအကဲတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ရာ စိတ်ဝင်စားစရာကောင်းမှာလည်း ဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ (၂၀၂၅)ခုနှစ်အတွင်း မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်ခဲ့ဖူးရာ အော့မန်ဟာရှင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်က စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ မလေးရှားနိုင်ငံက ဇန်နဝါရီလ အတွင်းကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲကျင်းပဖို့လို လားနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တော့ မြန်မာနိုင်ငံကို လက်ရှိအချိန်မှာရွေးကောက်ပွဲကို ဦးစား မပေးဖို့ပြောခဲ့တယ်။ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရမယ်။ မြန်မာ နိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ အဖွဲ့စည်းအသီးသီးကို တောင်းဆိုပါ တယ်။ ဒါ့ပြင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးဖို့၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲဖြစ်လာအောင် ကြိုးပမ်းဖို့တောင်းဆိုပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင် ဖို့ ရည်ရွယ်လုပ်ဆောင်ထားတဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်နိုင်ရေးအ တွက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတို့က အထူးကိုယ်စားလှယ်တွေကြိုးပမ်းခဲ့ ပေမယ့် မအောင်မြင်ဘဲဖြစ်ခဲ့ရချိန်မှာ အော့မန်ဟာရှင်က အာဆီယံသဘောတူညီချက်ငါးချက်တိုးတက် အောင်ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စိတ်ဝင် စားဖွယ်ကောင်းနေပါတယ်။ အော့မန်ဟာရှင်ဟာ အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖြစ်တာဝန် ယူချိန်အတွင်း မြန်မာ့အရေးတိုးတက်အောင် ကြိုး ပမ်းနိုင်မယ်ဆိုရင် အာဆီယံဒေသအတွင်းနိုင်ငံတွေသာမက ကမ္ဘာ့နိုင်ငံတွေရဲ့ချီးကျူးပြောဆိုခံရဖွယ်ရှိ နေပါတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာတွေဟာ ချက်ချင်းဖြေရှင်းလို့မရဘဲ အချိန်ယူဖြေရှင်းရမယ် လို့ အာဆီယံအထူးကိုယ်စား လှယ်ဟောင်းလေးဦးက ပြောဆိုခဲ့ဖူးပါတယ်။ အော့မန်ဟာရှင်ဟာ ယခင် အာဆီယံအထူးကိုယ်စား လှယ်ဟောင်းလေးဦး မရယူနိုင် ခဲ့တဲ့ အောင်မြင်မှုတွေကို (၂၀၂၅)ခုနှစ် အတွင်းမှာ အောင်မြင်မှုရယူနိုင်မလား၊ ဘယ်လိုသံတမန်ရေး နည်းလမ်းတွေအသုံးပြုမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

zawgyi version
ျမန္မာ့အေရးကိုေျဖရွင္းႏိုင္ေအာင္ႀကိဳးပမ္းရမယ့္ အာဆီယံအလွည့္က်ဥကၠ႒ အထူးကိုယ္စား လွယ္အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၄

ျမန္မာႏိုင္ငံမွာ (၂၀၂၁) ခုႏွစ္က ႏိုင္ငံေရး ျပႆနာေတြျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အာဆီယံအဖြဲ႕ ဟာ ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးအက်ပ္တည္းကိုေျဖရွင္းဖို႔ ၾကားဝင္ေဆာင္႐ြက္ခဲ့ပါတယ္။ အာဆီယံအဖြဲ႕ဟာ (၂၀၂၁)ခုႏွစ္ ဧၿပီလအတြင္းမွာ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္နဲ႔ေတြ႕ဆုံေဆြးေႏြးေန ၿပီး ျမန္မာ့ႏိုင္ငံေရးျပႆနာေတြကိုအဆုံးသတ္ေစဖို႔ရည္႐ြယ္ခ်က္နဲ႔ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ ရယူႏိုင္ခဲ့တယ္လို႔သိရပါတယ္။ အဲဒီအာဆီယံသေဘာ တူညီခ်က္ငါးခ်က္ထဲမွာ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရး၊ အာဆီယံအထူးကိုယ္ စားလွယ္ ခန႔္အပ္ေရး၊ ႏိုင္ငံေရးအရေတြ႕ဆုံေဆြးေႏြးမႈေတြ ျဖစ္ လာေအာင္ ဝိုင္းဝန္းကူညီေပးေရးစတဲ့အခ်က္ေတြ ပါဝင္ေနပါတယ္။

အာဆီယံအဖြဲ႕ဟာ နစကအႀကီးအကဲနဲ႔ သေဘာတူညီခ်က္ေတြအတိုင္း ျမန္မာႏိုင္ငံဆိုင္ ရာ အာဆီယံဥကၠ႒ရဲ႕အထူးကိုယ္စားလွယ္တစ္ဦးခန႔္အပ္ၿပီး ျမန္မာ့ႏိုင္ငံေရးကို ၾကားဝင္ေစ့စပ္ေဆြးေႏြးဖို႔ ႀကိဳးပမ္းခဲ့ ေပမယ့္ လက္ရွိအခ်ိန္အထိ ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရခဲ့ဘူး၊ အာဆီယံအလွည့္က် ဥကၠ႒ေတြ ျဖစ္တဲ့ ဘ႐ူႏိုင္း၊ ကေမာၻဒီးယား၊ အင္ဒိုနီးရွားနဲ႔ လာအိုႏိုင္ငံတို႔ဟာ ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ဖို႔ႀကိဳးပမ္းခဲ့ၿပီး အာဆီယံအလွည့္က်ဥကၠ႒အထူး ကိုယ္စားလွယ္ ေတြလည္းခန႔္အပ္ခဲ့ပါတယ္။

ကေမာၻဒီးယားနဲ႔ လာအိုႏိုင္ငံတို႔က အာဆီယံအလွည့္က်ဥကၠ႒အျဖစ္တာဝန္ယူခ်ိန္အတြင္းမွာ အာဆီယံအလွည့္က်ဥကၠ႒ရဲ႕ အထူးကိုယ္စားလွယ္ေတြဟာ ျမန္မာႏိုင္ငံကိုလာေရာက္ၿပီး နစက အႀကီးအကဲနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ဖူးပါတယ္။ (၂၀၂၅)ခုႏွစ္မွာေတာ့ မေလးရွားႏိုင္ငံကအာဆီယံအလွည့္က် ဥကၠ႒အျဖစ္တာဝန္ယူလိုက္ၿပီျဖစ္ရာ ျမန္မာ့ႏိုင္ငံေရး ျပႆနာကို ဦးစားေပးေျဖရွင္းမယ္လို႔ ကတိျပဳ ထားပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ အီဘရာဟင္ဟာ ျမန္မာ့ႏိုင္ငံေရးျပႆနာကို ေျဖရွင္းႏိုင္ဖို႔ ရည္ ႐ြယ္ခ်က္နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ကိုလည္း ၎ရဲ႕အႀကံေပးအျဖစ္ ခန႔္အပ္ခဲ့သလို ဝါရင့္ သံတမန္တစ္ဦးျဖစ္တဲ့ ေအာ့မန္ဟာရွင္ကို ျမန္မာႏိုင္ငံဆိုင္ရာအာဆီ ယံဥကၠ႒ရဲ႕အထူးကိုယ္စားလွယ္ အျဖစ္ခန႔္အပ္ခဲ့ပါ တယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ ဟာတန္ဆရီ ေအာမန္ဘင္ဟာရွင္ဟာ မေလးရွားႏိုင္ငံ အုပ္ခ်ဳပ္ေရးနဲ႔ သံတမန္ေရးဆိုင္ရာလုပ္ငန္းေတြကို (၁၉၇၉)ခုႏွစ္တည္း က စတင္တာဝန္ယူခဲ့ၿပီး မေလး ရွားႏိုင္ငံျခားေရးဝန္ ႀကီးဌာနရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ရာထူးနဲ႔ အနားယူခဲ့သူျဖစ္ပါတယ္။ ၎ဟာ မေလး ရွားႏိုင္ငံျခားေရးဝန္ႀကီး ဌာနမွာ (၃၇)ႏွစ္ၾကာတာဝန္ယူခ်ိန္အတြင္း မေလးရွားႏိုင္ငံနဲ႔ တျခားႏိုင္ငံေတြ ၾကား အျပန္အလွန္ သံတမန္ ဆက္ဆံေရးေကာင္းမြန္ေစဖို႔နဲ႔ စီမံခန႔္ခြဲေရးလုပ္ငန္းေတြကို အေကာင္းဆုံး ပုံစံမ်ိဳးနဲ႔ လုပ္ကိုင္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ဟာရွင္ကို (၁၉၅၄)ခုႏွစ္ စက္တင္ဘာ (၂၇) ရက္မွာေမြးဖြားခဲ့ၿပီး မေလးရွားတကၠသိုလ္ကေန စီး ပြားေရးပညာနဲ႔ ဘြဲ႕ရရွိခဲ့သူျဖစ္ေပမယ့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို အငယ္တန္းသံတမန္အျဖစ္နဲ႔ ဝင္ ေရာက္လုပ္ကိုင္ရာမွာ သံတမန္ေရးစြမ္းရည္ ေကာင္းမြန္ခဲ့တဲ့အတြက္ တ႐ုတ္အပါအဝင္ ႏိုင္ငံတခ်ိဳ႕ရဲ႕ သံတမန္အျဖစ္ တာဝန္ယူခြင့္ရခဲ့သူလည္းျဖစ္ပါတယ္။ တန္ဆရီ ေအာ မန္ဘင္ဟာရွင္ဟာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ တာဝန္ထမ္းေဆာင္ခ်ိန္အတြင္း ျပည္တြင္းမွာ သာမက ျပည္ပႏိုင္ငံေတြမွာလည္း မ ေလးရွားႏိုင္ငံသံအမတ္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ေအာ့မန္ဟာရွင္ဟာ ႐ိုးေမးနီးယား၊ ဆြစ္ဇာလန္၊ တ႐ုတ္ႏိုင္ငံ၊ အေမရိကန္ႏိုင္ငံတို႔မွာလည္း သံအမတ္ ႀကီးအျဖစ္တာဝန္ယူခဲ့ဖူးတယ္လို႔သိရပါ တယ္။ ဒါ့ျပင္ ေအာ့မန္ဟာရွင္ဟာ ခ်က္ႏိုင္ငံဆိုင္ရာ မေလးရွား သံအမတ္ႀကီး၊ ဂ်နီဗာၿမိဳ႕အေျခစိုက္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအဖြဲ႕စည္းေတြမွာလည္း မေလးရွားႏိုင္ငံ ရဲ႕အၿမဲတမ္းအထူးကိုယ္စားလွယ္အျဖစ္ ခန႔္ အပ္ခံခဲ့ရဖူးသူျဖစ္ပါတယ္။ ေအာ့မန္ဟာရွင္ဟာ ကုလသ မဂၢ အဖြဲ႕စည္းတစ္ခုျဖစ္တဲ့ (UNHRC) အတြက္လည္း မေလးရွားသံတမန္အျဖစ္ ပါဝင္ႀကိဳးပမ္းခဲ့ဖူးသူ ျဖစ္ပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးဌာနၫႊန္ ၾကားေရးမႉးခ်ဳပ္ရာထူးနဲ႔အနားယူခဲ့ၿပီးေနာက္ ေအာ့မန္ ဟာရွင္ဟာ မေလးရွားလူအခြင့္ေရးေကာ္မရွင္ (SUHAKAM)ဥကၠ႒အျဖစ္ခန႔္အပ္ခံခဲ့ရဖူးၿပီး ၎ဟာ မေလးရွား လူ႔အခြင့္ေရးေကာ္မရွင္အတြက္ (၂၀၂၁)ခုႏွစ္ကေန (၂၀၂၅)ခုႏွစ္အထိလုပ္ေဆာင္မယ့္ မဟာဗ်ဴဟာေျမာက္စီမံကိန္းေတြကို ပိုမိုေကာင္း မြန္ေအာင္လုပ္ကိုင္ႏိုင္ခဲ့သူျဖစ္ပါတယ္။

ေအာ့မန္ဟာ ရွင္ဟာ အသားအေရာင္ခြဲျခားမႈတိုက္ဖ်က္ေရး၊ ထိ ခိုက္ခံစားလြယ္တဲ့လူအဖြဲ႕အစည္းမ်ားအခြင့္အေရး ပိုမိုေကာင္းမြန္ေစဖို႔ အဓိကအာ႐ုံစိုက္လုပ္ကိုင္ခဲ့သူ ျဖစ္ပါတယ္။ ေအာ့မန္ဟာရွင္ဟာ ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံအားလုံးရဲ႕လူအခြင့္ေရးအေျခအေနေတြကို ေလ့လာသုံးသပ္မယ့္ UPR အဖြဲ႕မွာ မေလးရွားႏိုင္ငံ ရဲ႕ပထမဆုံးကိုယ္စားလွယ္အျဖစ္ ပါဝင္ခြင့္ရခဲ့သူျဖစ္ပါတယ္။ ေအာ့မန္ဟာရွင္ဟာ မေလးရွားႏိုင္ငံျခား ေရးဝန္ႀကီးဌာနမွာ (၃၇) ႏွစ္ၾကာတာဝန္ယူခ်ိန္အတြင္း ကမာၻ႔အင္အားႀကီးႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္ ႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံမွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသလို ကုလ သမဂၢအဖြဲ႕စည္းမွာလည္း သံတမန္အျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာတာဝန္ယူခဲ့ဖူးရာ အေတြ႕အႀကဳံရင့္က်က္ တဲ့သံတမန္တစ္ဦးအျဖစ္ သတ္မွတ္ခံရ သူျဖစ္ပါတယ္။ ေအာ့မန္ဟာရွင္ဟာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဌာနမွာ ၃၇ ႏွစ္ၾကာ တာဝန္ယူ ခ်ိန္အတြင္း သံတမန္ေရးဆိုင္ရာ စိန္ေခၚမႈေတြ၊ အခက္အခဲေတြကို ေျဖရွင္းႏိုင္ခဲ့ၿပီး အေတြ႕ႀကဳံရင့္က်က္ တဲ့ သံတမန္တစ္ဦး ျဖစ္ေပမယ့္ ျမန္မာ့ႏိုင္ငံေရးအခက္အခဲေတြကို ဘယ္ေလာက္အထိတိုးတက္ေအာင္ စြမ္းေဆာင္ႏိုင္မလဲဆိုတာ စိတ္ဝင္စားဖြယ္ရွိေနပါတယ္။ ေအာ့မန္ဟာရွင္ဟာ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအလွည့္က်ဥကၠ႒ရဲ႕အထူးကိုယ္စားလွယ္အျဖစ္တာဝန္ယူခ်ိန္အတြင္း အာဆီယံအဖြဲ႕နဲ႔ ျမန္မာ ႏိုင္ငံၾကားရရွိထားတဲ့ သေဘာ တူညီခ်က္ငါးခ်က္ကို သိသာတိုးတက္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ ႀကိဳးပမ္းရ ဖြယ္ရွိေနပါတယ္။ ေအာ့မန္ဟာ ရွင္ဟာ ေဖေဖာ္ဝါရီလအတြင္းမွာပဲ ျမန္မာႏိုင္ငံကို လာေရာက္ကာ နစက အႀကီးအကဲတာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံေဆြးေႏြးမွာျဖစ္ရာ စိတ္ဝင္စားစရာေကာင္းမွာလည္း ျဖစ္ပါ တယ္။ ဘာေၾကာင့္လဲဆိုရင္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး မိုဟာမက္ဟာဆန္ဟာ (၂၀၂၅)ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာက်င္းပဖို႔စီစဥ္ေနတဲ့ေ႐ြးေကာက္ပြဲကို ေဝဖန္ျပစ္တင္ခဲ့ဖူးရာ ေအာ့မန္ဟာရွင္ရဲ႕ ျမန္မာႏိုင္ငံ ခရီးစဥ္က စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ မေလးရွားႏိုင္ငံက ဇန္နဝါရီလ အတြင္းက်င္းပခဲ့တဲ့ အစည္းအေဝးအတြင္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက “ျမန္မာႏိုင္ငံဟာ ေ႐ြးေကာက္ပြဲက်င္းပဖို႔လို လားေနတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔က ေတာ့ ျမန္မာႏိုင္ငံကို လက္ရွိအခ်ိန္မွာေ႐ြးေကာက္ပြဲကို ဦးစား မေပးဖို႔ေျပာခဲ့တယ္။ ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုရင္ အားလုံးပါဝင္တဲ့ေ႐ြးေကာက္ပြဲျဖစ္ရမယ္။ ျမန္မာ ႏိုင္ငံမွာျဖစ္ပြားေနတဲ့ အၾကမ္းဖက္တိုက္ခိုက္မႈေတြကိုရပ္တန႔္ဖို႔ အဖြဲ႕စည္းအသီးသီးကို ေတာင္းဆိုပါ တယ္။ ဒါ့ျပင္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးဖို႔၊ အားလုံးပါဝင္တဲ့ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြး ပြဲျဖစ္လာေအာင္ ႀကိဳးပမ္းဖို႔ေတာင္းဆိုပါတယ္”လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံေရးျပႆနာကိုေျဖရွင္းႏိုင္ ဖို႔ ရည္႐ြယ္လုပ္ေဆာင္ထားတဲ့ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ကို အေကာင္ထည္ေဖာ္ႏိုင္ေရးအ တြက္ ဘ႐ူႏိုင္း၊ ကေမာၻဒီးယား၊ အင္ဒိုနီးရွားနဲ႔ လာအိုႏိုင္ငံတို႔က အထူးကိုယ္စားလွယ္ေတြႀကိဳးပမ္းခဲ့ ေပမယ့္ မေအာင္ျမင္ဘဲျဖစ္ခဲ့ရခ်ိန္မွာ ေအာ့မန္ဟာရွင္က အာဆီယံသေဘာတူညီခ်က္ငါးခ်က္တိုးတက္ ေအာင္ဘယ္လိုလုပ္ေဆာင္မလဲဆိုတာ စိတ္ဝင္ စားဖြယ္ေကာင္းေနပါတယ္။ ေအာ့မန္ဟာရွင္ဟာ အာဆီယံဥကၠ႒ရဲ႕အထူးကိုယ္စားလွယ္အျဖစ္တာဝန္ ယူခ်ိန္အတြင္း ျမန္မာ့အေရးတိုးတက္ေအာင္ ႀကိဳး ပမ္းႏိုင္မယ္ဆိုရင္ အာဆီယံေဒသအတြင္းႏိုင္ငံေတြသာမက ကမာၻ႔ႏိုင္ငံေတြရဲ႕ခ်ီးက်ဴးေျပာဆိုခံရဖြယ္ရွိ ေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးျပႆနာေတြဟာ ခ်က္ခ်င္းေျဖရွင္းလို႔မရဘဲ အခ်ိန္ယူေျဖရွင္းရမယ္ လို႔ အာဆီယံအထူးကိုယ္စားလွယ္ေဟာင္းေလးဦးက ေျပာဆိုခဲ့ဖူးပါတယ္။ ေအာ့မန္ဟာရွင္ဟာ ယခင္ အာဆီယံအထူးကိုယ္စားလွယ္ေဟာင္းေလးဦး မရယူႏိုင္ ခဲ့တဲ့ ေအာင္ျမင္မႈေတြကို (၂၀၂၅)ခုႏွစ္ အတြင္း မွာ ေအာင္ျမင္မႈရယူႏိုင္မလား၊ ဘယ္လိုသံတမန္ေရး နည္းလမ္းေတြအသုံးျပဳမလဲဆိုတာ စိတ္ဝင္စားစရာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.