ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတွေ သုံးနိုင်ငံဆက်ဆံရေး အားကောင်းလာစေဖို့သဘောတူ

248

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၆
ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေဟာ လုံခြုံရေးပြဿနာတွေကို အတူတကွ ကိုင်တွယ်ဖြေရှင်းဖို့အတွက် သုံးနိုင်ငံဆက်ဆံရေး ပိုအားကောင်းလာအောင် ဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးအိုင်ဝါယာ တာကီရှီ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ဂျာမနီမှာ တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ရာထူးတက်လာပြီးနောက်ပိုင်း သူတို့ရဲ့ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။
ပိုမိုအားကောင်းတဲ့ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ဖော်ဆောင်ရာမှာ အထောက်အကူပြုလိမ့်မယ်လို့ သုံးနိုင်ငံရဲ့ အဲဒီဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသအတွင်း လက်ရှိအနေအထားကို ပြောင်းလဲဖို့ အင်အားသုံးပြီး ဒါမှမဟုတ် အတင်းအဓမ္မ တစ်ဖက်သတ်ကြိုးပမ်းလုပ်ဆောင်တာတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ သူတို့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့လည်း သူတို့က ထပ်မံအတည်ပြုခဲ့ပါတယ်။ သူတို့ဟာ တရုတ်ကို ထည့်သွင်းစဉ်းစားခဲ့ပုံရပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား စစ်ရေးအရ ပိုပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်လာနေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်း အဲဒီဝန်ကြီးတွေက ပြောပါတယ်။
မြောက်ကိုရီယားနျူကလီးယားလက်နက်ကင်းစင်ရေး သူတို့အနေနဲ့ လက်တွဲလုပ်ဆောင်ဖို့လည်း သဘောတူခဲ့ပါတယ်။ အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့ရည်ကို အသုံးချပြီး စွမ်းအင်ထောက်ပံ့မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့လည်း အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။

Zawgyi Version:
ဂ်ပန္၊ အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးေတြ သုံးႏိုင္ငံဆက္ဆံေရး အားေကာင္းလာေစဖို႔သေဘာတူ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၆
ဂ်ပန္၊ အေမရိကန္နဲ႔ ေတာင္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ လုံၿခဳံေရးျပႆနာေတြကို အတူတကြ ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ သုံးႏိုင္ငံဆက္ဆံေရး ပိုအားေကာင္းလာေအာင္ ေဆာင္႐ြက္ဖို႔ သေဘာတူခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးအိုင္ဝါယာ တာကီရွီ၊ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယို နဲ႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးတို႔ဟာ ဂ်ာမနီမွာ ေတြ႕ဆုံခဲ့ပါတယ္။
ဒါဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ရာထူးတက္လာၿပီးေနာက္ပိုင္း သူတို႔ရဲ႕ပထမဆုံး ေတြ႕ဆုံမႈ ျဖစ္ပါတယ္။
ပိုမိုအားေကာင္းတဲ့ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ေဒသတြင္းနဲ႔ ကမာၻႀကီးအတြက္ ၿငိမ္းခ်မ္းေရးနဲ႔ သာယာဝေျပာေရးကို ေဖာ္ေဆာင္ရာမွာ အေထာက္အကူျပဳလိမ့္မယ္လို႔ သုံးႏိုင္ငံရဲ႕ အဲဒီဝန္ႀကီးေတြက သေဘာတူခဲ့ပါတယ္။
အင္ဒို-ပစိဖိတ္ေဒသအတြင္း လက္ရွိအေနအထားကို ေျပာင္းလဲဖို႔ အင္အားသုံးၿပီး ဒါမွမဟုတ္ အတင္းအဓမၼ တစ္ဖက္သတ္ႀကိဳးပမ္းလုပ္ေဆာင္တာေတြကို ျပတ္ျပတ္သားသား ဆန႔္က်င္တယ္လို႔ သူတို႔က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ထိုင္ဝမ္ေရလက္ၾကားမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို ထိန္းသိမ္းဖို႔ အေရးႀကီးတယ္လို႔လည္း သူတို႔က ထပ္မံအတည္ျပဳခဲ့ပါတယ္။ သူတို႔ဟာ တ႐ုတ္ကို ထည့္သြင္းစဥ္းစားခဲ့ပုံရပါတယ္။ ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားနဲ႔ ဒုံးက်ည္အစီအစဥ္ေတြနဲ႔ ေျမာက္ကိုရီးယားနဲ႔ ႐ုရွားတို႔အၾကား စစ္ေရးအရ ပိုၿပီး အနီးကပ္ပူးေပါင္းေဆာင္႐ြက္လာေနတဲ့အေပၚ အလြန္အမင္း စိုးရိမ္ေၾကာင္း အဲဒီဝန္ႀကီးေတြက ေျပာပါတယ္။
ေျမာက္ကိုရီယားန်ဴကလီးယားလက္နက္ကင္းစင္ေရး သူတို႔အေနနဲ႔ လက္တြဲလုပ္ေဆာင္ဖို႔လည္း သေဘာတူခဲ့ပါတယ္။ အေမရိကန္ရဲ႕ သဘာဝဓာတ္ေငြ႕ရည္ကို အသုံးခ်ၿပီး စြမ္းအင္ေထာက္ပံ့မႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ဖို႔လည္း အစည္းအေဝးမွာ သေဘာတူခဲ့ၾကပါတယ္။