အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပိတ်ပင်မှုများ ရုတ်သိမ်းလိုက်ပြီးနောက် TikTok အက်ပ် Apple၊ Google store မှာ ပြန်လည်ရောက်ရှိလာ

484

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၆
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တရုတ်ပိုင် ဆိုရှယ်မီဒီယာအက်ပ် TikTok အပ်က် ပိတ်ပင်မှုကို ရွှေ့ဆိုင်းလိုက် ပြီးနောက် TikTok အပ်က်ဟာ ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကစ အမေရိကန် အက်ပ်စတိုးတွေမှာ ပြန်လည်ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံသား ထက်ဝက်နီးပါးအသုံးပြုတဲ့ နာမည်ကြီးဗီဒီယိုအတို အက်ပ် TikTok ဟာ ဇန်နဝါရီ ၁၉ ရက်က အက်ပ်ပိုင်ရှင် ByteDance ကို အမေရိကန်က နိုင်ငံတော်လုံခြုံရေးအတွက် တားမြစ်ပိတ်ပင်လိုက်ခြင်း ကြောင့် ခတ္တအသုံးပြုခွင့်မရှိဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာ အမေရိကန် သမ္မတအဖြစ်ရွေးကောက် တင်မြှောက်ခံရတဲ့ ဒေါ်နယ်ထရန့်က တားမြစ်ချက်ကို ရွှေ့ဆိုင်းဖို့ အမှုဆောင်အမိန့် လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် TikTok ဟာ အမေရိကန်မှာ ယာယီဆက်လက် အသုံးပြုခွင့်ရခဲ့ပါတယ်။ ထရန့်ကြောင့် TikTok အက်ပ်ပြန်လည် လည်ပတ်ခဲ့ပေမယ့် အမေရိကန်နိုင်ငံရဲ့ Google နဲ့ Apple မှာတော့ အပ်က်ဟာ ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အခုမှ ပြန်လည်ဒေါင်းလုပ်ဒ် ရယူနိုင်တာဖြစ်ပါတယ်။
TikTok ဟာ ၂၀၂၄ ခုနှစ်အတွင်း ဒေါင်းလုဒ်သူပေါင်း ၅၂ သန်းကျော် ရှိခဲ့တယ်လို့ စျေးကွက်ထောက်လှမ်းရေး ကုမ္ပဏီ Sensor Tower အရ သိရပါတယ်။ ဒေါင်းလုဒ် စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းခန့်ဟာ Apple App Store မှဖြစ်ပြီး ၄၈ ရာခိုင်နှုန်းဟာ Google Play မှဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version:
အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က ပိတ္ပင္မႈမ်ား ႐ုတ္သိမ္းလိုက္ၿပီးေနာက္ TikTok အက္ပ္ Apple၊ Google store မွာ ျပန္လည္ေရာက္ရွိလာ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၆
အေမရိကန္သမၼတေဒၚနယ္ထရန႔္က တ႐ုတ္ပိုင္ ဆိုရွယ္မီဒီယာအက္ပ္ TikTok အပ္က္ ပိတ္ပင္မႈကို ေ႐ႊ႕ဆိုင္းလိုက္ ၿပီးေနာက္ TikTok အပ္က္ဟာ ၾကာသပေတးေန႔ (ေဖေဖာ္ဝါရီ ၁၃ ရက္) ကစ အေမရိကန္ အက္ပ္စတိုးေတြမွာ ျပန္လည္ေဒါင္းလုဒ္ရယူႏိုင္ၿပီျဖစ္တယ္လို႔ သိရပါတယ္။
အေမရိကန္ႏိုင္ငံသား ထက္ဝက္နီးပါးအသုံးျပဳတဲ့ နာမည္ႀကီးဗီဒီယိုအတို အက္ပ္ TikTok ဟာ ဇန္နဝါရီ ၁၉ ရက္က အက္ပ္ပိုင္ရွင္ ByteDance ကို အေမရိကန္က ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ တားျမစ္ပိတ္ပင္လိုက္ျခင္း ေၾကာင့္ ခတၱအသုံးျပဳခြင့္မရွိျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ ေနာက္တစ္ေန႔မွာ အေမရိကန္ သမၼတအျဖစ္ေ႐ြးေကာက္ တင္ေျမႇာက္ခံရတဲ့ ေဒၚနယ္ထရန႔္က တားျမစ္ခ်က္ကို ေ႐ႊ႕ဆိုင္းဖို႔ အမႈေဆာင္အမိန႔္ လက္မွတ္ေရးထိုးခဲ့ျခင္းေၾကာင့္ TikTok ဟာ အေမရိကန္မွာ ယာယီဆက္လက္ အသုံးျပဳခြင့္ရခဲ့ပါတယ္။ ထရန႔္ေၾကာင့္ TikTok အက္ပ္ျပန္လည္ လည္ပတ္ခဲ့ေပမယ့္ အေမရိကန္ႏိုင္ငံရဲ႕ Google နဲ႔ Apple မွာေတာ့ အပ္က္ဟာ ဖယ္ရွားခံခဲ့ရတာျဖစ္ၿပီး အခုမွ ျပန္လည္ေဒါင္းလုပ္ဒ္ ရယူႏိုင္တာျဖစ္ပါတယ္။
TikTok ဟာ ၂၀၂၄ ခုႏွစ္အတြင္း ေဒါင္းလုဒ္သူေပါင္း ၅၂ သန္းေက်ာ္ ရွိခဲ့တယ္လို႔ ေစ်းကြက္ေထာက္လွမ္းေရး ကုမၸဏီ Sensor Tower အရ သိရပါတယ္။ ေဒါင္းလုဒ္ စုစုေပါင္းရဲ႕ ၅၂ ရာခိုင္ႏႈန္းခန႔္ဟာ Apple App Store မွျဖစ္ၿပီး ၄၈ ရာခိုင္ႏႈန္းဟာ Google Play မွျဖစ္တယ္လို႔ သိရပါတယ္။