နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းမြို့၌ နေရပ်စွန့်ခွာနေထိုင်ကြသူများအတွက် ထောက်ပံ့ရေးအစီအစဥ◌်များကို မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေပေးမည်

 503

ယွန်း (NP News) - ဖေဖော်ဝါရီ ၁၆

နယ်မြေမတည်ငြိမ်မှုများကြောင့် စစ်ကိုင်းမြို့၌ နေရပ်စွန့်ခွာနေထိုင်ကြသူများအတွက် ထောက်ပံ့ရေးအစီအစဥ်များကို မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း IBEC ကျောင်းတိုက်၏ ထုတ်ပြန်ချက်အရ သိရသည်။

IBEC ကျောင်းတိုက်၏ ယမန်နေ့(ဖေဖော်ဝါရီ ၁၅ ရက်) တွင် ထုတ်ပြန်သည့် IBEC လူသားချင်းဆိုင်ရာအကူအညီပေးရေးအစီအစဥ် (IBEC - Humanitarian Assistance Program) သတင်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

စစ်ကိုင်းမြို့တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူပြည်သားများအတွက် ထောက်ပံ့ရေးအစီအစဥ်များကို IBEC ကျောင်းတော်မှတဆင့် မကြာမီရက်ပိုင်းအတွင်း ဖြန့်ဝေထောက်ပံ့ပေးသွားတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IBEC ဆရာတော်သည် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အာဆီယံလူမှုကူညီရေးအဖွဲ့အစည်းများ၊ နိုင်ငံတွင်းတရားဝင် ခွင့်ပြုထားသော လူသားချင်းဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆင်းရဲဒုက္ခရောက်နေကြသူများနှင့် နေရပ်စွန့်ခွာလာကြသော စစ်ဘေးရှောင် ပြည်သူများ၏ နေထိုင်စားသောက်ရေးအတွက် ထောက်ပံ့ပေးမည့်အစီအစဥ် များ မကြာခင် စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ထောက်ပံ့ပေးမည့် ကမ္ဘာ့စားနပ် ရိက္ခာထောက်ပံ့မှုအစီအစဉ်ကို (၆)ကြိမ်ဆောင် ရွက်သွားမည်ဖြစ်ပြီး အညာဒေသတွင်ထောက်ပံ့မည့်မြို့နယ်အရေအတွက် တိုးလာကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက IBEC ဆရာတော် ဦးသောဘိတက NP News ကို မိန့်ကြားထားသည်။

ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလ (၂၆)ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၌ ကျင်းပခဲ့သော (၇၈) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးရေးတောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတောင်းဆိုချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP) မှ Pilot Project အဖြစ် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ‌ရွှေဘိုနှင့် ဟုမ္မလင်းမြို့နယ်တို့ရှိ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဇွန်လမှစ၍ စတင်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

Zawgyi Version:
နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ စစ္ကိုင္းၿမိဳ႕၌ ေနရပ္စြန႔္ခြာေနထိုင္ၾကသူမ်ားအတြက္ ေထာက္ပံ့ေရးအစီအစဥ◌္မ်ားကို မၾကာမီရက္ပိုင္းအတြင္း ျဖန႔္ေဝေပးမည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၁၆

နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ စစ္ကိုင္းၿမိဳ႕၌ ေနရပ္စြန႔္ခြာေနထိုင္ၾကသူမ်ားအတြက္ ေထာက္ပံ့ေရးအစီအစဥ္မ်ားကို မၾကာမီရက္ပိုင္းအတြင္း ျဖန႔္ေဝေထာက္ပံ့ေပးသြားမည္ ျဖစ္ေၾကာင္း IBEC ေက်ာင္းတိုက္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

IBEC ေက်ာင္းတိုက္၏ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၅ ရက္) တြင္ ထုတ္ျပန္သည့္ IBEC လူသားခ်င္းဆိုင္ရာအကူအညီေပးေရးအစီအစဥ္ (IBEC - Humanitarian Assistance Program) သတင္းထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

စစ္ကိုင္းၿမိဳ႕တြင္ နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ ေနရပ္စြန္႔ခြာေနထိုင္ၾကေသာ ျပည္သူျပည္သားမ်ားအတြက္ ေထာက္ပံ့ေရးအစီအစဥ္မ်ားကို IBEC ေက်ာင္းေတာ္မွတဆင့္ မၾကာမီရက္ပိုင္းအတြင္း ျဖန္႔ေဝေထာက္ပံ့ေပးသြားေတာ့မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

IBEC ဆရာေတာ္သည္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ ကမာၻ႔ကုလသမဂၢ အပါအဝင္ အာဆီယံလူမႈကူညီေရးအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံတြင္းတရားဝင္ ခြင့္ျပဳထားေသာ လူသားခ်င္းဆိုင္ရာအကူအညီေပးေရးအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ကာ ဆင္းရဲဒုကၡေရာက္ေနၾကသူမ်ားႏွင့္ ေနရပ္စြန္႔ခြာလာၾကေသာ စစ္ေဘးေရွာင္ ျပည္သူမ်ား၏ ေနထိုင္စားေသာက္ေရးအတြက္ ေထာက္ပံ့ေပးမည့္အစီအစဥ္ မ်ား မၾကာခင္ စတင္ေဆာင္႐ြက္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ေထာက္ပံ့ေပးမည့္ ကမာၻ႔စားနပ္ ရိကၡာေထာက္ပံ့မႈအစီအစဥ္ကို (၆)ႀကိမ္ေဆာင္ ႐ြက္သြားမည္ျဖစ္ၿပီး အညာေဒသတြင္ေထာက္ပံ့မည့္ၿမိဳ႕နယ္အေရအတြက္ တိုးလာေၾကာင္း ၿပီးခဲ့သည့္ ဇန္နဝါရီလက IBEC ဆရာေတာ္ ဦးေသာဘိတက NP News ကို မိန႔္ၾကားထားသည္။

ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ စက္တင္ဘာလ (၂၆)ရက္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ ကမာၻ႔ကုလသမဂၢအဖြဲ႕ခ်ဳပ္၌ က်င္းပခဲ့ေသာ (၇၈) ႀကိမ္ေျမာက္ ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံသို႔ IBEC ဆရာေတာ္တက္ေရာက္ခဲ့ၿပီး စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားကို စားနပ္ရိကၡာမ်ား ေထာက္ပံ့ကူညီေပးေရးေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါေတာင္းဆိုခ်က္မ်ားအရ ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့မႈအစီအစဥ္ (WFP) မွ Pilot Project အျဖစ္ စစ္ကိုင္း၊ ျမင္းမူ၊ ေခ်ာင္းဦး၊ မုံ႐ြာ၊ ‌ေ႐ႊဘိုႏွင့္ ဟုမၼလင္းၿမိဳ႕နယ္တို႔ရွိ စစ္ေရွာင္ျပည္သူမ်ားကို ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ဇြန္လမွစ၍ စတင္ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.