မြောက်ကိုရီးယားနျူကလီးယားလက်နက်ကင်းစင်ရေးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ ထပ်မံကတိပြု

 255

Pika (NP News) - ဖေဖော်ဝါရီ ၁၆

အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်ကင်းစင်ရေးကိုကြိုးပမ်းမယ့် ၎င်းတို့ရဲ့ကတိဝတ်ကို ထပ်မံအတည်ပြုခဲ့တယ်လို့ သုံးနိုင်ငံ ပူးတွဲထုတ်ပြန်ချက်တစ်ခုမှာ ရေးသားဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် မာကိုရူဘီအိုဟာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေးယူ၊ ဂျပန် ထိပ်တန်းသံတမန် တာကာရှိအိုင်ဝါယာတို့နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီးနောက် အဲဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာ “အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံ သုံးနိုင်ငံစလုံးဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ကင်းစင်ရေးကို ကြိုးပမ်းမယ့် ၎င်းတို့ရဲ့ကတိဝတ်တွေကို ထပ်မံအတည်ပြုခဲ့ပါတယ်။ သုံးနိုင်ငံစလုံးဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ၊ ဒစ်ဂျစ်တယ်ငွေကြေးခိုးယူမှု အပါအဝင် အန္တရာယ်ရှိတဲ့ဆိုက်ဘာလုပ်ဆောင်မှုတွေနဲ့ ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာတာတွေ နဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ဟာ ဘယ်လိုရန်စမှု ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေကိုမဆို သည်းခံမှာမဟုတ်ဘူးဆိုတဲ့သတိပေးချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားအပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထိန်းသိမ်းပြီး အားကောင်းအောင်လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။
အမေရိကန်၊ တောင်ကိုရီးယား နဲ့ ဂျပန်တို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားအစိုးရက အကြိမ်ကြိမ်ပြစ်တင်ရှုတ်ချခဲ့ပြီး နိုင်ငံရဲ့ကာကွယ်ရေးပိုင်းကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမယ်လို့လည်း အကြိမ်ကြိမ်ကတိပြုခဲ့ပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားန်ဴကလီးယားလက္နက္ကင္းစင္ေရးကို ဆက္လက္ႀကိဳးပမ္းသြားမယ္လို႔ အေမရိကန္၊ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားတို႔ ထပ္မံကတိျပဳ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆

အေမရိကန္၊ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားတို႔ဟာ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားလက္နက္ကင္းစင္ေရးကိုႀကိဳးပမ္းမယ့္ ၎တို႔ရဲ႕ကတိဝတ္ကို ထပ္မံအတည္ျပဳခဲ့တယ္လို႔ သုံးႏိုင္ငံ ပူးတြဲထုတ္ျပန္ခ်က္တစ္ခုမွာ ေရးသားေဖာ္ျပထားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ မာကို႐ူဘီအိုဟာ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး ခ်ိဳေတးယူ၊ ဂ်ပန္ ထိပ္တန္းသံတမန္ တာကာရွိအိုင္ဝါယာတို႔နဲ႔ ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့ၿပီးေနာက္ အဲဒီထုတ္ျပန္ခ်က္ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ထုတ္ျပန္ခ်က္မွာ “အေမရိကန္၊ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားႏိုင္ငံ သုံးႏိုင္ငံစလုံးဟာ ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားလက္နက္ကင္းစင္ေရးကို ႀကိဳးပမ္းမယ့္ ၎တို႔ရဲ႕ကတိဝတ္ေတြကို ထပ္မံအတည္ျပဳခဲ့ပါတယ္။ သုံးႏိုင္ငံစလုံးဟာ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားနဲ႔ ဒုံးက်ည္အစီအစဥ္ေတြ၊ ဒစ္ဂ်စ္တယ္ေငြေၾကးခိုးယူမႈ အပါအဝင္ အႏၲရာယ္ရွိတဲ့ဆိုက္ဘာလုပ္ေဆာင္မႈေတြနဲ႔ ႐ုရွားနဲ႔ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈ ျမင့္တက္လာတာေတြ နဲ႔ပတ္သက္ၿပီး ၎တို႔ရဲ႕စိုးရိမ္ပူပန္မႈေတြကို ထုတ္ေဖာ္ျပသခဲ့ၾကပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့ျပင္ အေမရိကန္၊ ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားတို႔ဟာ ဘယ္လိုရန္စမႈ ဒါမွမဟုတ္ ၿခိမ္းေျခာက္မႈေတြကိုမဆို သည္းခံမွာမဟုတ္ဘူးဆိုတဲ့သတိေပးခ်က္တစ္ခုကို ထုတ္ျပန္ခဲ့ၿပီး ေျမာက္ကိုရီးယားအေပၚ ႏိုင္ငံတကာပိတ္ဆို႔အေရးယူမႈေတြကို ဆက္လက္ထိန္းသိမ္းၿပီး အားေကာင္းေအာင္လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
အေမရိကန္၊ ေတာင္ကိုရီးယား နဲ႔ ဂ်ပန္တို႔ရဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ေျမာက္ကိုရီးယားအစိုးရက အႀကိမ္ႀကိမ္ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ႏိုင္ငံရဲ႕ကာကြယ္ေရးပိုင္းကို ပိုမိုအားေကာင္းေအာင္ လုပ္ေဆာင္သြားမယ္လို႔လည္း အႀကိမ္ႀကိမ္ကတိျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.