အိန္ဒိယနိုင်ငံက ရထားဘူတာရုံတစ်ခုမှာ လူနင်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံး

 479

Pika (NP News) - ဖေဖော်ဝါရီ ၁၆

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရထားဘူတာရုံတစ်ခုမှာ ဖေဖော်ဝါရီလ(၁၅)ရက်နေ့နှောင်းပိုင်းက ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ကို သွားရောက်ဖို့အတွက် ရထားကိုစောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးအတွင်း လူနင်းမှုတွေဖြစ်ပွားခဲ့ ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
Kumbh Mela ပွဲတော်ဟာ သောင်းနဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်ပေါင်းများစွာကို ဆွဲဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။
လာမယ့် ဖေဖော်ဝါရီလ(၂၆)ရက်မှာ ပြီးဆုံးမယ့် ဘာသာရေးပွဲတော်ကိုသွားရောက်ဖို့အတွက် လူအများအပြားက ရထားစောင့်ဆိုင်းနေမှုနဲ့အတူ နယူးဒေလီမြို့က ရထားဘူတာရုံတစ်ခုမှာ ယခုလို လူနင်းမှုတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက “နယူးဒေလီမြို့က ရထားဘူတာရုံမှာ လူနင်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၁၅)ဦးသေဆုံးခဲ့တယ်လို့ ကျွန်တော်အတည်ပြုနိုင်ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အခြားဒဏ်ရာတွေကို တော့ မတွေ့ရှိခဲ့ရပါဘူး။ အများစုဟာ hypoxia (အောက်ဆီဂျင်ပြတ်လပ်မှု) ဒါမှမဟုတ် အနင်းခံရမှုတွေကြောင့် သေဆုံးသွားခဲ့တာပါ။ တိတိကျကျကိုတော့ ခွဲစိတ်စစ်ဆေးမှုတွေလုပ်ဆောင်ပြီးမှ သိရမှာပါ” လို့ ပြောခဲ့ပါတယ်။
အဲဒီလူနင်းမှုအတွင်း အခြားလူ(၁၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများစုဟာ ကောင်းမွန်တဲ့အခြေအနေမှာရှိကာ အရိုး ထိခိုက်ဒဏ်ရာတွေပဲ ရရှိခဲ့တယ်လို့ ၎င်းက ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:



Related news

© 2021. All rights reserved.