ယူကရိန်း မပါဝင်တဲ့ သဘောတူညီချက်တွေကို ဘယ်တော့မှလက်ခံမှာ မဟုတ်ဘူးလို့ သမ္မတဇီလန်စကီးပြော

 438

Pika (NP News) - ဖေဖော်ဝါရီ ၁၆

ယူကရိန်းရဲ့နောက်ကွယ်မှာလုပ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ဒါမှမဟုတ် ယူကရိန်း ပါဝင်ပတ်သက်မှု မရှိတဲ့သဘောတူညီချက်တွေကို ဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါ့ပြင် ကိုယ်ပိုင်တပ်ဖွဲ့တွေဖန်တီးဖို့နဲ့ ၎င်းတို့ရဲ့ကိုယ်ပိုင်အနာဂါတ်ကို ဆုံးဖြတ်ကြဖို့ ဥရောပရဲ့ခေါင်းဆောင်တွေကို ဇီလန်စကီးက တိုက်တွန်းတောင်းဆိုခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တစ်ခုတည်းက ၎င်းတို့ရဲ့ လုံခြုံရေးအတွက် လုံလောက်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဇီလန်စကီးက “ကျွန်တော်တို့နောက်ကွယ်မှာ လုပ်ဆောင်တာမျိုး ဒါမှမဟုတ် ကျွန်တော်တို့ပါဝင်ပတ်သက်မှုမရှိတဲ့ ဘယ်လိုသဘောတူညီချက်ကိုမဆို ယူကရိန်းက လက်ခံမှာမဟုတ်ပါဘူး။ ပြီးတော့ တူညီတဲ့စည်းမျဉ်းတွေက ဥရောပတစ်ခုလုံးနဲ့သက်ဆိုင်သင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ မတွေ့ဆုံမီ ပူးတွဲဗျူဟာတစ်ခု ရေးဆွဲဖို့အတွက် ယူကရိန်းက အမေရိကန်၊ ဥရောပတို့နဲ့ လက်တွဲလိုတယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ၎င်းနဲ့ ဒေါ်နယ်ထရမ့်တို့မတွေ့ဆုံမီ ပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့တွေ့ဆုံမှုပေါ်ပေါက်လာခဲ့မယ်ဆိုရင် အန္တရာယ်များလိမ့် မယ်ဆိုတာယုံကြည်တယ်လို့ ဇီလန်စကီးက ထပ်မံပြောကြားခဲ့ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ယူကရိန်းသမ္မတဇီလန်စကီးနဲ့တွေ့ဆုံမှုတွေဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့ ဒေါ်နယ်ထရမ့် က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒါ့ပြင် မကြာခင်အချိန်အတွင်း ပူတင်နဲ့လည်း တွေ့ဆုံမှုတွေ လုပ်ဆောင်နိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္း မပါဝင္တဲ့ သေဘာတူညီခ်က္ေတြကို ဘယ္ေတာ့မွလက္ခံမွာ မဟုတ္ဘူးလို႔ သမၼတဇီလန္စကီးေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆

ယူကရိန္းရဲ႕ေနာက္ကြယ္မွာလုပ္တဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ေတြ ဒါမွမဟုတ္ ယူကရိန္း ပါဝင္ပတ္သက္မႈ မရွိတဲ့သေဘာတူညီခ်က္ေတြကို ဘယ္ေတာ့မွလက္ခံမွာမဟုတ္ဘူးလို႔ ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဒါ့ျပင္ ကိုယ္ပိုင္တပ္ဖြဲ႕ေတြဖန္တီးဖို႔နဲ႔ ၎တို႔ရဲ႕ကိုယ္ပိုင္အနာဂါတ္ကို ဆုံးျဖတ္ၾကဖို႔ ဥေရာပရဲ႕ေခါင္းေဆာင္ေတြကို ဇီလန္စကီးက တိုက္တြန္းေတာင္းဆိုခဲ့ၿပီး ယူကရိန္းတပ္ဖြဲ႕တစ္ခုတည္းက ၎တို႔ရဲ႕ လုံၿခဳံေရးအတြက္ လုံေလာက္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
ဇီလန္စကီးက “ကြၽန္ေတာ္တို႔ေနာက္ကြယ္မွာ လုပ္ေဆာင္တာမ်ိဳး ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ပါဝင္ပတ္သက္မႈမရွိတဲ့ ဘယ္လိုသေဘာတူညီခ်က္ကိုမဆို ယူကရိန္းက လက္ခံမွာမဟုတ္ပါဘူး။ ၿပီးေတာ့ တူညီတဲ့စည္းမ်ဥ္းေတြက ဥေရာပတစ္ခုလုံးနဲ႔သက္ဆိုင္သင့္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ႐ုရွားသမၼတပူတင္တို႔ မေတြ႕ဆုံမီ ပူးတြဲဗ်ဴဟာတစ္ခု ေရးဆြဲဖို႔အတြက္ ယူကရိန္းက အေမရိကန္၊ ဥေရာပတို႔နဲ႔ လက္တြဲလိုတယ္လို႔ ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ၎နဲ႔ ေဒၚနယ္ထရမ့္တို႔မေတြ႕ဆုံမီ ပူတင္နဲ႔ ေဒၚနယ္ထရမ့္တို႔ေတြ႕ဆုံမႈေပၚေပါက္လာခဲ့မယ္ဆိုရင္ အႏၲရာယ္မ်ားလိမ့္ မယ္ဆိုတာယုံၾကည္တယ္လို႔ ဇီလန္စကီးက ထပ္မံေျပာၾကားခဲ့ပါတယ္။
လာမယ့္ရက္ပိုင္းအတြင္း ယူကရိန္းသမၼတဇီလန္စကီးနဲ႔ေတြ႕ဆုံမႈေတြျဖစ္ေပၚလာႏိုင္ေျခရွိတယ္လို႔ ေဒၚနယ္ထရမ့္ က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ ဒါ့ျပင္ မၾကာခင္အခ်ိန္အတြင္း ပူတင္နဲ႔လည္း ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနတယ္လို႔ ေဒၚနယ္ထရမ့္က ထပ္မံေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.