အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုတွေကို စွန့်လွှတ်သင့်တယ်လို့ မြောက်ကိုရီးယားအစိုးရပြော

370

Pika (NP News) - ဖေဖော်ဝါရီ ၁၆
အမေရိကန်နိုင်ငံဟာ ၎င်းရဲ့ပြည်မကြီးလုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိခဲ့မယ်ဆိုရင် စစ်ရေးခြိမ်းခြောက်မှုတွေကို စွန့်လွှတ်သင့်တယ်လို့ မြောက်ကိုရီးယားအစိုးရက ဖေဖော်ဝါရီလ(၁၅)ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးရဲ့ပြောကြားချက်တွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA ယခုလိုရေးသားဖော်ပြထားတာလည်းဖြစ်ပါတယ်။
အမေရိကန်ပြည်မကြီးကို ရောက်ရှိနိုင်စွမ်းရှိတဲ့ မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခဲ့တဲ့ အမေရိကန်မြောက်ပိုင်းကွပ်ကဲမှုဌာနချုပ်အကြီးအကဲရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး မြောက်ကိုရီးယားအစိုးရဘက်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် တောင်ကိုရီးယားနဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလုပ်ဆောင်တာ၊ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယားရေငုပ်သင်္ဘောစေလွှတ်တာလိုမျိုး ထိပ်တိုက်ရင်ဆိုင်မှုတွေကိုဖြစ်ပေါ်လာစေနိုင်တဲ့အပြုအမူတွေကို လုပ်ဆောင်နေတာက အမေရိကန်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
အဲဒါကြောင့်မလို့ ကိုယ်ပိုင်ကာကွယ်မှုစွမ်းအားကို မြှင့်တင့်တာက မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာပိုင်အခွင့်အရေးတစ်ခုဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ဖို့ လိုလားနေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားအစိုးရရဲ့ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
Zawgyi Version:
အေမရိကန္က စစ္ေရးၿခိမ္းေျခာက္မႈေတြကို စြန႔္လႊတ္သင့္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆
အေမရိကန္ႏိုင္ငံဟာ ၎ရဲ႕ျပည္မႀကီးလုံၿခဳံေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြရွိခဲ့မယ္ဆိုရင္ စစ္ေရးၿခိမ္းေျခာက္မႈေတြကို စြန႔္လႊတ္သင့္တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေဖေဖာ္ဝါရီလ(၁၅)ရက္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
ေျမာက္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနအရာရွိတစ္ဦးရဲ႕ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး ႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA ယခုလိုေရးသားေဖာ္ျပထားတာလည္းျဖစ္ပါတယ္။
အေမရိကန္ျပည္မႀကီးကို ေရာက္ရွိႏိုင္စြမ္းရွိတဲ့ ေျမာက္ကိုရီးယားရဲ႕တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ျပဳေျပာဆိုခဲ့တဲ့ အေမရိကန္ေျမာက္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္အႀကီးအကဲရဲ႕ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး ေျမာက္ကိုရီးယားအစိုးရဘက္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ေတာင္ကိုရီးယားနဲ႔ပူးတြဲစစ္ေရးေလ့က်င့္မႈေတြလုပ္ေဆာင္တာ၊ ကိုရီးယားကြၽန္းဆြယ္ကို န်ဴကလီးယားေရငုပ္သေဘၤာေစလႊတ္တာလိုမ်ိဳး ထိပ္တိုက္ရင္ဆိုင္မႈေတြကိုျဖစ္ေပၚလာေစႏိုင္တဲ့အျပဳအမူေတြကို လုပ္ေဆာင္ေနတာက အေမရိကန္ျဖစ္တယ္လို႔ အစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။
အဲဒါေၾကာင့္မလို႔ ကိုယ္ပိုင္ကာကြယ္မႈစြမ္းအားကို ျမႇင့္တင့္တာက ေျမာက္ကိုရီးယားရဲ႕ အခ်ဳပ္အျခာအာဏာပိုင္အခြင့္အေရးတစ္ခုျဖစ္တယ္လို႔လည္း အစီရင္ခံစာမွာ ေရးသားေဖာ္ျပထားပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းနဲ႔ဆက္ဆံေရးေတြ ျပန္လည္တည္ေဆာက္ဖို႔ လိုလားေနတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ေျမာက္ကိုရီးယားအစိုးရရဲ႕ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။